(U) Chapter (54)_ လှည့်စားခံရတဲ့ ငါးကလေး.....

8.1K 1.5K 70
                                    


Chapter (54)_  လှည့်စားခံရတဲ့ ငါးကလေး.....


လီယွီက ချူးရန့်ရီလုပ်ပုံကိုကြည့်ကာ ထူးဆန်းနေသည်။ ဒီလက်ဖက်ရည်ခွက်တွေက သာမန်ထက်ကို ပိုကြီးနေတဲ့ဟာကို ချူးရန့်ရီက ထူးဆန်းမနေဘူးလား။

 တကယ်တော့ ချူးရန့်ရီကို အပြစ်ပြောလို့တော့မရပေ။ ဘာကြောင့်လဲဆိုတော့ လီယွီက ကျင်းဝမ်ရှေ့၊ အခန်းထဲမှာပဲ ဟိုခုန်သည်ခုန်လုပ်တတ်ပြီး အပြင်ဘက်မှာ ခုန်ပေါက်မနေလို့ အိမ်တော်ထဲက ဘယ်သူမှ ဒါကို မသိကြပေ။ ပြီးတော့ ကျင်းဝမ်က သူ့အိပ်ဆောင်ထဲက လက်ဖက်ရည်ခွက်တွေကို အရွယ်စားမကြာခဏ ကြီးတာနဲ့လဲလှယ်ကာ ထားစေသဖြင့် မင်းသားက ပုံမှန်ထက်ပိုကြီးတဲ့ လက်ဖက်ရည်ခွက်ကို အသုံးပြုသည်ဟု လူအားလုံးကို နားလည်မှု လွဲလာစေသည်။

ချူးရန့်ရီက အညိုရောင်အမှုန့်ကို လက်ဖက်ရည်ခွက်ထဲကို ထည့်လိုက်ပြီး ချက်ချင်း ရေတွင် ပျော်ဝင်ကာ ပျောက်ကွယ်သွားပြီး ဘာ သဲလွန်စမှ မကျန်ခဲ့ပေ။ ချူးရန့်ရီ ခတ်လိုက်တာ  ဘာဆေးပေးမှန်း မသိလို့ လီယွီက စိတ်ပူသွားသည်။

နောက်ဆုံးတော့ ချူးရန့်ရီက ဒီဆေးကိုလက်နှင့်ထိလိုက်သဖြင့် ဒီဟာက အာဆင်းနစ် အဆိပ်တော့ မဟုတ်လောက်ဘူးဟု တွေးလိုက်သည်။ လီယွီက ဒီဆေးက အဆိပ်မဟုတ်လောက်ဟု သူ့ဖာသာ ယုံကြည်ဖို့ကြိုးစားနေစဉ်တွင် ချူးရန့်ရီက အခန်းထဲ ဟိုဟိုသည်သည်ကြည့်လိုက်တော့ လက်ဖက်ရည်ခွက်တွေကို အခန်းထဲမှာ နေရာအနံ့ထားထားသည်ကိုတွေ့လိုက်ရသည်။

ချူးရန့်ရီ - "....."

သူက ဒီအခန်းထဲကို ဝင်လာရဖို့ ခဲယဉ်းသောကြောင့် ချူးရန့်ရီက တွေ့သမျှ ခွက်တိုင်းမှာ ဆေးမှုန့်ကို လိုက်ထည့်လိုက်တော့သည်။ သူ လုပ်တာက နည်းနည်းလေးမှ လွဲလို့မဖြစ်ပေ။

လီယွီ _ "........"

 လီယွီက စိတ်ပျက်စွာတွေးလိုက်မိတာက ချူးရန့်ရီဆိုတဲ့ ကိုယ်လုပ်တော် ဆေးဘယ်လောက်တောင် ယူလာခဲ့တာလဲ...

ကျင်းဝမ်၏ စာရေးစားပွဲပေါ်တွင် ကြာပန်းပုံ လက်ဖက်ရည်ခွက်အနီရောင်ကြီးကြီးတစ်ခုကို တွေ့လိုက်ရပြန်သည်။ ထိုလက်ဖက်ရည်ခွက်က အရမ်းကြီးပြီး ဟင်းရည်ပန်းကန် အကြီးလောက်ရှိပေမယ့် ဒါကိုလည်း ချန်မထားပဲ ချူးရန့်ရီက ထိုအထဲကိုလည်း ဆေးခတ်လိုက်စဉ် ဘေးမှ ပိုသေးသည့် လက်ဖက်ရည်ခွက်ကိုတွေ့ပြန်သည်။ ဒါကြောင့် ခွကအသေးထဲကိုလည်း ဆေးမှုန့်များ ထည့်လိုက်သည်။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now