Chapter 144

729 64 0
                                    

စာစဉ် 10 Chapter 144 လူမိသွားတာလား

ချန်ရှောင်ယန်သည် အဆိုတော်ဝိုင်၏ ဝေ့ပေါ်အကောင့်ကို နေ့တိုင်း စာတိုများစွာ ပို့လေ့ရှိသည်။ အမြဲ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ပို့လေသည်။

ထိုစာတိုများထဲတွင် "good morning" နှင့် "good night" တို့က မကြာခဏ ပို့တတ်သော စာများဖြစ်ပြီး "ကျွန်မကို တစ်ခါလောက်ပဲ အာရုံစိုက်ပါဦး" နှင့် "တစ်ခုခု ပြောပါဦး" ဟူသော စကားများကိုလည်း ပို့တတ်သည်။

ရဲ့လင်းချန်က တစ်ခုမှကို ပြန်မပို့ချေ။ အကြောင်းရင်းမှာ သူ ချန်ရှောင်ယန်ကို ဘယ်လို ရင်ဆိုင်ရမလဲ မသိသောကြောင့်ပင်။

အစက သူတို့နှစ်ယောက်သည် သူစိမ်းများသာ ဖြစ်သည်။ သို့သော် မထင်မှတ်ထားသော အဖြစ်အပျက် အချို့ကြောင့် ပတ်သက်မှုက အနည်းငယ် ရှုပ်ထွေးလာရသည်။

ချန်ရှောင်ယန်က သူ့နောက်သို့ လိုက်ချင်သည့် အရိပ်အယောင်ကို ပြတ်ပြတ်သားသား ပြနေသည်။ ဤသို့ အသက်ရှူ မှားလောက်သည့် မိန်းမလှလေးက သူမကိုယ်သူမ ပေးဆပ်ရန် ဆုံးဖြတ်ထားသည်ကို ရဲ့လင်းချန် ဝမ်းသာမိပါသော်လည်း ဘယ်လိုမျိုး အကောင်းဆုံး ရင်ဆိုင်ရမလဲမသိ ဖြစ်နေလေသည်။

လက်ခံလိုက်မိပါက သူ့တွင် လျှို့ဝှက်ချက်များစွာ ရှိနေသဖြင့် အလွန် အဆင်မပြေ ဖြစ်မှာပင်။ သူမကို သူ လက်မခံဘဲ ထားလိုက်လျင်လည်း သူမက သူ့ကို အထူးဝနန်ဆောင်မှု ပေးခဲ့သော အချက်ကို မေ့ထား၍ မဖြစ်ပေ။ သူမနှင့် သူ friends with benefit ပုံစံမျိုးလည်း မဖြစ်ချင်ပါ။ ယင်းက အလွန် တာဝန်မယူတတ်ရာ ကျသွားပေမည်။

ချန်ရှောင်ယန်က နေ့တိုင်း စာပို့ပြီး ပျက်ကွယ်ခြင်း မရှိချေ။ တစ်နေ့တည်းတွင်လည်း ပို့ချိန် ရပ်လိုက်သည့် အချိန်ဟူ၍ မရှိပေ။

ရဲ့လင်းချန်က သူမကို စိုးရိမ်ရအောင် လုပ်သလို ဖြစ်နေ၏။ ထိုစဉ် သူမက သူ့ထံ စာပို့လာသည်။

[ဝိုင် ကျွန်မက ရှင် ကျွန်မကို အဖော်ပြုပြီး စကားပြောပေးတာကိုပဲ လိုချင်တာပဲ၊ ကျေးဇူးပြုပြီး ကျွန်မကို ဥပေက္ခာ မပြုပါနဲ့လား]

[ဟွန့် ... ရှင် ကျွန်မကို ထပ်ပြီး မသိချင်ယောင်ဆောင်လို့ကတော့ ရှင် ကျွန်မနဲ့ အိပ်ပြီးတာနဲ့ ပျောက်သွားတယ်လို့ ဝေ့ပေါ်မှာ တင်ပစ်လိုက်မှာ]

ကျုပ်က ပါရမီရှင် (Chapter 1-200)Onde histórias criam vida. Descubra agora