Chapter 170

703 72 1
                                    

စာစဉ် 12 Chapter 170 လက်ဆောင်များနှင့် ပြည့်နှက်ခြင်း

"ဘာလို့ အရမ်း တိုနေရတာလဲ"

လုံအောင်းထျန်း ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ပါ။ သူ ဖုန်းကိုကိုင်၍ ဟိုလျှောက်ဒီလျှောက် လုပ်နေသည်။

*ငါ အခုမှ မင်းဝတ္ထုထ ဈာန်ဝင်စ ရှိသေးတာလေ၊ ငါ့စိတ်အားထက်သန်မှုတွေ ပွက်ပွက်ဆူခါစပဲ ရှိသေးတယ်၊ ငါ့အင်္ကျီလက်စကို ငါ ပင့်တင်နေတုန်းပဲ ရှိသေးတယ်၊ မင်းဇာတ်လမ်းက ပြီးသွားပြီလား*

ဆန့်တငင်ငင် ဖြစ်စေသော ခံစားချက်က လုံအောင်းထျန်းကို ရူးမတတ် ဖြစ်စေသည်။

သူ စာရေးသူ၏ အိမ်ကို အပြေးသွားပြီး ဇာတ်ကွက်က ဘယ်လို တက်လာမလဲ သွားမေးချင်စိတ် ပေါက်နေသည်။ သို့မဟုတ်ပါက သူ စိတ်လှုပ်ရှားလွန်း၍ ရောဂါရနိုင်သည်။ သူ့ဘဝက မီးထဲ ရောက်နေသလိုပင်။

မိမိဘောင်းဘီကို ဆွဲချွတ်၍ ဖွားဖက်တော်ကို အတင်း ဖြတ်တောက်ခံလိုက်ရသည်ဟုပင် သူ ခံစားမိလိုက်သည်။

"သေစမ်း တောင်ကိုသိမ်း၍ ဘုရင်ဖြစ်ခြင်း အခန်းသစ် တင်တာ ရပ်သွားတာကို မအံ့ဩတော့ဘူး၊ ဒီစာအုပ်က စောက်ရမ်း စိတ်ဝင်စားဖို့ကောင်းတယ်၊ စဖတ်လိုက်တာနဲ့ နောက်ဆုတ်ဖို့ မဖြစ်နိုင်တော့ဘူး"

လုံအောင်းထျန်းသည် သူ့စိတ်ထဲမှ အသည်းယားနေသောစိတ်ကို ဖျောက်မရ ဖြစ်နေသည်။ သူ စာအုပ်များစွာကို ဖတ်ခဲ့သော်လည်း ဘယ်စာအုပ်ကမှ သူ့ကို ဤသို့ ခံစားရအောင် မလုပ်နိုင်ခဲ့ပါ။

ယခု သူ ဝတ္ထုစဖတ်ခါစက အချိန်ကို ရောက်သွားသလို ခံစားနေရသည်။ အဆုံးမရှိသော ပင်လယ်ပြင်ထဲ ရွက်လွှင့်၍ အတွေးထဲ ပျော်ရွှင်ခြင်း၊ ခါးသက်ခြင်း၊ အချစ်နှင့် ရံဖန်ရံခါ မျက်နှာဖြတ်ရိုက်သော ကိစ္စများနှင့် ပြည့်နှက်ခဲ့သည်။

*ဒီလို ဖြစ်လို့မရဘူးနော်*

*ငါ ထပ်မစောင့်နိုင်တော့ဘူး*

လုံအောင်းထျန်းတွင် အပိုင်းများ မြန်မြန် တင်စေမည့် နည်းလမ်း ရှိလေသည်။

သူ စိတ်ကို ခိုင်ခိုင်ထားလိုက်ပြီးနောက် ဖုန်းထဲမှ လက်ဆောင်ပေးသော ကဏ္ဍကို ဖွင့်လိုက်သည်။ သူ လက်ဆောင် များများ ပို့လိုက်လျင် စာရေးသူက အပိုင်းသစ်များ ထပ်မတင်ဘဲ ငြိမ်နေနိုင်မည် မဟုတ်ပါ။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now