Chapter 185

637 67 1
                                    

စာစဉ် 13 Chapter 185 ဖြစ်နိုင်ချေက တစ်ရာရာခိုင်နှုန်းပဲ

*ပြိုင်မယ်တဲ့လား*

လူတိုင်း၏ အာရုံက တစ်နေရာတည်းတွင်သာ စူးစိုက်ကျရောက်နေပြီး ခန်းမတစ်ခုလုံး၏ အခြေအနေက လေးနက်လာသည်။

ဘတ်စကတ်ဘော အသင်း၏ ကစားသမားများသည် အလိုလို လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိပြီး သူတို့၏ မျက်နှာတွင် ဝမ်းသာအားရဟန်တို့ ပေါ်လာသည်။

"ဒီတစ်ခေါက်တော့ ကပ္ပတိန် တကယ် ဒေါသထွက်နေတယ်နဲ့တူတယ်"

"ဒီတစ်ခါ အဲ့ကောင် ဆက်ငြင်းမယ်ဆိုရင် တော်တော် ရှက်စရာ ကောင်းနေပြီ"

"အဲ့ကောင် တကယ် ဘတ်စကတ်ဘော ကစားတတ်မယ်လို့ ငါ မယုံဘူး၊ ကပ္ပတိန်က သူ့ကို နင်းချေပြီး အရှက်ခွဲပြလိမ့်မယ်"

"ဥက္ကဋ္ဌက လူလိမ်ကောင်ဆီကနေ လှည့်စားခံရတာ ဖြစ်လိမ့်မယ်၊ လူလိမ်ကောင်ရဲ့ မျက်နှာအစစ်ကို ဖော်ထုတ်ဖို့ အချိန်တန်ပြီ"

...

ကစားသမားများသည် ချမ်ရှန်အပေါ်တွင် အတော်လေး ယုံကြည်မှုရှိပြီး မှတ်ချက်မပေးဘဲ မနေနိုင်ကြချေ။

ဖမ်ဟမ်၏ မျက်လုံးသည်လည်း အရောင်လက်သွားသည်။

"အဲ့အကြံ ကောင်းသားပဲ၊ ကျန်းဟဲကို သူ ဘာလုပ်နေတာလဲဆိုတာကို ကောင်းကောင်းသိအောင် ပြရတာပေါ့"

"ဟတု်တယ်၊ သူ အဆုံးသတ်ကို ရောက်ပြီးနေပြီ ထပ်ဆုတ်စရာ မရှိတော့ဘူး၊ ချမ်ရှန်က အဲ့ရဲ့လင်းချန်ကို သင်ခန်းစာ ပေးနိုင်သရွေ့ ကျန်းဟဲက အမှန်တရားကို ကောင်းကောင်းကြီး သိသွားလိမ့်မယ်"

ချင်ယွမ်ကလည်း ခေါင်းညိတ်လိုက်ပြီး ပြောလေသည်။

"သူက တရုတ်နိုင်ငံရဲ့ ဘတ်စကတ်ဘော မြင့်တက်လာရေးအတွက် အရမ်း မျှော်လင့်ချက် ထားနေလို့ အသိစိတ် လွတ်သွားခဲ့တာ"

"ဟူး ... ငါ သူ့ဆရာ ဖြစ်ခဲ့တုန်းက အမြဲ အလေးထားပြီး ပြောခဲ့ဖူးတဲ့ စကား ရှိတယ်၊ တစ်ကြိမ်မှာ တစ်လှမ်းပဲ လှမ်းပါလို့၊ ဘတ်စကတ်ဘောမှာ အရေးအကြီးဆုံးက အခြေခံပဲ၊ ကြိုးစားအားထုတ်မှုက အရည်အချင်းထက် ပိုတန်ဖိုးရှိတယ်၊ မြန်မြန် အောင်မြင်လာဖို့ စိတ်မကူးနဲ့ဆိုတာကို၊ သူ တကယ် နားမထောင်ခဲ့ဘူးပဲ"

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now