Chapter 171

679 66 0
                                    

စာစဉ် 12 Chapter 171 ဒုက္ခရောက်နေသော ဥက္ကဋ္ဌကျန်း

*ဟမ်*

*ကလောင်နာမည်လား*

လူတိုင်း မသိမသာ အံ့အံဩသွားကြသည်။

*ကလောင်နာမည်က ဘာဖြစ်လို့လဲ*

သူတို့ နတ်ဘုရားများကို သုတ်သင်ခြင်း စာအုပ်ထဲ ဝင်လိုက်ပြီး ကလောင်နာမည်ကို ကြည့်လိုက်သည်။ နာမည်က "ငါကဝိုင်" တဲ့လား။

*မြတ်စွာဘုရား*

သူတို့အားလုံးသည် အမြင်အာရုံ လှည့်စားခံနေရသည်ဟုပင် ထင်လိုက်မိသည်။ သူတို့ မျက်လုံးကို ပွတ်၍ ထပ်ကြည့်သော်လည်း တကယ် ဖြစ်နေ၏။

[မယုံနိုင်စရာပဲ၊ ဒါ ကြော်ငြာလှည့်ကွက်လို့ ထင်လား၊ ဒါမှမဟုတ် ဝတ္ထုအသိုင်းအဝိုင်းထဲမှာလည်း ဝိုင်တစ်ယောက် ရှိနေတာလား]

[ဒါ သတင်းထူးကြီးပဲ၊ ဝိုင်က ဝတ္ထုရေးနေတာလား]

[နတ်ဘုရားများကို သုတ်သင်ခြင်းက တအား ကောင်းနေတာက အံ့ဩစရာ မဟုတ်တော့ဘူး၊ ဒါက ဝိုင်ရဲ့ လက်ရာ ဖြစ်နေတာကိုး]

[စာရေးဆရာက အရူးပဲ၊ ဒီလို နာမည်မျိုးကို ယူပြီး အာရုံစိုက်ခံရအောင် လုပ်ရတယ်လို့၊ သူ လူရယ်စရာ ဖြစ်မှာကို မကြောက်ဘူးလား]

...

အချိန် အတိုင်းအတာတစ်ခု ဆွေးနွေးခန်းက ပို၍ အသက်ဝင်နေသည်။

ရဲ့လင်းချန်သည် မနက်ခင်း လေ့ကျင့်ခန်း ပြုလုပ်ပြီးနောက် ကျန်းယွင်ရှီ ပြင်ပေးထားသော မနက်စာကို စားပြီး မြို့တော် အားကစား အဖွဲ့အစည်းသို့ ဘတ်စ်ကားစီး၍ ထွက်လာလိုက်သည်။

ရဲ့လင်းချန်သည် ဘတ်စ်ကားစီးနေချိန်တွင် ပျင်းရိသလို ခံစားလာရသဖြင့် ဖုန်းကိုထုတ်၍ နတ်ဘုရားများကို သုတ်သင်ခြင်း၏ PK ရလဒ်ကို စစ်ဆေးလိုက်သည်။

ဒိန်ချဉ်က PK အခန်းကဏ္ဍသည် ဝတ္ထုသစ်တစ်ပုဒ်အတွက် အရေးပါသော လုပ်ငန်းစဉ်ဟု သူ့ကို ပြောခဲ့သည်။ သူ၏ စာပေစွမ်းရည်အရ နတ်ဘုရားများကို သုတ်သင်ခြင်း၏ PK ရလဒ်က မဆိုးနိုင်ပါ။

စာရေးဆရာ ကဏ္ဍကို ဝင်လိုက်သည်နှင့် ရဲ့လင်းချန် မှင်တက်သွားရသည်။ မှတ်ချက်ပေးနိုင်သည့် အပိုင်းတွင် မှတ်ချက်များ စုပြုံနေပြီး သူ၏ လက်ဆောင်စာရင်းဇယားကလည်း တောက်လျှောက် တက်နေ၏။

ကျုပ်က ပါရမီရှင် (Chapter 1-200)Onde histórias criam vida. Descubra agora