Chapter (135-2) - မြင်းစီးမတော်ပေမယ့် အခြားအရာ စီးတာတော်တဲ့သူ

3.8K 798 8
                                    

Chapter (135-2) - မြင်းစီးမတော်ပေမယ့် အခြားအရာကို စီးတာတော်တဲ့သူ

ဧကရာဇ်၏ ယခင်ဆန္ဒများကြောင့် ကျင်းဝမ်သည် စကားပြောနိုင်သော်လည်း အခြားသူများကို မသိအောင် လျှို့ဝှက်ထားခဲ့သည်။ ကျင်းဝမ် စကားပြောနိုင်သည်ကို  ဧကရာဇ်၊ လီယွီနှင့် အခြားသမားတော် အနည်းငယ်သာ သိသည်။ ထို့အပြင်၊ သူ မိထားသည့် အဆိပ်က ပျောက်ကင်းသွားသည်မှာ ကြာလှပြီ။  ကျင်းဝမ်သည် ချန်အန်းအိမ်တော်ကို အသိပေးရန် အခွင့်အလမ်းကောင်းကို ရှာမတွေ့သေးပေ။ ထိုစဉ်  မင်းသမီး လန်ယာ၏အာဏာသိမ်းမှုက ရုတ်တရက်ဖြစ်လာသည်။ လော့လန်အင်အားစုကို ချေမှုန်းလိုက်ပြီဖြစ်သောကြောင့်  ထိုအချက်ကို ဆက်လက် ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။ ကျင်းဝမ်က မြည်းပေါ် တည့်တည့်ထိုင်ပြီး ခပ်တည်တည်နှင့် ခေါင်းညိတ်လိုက်သည်။

လီယွီသည် ချန်အန်းအိမ်တော်တွင်ရှိစဉ်က မင်းသမီး လန်ယာ သည် ကျင်းဝမ်ကို အဆိပ်ခတ်ခဲ့ကြောင်း၊ ကျင်းဝမ် မွေးလာပြီးနောက် စကားမပြောနိုင်ဘဲ ဖြစ်နေကြောင်းသာ ပြောခဲ့သည်။ ကျင်းဝမ်လုံးဝ  ပြန်ကောင်းသွားပြီလို့ ပြောဖို့ သူ့မှာ အချိန်မရှိဖြစ်နေသည်။ ယခုတော့ ကျင်းဝမ်မိထားသည့် အဆိပ်ကို ပျောက်ကင်းအောင် ကုသနည်းကို အသေးစိတ် ရှင်းပြနိုင်ခဲ့လေပြီ။
 

ယဲ့ချင်းဟွမ် က သူ့မြင်းကို တွန်းအားပေးပြီး နှစ်ခါလောက် ပျော်ရွှင်စွာ   လှည့်ပတ်လိုက်သည်။ သူ့ခည်းတော် နဲ့ သူ့အဘိုးတို့သာ သိရင် ဘယ်လောက်ပျော်ကြမလဲလို့ သူတွေးလိုက်သည်။

ကျင်းဝမ်က သူ့ကို သံတမန်တစ်ဦးအဖြစ် ထပ်မံအသုံးပြုနေလို့ ယဲ့သခင်လေးက  ရင်တွင်းမှာ အနည်းငယ် မကျေမနပ်ဖြစ်မိပေမယ့်၊ သူ အရင်က မလုပ်ဖူးတာတော့ မဟုတ်ပါဘူးလေ။ အခု ကျင်းဝမ်  ခိုင်းတာကို  နောက်တစ်ကြိမ်လုပ်ရင် ဘာမှ မဖြစ်ပါဘူး...


ယဲ့ချင်းဟွမ် သည် သူ့မြင်းကိုစီးပြီး စိတ်လှုပ်ရှားစွာဖြင့် လီယွီနှင့် ကျင်းဝမ်ထက်ပင် ပိုမြန်စွာ ချန်အန်းအိမ်တော်ကို ပြန်သွားတော့သည်။ ထိုသို့ထွက်သွားစဉ် အနောက်မှာ ကျန်ရစ်သည့် လီယွီသည် ကျင်းဝမ်ကို  ညည်းညူကာ ပြောလိုက်သံကို ယောင်ဝါးဝါးကြားလိုက်ရသည်။  

"ထျန်းချီ၊ ချန်အန်းအိမ်တော်ရဲ့ ကြာပန်းကန်က တကယ့်ကို သေးငယ်လွန်းတယ်......"

ယဲ့ချင်းဟွမ်: ???

လီယွီက အမှန်အတိုင်းပြောလိုက်သည်။ ဘာလို့လဲဆိုတော့ ဒီကြာပန်းကန်ထဲမှာ သူ့လူငါးပုံစံနဲ့ ကိုယ်ကို ဆန့်လိုက်ပါက ကန်အောက်ခြေကို တော်တော်ထိသွာစေသည်။ ကျင်းအိမ်တော်အတွင်းရှိ  သူနှစ်သက်သလောက် ရေကူးနိုင်သည့် ရေကန်ကြီးနှင့် မနှိုင်းယှဉ်နိုင်ပေ။

လီယွီက ဒါကို ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်တာဖြစ်သည်။ ကျင်းဝမ်လည်း ဒါကို မှတ်ထားကာ   နောက်ပိုင်းတွင် သူသည် ပန်းရံသမားများကို ချန်အန်းအိမ်တော်သို့သွားကာ ကြာပန်းကန်ကို အနည်းငယ်ပိုကျယ် ပိုနက်အောင် ပြုပြင်ရန် အမိန့်ပေးခဲ့သည်။

လီယွီသည် သူ မပင်ပန်းကြောင်း ပြောသော်လည်း သူတို့အိမ်သို့ ပြန်ရောက်သောအခါတွင်၊ သူသည် ကျင်းဝမ်၏ လက်နှစ်ဖက်ကို မှီကာ ကျယ်လောင်စွာ ဟောက်လျက် အိပ်မောကျသွားခဲ့လေပြီ။

သူတကယ်ကို အလျင်စလို မလုပ်ခဲ့ပေမယ့် အခုချိန်မှာတော့ လုံးဝကို အေးချမ်းသွားလေပြီ။ သူကြိုက်တဲ့လူက သူ့ကို ပွေ့ဖက်ထားတယ်ဆိုတဲ့အချက်ကို ထပ်ပေါင်းထည့်လိုက်တော့ အရမ်းကို စိတ်အေးလက်အေးဖြစ်ကာ အလွယ်တကူ အိပ်မောကျသွားတော့သည်။

အိမ်တော်ကို ရောက်တော့ ကျင်းဝမ်က ဂရုတစိုက်နဲ့ လီယွီကို တိတ်တဆိတ် ပွေ့ချလိုက်သည်။ ဒါပေမယ့် မြည်းက အစေခံများနောက် မလိုက်ချင်သလို ပေကတ်ကတ်လုပ်နေသဖြင့် ကျင်းဝမ်က ရေခဲထက် အေးစက်သည့်အကြည့်ဖြင့် ပစ်လွှတ်လိုက်တော့   မြည်းသည် ချက်ချင်းပင် ပါးစပ်ကိုပိတ်ကာ အစေခံများ ဆွဲခေါ်သည်ကို အသာတကြည် ခံယူလိုက်သည်။

ကျင်းဝမ်သည် လီယွီကို အိမ်ထဲသို့ သယ်ဆောင်ပြီး ကုတင်ပေါ်တွင် တင်လိုက်သည်။ သူ့အား ဦးခေါင်းမှ ခြေဖျားအထိ အကြိမ်ပေါင်းများစွာ စစ်ဆေးကြည့်ရာ လုံးဝပြဿနာမရှိကြောင်း သိရမှ   လီယွီအား  စိမ်းပြာရောင် စောင်ထဲသို့ ထည့်လိုက်သည်။ သူလည်း လှဲချလိုက်ပြီး ဒီငါးကလေးကို ထွေးပွေ့လိုက်သည်။

ရှောင်ယွီသည် ကျားတံဆိပ်ကိုသယ်ကာ ထွက်သွားခိုင်းရတာက သူ့တွင် ရွေးချယ်စရာမရှိသောကြောင့် ဖြစ်သည်။ ဒီအတွက်    ကျင်းဝမ်သည် သူ့ကိုယ်သူ  အပြစ်ရှိသလို ခံစားခဲ့ရသည်။ ရှောင်ယွီနဲ့ သူ့ဗိုက်ထဲက ကလေး တစ်ခုခုဖြစ်ခဲ့ရင် ကျင်းဝမ်က နည်းနည်းလေးမှ မတုံ့ဆိုင်းဘဲ သူ့ကိုယ်သူ ဓားနဲ့ထိုးမိမှာ သေချာသည်။

ကံကောင်းထောက်မစွာ၊ ရှောင်ယွီနဲ့ ကလေးနှစ်ယောက်လုံး အဆင်ပြေသွားပြီး အရာအားလုံးပြီးသွားပြီ။

ကျင်းဝမ်သည် ဤငါးကလေးကို ပွေ့ဖက်ထားစဉ်  ကန်ချင်း နန်းတော်ထဲမှာ မနေ့ညက သူ ဘယ်လိုဖြတ်သန်းခဲ့လဲဆိုတာကို တွေးကြည့်မိစဉ် စိတ်ထဲထိတ်လန့်သွားမိသည်။ ချန်အန်းအိမ်တော်သို့ သတင်းစကားပေးပို့ရန် သွားသော ငါးကလေးသည် အန္တရာယ်များစွာနှင့် ကြုံတွေ့ခဲ့ရပေလိမ့်မည်။

ကန်ချင်း နန်းတော်မှာ ကျန်ရစ်ခဲ့တဲ့သူတွေလည်း စိတ်ပူန်ပန်မှုတွေနှင့် ပြည့်နေသည်။
 

လီယွီသည် အိပ်ပျော်နေစဉ် အနည်းငယ် ငြီးတွားလိုက်သည်။ မူလက သူ့ဘေးမှာ အိပ်နေပေမယ့် ဒါက သိပ်အဆင်ပြေပုံမပေါ်ဘဲ မှောက်လျက် အိပ်သည့်ပုံစံပြောင်းချင်နေမိသည်။    ကိုယ်ဝန်ဆောင်များသည် မှောက် မအိပ်သင့်ဟု ဧကရာဇ် သမားတော်များက ပြောခဲ့သည်ကို ကျင်းဝမ်သတိရလိုက်မိသည်။ ထို့ကြောင့် သူသည် ရှောင်ယွီကို သူ့ရင်ခွင်ထဲ ပွေ့ဖက်ကာ အိပ်စက်စေခဲ့သည်။

လီယွီ၏လက်များနှင့် ခြေများအားလုံးကို သူ့ခန္ဓာကိုယ်တွင် ရစ်ပတ်ထားကာ သက်တောင့်သက်သာရှိသော နေရာများတွင် ထားလိုက်ပြီးမှ နောက်ဆုံးတွင် လီယွီတစ်ယောက် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သည်။  


အားဖြည့်ကာ အိပ်စက်နေပြီးနောက် ပြန်နိုးလာသောအခါတွင် လီယွီတစ်ယောက် သူက ငါးကန်အတွင်း သို့မဟုတ် ကြာပန်းကန်အတွင်း၌ ရှိနေသလား မရှိဘူးလားဆိုတာ  မသိနိုင်သေးပေ။

ခင်ပွန်းဖြစ်သူ၏ အိပ်ပျော်နေသော မျက်နှာကို မကြည့်မိမချင်း၊ သူတို့ ဘယ်လို အခက်ခဲကို ကျော်လွှားခဲ့ရသလဲ ဆိုတာ နည်းနည်းလေးမှ မမှတ်မိသေးပေ။

အရမ်းကောင်းတယ်....
  ဒီတစ်ခါတော့ သူက သတိကြီးကြီးထားကာ ရန်သူတွေရဲ့ ထောင်ချောက်ထဲ မဝင်ပဲ ရှောင်နိုင်ခဲ့သည်။
   သူက အနောက်တောင်တန်းဒေသတွင်ရှိစဉ်ကနှင့် နှိုင်းယှဉ်လျှင် တိုးတက်မှုများစွာ ရှိခဲ့သည်။

ဤစမ်းသပ်မှုကို ကျော်ဖြတ်ပြီးနောက်၊ ကျင်းဝမ်သည် ရာဇပလ္လင်သို့သွားရာလမ်းတွင် နောက်ထပ် အတားအဆီးများ မရှိလောက်တော့ဘူး...

လီယွီသည် သူ့ခင်ပွန်း၏ ချောမောလှပသော မျက်နှာကို သတိပြုမိသည်။ ကျင်းဝမ်မျက်နှာကို ပိုကြည့်လေ ပိုချစ်လေလေပါပဲ။ သူသည်  ခိုးနမ်းရန် ကျင်းဝမ်ကို တင်းကျပ်စွာ ဖက်တွယ်ထားသည့် သူ့  လက်များနှင့် ခြေထောက်များကို ဖယ်ခွာလိုက်သည်။

ယခုတော့ မင်းသမီး လန်ယာ ဖန်တီးခဲ့သော မငြိမ်မသက်မှုများ ပြေလည်သွားသောအခါ "နိုင်ငံကို အတူ မျှဝေခံစားခြင်း"  မစ်ရှင် ပြီးသွားလောက်ပြီ မဟုတ်လား။

လီယွီသည် အခုလို အချိန်ကို အခွင့်ကောင်းယူကာ System ထဲ  ဝင်ရောက်ခဲ့သည်။   မစ်ရှင်က  ဆက်လက်လုပ်ဆောင်ဆဲဖြစ်သည်။

ဒါက ပြီးပြည့်စုံတယ်လို့ တွက်လို့ မရသေးဘူးလား....

ဤပုန်ကန်မှုဖြစ်ရပ်သည် System ၏ သတိပေးချက်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် လူဆိုးက ထီးနန်းကို အောင်မြင်စွာ ခိုးယူနိုင်ခဲ့ပါက 'အာဏာရှင်နှင့် နိုင်ငံတော်ကို မျှဝေခြင်း' နှင့် 'နိုင်ငံတော်ကို အုပ်စိုးခြင်း' တို့ ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။ ထို့ကြောင့်၊ Systemက ဒီဖြစ်ရပ်အတွက် ဒီလို ထူးခြားတဲ့ တုံ့ပြန်မှုလုပ်နေတာလား...

ဤမစ်ရှင်သည် နောက်ဆုံးတွင်  ကျင်းဝမ်နန်းတက်မည့်အချိန်ရောက်မှ ပြီးမြောက်မလား မသိတော့ပေ။ ဒါကြောင့်    လီယွီ အလျင်စလိုမဖြစ်တော့ပေ။

ထို့နောက် လီယွီသည် 'ငါးကလေး၏ အခြေအနေများ' မှတစ်ဆင့် ပေါင်းတွေ ကို လျင်မြန်စွာ ကြည့်လိုက်သည်။ ကလေးများအားလုံး အခုကျင်းအိမ်တော်ကို ပြန်ရောက်နေလပြီ။  သူနဲ့ ကျင်းဝမ်က အနားယူနေတာကြောင့် ဝမ့်ရှီးက သူတို့ကို အနှောက်အယှက်မပေးစေချင်လို့ ကလေးလေးယောက်ကို အိမ်ခန်းထဲမှာ ကစားဖို့   ခေါ်ဆောင်သွားခဲ့သည်။ ကလေး လေးဦးက လက်ရှိတွင် ဝမ့်ကုန်းကုန်းနှင့် တူတူပုန်းတမ်း ကစားနေသည်။

လီယွီသည် ပျော်ရွှင်စွာ ပြုံးကာ Systemမှ ထွက်လိုက်သည်။  

သူ သတိဝင်လာသောအခါ၊ ကျင်းဝမ်နှင့် ခွဲခွာသွားသော လက်များနှင့် ခြေများကို သူ့ပတ်ဝန်းကျင်တွင် တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားသည်ကို သူတွေ့ရှိခဲ့သည်။

လီယွီ: ?

သူ မှတ်မိသလောက်ဆိုလျှင် သူ System  ထဲသို့ ဝင်လိုက်တိုင်း သူ့ကိုယ်က  အလောင်းကဲ့သို့ တောင့်တင်းနေတတ်တယ် မဟုတ်လား။ သူ ဒီလောက်ထိ ကျင်းဝမ်ကို တွယ်ကပ် မနေလောက်ဘူးလေ။ ။ သူက ဘယ်လိုဖြစ်ပြီး ကျင်းဝမ်ကို ခြေလက် အကုန်ဖြင့် တွယ်ဖက်ထားနိုင်ရတာလဲ....

နေဦး....

ကျင်းဝမ်က သူ့ကို တွယ်ဖက်ထားနေတာလား...

  သူတို့နှစ်ဦးသည် အလွန်နီးကပ်စွာ နီးကပ်နေခဲ့သည်။  

ဒီတော့ ကပ်စေးနဲလေးလို တွယ်ကပ်တတ်တဲ့ သူက တကယ်တော့ ကျင်းဝမ်ဖြစ်နေတာပဲ...လောင်ကုန်းက  ဘယ်လောက်ချစ်ဖို့ကောင်းလိုက်သလဲ။

လီယွီသည် အပြုံးဖြင့် သူ့ခင်ပွန်းသည်ကို အသာလေး နမ်းလိုက်သည်။ သူသည် အခြားသူ၏နှာခေါင်းကို ညှစ်ချင်ပြီး ကျင်းဝမ်က သူ့ပါးစပ်ကို ဖွင့်ထားစဉ်တွင် ငါကလေးက  သူ၏ ပြင်သစ်အနမ်းစွမ်းရည်ကို အပြည့်အဝပြသလိုက်တော့သည်။

သို့သော်၊ အစီအစဉ်သည် အလွန်ပြီးပြည့်စုံသော်လည်း၊ လက်တွေ့တွင်မူ ကျင်းဝမ်၏ တင်းတင်းကြပ်ကြပ် မှိတ်ထား သော မျက်လုံးများက ဖြတ်ခနဲ ဖွင့်လိုက်သောအခါတွင်၊ သူက ကျင်းဝမ်၏ မျက်နှာပေါ်တွင် သူ့လက်ချောင်းများကို အသာလေး ထိရုံလေးပဲ ရှိသေးသည်။

လီယွီ: ".............................."  

အဲဒါ ငါ မဟုတ်ဘူး။ ငါး ဘာမှ မလုပ်ဘူး။ ငါ ဘာမှ မင်းကို နှောက်ယှက်ဖို့ မလုပ်ပါဘူး !

ပျာယာခတ်နေသော ငါးကလေးကို တစ်ချက်ကြည့်လိုက်ပြီး ပူပြင်းသောအကြည့်ဖြင့် ပြင်းပြစွာ နမ်းလိုက်သည်။

ကလေးတွေက အကုန် ပြန်ရောက်ပြီး  သူတို့လည်း အိပ်ခန်းထဲမှာ ရှိနေပြီလေ။ ဒါက အချိန်မှန်၊ နေရာမှန် ရောက်နေပြီဖြစ်လို့ သူတို့ လင်မယားနှစ်ယောက် မှန်ကန်တဲ့ အခြေအနေတွေကို စဉ်းစားလို့ရပါတယ်။

လီယွီသည် သူ၏ကိုယ်ဝန်အကြောင်းကို သိရှိပြီးကတည်းက သူက ကျင်းဝမ်၏ အသားချောင်းကို မစားပဲ ရှောင်ကြဉ်ကာ သက်သတ်လွတ်စားနေရသည်။ အခုအချိန်မှာတော့ သူ အရမ်းလိုချင်နေပြီး ကျင်းဝမ်ရဲ့ ခါးပတ်ကို တင်းတင်းကြပ်ကြပ် ဆွဲဖြည့်လိုက်တော့သည်။


လူနှစ်ယောက်က အရမ်းရင်းနှီးနေကြသည်။ သူတို့နှစ်ယောက်ကြား အပူချိန်က မိနစ်ပိုင်းအတွင်း မြှင့်တက်လာခဲ့သည်။

ကျင်းဝမ်သည် လီယွီ၏ ပြားချပ်ချပ် ဝမ်းဗိုက်ဆီသို့ တစ်ချက် ကြည့်လိုက်ပြီး ကိုယ်ဝန်၏ ကနဦးအဆင့်တွင် လိင်ဆက်ဆံခြင်းမပြုရဟု တော်ဝင်သမားတော်များထံ တခါက မေးခဲ့ဖူးကြောင်း သတိရမိသည်။ ကျင်းဝမ်လည်း ဆန္ဒရှိပေမယ့် သူ့ကိုယ်သူ ထိန်းထားရမယ်ဆိုတာ သူ သိသည်။

"အဆင်ပြေသွားမှာပါ။"

လီယွီက အသားစားချင်ပြီး ကျင်းဝမ်ကစိုးရိမ်နေသဖြင့် သူက ထပ်ပြောလိုက်သည်။

 "သူမ မပျော့ညံ့ပါဘူး။ ကျွန်တော်က ရေကူးပြီး မြည်းကိုတောင် စီးခဲ့သေးတယ်... ကျွန်တော်တို့ လုပ်လို့ရတယ်... နည်းနည်း နှေးနှေးလုပ်မယ်ဆိုရင် ဘာမှ  မဖြစ်လောက်ပါဘူး။"

လီယွီသည် ကျင်းဝမ်ကို တမင်တကာ သွေးဆောင်ခဲ့သော်လည်း ယခု တိုက်ပွဲမစမီမှာပင် အနည်းငယ် ရှက်သွေးဖြာလျက် စောင်ထောင့်ကို ပွတ်သပ်ရင်း လီယွီက မျက်နှာ ရဲရဲနှင့် ပြောခဲ့သည်။

 "ကျွန်တော်က မြည်းစီးတာ ဒါမှမဟုတ် မြင်းစီးတာ သိပ်မကောင်းပေမယ့် ကျွန်တော်က ခင်ဗျားကို စီးတာ အရမ်းကောင်းတုန်းပဲ......"  

သူက ကျင်းဝမ်ကို အကြည့်တစ်ချက် ပေးလိုက်သည်။ သူ့ နောက်ဆုံး စကားကို တိုးတိုးလေး   ပြောနေပေမယ့် ကျင်းဝမ်က နားအကြားစွမ်းရည်က ထက်မြက်ပြီး အရာအားလုံးကို ကြားနေရဆဲဖြစ်သည်။

သူသည် အလွန်အရည်အချင်းရှိကြောင်း သက်သေပြရန်အတွက်  ကျင်းဝမ်ကိုပြောနေသည်။
 

စိတ်ရူူးပေါက်ရာပြောနေသော ငါးလေးသည် ပြောပြီးနောက် ရှက်သွေးဖြာကာ လိပ်ပြာတစ်ကောင်၏ အတောင်ပံများကဲ့သို့ မျက်လွှာချကာ စိတ်လှုပ်ရှားစွာ တဖြတ်ဖြတ်ဖြစ်နေသည်။  သူ့ပါးပြင်တွေက ပူပူနွေးနွေး ပူလောင်နေပြီး နားရွက်တွေက ပန်းနုရောင် သမ်းကာ အရမ်းကို ချစ်စရာကောင်းနေသည်။

အမှောင်ကို ငေးကြည့်ရင်း၊ ကျင်းဝမ်က တိုက်ရိုက်ထထိုင်ပြီး ဒီချစ်သူလေးကို နမ်းလိုက်ပြီး အက်ရှစွာပြောလိုက်သည်။

"ကောင်းပြီ....ဒါဆို ကိုယ်တို့ စမ်းကြည့်ရအောင်။"  

*******-***********























































































(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now