Chapter (74) _ မုထျန်းချီရဲ့ အရိပ်ပြကွက်

4.9K 980 1
                                    

Chapter (74) _ မုထျန်းချီရဲ့ အရိပ်ပြကွက်



အကောင်းဆုံးရလဒ်များရရှိရန် လီယွီ သည် ငါးပြပွဲအတွက် ငါးအားလုံးကို  ငါးကြင်းနီကို အသုံးပြုသည်။   ထို့အပြင် ငါးအလှပြခြင်းကို လေ့ကျင့်သည့်အခါ အခြားသူများကို ကြည့်ရှုခွင့်မရှိပေ။  

ငါးတွေကို ညွှန်ကြားချက် ပေးကာ လေ့ကျင့်တာ တစ်ခုတည်းနဲ့  မလုံလောက်ပေ။ လီယွီ သည် ငါးပြပွဲအကွက်ဖော်ဖို့အတွက် အထူးမင်္ဂလာရှိသည့် စာလုံးပုံကို ကျင်းဝမ်ကို ရေးပေးဖို့ တောင်းဆိုခဲ့သည်။   ကျင်းဝမ် သည် မူလက ငါးငယ်များကို လီယွီ ဆော့ကစားစေဖို့လောက်သာ ရည်ရွယ်ထားပေမယ့် ငါးတွေရဲ့ ပုံဖော်မှုကို မြင်တော့   အံ့သြသွားခဲ့သည်။ စာလုံးကို ချရေးတာနဲ့ ငါးတွေနဲ့ ပုံဖော်တာက မတူပေ။ ဒါကို ပိုမိုနက်နဲလှသည်။  ကျင်းဝမ်က လေးလေးနက်နက် ကြည့်ကာ ဒီစွမ်းရည်ကို ဒီကမ္ဘာမှာ ရှောင်ယွီ တစ်ယောက်သာ ပိုင်ဆိုင်နိုင်တယ်ဆိုတာ သိလိုက်သည်။


ငါးကို အစမ်းလေ့ကျင့်ဖို့အတွက် ကျင်းဝမ် က သူ့ငါးက ပိုပြီးပိန်ပါးသွားတယ်လို့ ခံစားလိုက်ရလို့ သူက ငါးဖြည့်စွက်စာ အမြောက်အမြားကို ပြင်ဆင်ပေးခဲ့သည်။ လူသားပုံသဏ္ဌာန်နဲ့ရှိစဉ်ပဲဖြစ်ဖြစ် ငါးလေးပုံစံနဲ့ရှိစဉ်ပဲဖြစ်ဖြစ် လီယွီကို ကျင်းဝမ်က  ဖြည့်စွက်စာတွေ အများကြီးကျွေးပေမယ့် လီယွီ က အချိန်တိုင်း နည်းနည်းပဲ စားပြီး လေ့ကျင့်ရေးကိုပဲ အာရုံစိုက်နေသည်။
 
 ငါးတွေအားလုံးနဲ့အတူ လီယွီက  စင်ပေါ်မှာရှိနေမယ်။ သူ့ ခန္ဓာကိုယ်ပုံ သဏ္ဍာန်သည် အခြားငါးများနှင့် မတူနိုင်ပေ။ လီယွီ က အရင်က ဒါကို သိပ်မသိပေမယ့် အခု အတူလေ့ကျင့်မှ ဒါကို သိလိုက်ရသည်။ သူ့ပုံစံက အခြားသော ငါးများနှင့် ကွာခြားနေလို့မဖြစ်ပေ။ လီယွီက ထပ်စားချင်ပေမယ့် တမင်သက်သက် လျှော့စားနေခဲ့သည်။ ကျင်းဝမ် သူ့ကို ခွံ့ကျွေးတဲ့ အစာတွေက မွှေးကြိုင်ပြီးအရသာရှိလွန်းတယ်လို့ သူခံစားရတယ်။ မင်းကြီးရဲ့မွေးနေ့သဘင်ပြီး မှပဲ သူ အဝစားတော့မည်။
 

 သူက ငါးအဖွဲ့ကိုလေ့ကျင့်နေပေးနေချိန် ကျင်းဝမ်က စောင့်ကြည့်ခိုင်းထားတဲ့ လူတွေရဲ့သတင်းပို့ချက်အရ    ဆဋ္ဌမမင်းသားက စက္ကူမီးပုံးများစွာ ဝယ်ထားကြောင်း သတင်းပို့လိုက်ရာ လီယွီက သူ မှန်းတာ မှန်သည်ကို သိလိုက်သည်။  ဆဋ္ဌမမင်းသားက  မူရင်းဇာတ်လမ်းထဲကအတိုင်း အလင်းရောင်နှင့် အရိပ်ကို ပြသကာ မင်းကြီးရဲ့မျက်နှာသာပေးဖို့ကို အမှန်တကယ် ပြင်ဆင်ခဲ့သည်။

ဆဌမမင်းသားကို သူတို့အာရုံ စိုက်စောင့်ကြည့်နေသလို ဆဌမမင်းသားက သူတို့ကို စိုက်ကြည့်နေမှာလား။

လီယွီသည် ဆဋ္ဌမမင်းသားက ၏ အေးစက်သောမျက်လုံးများကို သတိရကာ အကြောင်းပြချက်မရှိဘဲ  တုန်လှုပ်သွားပြီး သူ့ကို ပေါ့ပေါ့ဆဆမထားသင့်ဟု ဆုံးဖြတ်လိုက်သည်။ ဒီလူက သူတို့ကို ဘယ်တော့မှ လျှော့တွက်မှာ မဟုတ်လောက်ဘူး။
 

  ဖြစ်နိုင်ချေရှိသော ကြိုတင်ခန့်မှန်းချက်များကို ထည့်သွင်းစဉ်းစားကာ လီယွီ လည်း အခြားပြင်ဆင်မှုအချို့ကို ကြိုတင်ပြုလုပ်ခဲ့သည်။ မကြာခင်မှာ မင်းကြီးရဲ့ မွေးနေ့ ကျရောက်လာတော့မည်။
 

ထိုနေ့တွင် ကျင်းဝမ် သည် နံနက်စောစော နန်းတော်ထဲသို့ ဝင်ရလေသည်။ လီယွီသည် ဤအခိုက်အတန့်တွင် သူ၏လူသားပုံစံကို ပြောင်းရမည်ကို ကြောက်ရွံ့နေခဲ့သည်။ နန်းတော်ထဲကို ဝင်လိုက်တာနဲ့ အရေးပေါ် အခြေအနေကြုံလာတဲ့အခါ သူက လူသားအသွင်ကို တရက်တည်း နှစ်ခါ မပြောင်းလဲနိုင်တော့ဘူး။ ဒါကြောင့် ကျင်းဝမ် နဲ့ မနေ့က သဘောတူပြီး သခင်လေးလီကို အားလပ်ခွင့်ပေးထားလိုက်တယ်။ ကျင်းဝမ်က သလင်း ကျောက်ပုလင်းနှင့် ထည့်ထားသော ငါးလေးကို နန်းတော်ထဲသို့ ဦးစွာ သယ်ယူခဲ့ပြီး ဝမ့်ရှီး ဝမ့်ကုန်းကုန်း သည် အစောင့်များကိုခေါ်ကာ အခြားငါးများကို နန်းတော်ထဲသို့ သယ်ဆောင်သွားခဲ့သည်။

အခြားသူများ သတိပြုမိမည်ကို စိုးရိမ်သောကြောင့် ထိုငါးများကို အဝတ်ဖြင့် ဖုံးအုပ်ထား ကာ ငါးကန်ကြီးတစ်ခုထဲတွင် ထည့်ထားကာ ကျင်းဝမ် ထံမှ ဧကရာဇ်မင်းမြတ်အား ပေးအပ်သည့် လက်ဆောင်အဖြစ်   ဖော်ပြခဲ့ကြသည်။

ဧကရာဇ်မင်းကြီးသည် လက်အောက်ခံ မင်းမှုထမ်းအရာရှိကြီးများ၊ လက်အောက်ခံနယ်ပယ်မှာ အုပ်ချုပ်သူများထံမှ မွေးနေ့ဆုတောင်းလွှာကို    လက်ခံရယူရန်အတွက် ယနေ့တွင် ပေါင်ဟော် ခန်းမတွင် နေပြီး ဧည့်ခံပွဲတစ်ခု ပြုလုပ်ခဲ့သည်။ ခရိုင်အသီးသီးမှ လက်ဆောင်ပစ္စည်းများကို နန်းတော်သို့ အသီးသီး ပေးအပ်ကြသည်။ မွေးနေ့ပွဲကျင်းပဖို့နဲ့ အခမ်းအနားတွေကျင်းပဖို့  တော်ဝင်မြို့တော်ကို လာလည်တဲ့သူတွေလည်း အများကြီးရှိပါတယ်။ လမ်းတစ် လျှောက်တွင် ဧကရာဇ်မင်းကြီးက   ဖျော်ဖြေရေးအတွက် ရောင်စုံ ရွက်ဖျင်တဲ များကို တည်ဆောက်ထားခိုင်းသည်။
 

ပေါင်ဟော်ခန်းမရှိ မွေးနေ့ပွဲ အခမ်းအနားတစ်ခုလုံးတွင် လီယွီ သည် ကျင်းဝမ် ၏နောက်သို့ လိုက်ကာ မျက်လုံးများကို ကျယ်ကျယ်ဖွင့်ထားသည်။ သူသည် ဧကရာဇ်မင်းမြတ်၏ မွေးနေ့ကို ဖော်ပြရန် စကားလုံးတစ်လုံးနဲ့ပြောရမယ်ဆိုရင်    မှူးမတ်များနှင့် ဝန်ကြီးများက မင်းကြီးကို လက်ဆောင်ပေးအပ်ခြင်းဖြစ်သည်။ လက်ဆောင်ရရှိသည့်အရေအတွက်က အရမ်းများတာကြောင့် ပေါင်ဟော်  ခန်းမရဲ့ အခန်းတွေတောင် ထပ်တိုးချဲ့လိုက်ရသည်။ မကုန်ဆုံးနိုင်သည့် လက်ဆောင် တောင်ထုကြီးရဲ့တန်ဖိုးကို မပြောနဲ့ ထိုလက်ဆောင်တစ်ခုရဲ့ တန်ဖိုးပင်လျှင်  သာမန်လူတစ်ယောက်အတွက် ဆွေစဉ်မျိုးဆက် လက်ဆင့်ကမ်း ရမည့် မိသားစုအမွေဖြစ်လာနိုင်တယ်။

ဧကရာဇ်မင်းကြီးသည် အလွန်ပျော်ရွှင်ခဲ့ပြီး အရေးကြီးသော ဝန်ကြီးများစွာနှင့်  အတူ အချိုရည်အနည်းငယ်သောက်ခဲ့သည်။ လက်ဆောင်ပေးမယ့် မင်းသား တွေရဲ့ အလှည့်ရောက်လာခဲ့လေပြီ။ အသက်အလိုက် ပထမဆုံး လက်ဆောင် ဆက်သ ခွင့်ရသည့်မင်းသားက အန်းဟုန် ဘွဲ့ရ ဒုတိယမင်းသား ဖြစ်သည်။ ဧကရာဇ်မင်းကြီးသည် သူ့မွေးနေ့ပွဲလုပ်သည့် အထူးနေ့ဖြစ်လို့ ဒုတိယမင်းသားကို နန်းတော်ထဲသို့ ဝင်ခွင့်ပြုခဲ့သော်လည်း မုထျန်းကျောက် အတွက် မျှော်လင့်ချက် လုံးဝ မရှိပေ။  ဧကရာဇ်မင်းကြီးက ဒုတိယမင်းသားကို   အသိအမှတ်မပြုဘူး၊ သူက မင်းကြီးကို ခပ်နုံနုံဖြင့် ကြည့်ပေမယ့် မင်းကြီး ဆီက အသိမှတ်ပြုသည့် အကြည့်တချက်ပင် မရခဲ့ပေ။ မင်းကြီးက ယခင်က ခန့်ညားကာ ယုံကြည်မှု အပြည့်ရှိသည့်  ဒုတိယမင်းသားကို သတိရကာ စိတ်မကောင်းရုံသာ ရှိသည်။
 

မကြာခင်မှာပဲ တခြားမင်းသားတွေက အသီးသီး လက်ဆောင်ဆက်သည့်အတွက် မင်းကြီးရဲ့  ဒီဝမ်းနည်းမှုကို လျော့ပါးစေခဲ့တယ်။ တတိယမင်းသား မုထျန်းမင် ကိုလည်း နန်းတော်ထဲသို့ ဝင်ခွင့်ပြုခဲ့သည်။ ဧကရာဇ်က မူလထက် ပိုမိုရိုကျိုးနိမ့်ချကာ အရိုသေပေးသည့် မုထျန်းမင် ကို   ကြည့်ကာ ခေါင်းညိတ် လိုက်သည်။ တတိယမင်းသားသည် ရွှေစ ၁၀၀၀၀ ဖြင့် ဝယ်ယူထားသော ဗုဒ္ဓအရိုး ဓာတ်တော်ကို   ဂရုတစိုက်ရွေးချယ်သော လက်ဆောင်ကို ပူဇော်နိုင်ရန် မင်းကြီးကို မွေးနေ့လက်ဆောင်အဖြစ် ဆက်သခဲ့သည်။ ဧကရာဇ်မင်းကြီးက တတိယမင်းသားက မာန်မာနတို့ နည်းပါးသွားပြီး ဂါရဝတရားနှင့် ပိုမိုပြည့်စုံလာပြီဟု တွေးကာ ရင်ထဲ ထိသွားခဲ့သေးသည်။  

 သူ့ရဲ့ မွေးနေ့ပွဲဖြစ်သောကြောင့်  ဧကရာဇ်မင်းသည် ကျေနပ်မှုတစ်စုံတစ်ရာကို မပြခဲ့ပေ။ သူ နည်းနည်းလေးလေးနက်နက် တွေးလိုက်မိနေတာက တတိယ မင်းသားကို သူ့အဆောင်က ထွက်ခွင့်ကို ပိတ်ပင်ခံထားရပြီး စည်းမျဉ်း စည်းကမ်းစာအုပ်ကို ကူးယူဖို့ အပြစ်ပေးခြင်းခံနေရပါလျက် ဒီလို     အဖိုးတန်ပစ္စည်းများကို ဘယ်လို ရနိုင်ခဲ့တာလဲ။
 

ဧကရာဇ်သည် သူ့နှလုံးသားထဲတွင် မေးခွန်းတစ်ခုပေါ်လာသည်။  တတိယ မင်းသားက  သူ နောင်တရနေပါပြီဟု ဆက်ပြောနေပေမယ့် မင်းကြီးက တတိယမင်းသားရဲ့လှုပ်ရှားမှုကို ထပ်ပြီးစစ်ဆေးစေချင်နေသည်။

လီယွီသည် သလင်းကျောက်ပုလင်းထဲတွင် တတိယ မင်းသား ဆက်သသည့် ဗုဒ္ဓ ဓါတ်တော် အမွေအနှစ်ဆိုတာကို တွေ့လိုက်ရသည်။ အနက်ရောင်အလုံးက  ဘယ်လိုအရာရဲ့ အရိုးဆိုတာ မပြောနိုင်သေးပေ။ တတိယ မင်းသား က ဗုဒ္ဓဓါတ်တော် အရိုးစစ်စစ်ကို ဝယ်နိုင်သလား၊ မဝယ်နိုင်ဘူးလားဆိုတာ အပထား၊    လီယွီက ဒီလိုအရာမျိုးကို အစကတည်းက အလိုလိုကြောက်သည်။

ကျင်းဝမ် သည် ငါးကလေးရှောင်ယွီရဲ့  ကြောက်ရွံ့မှုကို သတိပြုမိပြီး လီယွီ ရဲ့ အမြင်ကို ဖုံးဖို့ သူ့ အင်္ကျီလက်စကို အသုံးပြုခဲ့သည်။ လီယွီသည် အင်္ကျီလက်စ အောက်ကနေ လှမ်းကြည့်ပြီးနောက် ပို၍သက်တောင့်သက်သာရှိလာသည်။

မင်းသားငယ်နှစ်ပါး ဖြစ်သည့်  သတ္တမနှင့် အဋ္ဌမမြောက်မင်းသားတို့သည် ဧကရာဇ်မင်းမြတ်အတွက် ကျမ်းဂန်များကို အသီးသီးကူးယူကြပြီး သူတိုရဲ့ မယ်တော် ကိုယ်လုပ်တော်များက ဧကရာဇ်မင်းမြတ်ထံ ဦးညွှတ်ရန် ခေါ်ဆောင် လာကြသည်။

ဧကရာဇ်မင်းသည် သူ့ သားငယ်များ၏ မရင့်ကျက်သောမျက်နှာများကို ကြည့်လိုက်သည်။ မင်းသားငယ်လေး နှစ်ပါးက အသက်မပြည့်သေးတာကြောင့် မျက်နှာလေးတွေက ငယ်ရွယ်နုပျိုနေဆဲဖြစ်သည်။

 ဆဌမမင်းသား အလှည့်ရောက်သောအခါ မုထျန်းရှောင် သည် ဦးခေါင်းညွှတ်ပြီး အပြစ်ရှိကြောင်း ဝန်ခံပြီး ထိုက်တန်သောလက်ဆောင်ကို မပြင်ဆင်နိုင် သောကြောင့် ဘုရင်မင်းမြတ်အား လက်ဆောင်ပေးရန် နန်းတော်၏ အလင်းရောင်နှင့် အရိပ်ကိုသာ အသုံးပြုခဲ့သည်။ .

သူ့ရဲ့ ထိုကဲ့သို့ ပြောဆိုလုပ်ဆောင်ချက်သည်  ဧကရာဇ်မင်းမြတ်၏ ဂရုဏာစိတ် ကိုလည်း နှိုးဆွပေးနိုင်ခဲ့သည်။ ဧကရာဇ်မင်းသည် ဆဌမမင်းသားက ဘာကို လုပ်ချင်သည်ကို သိချင်သောကြောင့် ဆဌမမင်းသား လိုချင်တာကို အစွမ်းကုန် ဆောင်ရွက်ပေးရန် အမှုထမ်းများကို အမိန်ကပေးခဲ့သည်။

လီယွီက သူ့စိတ်ထဲတွင် ထအော်လိုက်မိသည်။ ငါက  ဒီမှာလေ...ငါက ဒီမှာ ရှိနေသေးတယ်.... လီယွီက အော်ဟစ်ပြီး သလင်းကျောက်ပုလင်းရဲ့နံရံကို ကိုယ်နှင့် အားမလိုအားမရ ပွတ်တိုက်နေတယ်။

ဆဌမမင်းသား၏ တောင်းဆိုချက်အရ ပေါင်ဟော် ခန်းမထဲမှာ ထွန်းထားသည့် ဖယောင်းတိုင်တစ်ဝက်ကို မီးငြိမ်းလိုက်ပြီး ဆဌမမင်းသားက ပေးပို့သော မီးပုံးနီ အနည်းငယ်ကို ချိတ်ဆွဲလိုက်သည်။ ဧကရာဇ်မင်းသည် ခဏတာမျှော်ကြည့်ကာ ထိုမီးပုံးများသည် အထူးအဆန်းဟု ထင်သော်လည်းဆဌမမင်းသားက မင်းကြီးကို  မြေပြင်ပေါ်ကြည့်ရန် တောင်းဆိုခဲ့သည်။

ပေါင်ဟော်  ခန်းမ၏ရွှေရောင်အုတ်များပေါ်တွင် မတူညီသောအရိပ်များစွာ အရိပ်အယောင်များစွာ ရှိနေသည်ကို အားလုံး မြင်လိုက်ရသည်။ သေသေချာချာ ကြည့်မိတော့ ထိုအရာတွေက မင်းကြီးကို မွေးနေ့ဆုတောင်းပေးထားတဲ့ စာလုံးတွေဖြစ်နေသည်။  

ဧကရာဇ်က အံ့သြတကြီးဖြင့် မေးလိုက်သည်။

"ထျန်းရှောင်.... မင်းဘယ်လိုလုပ်လိုက်တာလဲ!"

မုထျန်းရှောင် က သူ့နှုတ်ခမ်းတွေကို မြှောက်လိုက်ပြီး ဧကရာဇ်ကို အသေးစိတ် ရှင်းပြခဲ့သည်။ ဆဌမမင်းသားက အနီရောင် စက္ကူမီးပုံးများဝယ်ပြီးနောက် စက္ကူမီးပုံးအတွင်းပိုင်းတွင် ကြိုတင်ဖြတ်တောက်ထားသော  ဆုတောင်း စာလုံးများစွာကို ရေးတင်ထားကြသည်။ အထဲမှာ မီးတွေထွန်းပြီးရင် မီးကို ခပ်မြင့်မြင့်မှာ ချိတ်ဆွဲထားလိုက်ပါက အလင်းသည် မြေပြင်ပေါ်တွင် စာလုံးတွေကို ထင်ဟပ်လာစေသည်။
 

မုထျန်းရှောင် က ကျိုးနွံစွာဖြင့် ခမည်းတော်ကို လျှောက်တင်လိုက်သည်။

"ဒါက ခမည်းတော်ဘုရားကို ပျော်ရွှင်စေဖို့ သားတော် လုပ်ပေးခဲ့တဲ့ လှည့်ကွက်လေး တစ်ခုပါပဲ"

ဧကရာဇ်မင်းကြီးက ဆဌမမင်းသားကို ချီးကျူးလိုက်သည်။
 
 "မင်းအတွက် ဒီလိုမျိုးလုပ်ရတာ မလွယ်ဘူးဆိုတာ ငါကိုယ်တော် သိပါတယ်၊ မင်းမှာ ကြင်နာတတ်တဲ့  နှလုံးသားရှိတာပဲ"


ဆဌမမင်းသားက ခုလို ထူးခြားတဲ့ လက်ဆောင်တွေ ပေးတဲ့အခါ တတိယ မင်းသားက နံဘေးမှာ ရှိနေတယ်။ မုထျန်းမင် သည် သူ့ ဆက်သလိုက်သည့်  ရတနာများကို အလွန်ယုံကြည်သည်။ ရုပ်ပွားတော်နှင့်အတူ မင်းကြီးရဲ့စိတ်ထဲကို ရောက်နိုင်ပြီဟု မျှော်လင့်သော်လည်း ဧကရာဇ်မင်းကြီးက ဆဌမမင်းသား အပေါ် ထားရှိသော သဘောထားကို မြင်လိုက်ချိန်မှာ စိတ်ဓါတ်ကျသွားသည်။   ရွှေတစ်သောင်းတန် ဓါတ်တော်နဲ့လုပ်ထားသည့် စေတီလေးက ဆဌမမင်းသား လုပ်လိုက်သည့် မီးခွက်အနည်းငယ်ကိုပင် မယှဉ်နိုင်ဘူးလား။
 

တတိယ မင်းသား  ထိတ်လန့်တုန်လှုပ်သွားပြီး တစ်ချိန်တည်းမှာ ဆဌမမင်းသားက သူ့ကိုကူညီဖို့ အမြဲ လုပ်နေခဲ့တာ မဟုတ်ဘူးလား။ အရေးကြီးလှတဲ့ ခမည်းတော်မင်းကြီးရဲ့ မွေးနေ့မှာ ဘာကြောင့် မီးပုံးကို ခိုးဝယ်ပြီး ခမည်းတော်ရဲ့ အာရုံစိုက်မှုကို ခိုးယူနိုင်ရတာလဲလို့    တွေးမိနေတယ်။

တတိယမင်းသားက ဆဋ္ဌမမင်းသားကို သံသယနဲ့ ကြည့်လိုက်တော့ ဆဋ္ဌမမင်းသားက တိုးတိုးပြောလိုက်တယ်။

 "တတိယနောင်တော်    စိတ်မဆိုးနဲ့၊ နောင်တော် အဆောင်ကထွက်ခွင့်  တားမြစ်ခံနေရတုန်းပဲ၊ ခမည်းတော်က စိတ်ပျော်နေတဲ့အချိန် ညီတော်က ခမည်းတော်ရှေ့မှာ တတိယနောင်တော်အတွက် ပြောပေးဖို့ ညီတော်   စဉ်းစားထားတယ်၊ ဒါဆိုရင် နောင်တော် အပြစ်ဒဏ်က လွတ်အောင် ကူညီပေးနိုင်ပါတယ်။"

တတိယမင်းသားက ခဏလောက် ထိတ်လန့်သွားပြီး ဆဋ္ဌမမင်းသား ပြောတာက  အဓိပ္ပာယ်ရှိပုံပေါက်ပေမယ့် သူက အမှန်ပြောသလား ဆိုတာတော့ မသိနိုင်ပေ။

ဆဌမမင်းသားက မွေးနေ့လက်ဆောင်ဆက်သပြီး နောက်ကို ဆုတ်ခွာ သွားပြီးနောက် မင်းကြီးရဲ့အပါးတော်မြဲ လျှိုကုန်းကုန်းသည် ရှေ့သို့ တိုးလာပြီး ဧကရာဇ်မင်းထံသို့ စကားအနည်းငယ် တိုးတိုးပြောလိုက်သည်။ ကျင်းဝမ်၏ စံအိမ်တော်မှ အမှုထမ်းများသည် ကျင်းဝမ်၏ လက်ဆောင်ကို နောက်ဆုံးမှ ဆက်သခွင့်ပေးပါရန်  ကြိုတင်၍ တောင်းပန် လျှောက်တင်ထားပြီ ဖြစ်သည်။  လျှိုကုန်းကုန်းက ကျင်းဝမ်ဆီက တောင်းဆိုချက်ကို ရထားလို့ မကူညီပဲ ဘယ်နေမလဲ။ ဒါပေမယ့် အခု မင်းကြီးက ဆဌမမင်းသားရဲ့လက်ဆောင်ကို တဖွဖွချီးမွမ်းနေတာတွေ့တော့ လျှိုကုန်းကုန်းက မင်းကြီး အနားကို တိုးကပ်ကာ ကျင်းဝမ်ရဲ့လက်ဆောင် ဆက်သဖို့ ကျန်သေးကြောင့် ခပ်တိုးတိုးလေး တင်လျှောက်လိုက်သည်။
 


*******-********


(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now