Chapter (103-2)- အမျိုးသားကိုယ်လုပ်တော် ချူးကွေ့ရန်

4.7K 933 10
                                    

Chapter (103-2)-  အမျိုးသားကိုယ်လုပ်တော် ချူးကွေ့ရန်


မုထျန်းရှောင် က ဒီလူ သေမှာကို ကြောက်နေမိသည်။ တစ်ချိန်တည်းမှာပင်၊ ဤလူသည် ကျင်းဝမ် ၏ အားနည်းချက်ကို အမှန်တကယ်ရှာဖွေတွေ့ရှိနိုင်မည်ဟုလည်း သူမျှော်လင့်ခဲ့သည်။ ထို့ကြောင့် နေ့တိုင်း စောင့်မျှော်နေခဲ့သည်။

ဧကရာဇ်သည် တော်ဝင်စာသင်ဆောင်သို့ ကိုယ်တိုင်သွားရောက်လေ့လာပြီး သတ္တမ မင်းသားနှင့် အဌမ မင်းသားတို့ကို ကွဲပြားစွာဆက်ဆံစပြုသည့်အချိန်တွင်  မုထျန်းရှောင်ရုတ်တရက် သဘောပေါက်သွားပြီး၊ ယခုအချိန်သည် သူ အေးအေးဆေးဆေး အပန်းဖြေရန်အချိန်မဟုတ်တော့ပေ။  

ကျင်းဝမ်အပြင် ဧကရာဇ်မင်းမြတ်တွင် သားငယ်နှစ်ယောက်ရှိသေးသည်။ သူတို့လည်း ထီးနန်းတက်ဖို့ အလားအလာရှိတယ်။

မုထျန်းရှောင် သည် မင်းသားနှစ်ပါးကို မည်သူမျှ သတိမပြုဘဲ ဧကရာဇ်၏မျက်နှာသာကို ဆုံးရှုံးစေလိုသည်။ သို့သော်လည်း သူ၏ သစ္စာရှိ လက်အောက်ငယ်သားများ အားလုံး ပျောက်ကွယ်သွားခဲ့ပြီး လောလောဆယ် တွင် သူ့ကို ကူညီရန် သင့်လျော်သော လူကို ရှာမတွေ့ခဲ့ပေ။ ဒီလူငယ်လေးတွေနဲ့ ဆက်ဆံရတာ အရမ်းလွယ်ရင်တောင် သူကိုယ်တိုင်လုပ်မှာ မဟုတ်ပါဘူး။ သူ့အစား တစ်ယောက်ယောက်က သူ့ကိုတွေ့တဲ့အခါ သူ့စိုးရိမ်မှုတွေကြောင့် စိတ်ပျက်သွားခဲ့သည်။

"အရှင်မင်းသား..အရှင့် ရဲ့ပြဿနာတွေကို ငါကူညီဖြေရှင်းပေးနိုင်ပါတယ်။"  

ဝါးဦးထုပ်နောက်ကွယ်မှ ပဝါဖြင့်  ဖုံးထားသော ချူးရန့်ယွီသည် ဆဌမ မင်းသားကို မျက်လုံး မှိတ်တုတ်မှိတ်တုတ် စိုက်ကြည့်ကာ မှုန်ရီဝေနေသော မျက်လုံးများကို ထုတ်ဖော်လိုက်သည်။

သူ့ကိုမြင်လိုက်ရတော့ မုထျန်းရှောင်က အရမ်းတုန်လှုပ်သွားတယ်။

ကျင်းဝမ် သည် တော်ဝင်မြို့တော်မှ ထွက်ခွာပြီး အနောက်နယ်ခြားသို့ သွားသည့်အချိန်မှစ၍ ကျင်းအိမ်တော် ၏ ချင်းရှီးဥယျာဉ် လူများကို တစ်ယောက်ပြီးတစ်ယောက် ဆွဲထုတ်ကာ သူတို့၏ အနာဂတ် အစီအစဉ်များကို မေးမြန်းခဲ့သည်။ ထွက်သွားချင်ရင် လွတ်လွတ်လပ်လပ် ထွက်သွားခွင့်ပေးခဲ့သည်။

ချူးရန့်ယွီသည် ကျင်းအိမ်တော်မှ ထွက်ခွာသွားခဲ့ရသည်။  ချူးရန့်ယွီသည် ငယ်စဉ်ကတည်းက မုထျန်းရှောင် နောက်လိုက်ခဲ့သည်။ သူ့မှာ တခြားသွားစရာနေရာမရှိပေ။ ထို့ကြောင့် သူသည် မုထျန်းရှောင် ကို ရှာဖွေရန် ဆဌမမင်းသား ၏အိမ်သို့ပြန်လာခဲ့သည်။

မုထျန်းရှောင် က သူ့ကို နေခွင့်ပေးခဲ့ပေမယ့် ထိုအချိန်တွင်၊ ဧကရာဇ်မင်းသည် သူ့ကို လက်ထပ်ထိမ်းမြားရန်  စီစဉ်ပေးမည်ကို ဆဌမမင်းသားက သိထားပြီးဖြစ်သည်။ ချူးရန့်ယွီသည် သူ့ရှေ့တွင် ရှိနေသော်လည်း၊ သူသည် သူတို့၏ ဆက်ဆံရေးကိုဖော်ထုတ်ကာ ကိုယ်လုပ်တော်အဖြစ် မချီးမြှင့်ခဲ့ပေ။    ချူးရန့်ယွီက သူ့ဘဝမှာ တစ်ခါမှ မရှိခဲ့သလို ပြုမူခဲ့သည်။ မုထျန်းရှောင် ရဲ့ မင်္ဂလာပွဲကြီးတွင် သတို့သမီးကို နှုတ်ဆက်ဖို့ မသွားခင်မှာပဲ ချူးရန့်ယွီက သူ့ရှေ့ ပြေးထွက်လာပြီး လက်ထပ်တော့မှာလားလို့ မေးခဲ့သည်။

မုထျန်းရှောင်က ဖုံးကွယ်စရာဘာမှမရှိဘူးလို့တွေးရင်း- အဲဒီတုန်းက ချူးရန့်ယွီကို ကျင်းအိမ်တော်ကို အတင်းအကြပ် ပေးအပ်လိုက်စဉ်က ချူးရန့်ယွီက သူ ထီးနန်းရအောင် ကူညီမပေးနိုင်ခဲ့လျှင်   သူတို့နှစ်ယောက် လူသိရှင်ကြားု အတူတူနေဖို့ မဖြစ်နိုင်ဘူးဆိုတာ သိထားသင့်တယ်။  

ဆဌမ မင်းသားက ချူးရန့်ယွီကို သူ့ဘေးနားတွင် နေရာတစ်ခု သိမ်းပေးမည်ဟု ကတိပေးခဲ့ဖူးသည်။ သို့သော် အဓိက ဇနီးဖြစ်မည်မဟုတ်သည်မှာ သေချာသည်။ အဓိက ဇနီးရာထူးကို ပေးအပ်နိုင်ခြင်းက ချူးရန့်ယွီနှင့်မသက်ဆိုင်ပေ။ အဓိက ကြင်ယာတော်ဝမ်ဖေးနေရာကို ပေးအပ်ဖို့ မင်းကြီး၏ သဘောတူညီမှုရှိဖို့လိုအပ်သည်။
 
မုထျန်းရှောင်သည် ချူးရန့်ယွီ တစ်ခုခုကို အလွန်အကျွံလုပ်မိမည်ကို စိုးရိမ်နေသော်လည်း ချူးရန့်ယွီသည် ထိုနေရာတွင် ခဏသာ မှိန်းနေပြီး သူ့အိမ်တော်မှ ထွက်သွားလေသည်။

ယခုအခါတွင်၊ ဆဌမမင်းသား ၏အဓိကဇနီးသည်က သူ့မိသားစုထဲကို လက်ထပ်ပြီး ဝင်လာပြီး ဖြစ်သော်လည်း၊ ဒီအိမ်တော်တွင်းမှာ ချူးသခင်လေးရှိနေကြောင်း သူမ မသိသေးပေ။

"မင်း...... ယွီအာ.... မင်းဘာပြောနေတာလဲ။ မင်း ငါ့ကို ဘယ်လိုကူညီဖို့ စီစဉ်ထားလဲ။"

အနည်းငယ်မျှော်လင့်ချက်ရှိသော မုထျန်းရှောင်က အသေအချာမေးလိုက်သည်။ ချူးရန့်ယွီသည် ထက်မြက်ပြီး ငယ်စဉ်ကတည်းက သူ့ နှလုံးသားထဲတွင် ဆဌမမင်းသား တစ်ယောက်တည်းသာ ရှိခဲ့သည်။    မုထျန်းရှောင် သည် ဤအချက်ကို ကောင်းစွာသိရှိခဲ့ပြီး ချူးရန့်ယွီကို အလွန်ယုံကြည်မှုပေးခဲ့သည်။ ယခင်က၊ သူသည် ကျင်းအိမ်တော်တွင် သူလျှိုအဖြစ်ထည့်ပေးလိုက်ပေမယ့် တိုးတက်မှု တစ်စုံတစ်ရာမရှိခဲ့ပါ။ ကျင်းဝမ် ၏ကိုယ်ရည်ကိုယ်သွေးသည် ထူးဆန်းလွန်းသောကြောင့်သာဖြစ်သည်။ ထို့ကြောင့် ချူးရန့်ယွီကို အပြစ်တင်နေစရာ မလိုပေ။

ချူးရန့်ယွီခေတ္တရပ်ပြီး  ပြောလိုက်သည်။

"အရှင်မင်းသားက  လောလောဆယ် လူအင်အား ချို့တဲ့နေတယ်၊  ကျွန်တော်က အရှင့် မျက်လုံးနဲ့နားဖြစ်ပြီး နန်းတော်ထဲမှာ ကူညီပေးသူ ဖြစ်လာနိုင်တယ်"

တကယ်လား?!

မုထျန်းရှောင် သည် ထိုစကားကိုကြားတော့ အတွင်းစိတ်တွင် ကြည်နူးသွားသည်။ သူ၏ မွေးမိခင်သည် ဉာဏ်သိပ်မထက်သလို  ဧကရာဇ်၏ မျက်နှာသာပေးမခံရပေ။ ဧကရာဇ်ရဲ့ အနောက်နန်းဆောင်ထဲမှာ တခြားတစ်ယောက်ယောက်က သူ့ကို ကူညီနေတယ်ဆိုရင် သူ့ရဲ့ ချို့ယွင်းချက်များစွာကို ထုတ်ဖော်နေသလို ဖြစ်လိမ့်မည်။
 
"ဒါပေမယ့်   ကျင်းဝမ်ရဲ့အိမ်တော်ကနေ မင်းက အခုမှ ပြန်ရောက်တာ မဟုတ်လား...?" မုထျန်းရှောင် က သတိထားပြီး မေးလိုက်သည်။

"အရှင်မင်းသား...ကျွန်တော်နဲ့ ငါ ကျင်းဝမ် ကြားမှာ ဘာဆက်ဆံရေးမှ မရှိဘူးဆိုတာ အရှင် သိပါတယ်"

ချူးရန့်ယွီ၏ အသံသည် နူးညံ့ညင်သာပြီး ချစ်သူနှစ်ဦးကြားတွင်သာ ထွက်ပေါ်လာမည့် အရိပ်ငွေ့များပါနေသည်။

ကျင်းအိမ်တော်မှာရှိတုန်းကတော့ အာဟာရချို့တဲ့ပြီး ရုပ်ရည်က သိပ်မကောင်းဘဲ နေမကောင်းဖြစ်နေခဲ့ သေးသည်။ နောက်ဆုံး ကျင်းအိမ်တော်က ထွက်လာပြီး ရက်အနည်းငယ်တွင် ဆဌမမင်းသား ၏ အိမ်တော်တွင် သူ ပြန်လည်ကောင်းမွန်လာပြီး ရင်သပ်ရှုမောဖွယ်ကောင်းသော လှပသည့် လူငယ်တစ်ဦးအဖြစ်ပြန်လည် ဖြစ်လာခဲ့သည်။

စိတ်လှုပ်ရှားစွာနဲ့ မုထျန်းရှောင်က သူ့လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး မေးလိုက်သည်။

"ငါဆိုလိုတာက မင်းအရင်က ကျင်းအိမ်တော်ကို ဝင်ခဲ့ပြီး အခု ဧကရာဇ်ရဲ့ ကိုယ်လုပ်တော်ဖြစ်ဖို့လိုတယ်။ ဒါက မတရားဘူးလို့ ခံစားရလား။ ယွီအာ၊ မင်းဆန္ဒမရှိရင် ငါ့ကို ပြောပါ။ မင်းနဲ့ခွဲရတာကို  ငါ တကယ်မုန်းတယ်ဆိုတာ မင်းသိပါတယ်"

ချူးရန့်ယွီက ညင်သာစွာ ခေါင်းခါလိုက်ပြီး  ငြင်သာစွာပြောခဲ့သည်။

"အရှင့်ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်တဲ့နေရာ ကူညီပေးဖို့ဆိုတာ ကျွန်တော့်ရဲ့ တစ်ခုတည်းသော ဆန္ဒပါ။  ကျေးဇူးပြုပြီး  ကျွန်တော့်ကို လုပ်ခွင့်ပြုပါ။"

ချူးရန့်ယွီပြောနေစဉ်တွင် သူ တကယ်ဒူးထောက်လိုက်သည်။ မုထျန်းရှောင် က သူ့ကို အလျင်အမြန် ဆွဲတင်လိုက်သည်။  

ချူးရန့်ယွီသည် သူ့အပေါ်ထားရှိသော စေတနာကို သံသယမရှိပေ။ မဟုတ်ရင်  ချူးရန့်ယွီက ကျင်းအိမ်တော်ထဲ ဝင်ဖို့ စီစဉ်တာကို လက်ခံမှာ မဟုတ်ပေ။ ချူးရန့်ယွီနန်းတော်ထဲကို တကယ်ဝင်နိုင်ရင်....

မုထျန်းရှောင်သည် ထိုအကြောင်းကို အမြန်စဉ်းစားလိုက်သည်။ ချူးရန့်ယွီ၏အသွင်အပြင်အရ လှပသော အမျိုးသမီးများစွာကပင် သူနှင့် နှိုင်းယှဉ်၍မရပေ။ ဧကရာဇ်၏ အနောက်နန်းဆောင် အတွင်းတွင် သူသည် ထူးခြားသော ရုပ်သွင်ရှိနေဆဲပင်။ ချူးရန့်ယွီကသာ အနောက်ဆောင်ထဲ ဝင်ဖို့ ဆန္ဒရှိတယ်ဆိုရင် မုထျန်းရှောင် က ဒါကို တကယ်ဖြစ်လာအောင်လုပ်ဖို့ ယုံကြည်ချက်ရှိတယ်။

မုထျန်းရှောင် က သူ့ဆုံးဖြတ်ချက်ကို ချခဲ့သည်။  ချူရန်ယွီကို ထူမပေးရင်းပြောလိုက်သည်။

 "ကျေးဇူးပြုပြီး ထပါ။ နောင်ကျရင် မင်းကို ငါ အားကိုးမယ်နော်"  

ချူးရန့်ယွီက ခေါင်းညိတ်လိုက်သည်။ မျက်နှာကာထားသည့် ပဝါမှ တဆင့် မုထျန်းရှောင် သည် သူ့မျက်နှာအနှံ့ ပွင့်လန်းနေသော အလွန်မှိန်ဖျော့နေသော မရှင်းလင်းသော အပြုံးကို မမြင်နိုင်ခဲ့ပေ။

"အရှင့်သားကငို ကူညီပေးနိုင်ဖို့က ကျွန်တော့် တာဝန်ပါ"

ဒီအခွင့်ရေးကို ချူးရန့်ယွီက စောင့်နေတာ တော်တော်ကြာနေပြီ။ ဒါက သူမျှော်လင့်ထားတဲ့အတိုင်းပါပဲ။

မုထျန်းရှောင်သည် ချူးရန့်ယွီကို နန်းတော်ထဲ ထည့်ပေးဖို့ လုပ်သည့် နည်းလမ်းတွင် လွန်စွာ ထက်မြက်သည်။ ဦးစွာ သူသည် ချူးရန့်ယွီကို သူ၏ကိုယ်ပိုင်ကိုယ်ရံတော်အဖြစ် သတ်မှတ်ပြီး နန်းတော်ထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ ဧကရာဇ်မင်း၏ အိပ်ရာပေါ်သို့ တက်နိုင်သည့် ကိုယ်လုပ်တော် ကျန်းတွင်လည်း ထူးခြားသော နည်းလမ်းများ ရှိသည်။

နှစ်သစ်ကူးပွဲတော် ပြီးပြီးချင်း မကြာမီတွင် ဧကရာဇ်သည် အနည်းငယ်သောက်ပြီး အနီးနားရှိ ကိုယ်လုပ်တော် ကျန်း ၏ ယုံဖူ နန်းဆောင်တွင် အနားယူခဲ့သည်။ နောက်တစ်နေ့တွင် နန်းတော်ထဲတွင် အလှကလေး တစ်ဦး ထပ်တိုးလာပြီး  ထိုလူက ရင်သပ်ရှုမောဖွယ်ကောင်းလှသော ချူးကွေ့ရန် ဖြစ်သည်။  

ကွေ့ရန်က အမျိုးသားကိုယ်လုပ်တော်ကို ခေါ်သည့် အခေါ်ဝေါ်ဖြစ်သည်။
 
"ချူး...ချူးရန့်ယွီ... သူက တကယ်ကို ဧကရာဇ်မင်းကြီးရဲ့ အမျိုးသားကိုယ်လုပ်တော် ဖြစ်လာတာလား  ?" ဝမ့်ရှီးသည် ဤသတင်းကို တိတ်တဆိတ် သတင်းပို့သောအခါ လီယွီသည် အလွန်အံ့အားသင့်သွားခဲ့သည်။ ဒီ့ထက် ထူးထူးခြားခြား တစ်ခုခု ရှိသေးတာလား။ မူရင်းဝတ္ထုမှ ကုန်းနှင့် ရှို့ အဓိက စုံတွဲက လက်ထပ်ကာ   သား ငါးယောက်ဖွားမြင်ခဲ့သည်။
(ကုန်း -Gong – Top , ရှို့- Shou – bottom)
လက်ရှိရင် ဇာတ်လိုက် ရှို့က  ပြေးထွက်သွားပြီး ကုန်း၏အဖေနှင့် ပေါင်းဖက်ကာ အခု ကုန်း၏ ပထွေးဖြစ်လာခဲ့တာလား။ နေဦး....ချူးရန့်ယွီက ကိုယ်လုပ်တော်ဆိုတော့ ကျင်းဝမ်၏ ပထွေးလို့ ပြောလို့တော့ မရနိုင်ပေ။
 
အိုင်း.....
 လီယွီက သူ့ကို ဘယ်လိုပြန်ပြောရမှန်းတောင် မသိတော့ဘူး။

"သူက ကျင်းအိမ်တော်က ခြံထဲမှာ မနေခဲ့ဘူးလား? တော်ဝင်နန်းတော်ထဲကို ဘယ်လိုပြေးဝင်သွား နိုင်တာလဲ။"

အချိန်အတော်ကြာ အံ့အားသင့်သွားပြီးနောက် လီယွီသည် ဤအရာကို မေးရန် သတိရလာသည်။

လီယွီသည် ယခင်က ဤကိစ္စကို အမှန်တကယ် တွေးခဲ့ဖူးသည်။ သူတို့ပြန်လာပြီးနောက်၊ ချူးရန့်ယွီသည် ကျင်းအိမ်တော်တွင် တစ်နှစ်ပတ်လုံးနေခဲ့ရပေလိမ့်မည်။ ကျင်းဝမ် ၏ ဒေါသလည်း အချိန်တန်လျှင်  ပျောက်ကွယ်သွားပေလိမ့်မည်။ လီယွီသည် ချူရန်ယွီကို ထွက်ခွာခွင့်ပြုရန် ကျင်းဝမ်ကို တောင်းဆိုနိုင်သည်။ သို့သော် ချူးရန့်ယွီသည် နန်းတော်ထဲဝင်ကာ အမျိုးသားကိုယ်လုပ်တော် ဖြစ်လာနိုင်သည်ဟု သူ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။ ။ ဒါကို သူဘယ်လိုလုပ်တာလဲ။

ဝမ့်ရှီးသည် ကျင်းဝမ် ၏အမူအရာကိုကြည့်ကာ ရှင်းပြခဲ့သည်။

"အရှင်မင်းသား နဲ့ ဝမ်ဖေးက တော်ဝင်မြို့တော်က ထွက်လာတဲ့အချိန် အရှင်မင်းသားက  အနောက်ဆောင်က လူတွေတော်တော်များများကို ခြံဝင်းထဲကနေထွက်ခွင့်ပေးခဲ့တယ်"  

ဒါကြောင့် ဒီလိုဖြစ်ခဲ့တာကိုး... ကျင်းဝမ် က သူ့ကို လွှတ်ထားတာကြာလှပြီပဲ၊ ချူးရန့်ယွီသည် သူ့ဖာသာ အခြားကို ပြေးမသွားခဲ့ဘူးပဲ။

လီယွီနောက်ဆုံးတော့ သဘောပေါက်သွားတယ်။ ချူးရန့်ယွီသည် ကျင်းအိမ်တော်အတွင်း မည်သည့်အရာကိုမျှ အောင်မြင်အောင် မစွမ်းဆောင်နိုင်ခဲ့ပေ။ သူလွတ်မြောက်ပြီးနောက်တွင် သူသည် သူ၏အိပ်မက်ထဲက ချစ်သူ ဆဌမ မင်းသားထံသို့ သေချာပေါက် ပြန်လာခဲ့လေသည်။ ဒီလိုသာဆိုရင် နန်းတွင်းထဲ ဘယ်လိုရောက်သွားပြီး အမျိုးသားကိုယ်လုပ်တော်ဘဝနဲ့ ဘယ်လိုအဆုံးသတ်သွားတာလဲ။

ဝမ်ရှီက ထပ်ပြောခဲ့သည်။

 "ဧကရာဇ်က ပွဲတစ်ခုမှာ အရက်မူးသွားတယ်။ ဆဌမ မင်းသားနဲ့ သူ့ပါလာတဲ့ သက်တော်စောင့်က ကိုယ်လုပ်တော် ကျန်း ဆီကို အလည်လာရင်း ဖြစ်ပျက်ခဲ့တာပဲ... ဒီသက်တော်စောင့်က  ချူးရန့်ယွီဖြစ်ပြီး အခု သူက ချူးကွေ့ရန် ဆိုတဲ့ ဘွဲ့ကို ရသွားတယ်လို့   ကြားတယ်။"

ဝမ့်ရှီးသည် ဝိုးတဝါးပြောသော်လည်း လီယွီက ဒါကို သူ့ဘာသာသူ အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။ ဆိုလိုတာက ဆဌမမင်းသားက  ချူရန်ယွီကို ဧကရာဇ်မင်းထဲ သူကိုယ်တိုင် ပေးအပ်ခဲ့တာလား။

တစ်နှစ်ကျော်ကြာပြီးနောက်၊ မုထျန်းရှောင် သည် ယခင်လို ညစ်ညမ်းစုတ်ပဲ့သောလူဖြစ်ဆဲဖြစ်သည်။ ချူးရန့်ယွီက ဒါကို ဘယ်လိုပျော်ရွှင်နိုင်တာလဲ။  

......အိုး။ သူပျော်နေနိုင်ပါ့မလား။ ချူးရန့်ယွီ၏ တွေးခေါ်မှုဖြစ်စဉ်သည် သာမန်လူများနှင့် မတူပါ။ ကောင်လေးက ဆဌမမင်းသား ရဲ့အကျိုးအတွက် ကျင်းအိမ်တော်ကိုဝင်သလို အခုလည်း အနောက်နန်းဆောင်ထဲကို ဝင်သွားတာ ဖြစ်နိုင်သည်။
 

ကျင်းဝမ် ဖြစ်ဖြစ်၊ ဧကရာဇ်ဖြစ်ဖြစ် ဘယ်သူက ချူးရန့်ယွီကို ပိုင်ပိုင် ကွာခြားချက် သိပ်မရှိဘူးဆိုတာ ဘယ်သူ သိမလဲ။

လီယွီသည် ကြုံရာကျပန်း ထိုအဖြစ်ကို စိတ်ကူးကြည့်ပြီးနောက် သူတို့ ပြောသမျှကို ပေါင်းအားလုံး နားထောင်နေသည်ကို သတိပြုမိလိုက်သည်။ အထူးသဖြင့် ပေါင်းဆုသည် တောက်ပြောင်သော မျက်လုံးတစ်စုံကို မှိတ်တုတ်မှိတ်တုတ် ပင် လုပ်နေသေးသည်။ လီယွီသည် သူတို့ နားလည်နိုင်သည်ကို သိပြီး နားရွက်တွေကို အလျင်အမြန် ဖုံးထားလိုက်သည်။

မူးပြီး မင်းကြီးနှင့် ညက အတူအိပ်မိကာ ကိုယ်လုပ်တော် ဘွဲ့တွေပေးတာပါနေလို့ ....ဘာပဲဖြစ်ဖြစ် မင်းကြီးက သူတို့ အဖိုးပဲလေ။ ကလေးတွေ လမ်းလွဲကုန်လိမ့်မယ်လို့ကို သူစိုးရိမ်နေမိသည်။
 

လီယွီသည် ကျင်းဝမ်ကို တစ်ချိန်တည်းမှာပင် စိုးရိမ်နေခဲ့သည်။

ကျင်းဝမ် က ချူးရန့်ယွီအပေါ် ခံစားချက်တွေ ရှိမှာကို ကြောက်လို့ မဟုတ်ဘူး၊ ဒါက မဖြစ်နိုင်တာ သေချာပါတယ်-   ဧကရာဇ်ရဲ့ ကျင်းဝမ် အပေါ် ထားတဲ့ အတွေးအမြင်တွေက ချူးရန့်ယွီကြောင့် ပြောင်းလဲကုန်မည်ကို သူ ကြောက်နေခဲ့သည်။

ကျင်းဝမ် နှင့် လူအများ၏ စိတ်နှလုံးထဲတွင် ဧကရာဇ်မင်းသည် ဧကရီ ရှောင်ဟွေ့အပေါ် အလွန်လေးနက်သော ခံစားချက်ရှိခဲ့သည်။ ကျင်းဝမ် ဧကရာဇ်သည် ယခင်ဧကရီကို စွန့်ပစ်လိုက်သလို ခံစားနေရမလား။

ဒါကို သူတွေးလိုက်တဲ့အခါ လီယွီက ကလေးနားရွက်ကို အုပ်ဖို့ စိတ်မပူတော့ဘဲ ကျင်းဝမ် ရဲ့လက်ကို လှမ်းကိုင်လိုက်ပြီး နှစ်သိမ့်လိုက်သည်။

"ထျန်းချီ  ၊ စိတ်မဆိုးပါနဲ့"  

ကျင်းဝမ် -  "......"

ဧကရာဇ်ထံတွင် နန်းတော် ပင်မ နန်းဆောင် သုံးဆောင် နှင့် ရင်ပြင် ခြောက်ခု ရှိ၍ ကျင်းဝမ်က ဒါတွေကို ဘာကြောင့်  ဂရုစိုက်ရမည်နည်း။ ဤနေရာတွင် ဧကရာဇ်မင်းမြတ်၏ ဆုံးဖြတ်ချက်ကို မှတ်ချက်မပေးချင်ပေ။  လီယွီက သူ့ကို နှစ်သိမ့်ပေးချင်နေတာမြင်တော့ ကျင်းဝမ် က မျက်မှောင်ကြုတ်လိုက်သည် ။ ဒါပေမယ့် သူ့မျက်လုံးတွေက နက်နဲတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နေတယ်။

လီယွီသည် ကျင်းဝမ် ၏တံတောင်ဆစ်ကို လက်မောင်းနှင့်ပတ်ကာ သိုင်းဖက်ထားပြီး ပြောလိုက်သည်။

 "ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့။ ဒီည ရေသူမကို ငါတို့ ဘယ်လို ကယ်ထုတ်ကြမလဲ"

လီယွီသည် ကျင်းဝမ်ကို အာရုံပြောင်းပေးလိုက်သဖြင့် ကျင်းဝမ် ၏ စိတ်အခြေအနေ ပိုကောင်းလာခဲ့သည်။  

ကျင်းဝမ် က ပြုံးပြုံးရွှင်ရွှင်ဖြင့် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

လမုန့်စားပွဲတော်အပြီးတွင် အနောက်တောင်တန်းဒေသတွင် ရာသီဥတု အနည်းငယ်အေးလာသည်။ အခန်းကို အနည်းငယ် အပူပေးပြီး ရေကန်ကြီးကို ပြင်ဆင်နိုင်သည်...။

သူထင်တာမမှားဘူးဆိုရင် သူတို့မိသားစုတစ်ခုလုံး မကြာခင် ခရီးတစ်ခုထွက်တော့မှာ ဖြစ်ကောင်းဖြစ်နိုင်တယ်။

******-******

ဧကရာဇ်တည်ရှိရာ ကန်ချင်း နန်းတော်....  

ဧကရာဇ်၏အမြင်တွင်၊ သူ့အသက်အရွယ်တွင် မူးရစ်ပြီးနောက် အခြားသော တော်ဝင်ကိုယ်လုပ်တော် တစ်ဦး၏နန်းတော်၌လည်း ညတစ်ညကို တစ်စုံတစ်ဦးနှင့် ကုန်ဆုံးကာ ကိုယ်လုပ်တော်  ဘွဲ့ပေးအပ်လိုက်ရသည့်အဖြစ်က အလွန်အရှက်ရစေသည့်အရာဖြစ်သည်။ တဖက်လူကလည်း သူ့သား၏ ကိုယ်ရံတော်ဖြစ်နေသေးသည်။ ဧကရာဇ်သည် သူ့အမှားအတွက် တာဝန်ယူရမည်ဖြစ်ပြီး ထိုလူကို သူ့ အနောက်ဆောင်ထဲသို့ လက်ခံရန်မှတပါး ရွေးချယ်စရာမရှိပေ။

ဧကရာဇ်သည် အလွန်ရှက်ရွံ့သွားခဲ့သည်။ ထိုအချိန်က ဧကရီ စံမြန်းသည့် ချန်ချွမ်း နန်းတော်၏ နန်းတွင်းအစေခံအဖြစ်ရှိနေဆဲဖြစ်သော ကိုယ်လုပ်တော် ကျန်း ကို မူးမူးနှင့် မှားယွင်းမိသွားပြီး ကိုယ်လုပ်တော် ရာထူးပေးခဲ့ရသည့် အချိန်ကဲ့သို့ပင် ယခုလည်း  စိတ်အနှောင့်အယှက်ဖြစ်မိသည်။ အခုလည်း သူ ဒီလိုအဖြစ်ကို ထပ် ကြုံရပြန်ပြီ။

သူ့ကိုယ်သူ စိတ်မဆိုးစေရန်အတွက် ဧကရာဇ်သည် ကျင်းဝမ် အကြောင်း စတင်တွေးတောခဲ့သည်။

ကျင်းဝမ်အား တော်ဝင်မြို့တော်သို့ လာရောက်စေဖို့ အမိန့်ပေးရာတွင် ဧကရာဇ်သည် နာရီပေါင်းများစွာ အပြန်ပြန်အလှန်လှန် စဉ်းစားနေခဲ့ရသည်။ သို့သော်၊ သူဆုံးဖြတ်လိုက်သည့်  အခါ အလွန်လျင်မြန်သည်၊ အကြောင်းမှာ၊ ဤဆုံးဖြတ်ချက်သည် လွန်ခဲ့သောရက်အနည်းငယ်က သူ့စိတ်ထဲတွင် တချိန်လုံးရှိနေသောကြောင့်ဖြစ်သည်။  

"လော့လွေ့စိန်း.... ငါ့အတွက်တော်ဝင်အမိန့်တော်ကို ထုတ်ပြန်စမ်း... ကျင်းဝမ် ကို တော်ဝင်မြို့တော်ဆီ  ပြန်ခေါ်လိုက်...."

********-******

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now