Chapter 6

1.4K 159 3
                                    

ကျုပ်က ပါရမီရှင်
I am a prodigy
Author Rugao Under The Bridge
ဘာသာပြန် Han Shin

Chapter 6 အရေးပေါ် ကုသခြင်း

ရဲ့လင်းချန်၏ ပစ္စည်းများကို အသုံးပြုပုံနှင့် ဟန်ချက်ညီအောင် ကောင်းစွာထိန်းချုပ်နိုင်မှုတို့က အဖွဲ့လိုက် ပြိုင်ပွဲအား အောင်မြင်စွာ အနိုင်ပိုင်းလိုက်နိုင်သည်။ သူ၏ ထိန်းချုပ်ပုံက ပို၍ ချို့ယွင်းချက်မရှိ ပြည့်စုံလာသည်။ သူ၏ စွမ်းဆောင်မှုက ကြည့်ရှုသူများအား ဂိမ်းအပေါ် အမြင်သစ် ရလာစေ၏။
အစောပိုင်းက သူ့ကို သံသယဝင်ခဲ့သည့် လူများအားလုံး ပြိုင်တူ ပါးစပ်ပိတ်သွားကြသည်။ ဤမတော်တဆအား သင်ပြခြင်း၏ ဂန္တဝင် အစိတ်အပိုင်းဟု သတ်မှတ်နိုင်ပေ၏။ ထို့အပြင် သူ၏ တစ်မူထူးသော ပစ္စည်း တည်ဆောက်ပုံက အံ့ဩစရာ ကောင်းလှသည်။ ဤသည်က ရဲ့လင်းချန်၏ တိုက်ရိုက် ထုတ်လွှင့်မှု ချန်နယ်အတွက် ပရိသတ်များစွာကို ဆွဲဆောင်နိုင်သွားသည်။ သူ ဆက်တိုက်ဆိုသလို လက်ဆောင်များနှင့် ကုန်ကျစရိတ် ထောက်ပံ့ပေးမှုများ ရလာ၏။
“ခုနက ငါ့တည်ဆောက်ပုံ ပုံစံကြောင့် လူတော်တော်များများ သံသယဝင်ကြတယ်မလား၊ တကယ်တော့ ဘယ်ဟီးရိုးမဆိုအတွက် ပစ္စည်းတည်ဆောက်ပုံက မပြောင်းလဲနိုင်ဘူး”
ရဲ့လင်းချန်က ဤအခွင့်အရေးကို အသုံးချ၍ သူ၏ကြည့်ရှုသူများကို ရှင်းပြလိုက်သည်။
“တစ်ဖက်အသင်းရဲ့ ဟီးရိုးတွေမှာ ဝိညာဉ်ခွင်းနဲ့ ခွန်းဂါရှိတယ်၊ သူတို့တွေက မေ့လေပုံစံ ဟီးရိုးတွေဆိုတော့ လျှို့ဝှက်တိုက်ခိုက်ခြင်းနဲ့ သင့်တော်ပြီးတော့ ရှဲဒိုးဖီးန်ရဲ့ မဟာရန်သူတွေလို့ ပြောလို့ရတယ်၊ သူတို့ကို ထိခိုက်‌အောင် မလုပ်ခင် ငါ့အသက်ကို အရင်ဦးစားပေးဖို့ လိုအပ်တယ်”
“တစ်ဖက်အသင်းရဲ့ ဟီးရိုးတွေမှာ ဝိညာဉ်ခွင်းနဲ့ ခွန်းဂါရှိတယ်၊ သူတို့တွေက မေ့လေပုံစံ ဟီးရိုးတွေဆိုတော့ လျှို့ဝှက်တိုက်ခိုက်ခြင်းနဲ့ သင့်တော်ပြီးတော့ ရှဲဒိုးဖီးန်ရဲ့ မဟာရန်သူတွေလို့ ပြောလို့ရတယ်၊ သူတို့ကို ထိခိုက်‌အောင် မလုပ်ခင် ငါ့အသက်ကို အရင်ဦးစားပေးဖို့ လိုအပ်တယ်”
“ဒုတိယအနေနဲ့ တစ်ဖက်အသင်းရဲ့ ထိခိုက်မှုဖြစ်အောင် အဓိကလုပ်ပေးတဲ့လူက ခွန်းဂါရဲ့ တစ္ဆေသင်္ဘော နှစ်စင်းနဲ့ အလိုအလျောက် တိုက်ခိုက်ခြင်းကြောင့်ပဲ၊ အဲ့တော့ ငါက အီးယူလ်ရဲ့ နတ်တောင်ဝှေးနဲ့ တစ္ဆေတောင်ဝှေးကို သုံးပြီး သူတို့ရဲ့ တိုက်ခိုက်မှုကို အပြည့်အဝ ရှောင်လိုက်တာပဲ”
“ခုခံဖို့အတွက် လျှပ်တပြက် ဓားမြောင်နဲ့ အီးယူလ်ရဲ့ တောင်ဝှေးက ငါ့ရွေ့လျားနိုင်မှုကို တိုးမြှင့်စေနိုင်တယ်လေ”
ရဲ့လင်းချန်၏ စိစစ်ချက်က ကျားတစ်ကောင်ကဲ့သို့ ပြတ်သားလှသည်။ သူ၏ ပရိသတ်များနှင့် ကြည့်ရှုသူများသည် မိုက်တယ် ဟူသော စကားကိုသာ အော်နိုင်ကြသည်။
“ဝိုင်နတ်ဘုရား၊ မင်း ဒိုတာ ကစားတာ ဘယ်လောက် ကြာပြီလဲ”
လုံလုံက သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ဒါ ငါ ကစားတာ လေးပွဲမြောက်လေ”
ရဲ့လင်းချန်က ပြုံး၍ ပြောလိုက်သည်။
“တကယ်က ပထမပွဲနဲ့ ဒုတိယပွဲကို ငါပဲ ကစားနေတာပါ၊ ငါ အခုမှ ဂိမ်းနဲ့ အသားကျလာတာ”
“ဒါ ဖြီးနေတာ”
လုံလုံ မဆိုထားနှင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသူတိုင်း ထိုစကားကို မယုံကြချေ။
“ပထမပွဲနဲ့ ဒုတိယပွဲကို ဆော့နေတာ မင်းညီပဲ ဖြစ်လိမ့်မယ်”
“မင်းတို့ ကြိုက်သလိုသာ ပြောကြတော့၊ အခုခေတ်က လူတစ်ယောက် အမှန်ပြောနေရင် ဘယ်သူမှ မယုံကြတော့ဘူး”
ရဲ့လင်းချက်က ထိုအချက်ကြောင့် အလွန် ဒုက္ခများသွားဟန်ဖြင့် ပြောလိုက်သည်။ တိုက်ရိုက်ထုတ်လွှင့်မှု ချန်နယ် တစ်ခုလုံး ချက်ချင်း တိတ်သွားသည်။
“ချီးပဲ”
လုံလုံက မထီမဲ့မြင်ဟန်ဖြင့် လှောင်ရယ်လေသည်။ ရဲ့လင်းချန်က ထုတ်လွှင့်သူဖြစ်ရန် အလွန် အရည်အချင်း ရှိကြောင်း သူမ သတိထားမိသည်။ သူက ကြည့်ရှုသူများ၏ ခံစားချက်ကို အလွယ်တကူ လှုံ့ဆော်နိုင်၏။
ထုတ်လွှင့်သူတစ်ယောက် ဖြစ်ခြင်းက ကြည့်ရှုသူများနှင့် စကားပြောနေခြင်းမျှနှင့် မရိုးစင်းပင်။ ဂိမ်းအကြောင်း ထုတ်လွှင့်သူများသည် ဂိမ်းကစားရန် လိုအပ်ရုံသာမက အရေးအကြီးဆုံး အပိုင်းမှာ ကြည့်ရှုသူများ၏ အာရုံကို ဆွဲဆောင်၍ သူတို့၏ စိတ်ဝင်စားမှုကို ရယူရန် ဖြစ်သည်။ အကယ်၍ ထုတ်လွှင့်သူက သစ်သားတစ်ချပ်သဖွယ် ပြုမူနေပါက မည်သူမှ သူ ဂိမ်းကစားသည်ကို စိတ်ဝင်စားမည် မဟုတ်ပါ။
“ဝိုင်နတ်ဘုရား၊ နင်က ဂိမ်းကစားတဲ့နေရာမှာ အထင်ကြီးလောက်စရာပဲ၊ ငါတို့ကို နင့်အကြောင်း ပြောပြပါလား”
လုံလုံက ရဲ့လင်းချန်ကို ကူညီ၍ ပြောလိုက်သည်။ သူမ ရဲ့လင်းချန်အကြောင်း စိတ်ဝင်စားပါသော်လည်း ဘာပြောရမှန်း မသိသောကြောင့် ကြည့်ရှုသူများ စိတ်ဝင်စားလောက်သည့် ခေါင်းစဉ်ကို ထုတ်ပြောလိုက်သည်။
“ငါ့အကြောင်းလား”
ရဲ့လင်းချန် စဉ်းစားနေသောကြောင့် တစ်ဒင်္ဂမျှ တိတ်ဆိတ်သွားသည်။ သူ၏ချန်နယ်က ရုတ်ရုတ်သဲသဲ ဖြစ်နေပြီးသည်ကို သူ သတိထားမိသည်။ ကြည့်ရှုသူများက စိတ်ဝင်တစားနှင့် စောင့်နေကြသည်။ သူတို့သည် သူ့အား တိုက်တွန်းဟန်ဖြင့် စာများ ပို့နေကြသည်။ သူ ပြောလာအောင် လက်ဆောင်ပေးနေသည့်လူများလည်း ရှိလာလေသည်။
ရဲ့လင်းချန် အသာပြုံးလိုက်မိသည်။ လက်ရှိသည် ပါရမီရှင် စနစ်၏ ကောင်းကျိုးများကို အကျိုးရှိရှိ အသုံးချပြီး သူ၏ စာတွေ့ အခြေခံအကြောင်းရင်းကို အလေးအနက် အသုံးချနိုင်သည့် အခွင့်ကောင်းပင်။
“တကယ်တော့ ငါက နောက်ခံကောင်းတဲ့လူတွေကို အမြဲအားကျခဲ့ရတာ”
သူ၏လေသံ၌ အားကျ၍ ဝမ်းနည်းရိပ်များ စွန်းထင်းနေသည်။ ထို့ကြောင့် တိုက်ရိုက် ထုတ်လွှင့်နေသည့် ချန်နယ်က ရုတ်ချည်းဆိုသလို လေးနက် တည်ငြိမ်လာ၏။
ကြည့်ရှုသူတိုင်းက သူ့ဘဝအကြောင်း ဆက်ပြောမည်ကို စောင့်နေကြသည်။ တက်ကြွသော ပရိသတ်များက သူ့ကို စတင်၍ နှစ်သိမ့်လာသည်။ လုံလုံသည်လည်း ရဲ့လင်းချန်က တစ်စုံတစ်ခုကြောင့် စိတ်ဖိစီးနေသည်ဟု ယူဆပြီး ငြိမ်မိသွားသည်။
သို့သော် ရဲ့လင်းချန် ဆက်ပြောလာသည့် စကားကြောင့် သူမ စိတ်ပြောင်းသွားရသည်။
“သူတို့က ငါနဲ့ မတူဘူးလေ၊ ငါ ဒီလောကမှာ နေတာ နှစ်နှစ်ဆယ် ရှိပြီ၊ ငါက သပ်ရပ်ချောမောတယ်ဆိုတဲ့ စကားလုံးရဲ့ ပြယုဂ်လေ”
ဖွီ
လုံလုံ ရေသီးသွားသဖြင့် အသံဖိုင်ထဲတွင်ပင် ကျယ်လောင်စွာ ကျားလိုက်ရသည်။ သူမ၏ ကျက်သရေရှိသော မိန်းမပျိုလေး ပုံစံကလည်း ပျောက်ကွယ်သွားသည်။
(လခွမ်း၊ ဒီထုတ်လွှင့်သူက တော်တော်ရက်စက်တာပဲ၊ ငါ့နတ်သမီးလေးကို သူ ဘာလို့ ဒီလို လုပ်ရတာလဲ၊ ငါ ဘာမှမဆိုင်ဘဲ စော်ကားခံလိုက်ရလို ခံစားလိုက်ရတယ်)
(ဟားဟားဟား … ဒီထုတ်လွှင့်သူက ဟာသဉာဏ်ကောင်းတဲ့သူ ဖြစ်နေလိမ့်မယ်လို့ မထင်ထားမိဘူး၊ အခုကစပြီး ငါ မင်းရဲ့ အမာခံ ပရိသတ် ဖြစ်သွားပြီ)
(ငါ အတိတ်ကို ပြန်ကြည့်လိုက်မိတော့ ငါ့ဘဝက ဒီထုတ်လွှင့်သူရဲ့ ဘဝလိုပဲ သနားစရာကောင်းနေတာကို ငါ သတိထားမိသွားတယ်ကွ)
(ဒီထုတ်လွှင့်သူက သူ့အသက်ကို ထုတ်ပြောသွားတာကို မင်းတို့ သတိမထားမိကြဘူးလား၊ သူက အသက် နှစ်ဆယ်ပဲ ရှိသေးတာ၊ သူ လူသစ်လေး ဖြစ်မယ်လို့ ငါ လောင်းရဲတယ်)

ဝုန်း
ထိုအခိုက်တွင် အောက်ထပ်မှ တစ်စုံတစ်ယောက်က တံခါးကို အားဖြင့်ဖွင့်လိုက်သည့်အသံ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ ထို့နောက် ဗျာများနေသော ခြေသံများကိုပါ ကြားလိုက်ရသည်။
“ဆရာဝန်၊ ဆရာဝန် ဘယ်မလဲ၊ ဒီလူကို ကယ်ပါဦး”
ရဲ့လင်းချန် မျက်မှောင်ကြုတ်မိသွားသည်။ ဆေးရုံသို့ လူနာ ရောက်လာသည့်ပုံပင်။ သူသည်
သူသည် ရူကောင်းမြို့၏ မြို့လယ်ကောင်တစ်နေရာ၌ ရှိနေခြင်း ဖြစ်သည်။ ဆေးရုံ၏ အဆင့်အတန်းက တစ်ခြားဆေးရုံများထက် နိမ့်ကျသည်။ ထို့ကြောင့် ပုံမှန်အားဖြင့် အခြေအနေဆိုးရွားသော လူနာများအား မြို့လယ်ပိုင်းက ဆရာဝန်များထံ သွားရန် ညွှန်ကြားလေ့ ရှိသည်။ ထို့အပြင် ယခုအချိန်က အတော်လေး ညဉ့်နက်နေလေပြီ။ ဆရာဝန် အများစုက အလုပ်ပြီးရင် အိမ်ပြန်သွားကြသည်။ ပို၍ အရေးကြီးသည့် အချက်မှာ ရဲ့လင်းချန်၏ အဖေက ခွဲစိတ်ခန်းထဲ၌ ရှိနေဆဲပင်။
သူသည် ချန်နယ်ထဲမှ ကြည့်ရှုသူများကို တောင်းပန်၍ ဂိမ်းထဲမှ ချက်ချင်းထွက်လိုက်သည်။ ရဲ့လင်းချန် ဒုတိယထပ်၏ ပြတင်းပေါက်မှနေ၍ တစ်ချက် ငုံ့ကြည့်လိုက်သည်။
မိန်းမပျိုလေးတစ်ယောက်က အဘိုးအိုတစ်ယောက်ကို အဖော်ပြု၍ ဧည့်ကြိုကောင်တာ၌ ရပ်နေသည်။ သူတို့၏ အနောက်မှ သန်မာသော သက်တော်စောင့် နှစ်ယောက် လိုက်ပါလာသဖြင့် ချမ်းသာပုံ ပေါ်သည်။
“ရှင်တို့ဆေးရုံက ဆရာဝန်တွေ ဘယ်ရောက်နေတာလဲ၊ အားလုံးကို ခေါ်လိုက်လေ၊ ကျွန်မအဘိုး ဒီကို ရောက်နေတုန်း တစ်ခုခု ဖြစ်သွားလို့ကတော့ ဒီဆေးရုံကို ဒီအတိုင်း မထားဘူး”
ထိုမိန်းမပျိုလေး စိတ်မရှည်စွာ စောဒကတက်နေပုံအရ အလွန် တုန်လှုပ်နေပုံရသည်။ ဤလူစုကြောင့် တာဝန်ကျနေသည့် သူနာပြု အချို့လည်း ထိတ်လန့်သွားသည့်ပုံပင်။ သူတို့သည် အချင်းချင်း စိုးရိမ်တကြီး ရပ်ကြည့်နေ၏။ သူတို့ ဘာလုပ်ရမှန်းမသိ ဖြစ်နေလေသည်။
ဤဆေးရုံ၌ ဆရာဝန် အရေအတွက်က သိပ်မများပေ။ ရဲ့လင်းချန်၏အဖေအား ဤနေရာ၏ အဓိက တာဝန်ရှိသူဟု သတ်မှတ်၍ ရသည်။ နေ့တိုင်း တာဝန်ကျလေ့ရှိသူက သူ့ဖခင်ပင်။ ယခု ရောက်လာသည့် လူနာက တစ်ခုခု ဖြစ်လာသည့်နှင့် သူ့ဖခင်အပေါ် အပြစ်ပုံချနိုင်သည်အထိ အလွန် အရေးပါသော ပုဂ္ဂိုလ် ဖြစ်ပုံရသည်။
ရဲ့လင်းချန်၏ အတွေးထဲ၌ စိတ်ကူးတစ်ခု ပေါ်လာသော်လည်း ချက်ချင်း ပျောက်ကွယ်သွားသည်။ လက်ရှိတွင် ဆေးရုံ၌ အခြားဆရာဝန် မရှိပေ။ အခြေအနေကို ထိန်းချုပ်ရန် သူ ဝင်ပါရုံမှလွဲ၍ အခြားမရှိပေ။
ရဲ့လင်းချန် ခြေစလှမ်းလိုက်စဉ်မှာပင် ရဲ့ကျင်း၏ စကားများကို ရုတ်တရက် သတိရသွားသည်။ သူ၏သရုပ်မှန် မပေါ်သည်က အကောင်းဆုံးပင်။
အင်္ကျီစင်၌ ချိတ်ထားသော အဖြူရောင် ကုတ်အင်္ကျီရှည်ကို အေးအေးဆေးဆေး ယူဝတ်ပြီး အလျင်အမြန် ထွက်လာလိုက်သည်။
ကုတ်အင်္ကျီကို ဝတ်ပြီးနောက် နှာခေါင်းစည်းကိုပါ တပ်လိုက်သည်။ ရဲ့လင်းချန်က ဧည့်ကြိုကောင်တာကို ရောက်သည်နှင့် အသံကို ဩအောင်လုပ်ကာ ဟန်ဆောင်၍ ပြောလိုက်သည်။
“ဘာဖြစ်တာလဲ၊ လူနာ ရောက်လာတာလား”
လက်ရှိတွင် မိန်းမပျိုလေးက စိုးရိမ်တကြီး ငိုကြွေးနေပြီး မျက်ရည်များ အဆက်မပြတ် စီးကျနေသည်။ သူမက ကိုယ့်ကိုယ်ကိုယ် အဆက်မပြတ် အပြစ်တင်၍ ပြောလာသည်။
“အားလုံးက ကျွန်မ အမှားတွေပါ၊ ကျွန်မ ဒီခရီးမှာ အဖိုးရဲ့ ဆေးကို ယူလာဖို့ မေ့သွားတာ”
ရဲ့လင်းချန်သည် မိန်းမပျိုလေး၏ အလှ၌ နစ်မျောကာ အကြည့်မလွှဲနိုင်တော့ချေ။ သူမ၌ လုံးဝန်းသော မျက်နှာ၊ ကြီးမားသော မျက်ဝန်းတစ်စုံ၊ ဖြူဖွေးသော အသားအရေ ရှိပြီး မိတ်ကပ်ပါးပါး လိမ်းခြယ်ထားသည်။ သူမ ငိုလွန်းသဖြင့် နှာခေါင်းလေးပင် နီနေ၏။ ဤသည်က သူမကို သနားစိတ်ဝင်ပြီး ချစ်ချင်စိတ် ပေါ်လာစေသည်။
သူမသည် Chanel တံဆိပ် ဂါဝန်၊ Manolo Blahnikတံဆိပ် ဒေါက်ဖိနပ်နှင့် Gucci လက်ကိုင်အိတ်ကို ကိုင်ဆွဲထားသည်။ သူမ၏ လည်ပင်း၌ တလက်လက် တောက်နေသော စိန်ဆွဲကြိုးလည်း ရှိနေသေးသည်။ သူမထံမှ ကြော့ရှင်းသော အငွေ့အသက်မျိုး ပျံ့လွင့်နေသဖြင့် မြင်သူတကာအား အကြည့်လွှဲရ ခက်လှသည်။
“ရှင်က ဆရာဝန်လား”
လင်းရို့ရွှယ် ရဲ့လင်းချန်ကို မြင်သွားလေသည်။ သူမသည် ရေနစ်နေသော လူတစ်ယောက်က နောက်ဆုံးသော မျှော်လင့်ချက် ကောက်ရိုးတစ်မျှင် ရသကဲ့သို့ ဖြစ်သွားလေသည်။
“ရှင် ကျွန်မအဘိုးရဲ့ အသက်ကို ကယ်နိုင်မယ်ဆိုရင် ပိုက်ဆံက အရေးမကြီးဘူး”
သူနာပြုများသည် ရောက်လာသည့် ဆရာဝန်က သူတို့နှင့် မရင်းနှီးသလို ခံစားမိနေ၏။ သူတို့၏ မျက်လုံး၌ မရေရာဟန်များ ထင်ဟပ်နေသည်။ သို့သော် သူတို့သည် ရှုပ်ယှက်ခပ်နေသော အခြေအနေနှင့် ကြုံနေရသဖြင့် ရဲ့လင်းချန်ကို အာရုံမစိုက်နိုင်တော့ချေ။
“လူနာက ဘယ်မှာလဲ”
ရဲ့လင်းချန် လိုက်လျောညီထွေ ပြုမူလိုက်သည်။
“ကျွန်မ အဘိုးပါ”
မိန်းမပျိုလေးက သူမအဘိုးကို စိုးရိမ်တကြီး ကြည့်နေ၏။ အဘိုးအို၏ မျက်နှာက အတော်လေး ဖြူရော်နေသည်။ သူသည် အသက်ရှူရခက်နေဟန်ဖြင့် မနည်း အသက်ရှူနေရသည်။ အသက်ရှူရကျပ်သဖြင့် မကြာခင် သတိလစ် တော့မည့်ပုံပင်။
“သူက ပန်းနာရင်ကြပ် ရှိတာလား”
ရဲ့လင်းချန် မျက်ခုံး အသာပင့်လိုက်မိသည်။ အဘိုးအို၏ လက္ခဏာက ပန်းနာရင်ကြပ် ဝေဒနာသည်နှင့် အတော် တူနေ၏။ သို့သော် ပန်းနာရင်ကြပ်ထက် ပို၍ ပြင်းထန်သော လက္ခဏာ ရှိသည်။
“လူနာထမ်းစင် ယူလာခဲ့”
ရဲ့လင်းချန် ညွှန်ကြားလိုက်သည်။ အဘိုးအို၏ အခြေအနေအရ ကိုယ်တိုင် သွားလာရန် မသင့်တော်ပေ။
“ကျွန်မတို့ အဘိုးကို ဆေးရုံကို ဆေးစစ်ဖို့ ခေါ်လာဖူးတယ်၊ ကျွန်မအဘိုးက ပန်းနာရင်ကြပ် ရှိနေတာ မဟုတ်ဘူး”
လင်းရို့ရွှယ်သည် ရဲ့လင်းချန်က သူမအဘိုးကို ရောဂါမှားကုမည်စိုးသောကြောင့် သတိပေးလိုက်သည်။
“ငါ သတိထားမိပါတယ်”
ရဲ့လင်းချန် ပြန်ပြောလိုက်သည်။ အဘိုးအို၏ မျက်လုံးများက ပိုချောင်လာပြီး သေးငယ်လာသည်။ သူ၏ မျက်နှာကလည်း ပြာနှမ်းလာ၏။ ဤသည်က ပန်းနာရင်ကြပ်ကြောင့် ဖြစ်လာသော လက္ခဏာ မဟုတ်ပေ။ အဆိပ်မိလာသည်နှင့် ပိုဆင်တူနေသည်။
တရုတ် တိုင်းရင်း ဆေးပညာ၌ ရောဂါ လေ့လာစမ်းစစ်ခြင်းအား ကြည့်ရှုခြင်း၊ နားထောင်ခြင်း၊ ခန့်မှန်းခြင်းနှင့် သွေးခုန်နှုန်း စမ်းသပ်ခြင်းဟူ၍ နည်းလမ်းလေးခုဖြင့် ခွဲခြားထားသည်။ ရဲ့လင်းချန်သည် ဆေးပညာ အနှစ်ချုပ်ကို ဖတ်ရှုထားပြီးသဖြင့် သူ၏ တရုတ် တိုင်းရင်းဆေး ဆေးပညာက ငါးဆယ်ရာခိုင်နှုန်းအထိ တိုးမြင့်သွားလေသည်။ သူသည် မတူခြားနားချက်များကို ပြောပြနိုင်စွမ်း ရှိလာ၏။
“ဒါ ကုလို့ရပါ့မလား”
လင်းရို့ရွှယ်က ရဲ့လင်းချန်ကို ကြည့်၍ မေးလိုက်သည်။
“အခုချိန်မှတော့ ငါ ပျောက်အောင် ကုပေးနိုင်မယ်လို့ ယုံကြည်ချက် မရှိဘူး၊ ဒါပေမဲ့ ငါ ရောဂါလက္ခဏာကို သက်သာအောင် လုပ်ပေးနိုင်တယ်”
ရဲ့လင်းချန်က ခေါင်းခါ၍ တည်ငြိမ်စွာ ပြောလိုက်သည်။
“ဘာ”
လင်းရို့ရွှယ် ကျယ်လောင်စွာ ပင့်သက်ရှိုက်လိုက်မိသည်။ သူမ၏ ကြီးမားသော မျက်ဝန်းတွင်း၌ ထိတ်လန့်မှုများနှင့် ပြည့်နှက်နေပြီး ရဲ့လင်းချန်ကို စူးစိုက်ကြည့်နေသည်။ သူ့စကား၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို သူမ နားလည်ပါသည်။
“နောက်ကျရင် ကုသနိုင်မယ့် နည်းလမ်းကို ရှင် ရှာနိုင်တယ်လို့ ပြောတာလား”
သူမသည် ကောင်းမွန်သော မိသားစုနောက်ခံမှ ဆင်းသက်လာခြင်း ဖြစ်သည်။ သူမအဘိုးသည် သူ၏ အခြေအနေကို ကုသရန် များစွာသော နာမည်ကြီး ဆရာဝန်များနှင့် ပြသဖူးပြီး ဆေးရုံကြီးတစ်ချို့၌ ကျန်းမာရေး စစ်ဆေးဖူးသည်။ ဖွံ့ဖြိုးတိုးတက်သော နည်းပညာမှ ဆေးစစ်တမ်းနှင့် အတွေ့အကြုံရင့်သော ကျွမ်းကျင်သည့် ဆရာဝန်များနှင့် ပြသသော်လည်း သူ၏ရောဂါကို လုံးဝ မကုသနိုင်ဟု ပြောလာခဲ့သည်။ သို့ရာတွင် ဤနာမည် မကြီးသော ဆေးရုံလေးမှ တစ်စုံတစ်ယောက်က သူ ကုနိုင်သည်ဟု ပြောလာနေ၏။
လက်ရှိ ရောဂါအခြေအနေကြောင့် သူမ ကြံရာမရဖြစ်ပြီး ကံကောင်းလိုကောင်းငြားနှင့် ဤဆေးရုံသို့ လာလိုက်ခြင်း ဖြစ်သည်။
*ဒီလူက တစ်ချက်ကြည့်ရုံနဲ့ ဒီလို လေလုံးထွားရလောက်အောင် မျက်နှာပြောင်လှချည်လား၊ ဒီလူက ဇွတ်ဆေးကု ချင်နေတဲ့လူများလား*
လင်းရို့ရွှယ် သံသယ မဝင်ဘဲ မနေနိုင်တော့ချေ။ ယနေ့ခေတ်၌ ရမ်းကုဆရာဝန်များ၏ ပြစ်မှုများစွာ ဖြစ်ပေါ်နေ၏။ ရဲ့လင်းချန်က အတွေ့အကြုံရှိသော လူတစ်ယောက်သဖွယ် ပြုမူနေသော်လည်း သူ၏ ပုံစံအရ အသက်ငယ်နေသေးကြောင်း သူမ ပြောနိုင်ပါသည်။
ထိုစဉ် လူနာထမ်းစင် အနားသို့ ရောက်လာ၏။ ရဲ့လင်းချန်က အဘိုးအိုကို ကူမ၍ ထမ်းစင်ပေါ် လှဲခိုင်းလိုက်သည်။ သူ၏မျက်လုံး၌ ဖုံးဖိမရနိုင်သော တည်ကြည်လေးနက်မှုများ ထင်ဟပ်နေသည်။
အဘိုးအို၏ လက္ခဏာက ထိတ်လန့်လွန်ခြင်း ဖြစ်ကြောင်း ပြသနေ၏။ အချိန်တိုအတွင်းမှာပင် သူ၏မျက်လုံးများ မှုန်ဝါးလာသည်။ ဤသည်က သူ အောက်စီဂျင်ကျနေကြောင်း ပြသနေပြီး သေလုမျောပါး ဖြစ်နေကြောင်း သိသာလှသည်။
ရဲ့လင်းချန် ရှိနေ၍ ကံကောင်းလှသည်။ သို့မဟုတ်ပါက ဤအခြေအနေကြောင့် သူ့ဖခင် မတတ်သာဘဲ ထိုးကျွေးခံ ရလောက်သည်။ ထိုသို့ဖြစ်လာခဲ့လျင် ဤအရေးပါသည်ဟု ထင်ရသော မိသားစု၏ ပြစ်တင်ခြင်းနှင့် ဒေါသအား သူ့ဖခင်တစ်ယောက်တည်းသာ ခါးစည်းခံရလောက်၏။
ရဲ့လင်းချန်က လက်မြှောက်ကာ လက်ညှိုးကို ဆန့်ထုတ်လိုက်သည်။ အဘိုးအို၏ ရင်ဘတ်ကို လက်ညှိုးဖြင့် ဖိလိုက်ပြီး နောက်လက်တစ်ဖက်ဖြင့် အဘိုးအို၏ နံရိုးအိမ်ကို ဖိလိုက်သည်။
သူသည် ဤကဲ့သို့သော အခြေအနေများအတွက် တရုတ် အနှိပ်ပညာရောဂါ ကုထုံးဖြစ်သော ထွေ့နာကို လုပ်ဆောင်ရန် ပြင်လိုက်သည်။ ထို့နောက် ရဲ့လင်းချန်က တစ်ယောက်ယောက်အား အဘိုးအိုကို ထူထားပေးရန် ညွှန်ကြားလိုက်ပြီး အဘိုးအို၏ ကျောကို ထွေ့နာဖြင့် နှိပ်နယ်ကုသပေးလေသည်။
“ဒီအတွ်က ရှင် ပစ္စည်းကိရိယာတွေ မလိုဘူးလား”
ဤသို့သော ရိုးစင်းလှသည့် ကုသမှုကြောင့် လင်းရှို့ရွှယ် တစ်ဖန်ပြန်၍ သံသယ ဝင်လာပြန်သည်။ သူမအဘိုး၏ အခြေအနေကို သူမ ကောင်းကောင်း သိနားလည်ပါသည်။ သူမ၏ ဗဟုသုတကြောင့် ဤအခြေအနေက မည်မျှ ကြောက်စရာကောင်းနေသည်ကို သူမ ကောင်းစွာ သတိထားမိနေ၏။
*ဒါကို ဘယ်လိုလုပ် ဒီလို ရိုးစင်းတဲ့ နည်းလမ်းလေးနဲ့ ကုနိုင်ပါ့မလဲ*
“ကုသနေတဲ့ အချိန်အတွင်း စကားမပြောနဲ့”
ရဲ့လင်းချန်က လင်းရှို့ရွှယ်ကို လှည့်ကြည့်၍ ဖော်ရွေခြင်း အလျင်းမရှိဘဲ အေးစက်စွာ ငေါက်လိုက်သည်။
အပြင်လူအတွက် ရိုးစင်းသော ကုသမှုဟု ထင်ရသော်လည်း တကယ်တမ်းတွင် ရဲ့လင်းချန်က လူနာ၏ သွေးကြောဆုံမှတ်များကို အတိအကျ စမ်းသပ်မိရန် လိုအပ်ပေသည်။ လက်မှ စိုက်ထုတ်လိုက်သော အားက တစ်စက်ကလေးမျှ လွဲချော်သွား၍ မဖြစ်ပေ။ မည်သို့သော နှောင့်ယှက်မှုမျိုးမဆိုက သူ၏ ကုသမှုကို စိုးရိမ်ဖွယ် သက်ရောက်နိုင်ပြီး အခက်အခဲ များစွာနှင့် ကြုံနိုင်၏။
“ဟွန့်”
လင်းရှို့ရွှယ်သည် ရဲ့လင်းချန်၏ စူးစိုက်ကြည့်ခြင်း ခံလိုက်ရသောကြောင့် စိတ်ဆိုးဟန်ဖြင့် တီးတိုး ငြူစူလိုက်သည်။ သူမသည် ရဲ့လင်းချန်အား စွဲမက်ဖွယ်ကောင်းသော မျက်ဝန်းများဖြင့် စိုက်ကြည့်ပြီး ကျိတ်၍ အံကျိတ်ထားလေသည်။ သူမ ယခုအရွယ်ထိ မည်သူတစ်ဦးတစ်ယောက်ထံမှ အော်ငေါက်ခြင်း မခံရဖူးပေ။ သူမအဘိုးကိုသာ မစိုးရိမ်ရခဲ့လျင် သူမ ဤလူနှင့် သေချာပေါက် ရန်ဖြစ်လောက်သည်။
ရဲ့လင်းချန်သည် သွေးကြောဆုံမှတ်များကို ပြန်ကြည့်၍ ထွေ့နာအား မိနစ်နှစ်ဆယ်တိတိ ဆောင်ရွက်လိုက်သည်။ သူ၏ လက်မောင်းများ ထုံကျဉ်ကိုက်ခဲလာသည့် အချိန်မှသာ သူ ရပ်တန့်လိုက်လေသည်။
အဘိုးအို၏ အမူအရာကလည်း သက်သာဟန် ပြလာ၏။ မကြာခင်မှာပင် သူ၏ အသက်ရှူသံက ပုံမှန်ပြန် ဖြစ်လာပြီး မျက်နှာသည်လည်း သွေးရောင်ပြန်လွှမ်းလာသည်။ ထို့နောက် အဘိုးအို သတိပြန်ရကာ မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်လာသည်။
“ဘိုးဘိုး …”
လင်းရှို့ရွယ်က သူမအဘိုးအိုကို စိုက်ကြည့်၍ ညင်သာစွာ ခေါ်လိုက်သည်။
“ရှို့ရွှယ်လား”
အဘိုးအိုက မတ်မတ်ထပ်၍ နေရာအား စုံချည်ဆန်ချည် လိုက်ကြည့်လေသည်။
“ဘိုးဘိုး”
လင်းရှို့ရွှယ်သည် ဝမ်းသာစိတ်ကြောင့် ငိုကြွေးမိကာ အဘိုးဖြစ်သူ၏ ရင်ခွင်ထဲသို့ ဝင်တိုးသွားသည်။
“ဘိုးဘိုး သမီးကို လန့်ပြီးသေအောင် လုပ်နေတာပဲ၊ သမီး ဘိုးဘိုးကို ခွဲရပြီလို့ ထင်နေတာ ဘိုးဘိုးရဲ့၊ ဟင့်ဟင့်ဟင့် …”
“ဟန်ကျလိုက်တာ၊ ဒေါက်တာရဲ့ ရောက်လာပြီ”
ထိုစဉ် ခွဲစိတ်ခန်း တံခါးပွင့်လာသည်။ သူနာပြုတစ်ယောက်က အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သဖြင့် ပြေးလွှားနေသော ခြေသံများ ကြားလာရသည်။
ရဲ့လင်းချန် ရင်တုန်သွားသည်။ ဤနေရာမှ သူ အသံတစ်ချက်မှ မထွက်စေဘဲ ဒုတိယထပ်သို့ ချက်ချင်း ပြေးတက်သွားသည်။ ထို့နောက် သူ နှာခေါင်းစည်းနှင့် ဂျူတီကုတ်အား မူလနေရာ၌ ပြန်ထားလိုက်သည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now