Chapter 175

788 75 1
                                    

စာစဉ် 12 Chapter 175 ကွင်းပစ်ခြင်း

ထို့နောက်တွင် ရဲ့လင်းချန်၏ လုပ်ငန်းများက အသီးသီး တိုးတက်စပြုလာသည်။

ဟော်ရန်ကျားသည် အချိန်ဇယားအတိုင်း တိုးတက်လျက် ရှိသည်။ သူ၏ အလှကုန်ပစ္စည်းဆိုင် ပြင်ဆင်ခြင်း ကလည်း ကျန်းယွင်ရှီ၏ ကြီးကြပ်မှုအောက်၌ ပြီးလုနီးပါး ဖြစ်နေသည်။ ထိုအခိုက်တွင် ပန်ဒါ ထုတ်လွှင့်ရေးကို ဝယ်ယူမည့် စာချုပ်ကလည်း လက်မှတ်ထိုးပြီးသွားလေပြီ။ လာမည့် သူ့ခရီးစဉ်အတွက် သူ လုပ်စရာ လိုသည်က နတ်ဘုရားများကို သုတ်သင်ခြင်းအား အချိန်မှန်မှန် တင်နိုင်ရန် သေချာအောင် လုပ်ပြီး အတန်းတက်ရန်သာ ရှိသည်။

အားလုံး၏ မျှော်လင့်စောင့်ဆိုင်းခြင်းများနှင့်အတူ စနေနေ့သို့ ရောက်ရှိလာလေပြီ။

ထိုနေ့တွင် ခရီးသွားရန် စာရင်းပေးထားသည့်သူများက အခြားသူများထက် စောစောနိုးနေကြသည်။ သူတို့အားလုံး စိတ်လှုပ်ရှားနေကြပြီး အိပ်မပျော် ဖြစ်နေကြသည်။ အထူးသဖြင့် ယောက်ျားလေးများပင်။

ကျောင်းမုဒ်ဝရှေ့၌ လူအုပ်ကြီးတစ်ခု စုဝေးနေသည်ကို အဝေးမှပင် လှမ်းမြင်နေရသည်။ သူတို့က ခရီးသွားကား တစ်စီးနား၌ စကားစမြည် ပြောနေကြသည်။

"ရှောင်ရဲ့ ဒီမှာ"

ရှောင်ကမ်းနှင့် ကျန်နှစ်ယောက်က ကျောပိုးအိတ်ကြီးများ လွယ်၍ ရဲ့လင်းချန်အား စိတ်လှုပ်ရှားစွာ လက်လှမ်း ပြလေသည်။

အခြားသူများကို ကြည့်လိုက်သောအခါ သူတို့လည်း မထူးခြားနားပင်။ အားလုံးက သူတို့ ပိုင်ဆိုင်မှုအားလုံးကို ထုတ်ပိုး၍ သယ်လာသည်ဟုပင် ထင်ရသည်။ အချို့ဆိုလျင် ဟင်းအိုးများပင် သယ်လာသေးသည်။

သူတို့နှင့် ဆန့်ကျင်စွာပင် ရဲ့လင်းချန်က လက်ဗလာဖြင့် ရောက်လာပြီး ပေါ့ပါးလွတ်လပ်နေ၏။

"ရှောင်ရဲ့ မင်း ဘာလို့ ဘာမှမသယ်လာတာလဲ"

ရှောင်ကမ်းက မေးလာသည်။

"နှစ်ရက်စာ ခရီးစဉ်လေးပဲကို၊ မင်းတို့က အိတ်ကြီးတွေနဲ့ အလွန်အကျွံ ထည့်လာတာလား"

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now