Chapter 92

912 100 1
                                    

Chapter 92 ဘတ်စကတ်ဘော ပြိုင်ပွဲ၏ အဖွင့်ပွဲစဉ်

ကျောင်းပိတ်ရက်အချိန် စတင်လေပြီ။ သို့သော် ယနေ့ ကျောင်းပိတ်ရက်က အရင်နေ့များနှင့် အတူချေ။ ကျောင်းသား အများစုသည် ခုတင်ပေါ်၌ လှဲနေခြင်း၊ အခန်းထဲ၌ ဂိမ်းကစားနေခြင်း၊ မုန့်မှာစားခြင်း သို့မဟုတ် သူတို့၏ ကောင်မလေးများနှင့် ချိန်းတွေ့ခြင်း လုပ်မည့်အစား အပြင်သို့ ထွက်နေကြသည်။

အကြောင်းပြချက်မှာ ဘတ်စကတ်ဘော ပြိုင်ပွဲ စတင်ပြီ ဖြစ်သောကြောင့်ပင်တည်း။

"ရှောင်ရဲ့ သွားရအောင်၊ ရှောင်ကမ်းကို အတူတူ သွားအားပေးမယ်လေ"

အာလူးလေးက လှမ်းခေါ်သည်။

"ရှောင်ကမ်းတင် မကဘူး၊ ငါတို့ စာပေဌာနတစ်ခုလုံးကို အားပေးဖို့လိုတယ်"

ရှန်းက သူ့ကို အမှန်ပြင်ပေးလေသည်။ သူတို့ နှစ်ယောက်လုံး စိတ်လှုပ်ရှားကာ တက်ကြွနေ၏။

သူတို့၏ စိတ်အခြေအနေက ရဲ့လင်းချန်ကိုပါ ကူးစက်သွားပြီး သူ ပြုံးလိုက်မိသည်။

ပါရမီရှင်စနစ်ကို ရရှိပြီးကတည်းက သူသည် အခြားသူများနှင့် မတူတော့သည့် ကံပါလာခဲ့သည်။ တကယ်လည်း ထိုသို့ ဖြစ်ခဲ့ပါ၏။ သူ လတ်တလော တွေ့ကြုံခဲ့သော အဖြစ်အပျက်များက သာမန်လူတစ်ယောက်အတွက် မဖြစ်နိုင်ပါ။ သူ့အခန်းဖော်များနှင့် အချိန်ဖြုန်းသည့်အခါမှသာ သူ့ကိုယ်သူ ကျောင်းသားတစ်ယောက်လို ခံစားမိသည်။

သုံးယောက်သား ရယ်လိုက်မောလိုက်ဖြင့် လူများနှင့် ပြည့်နေသော ကွင်းသို့ ထွက်လာကြသည်။ ယောက်ျားလေးရော မိန်းကလေးပါ တူညီစွာ စိတ်လှုပ်ရှားနေကြပြီး‌ ဘေးမှနေ၍ ပြိုင်ပွဲများကို ကြည့်ကာ ဆွေးနွေးနေကြသည်။

ဘတ်စကတ်ဘော ကစားမည့်နေရာက ခြောက်နေရာရှိသဖြင့် ဆယ့်နှစ်သင်း ပြိုင်တူ ယှဉ်ပြိုင်၍ ရပေသည်။

ယှဉ်ဆော့ရမည့်သူများကို မဲနှိုက်ခြင်းဖြင့် ဆုံးဖြတ်ကြသည်။ ပွဲစဉ်အား နှစ်ပိုင်းခွဲထားသည်။ ပထမပွဲနှင့် ဒုတိယပွဲသည် ကြာချိန် မိနစ်သုံးဆယ်ရှိပြီး ကြားထဲ၌ ဆယ့်ငါးမိနစ် နားချိန်ပေးသည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Dove le storie prendono vita. Scoprilo ora