Chapter 83

836 110 1
                                    

Chapter 83 လမ်းလျှောက်နေရင်း ဒူးထောက်ခြင်း

*သခင်လေးလုတဲ့လား*

ရဲ့လင်းချန်၏ မျက်နှာက စိတ်ရှုပ်ထွေးသွားဟန် ဖြစ်သွားသည်။

"ဘယ်သခင်လေးလုလဲ"

"သူက မြို့တော်ကြီးက မင်းသားလေးပါးထဲက တစ်ပါးဖြစ်တဲ့ လုလုပ်ငန်းစုရဲ့ တစ်ဦးတည်းသောသား လုဟောင်ပဲ"

လီစစ်၏ မျက်နှာက ဝင်းပနေပြီး မျက်လုံးများ အရောင်တောက်နေသည်။

"သူက အမြဲ ဥပဒေမဲ့ လုပ်တတ်ပြီးတော့ သူ့ပိုင်ဆိုင်မှုက ဘီလီယံ ချီတယ်၊ သူ့ရှေ့မှာဆိုရင် မင်းက ပုရွက်ဆိတ် တစ်ကောင်ပဲ"

"ငါ သခင်လေးလုကို တစ်ခါပဲ သိခဲ့ဖူးတာ၊ သူ ငါ့ကို မှတ်မိနေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ၊ သူ့အိမ်ထဲက လူမိုက်တွေကတင် ရာချီနေတာ၊ သူတို့အားလုံးက ကောင်းကောင်း လေ့ကျင့်ထားတဲ့သူတွေ၊ သူတို့ကို ပုဆိန်ဂိုဏ်း လို့တောင် ခေါ်ကြတယ်"

လီစစ်က ကြွားဝါရင်း ပို၍ စိတ်လှုပ်ရှားလာသည်။ သူ၏ မျက်နှာက နီရဲကာ လည်ပင်းမှ သွေးကြောများပင် ထောင်လာသည်။

"ဘယ်လိုလဲ မင်း ကြောက်နေပြီလား၊ အခု မင်း ငါ့ရှေ့မှာ ဒူးထောက်ဝပ်တွားမယ်ဆိုရင် မင်းအတွက် စကားကောင်းလေး နည်းနည်းပြောပေးဖို့ စဉ်းစားပေးမယ်"

"လင်းချန် ငါတို့ ဘာလုပ်ကြမလဲ"

ကျန်းယွင်ရှီ ပို၍ ကြောက်လန့်လာသည်။ ရဲ့လင်းချန်က အေးအေးလူလူ ပြန်ပြောလိုက်သည်။

"ဘာမှမဖြစ်ဘူး၊ ငါတို့ အဲ့ဒီ သခင်လေးလု လာတာကို ထိုင်စောင့်နေရအောင်"

"မင်း သေချင်နေတာပဲ၊ သခင်လေးလူ ဖြတ်သွားတဲ့ နေရာတိုင်းမှာ လွင်တီးခေါင်ပြ်င ဖြစ်သွားတာကြီးပဲ၊ မင်း နောင်တရလိမ့်မယ်လို့ ငါ အာမခံတယ်"

လီစစ်က ထရပ်လိုက်ပြီး သခင်ကို စောင့်နေသော ခွေးရူးတစ်ကောင်လို ဟောင်နေလေသည်။

ဆယ့်ငါးမိနစ်ကြာသော် ...

"ဝူး..."

ခပ်လှမ်းလှမ်းမှနေ၍ ကျယ်လောင်သော ကားအင်ဂျင်သံကို ကြားလိုက်ရပြီး သားရဲတစ်ကောင် နီးကပ်လာသည်ဟုပင် ခံစားမိသည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now