Chapter 147

718 60 2
                                    

စာစဉ် 10 Chapter 147 ဟွမ်ရှောင်မန်က ခြံဝ၌ ဟန့်တားခြင်း

"ထောက်ခံတယ်"

"ထောက်ခံတယ်"

...

စုန့်ချမ်မှတစ်ပါး ကျန်လူများအားလုံးက စီအီးအိုဝမ်၏ စကားအဆုံး၌ ထောက်ခံကြောင်း ပြသကြသည်။

စုန့်ချမ် အခြားသူများကို မယုံနိုင်စွာ ကြည့်လိုက်မိသည်။ သူ့မျက်နှာတွင် ခါးသီးမှုများ ပြည့်နှက်နေ၏။ ဤလူများက အစကတည်းက အားလုံး စီစဉ်ထားသည့်ပုံပင်။

သို့သော် သူ ဆက်၍ အကျိုးသင့် အကြောင်းသင့် ငြင်းဆန်လေသည်။

"စီအီးအိုဝမ်၊ ဝိုင်နတ်ဘုရားက ကျွန်တော်တို့ ပလက်ဖောင်းကို အကျိုးအမြတ်တွေ အများကြီး ရအောင် လုပ်ပေးခဲ့တာလေ၊ ကျွန်တော်တို့ ဒီလို ပြင်းပြင်းထန်ထန် မဆုံးဖြတ်သင့်ဘူး၊ ကျွန်တော်တို့ သင့်တော်တဲ့ စီမံမှုတွေ လုပ်ကြည့်သင့်ပါသေးတယ်"

"စုန့်ချမ် ငါတို့က ထုတ်လွှင့်မှု ပလက်ဖောင်း၊ ပရဟိတအသင်း မဟုတ်ဘူး၊ ဝိုင်နတ်ဘုရား အပိတ်ခံလိုက် ရပြီဆိုတော့ အားလုံး အစကနေ ပြန်စရမှာ၊ ဆိုတော့ အရင်တုန်းက ချုပ်ဆိုထားတဲ့ စာချုပ်ကလည်း ပျက်ပြယ် သွားပြီ"

ကျိုးမင်က လှောင်ရယ်လေသည်။

"ဝိုင်နတ်ဘုရားကို ခေါ်လာတာ ရှင်မှန်း ကျွန်မ သိတယ်၊ အဲ့ဒါကြောင့် ရှင် တွန့်ဆုတ်နေတာမလား၊ ဒါပေမဲ့ ဝိုင်နတ်ဘုရားက ဘာမှ တန်ဖိုးမရှိတော့ဘူး"

"ဟုတ်တယ်၊ ဝိုင်နတ်ဘုရား နောက်ထပ် နာမည်ကြီး ဖန်တီးမှုတစ်ခု ဖန်တီးတဲ့အထိ စောင့်ကြတာပေါ့"

ဝမ်ယွမ်က ခေါင်းညိတ်၍ စစ်ယွီကို ကြည့်လိုက်သည်။

"နောက်ထပ် အာရုံစိုက်ရမယ့်သူက စစ်ယွီပဲ"

"ကျေးဇူးတင်ပါတယ် စီအီးအိုယွမ်"

စစ်ယွီ ချက်ချင်း စိတ်လှုပ်ရှားလာသည်။

"စစ်ယွီ နောက်ဆို နင်က ငါတို့ ဟူယွီအတွက် ဦးဆောင်မယ့် အမျိုးသမီး ဖြစ်လာတော့မှာ၊ နင် ကောင်းကောင်း လုပ်မှရမယ်"

ကျိုးမင်က ပြုံး၍ မှတ်ချက်ပြုသည်။

"ငါ အရင်တုန်းက ပြောခဲ့ဖူးသလိုပဲ၊ တိုက်ရိုက် ထုတ်လွှင့်မှုရဲ့ အဓိကက မျက်စိဖမ်းစားနိုင်ဖို့ပဲ၊ အချို့လူတွေက ဝုန်းခနဲ ဦးဆောင်နိုင်တတ်ကြတယ်၊ အဲ့ဒါက ကောက်ရိုးမီးလိုပဲ၊ မီးညှိလိုက်တုန်း ခဏပဲ တောက်တာ ပြီးရင် မြန်မြန် ပျောက်သွားရော၊ တန်ဖိုးမရှိတဲ့ဟာတွေ"

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now