Chapter 130

740 71 0
                                    

စာစဉ် 9 Chapter 130 အဆင့်မြှင့်တင်ထားသော စွမ်းရည်သစ်

"ဝိုင်နတ်ဘုရားက တကယ် တော်တာပဲ"

ကျိုးမင် အတော်လေး အထင်ကြီးမိသွားပြီး ဘာမှမရှိသော ဖန်သားပြင်ကိုကြည့်ကာ သက်ပြင်းချမိသည်။

သူမဘေးမှ စစ်ယွီ နှုတ်ခမ်းကိုက်ထားမိသည်။ သူမ ရလဒ်ကို လက်မခံနိုင်ပါ။ ဝိုင်နတ်ဘုရား ရှိနေသရွေ့ သူမ ဟူယွီ ထုတ်လွှင့်ရေး၏ အလေးပေးခြင်း ဘယ်သောအခါမှ ခံရမည် မဟုတ်ပေ။ ရဲ့လင်းချန်၏ ပုံပြောခြင်းကို နှစ်သက်သူများသောကြောင့် သူကဲ့သို့ မလုံ့တလုံ တင်ဆက်သူတွင် မျှော်လင့်ချက်က အားရဖွယ် မရှိချေ။

"ဒါရိုက်တာကျိုး ကျွန်မ ဘယ်တော့မှာ နာမည်ကြီးလာမှာလဲ"

စစ်ယွီ မနေနိုင်ဘဲ မေးလိုက်မိသည်။

"အလျင်မလိုနဲ့၊ ငါတို့ အခုတော့ စောင့်ရုံပဲ ရှိတော့တယ်၊ လူတိုင်းကို အကန့်အသတ် ရှိတယ်၊ သူ တစ်သက်လုံး အမြင့်ကို မတက်နိုင်ပါဘူး၊ ဝိုင်နတ်ဘုရားက တတိယမြောက် လက်ရာကောင်းကို ဖန်တီးနိုင်မယ်လို့ ငါ မယုံကြည်ဘူး"

ကျိုးမင်က သူမကို နှစ်သိမ့်လိုက်သည်။

"ပင်မ ကြော်ငြာမရှိရင်တောင် ငါ နင့်ကို ဒုတိယအဆင့် ကြော်ငြာတွေ ပေးနိုင်ပါသေးတယ်၊ ဝိုင်နတ်ဘုရားက ဟူယွီရဲ့ ထိပ်တန်း တင်ဆက်သူဆို နင်က ဟူယွီရဲ့ ထိပ်တန်း အမျိုးသမီး တင်ဆက်သူပဲ"

"ထိပ်တန်း အမျိုးသမီး တင်ဆက်သူလား"

စစ်ယွီ၏ မျက်လုံးတွင် အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။ လက်ရှိတွင် ထိပ်တန်း အမျိုးသမီး တင်ဆက်သူဟူသည့် သူမနေရာကို ခြိမ်းခြောက်နိုင်သူက ကိုးလ်တစ်ယောက်တည်းသာ ရှိသည်။

ဝိုင်နတ်ဘုရားက သူ၏ ပရိသတ်များအား မကြာခဏ ကိုးလ်၏ ချန်နယ်ကို ထောက်ခံပေးလေ့ရှိပြီး သူမနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားသည်။ ထို့အပြင် ကြည့်ရှုသူများကလည်း ဝိုင်နတ်ဘုရားစကားကို ထောက်ခံ အားပေးတတ်သဖြင့် ကိုးလ်၏ ကျော်ကြားမှုက တစ်ဟုန်ထိုး မြင့်တက်လာသည်။ ကိုးလ်အပြင် ဝူအာလည်း ရှိသေး၏။

ကျုပ်က ပါရမီရှင် (Chapter 1-200)Tahanan ng mga kuwento. Tumuklas ngayon