Chapter (64-2) _ အလုပ်တက်သည့် ရည်းစားနောက် လိုက်နေရသည့် ငါးကလေး

Start from the beginning
                                    

လီယွီသည် နမ်းနေရင်း အူယားလာပြီး ကျင်းဝမ်၏နူတ်ခမ်းကို သွားနှင့် ကိုက်လိုက်မိသည်။ ဒါကို သူက လျှာလေးနှင့် အသာလေး ပြန်လျက်ပေးလိုက်တာဖြစ်သည်။

တကယ်တော့ အဲဒါက အရမ်းကောင်းတယ်၊ စပ်စုချင်စရာကောင်းတဲ့ ငါးကလေးက အဲဒါကို စမ်းကြည့်ချင်တယ်၊ ဘာပဲဖြစ်ဖြစ် ဒါက ငါ့ချစ်သူပါ၊ လျှာကို သုံးပြီး ပြင်းပြင်းပြပြ နမ်းတာက ပုံမှန်ပါပဲ။

ကျင်းဝမ်က လီယွီ ပြောတာကိုကြားတော့ လီယွီ ကို စိတ်လှုပ်ရှားစွာ ပွေ့ဖက်လိုက်သည်။

လီယွီ: ! !

မင်းက ငါ့ကို လျှာကို သုံးပြီး နမ်းချင်တာလား... မင်း ဘာလုပ်ချင်တာလဲ။

လီယွီသည် ကျင်းဝမ်က သူနှင့် သဘောတူထားသည့် စည်းကမ်းကို ဖျောက်ဖျက်မည်စိုးရိမ်နေပေမယ့် ကျင်းဝမ်က လီယွီ၏ ကိုယ်လေးကို ပွေ့ဖက်ကာ စားပွဲပေါ်တင်လိုက်ပြီး မျက်နှာကို လက်ဖဝါးနှစ်ဖက်နှင့် အုပ်ယူကာ နမ်းလိုက်သည်။

လီယွီ: "..."

လီယွီက အားရပါးရဖြင့် ကျင်းဝမ်ကို နမ်းလိုက်သည်။ ရုတ်တရက် ကျင်းဝမ် သည် သူ့ထက် အနည်းငယ် အရပ်မြင့်ကြောင်း သူတွေ့ရှိခဲ့သည်။ သူရောက်လာပြီး နမ်းတဲ့အခါ အမြဲမော့နေရတယ်။ ဒါကို သိတော့ သူ သိပ်မပျော်ဘူး။ စားပွဲပေါ်ထိုင်ပြီး ကျင်းဝမ်ကို နမ်းတော့ ဒါက အရမ်းအဆင်ပြေနေတယ်ဆိုတာ သိလိုက်ရသည်။

ကျင်းဝမ် က သူ့ကို သက်တောင့်သက်သာ ရှိစေချင်တာပဲ...

လီယွီသည် ရုတ်တရက် ကျင်းဝမ်ရဲ့ စိတ်ရင်းကို နားလည်လိုက်သည်။ ဒီလူက စကားမပြောနိုင်သော်လည်း တစ်ခါတစ်ရံ တစ်ဖက်သား၏ အရိပ်ကဲကို အရမ်း နားလည်ရန် မှန်းဆရုံနဲ့ကွက်တိ သိနိုင်သေးသည်။ မကြာခဏ သူက ကျင်းဝမ်အပေါ် မှားယွင်း ခန့်မှန်းခဲ့လို့ အဆင်မပြေပေမယ့် ကျင်းဝမ်က သူ့အပေါ် ကျေနပ်မှုလေးက တစ်စိုးတစ်စိလေးမှ မပြောင်းလဲခဲ့ဘူး။

************-***********

လီယွီသည် တုန်လှုပ်သွားပြီး နွေးထွေးသည့် တဖက်လူ၏လည်ပင်းကို တင်းတင်းကြပ်ကြပ် ဖက်ထားကာ နှုတ်ခမ်းများကို ပျော်ရွှင်စွာ ဖိထားကာ မကြာမီ နူးညံ့သိမ်မွေ့မှုဖြင့် ဖမ်းစားနိုင်ခဲ့သည်။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now