Chapter 174

682 80 1
                                    

စာစဉ် 12 Chapter 174 နာမည်နှင့် ကျောင်းသားကဒ်နံပါတ်

ရက်သတ္တပတ်တို့ အသစ်တစ်ဖန် စတင်လာလေပြီ။

ရဲ့လင်းချန် တက္ကသိုလ်ထဲသို့ ခြေချလိုက်သောအခါ လူငယ်များ၏ တက်ကြွသော စိတ်အားထက်သန်မှုကို ခံစားလိုက်ရသည်။

သူ တက္ကသိုလ်မှ များများစားစား လေ့လာ၍ မရနိုင်တော့သော်လည်း အတန်းချိန်များတွင် တက်ရောက်ဆဲ ဖြစ်သည်။ အတန်းချိန်မှန်ခြင်းက အရည်အချင်းရှိသော ပါရမီရှင်တစ်ယောက်၏ အခြေခံလက္ခဏာများထဲမှ တစ်ခု ဖြစ်ပေသည်။

အတန်းချိန်အတွင်း၌ အာရုံစိုက်ခြင်းကလည်း နောက်ထပ် လက္ခဏာရပ်တစ်ခုပင်။

ရဲ့လင်းချန် ဖုန်းထုတ်၍ လတ်တလော သတင်းများနှင့် ဝေ့ပေါ်မှ ရေပန်းစားသော အကြောင်းအရာများကို စစ်ဆေးနေ၏။ ဤသည်ကလည်း သူ အပျင်းပြေ အချိန်ဖြုန်းသည့် အကျင့်များထဲမှ တစ်ခု ဖြစ်လေသည်။

ဝေ့ပေါ်မှ ခေါင်းစဉ်နှစ်ခုကို ရဲ့လင်းချန် စိတ်ဝင်စားသွားသည်။ ၎င်းတို့၏ ရေပန်းစားမှုကလည်း အတော်လေး မြင့်တက်နေသည်။

[ဝူဟန် "ငါက သူရဲကောင်း" ရုပ်ရှင် ရိုက်ကူးနေစဉ်အတွင်း ဒဏ်ရာအပြင်းအထန် ရရှိ]

အဆိုပါ ခေါင်းစဉ်နှင့်အတူ ပုံအချို့ကို တွဲ၍ တင်ထားသည်။ ၎င်းတို့က "ငါက သူရဲကောင်း" ရုပ်ရှင်ရိုက်ကွင်းမှ ပုံများ ဖြစ်ပုံရသည်။

ဝူဟန်၏ မျက်နှာက ဖြူရော်နေပြီး ရိုက်ကွင်းဝန်ထမ်း တော်တော်များများက သူ့အနားတွင် ဝိုင်းနေသည်။ သူ အသိမလွတ်ရုံတမယ်သာ ရှိနေသည့်ပုံပင်။

သူ့အနားမျ လူများအားလုံးက စိုးရိမ်တုန်လှုပ်နေပြီး ပျာယာခတ်နေသော အမူအရာများ ဖြစ်နေသည်။ နေက်ခံတွင် လူနာတင်ကားကို မြင်နေရပြီး ဆေးဘက်အကူဝန်ထမ်းများ ထမ်းစင်သယ်၍ ပြေးလာနေသည်ကို မြင်နေ ရလေသည်။

နောက်ဆုံးပုံက ဝူဟန်၏ ဒဏ်ရာကို အတော်လေး အနီးကပ် ရိုက်ထားသောပုံ ဖြစ်လေသည်။

သူ့လက်မတွင် အတော်လေး ကြီးသော ဒဏ်ရာ ဖြစ်နေသည်။ ထိတ်လန့်စရာပင်၊ ကြောက်လန့်စရာ ကောင်းလှသည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now