Chapter 1

6.3K 226 5
                                    

Chapter 1 မိမိလျှို့ဝှက်ချက်အား ဖော်ထုတ်ခြင်း

ရူကောင်းမြို့ ကျန်းပေခရိုင်၏ နံပါတ်သုံး အထက်တန်းကျောင်း၌ အတန်း၏ နောက်ဆုံး၌ ထောင့်နေရာတွင်။

"ရဲ့လင်းချန် ... ထတော့"

ရဲ့လင်းချန်သည် ခန္ဓာကိုယ်အား အလင်းတစ်ခုက ပုတ်လိုက်သည်ဟု ခံစားမိပြီး မကြာခင်မှာပင် လန့်နိုးလာသည်။ သူ အိပ်ချင်မူးတူးဖြင့် မျက်လုံးဖွင့်ကြည့်လိုက်နောက် မူးဝေလာရသည်။

သူ့မြင်ကွင်းထဲသို့ ဖက်တီးကျန်း၏ အဆီအစ်နေသော မျက်နှာ ပေါ်လာသည်။ ဖက်တီးကျန်းက သတိထား၍ စိုးရိမ်နေသော အကြည့်များဖြင့် စာသင်ခုံဘက်သို့ ခဏခဏ လှမ်းကြည့်နေသည်။

"မင်း ဘယ်လိုလုပ် ဒီလို အိပ်ပျော်သွားနိုင်ရတာလဲ၊ လီရှို့လောက ငါတို့ဘက်ကို ကြည့်နေတာ များနေပြီ၊ သူ စိတ်ပေါက်လာဖို့ တဲတဲလေးပဲ လိုတော့တယ်လို့ ငါ ခံစားမိနေတယ်"

ဖက်တီးကျန်းက စိုးရိမ်တကြီး ပြောလာသည်။

"ငါလည်း ဘာလို့မှန်း မသိပါဘူးကွာ၊ ခုနက ရုတ်တရက်ကြီး အိပ်ငိုက်လာတာ"

ရဲ့လင်းချန် ခေါင်းခါလိုက်သည်။ ပါရမီရှင်စနစ်၏ နှောင်ဖွဲ့သောအသံကို ကြားလိုက်ရပြီးသည်နှင့် သူ သတိလစ်သွားသည်ကို ရေးတေးတေး မှတ်မိနေပါသည်။

သူ မော့ကြည့်လိုက်သောအခါ မိစ္ဆာလီ၏ အလွန့်အလွန် ရန်လိုသော အကြည့်များနှင့် သွားဆုံလေသည်။ ရဲ့လင်းချန် ချက်ချင်း ကိုယ်ကိုမတ်၍ အလေးအနက် အာရုံစိုက်နေသော မျက်နှာဖြင့် အရှေ့တည့်တည့်သို့ ကြည့်လိုက်သည်။

မိစ္ဆာလီ၏ နာမည်အရင်းမှာ လီဟုန်ခိုင် ဖြစ်ပြီး ရဲ့လင်းချန်၏ သင်္ချာဆရာ ဖြစ်သလို အတန်းပိုင်ဆရာလည်း ဖြစ်သည်။ ထို့အပြင် သူသည် ကျောင်းတစ်ခုလုံး၏ ကျောင်းသားရေးရာ ဒါရိုက်တာလည်း ဖြစ်သည်။ သူသည် မနှိုင်းယှဉ်နိုင်လောက်အောင် ရက်စက်ကြမ်းတမ်းသူ ဖြစ်ပြီး ကျောင်းသားမိဘများနှင့် မကြာခဏ တွေ့ဆုံသူ ဖြစ်လေသည်။ ထို့ကြောင့်ပင် မိစ္ဆာလီဟူသော နာမည်ပြောင်ကို သူ ရလာလေ၏။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now