Chapter (103-1) - အကိုကြီးပျော်အောင် အနမ်းပေးမယ်

4.4K 848 3
                                    

Chapter (103-1) - အကိုကြီးပျော်အောင် အနမ်းပေးမယ်



ပေါင်းရိသည် "ကြီး "ဆိုသည့် စကားလုံးတစ်လုံးကို သေသေချာချာ 'ရေး' ခဲ့သော်လည်း အဆုံးတွင် သူ စာလုံးပေါင်း မှားသွားခဲ့သည်။ ပေါင်းရိက စိတ်တိုပြီး မပျော်တော့ဘူး။ နွားနို့သောက်ရင်း ငါးဖေဖေက ဘေးမှာ ထားထားတဲ့ မက်မွန်ပွင့်ကွတ်ကီးတွေတောင် အနံ့က မမွှေးတော့ဘူးလို့ ထင်လာသည်။

လီယွီသည် ဤကလေးများအတွက် အလွန်စိုးရိမ်နေခဲ့သည်။ ပေါင်းရိ၏ ပုံမမှန်မှုကို သူ သတိထားမိဖို့  အချိန်အတော်ကြာခဲ့သည်။ လီယွီသည် ပေါင်းရိ ဘာကြောင့် မပျော်ရသလဲ ဆိုသည့် အကြောင်းရင်းကို မသိပေ။ ဒါပေမယ့် ပုံမှန်အားဖြင့် ကလေးတွေ စိတ်ဓာတ်ကျတဲ့အခါ တခြားကလေးတွေနဲ့ အတူတူကစားရင် ပိုကောင်းလာလိမ့်မယ်။ ထို့ကြောင့် လီယွီသည် ပေါင်းအာ့၊ ပေါင်းစန်းနှင့် ပေါင်းဆုတို့က စိတ်ဓာတ်ကျနေသော ပေါင်းရိကို အနည်းငယ်ပြန်လည်ကောင်းမွန်လာစေရန် မျှော်လင့်လျက် လီယွီက ကလေးတွေအား စုစည်းကာ အတူထားလိုက်လေသည်။

ပေါင်းအာ့၊ ပေါင်းစန်းနှင့် ပေါင်းဆုတို့သည် ပေါင်းရိကိုဝိုင်းရံထားသည်။ သူ့မျက်လုံးထဲတွင် မျက်ရည်များဝဲနေသည့်  ပေါင်းရိသည် သူ၏ ထွားကျိုင်းသော မျက်နှာလေးကို လှည့်ကာ ညီငယ်လေးတွေကို ကြည့်လိုက်သည်။

ပေါင်းအာ့၊ ပေါင်းစန်းနဲ့ ပေါင်းဆုတို့က  အကိုကြီး ဘာလို့ စိတ်မချမ်းသာရတာလဲ ဆိုတာ တပြိုင်တည်း တွေးနေသည်။

  ရင်သွေးငယ်များ၏ အသွင်အပြင်ဖြင့် သူတို့ကို ဆုံးဖြတ်လို့ မရနိုင်ပေ။ ကလေးတွေရဲ့ စိတ်ထဲမှာ   တစ်ဦးနှင့်တစ်ဦး အလွန်ရင်းနှီးသော ဆက်ဆံရေးဖြင့် ကာလကြာရှည်စွာ နေထိုင်ခဲ့ကြသော ငါးညီအစ်ကိုများ ဖြစ်သည်။

သူ  ဘာလို့ မပျော်တာလဲဆိုတာ ညီငယ်လေးတွေကို ပေါင်းရိက မပြောချင်ဘူး။

သို့သော်လည်း ပေါင်းဆုက သူ့စိတ်ဓါတ်တွေ ကျလာတဲ့အခါ ငါးဖေဖေက သူ့ပါးစပ်နဲ့ နမ်းလေ့ ရှိတာကို သတိရလိုက်တယ်။ အဲ့လိုလုပ်လိုက်ရင် ပေါင်းဆုက အရမ်းပျော်လာလိမ့်မယ်။ ငါးဖေဖေက  အဲ့လိုလုပ်တာကို နမ်းတာလို့ခေါ်ပြီး သူကြိုက်တဲ့လူတွေကို နမ်းနိုင်တယ်လို့ ပြောဖူးတယ်။ ပေါင်းဆုက အဖေနှစ်ယောက်ကို သဘောကျပြီး အကိုကြီးကိုလည်း သဘောကျတယ်။ အစ်ကိုကြီး ပျော်ရွှင်အောင် နမ်းရှုံ့တာကို သူ သုံးလို့ရတယ်လေ။

ဘာလုပ်ရမယ်ဆိုတာ သူ နားလည်ပြီ!

ပေါင်းဆု က "အာ...အာ" လို့ နှစ်ခါအော်ပြီး ပေါင်းအာ့နဲ့ ပေါင်းစန်းကို သူ့ကိုကြည့်ဖို့ အချက်ပြ လိုက်သည်။ သူ့ကိုယ်သူ သရုပ်ပြရင်း ပေါင်းဆုက သူ့ပါးစပ်လေးကို စူကာ အစ်ကိုကြီးရဲ့ ပါးပြင်ပေါ်ကို နမ်းလိုက်တယ်။


ပေါင်းရိ"......"

ပေါင်းအာ့နှင့် ပေါင်းစန်းတို့သည် နားလည်သဘောပေါက်ကြပြီး နှစ်ယောက်လုံး ပါးစပ်ကို စူလျက် အကိုကြီးကို အလုအယက်နမ်းဖို့  တစ်ယောက်ကို တစ်ယောက် ကျော်တက်ရန် စီစဉ်နေကြသည်။

ပေါင်းရိက   မှန်တောင် ကွဲနိုင်လောက်အောင် အော်ပစ်လိုက်သည်။
  "အာ......!" မင်းတို့ ဘာတွေလုပ်နေတာလဲ!

ပေါင်းအာ၊ ပေါင်းစန်း- မွ...မွ...
 

ပေါင်းရိ: "အာ.......!" ကူညီကြပါဦး!

ပေါင်းရိသည် သူ့ညီငယ်များ၏ ချစ်ခြင်းမေတ္တာကို ခံယူနေရလို့  သည်းမခံနိုင်တော့ပေ။

ပေါင်းအာ့နဲ့ ပေါင်းစန်းက တကယ်ကို အဆင်ပြေနေပြီး မျက်စိစုံမှိတ်နမ်းလိုက်ရုံပါပဲ။ ပေါင်းဆုက ထူးထူးခြားခြားပဲ။ အစ်ကိုကြီးကို နမ်းရုံတင်မကဘဲ အကိုကြီးကို သူ့ကို ပြန်နမ်းစေချင်တယ်။ မဟုတ်ရင် သူ ဆက်နမ်းနေလိမ့်မယ်။

ပေါင်းဆု၏အနမ်းများကြောင့် သူ့မျက်နှာတစ်ပြင်လုံး တံတွေးများဖုံးလွှမ်းသွားသော ပေါင်းရိသည်   သေလုမျောပါး ဖြစ်နေခဲ့သည်။ နောက်ဆုံးတွင်၊ သူသည် မျှော်လင့်ချက်အားလုံးကို စွန့်လွှတ်ခဲ့ရတော့သည်- နမ်းရုံပဲမဟုတ်လား? ငါ... ငါလည်း လုပ်နိုင်တယ်!

ပေါင်းရိက သူ့လက်တုတ်တုတ်လေး နှစ်ဖက်နဲ့ ခြေထောက်လေးတွေနဲ့ ပေါင်းဆုကို ပွေ့ဖက်ပြီး သေးငယ်တဲ့ အနမ်းလေးပေးလိုက်တယ်။

ကလေးတွေကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့တဲ့ လီယွီက ဒါကို မြင်တော့ အော်ရယ်လိုက်မိတော့သည်။

 "ဟား...ဟား..ဟား..ဟား။ ပေါင်းဆုက သူ မျှော်လင့်ထားတဲ့ အတိုင်း လုပ်နိုင်ခဲ့တယ်!"

ယဲ့ချင်းဟွမ်  ပင်မလုပ်နိုင်သောအရာကို ပေါင်းဆုက လုပ်နိုင်ခဲ့သည်။

ဤဖြစ်ရပ်ကြောင့် လီယုသည် ပေါင်းရိတစ်ယောက် ပိုမိုတက်ကြွ လာသည်ကို တွေ့ရှိခဲ့သည်။ အရင်က ပေါင်းရိဟာ သူ့ရဲ့ အထီးကျန်ဆန်မှုကြောင့် ငြိမ်သက်နေလေ့ရှိသည်။ သူက အခုမှ  နို့စို့ကလေးငယ် ဖြစ်သော်လည်း အမြဲတမ်း လေးနက်သောအမူအရာရှိပြီး အခြားလူတွေနဲ့ ရင်းနှီးသော ဆက်ဆံရေးမရှိသူ ဖြစ်နေသည်။ အခုတော့ တခြား ကလေးတွေကိုတွေ့တာနဲ့ လက်နှစ်ဖက်လုံးဖြင့် လှုပ်ယမ်းနေတော့သည်။
   
ပေါင်းအာ့၊ ပေါင်းစန် နှင့် ပျော်နေသော ပေါင်းဆု: အစ်ကိုကြီး၊ ငါတို့ နမ်းဖို့ လာနေပြီ။

ပေါင်းရိက ညီတွေကို အထင်အမြင်သေးကာ ပြောလိုက်သည်- "အာ....!" အဝေးကိုထွက်သွားစမ်း...!


သူ့သားလေးတွေ အားလုံး ဗရုတ်သုတ်ခဖြစ်နေတာကို ကြည့်ပြီး လီယွီက ကျင်းဝမ် ကို  ခံစားချက် အပြည့်ဖြင့် ပြောလိုက်သည်။  

"ထျန်းချီ  ၊ ကြည့်....ကြည့်။  ကလေးတွေက အတူတူရှိနေရင် ပိုပျော်တယ်ဆိုတာ သေချာတယ်။"

ကျင်းဝမ် ၏ ပါးစပ်ထောင့်က တွန့်သွားသည်။ သူလေ့လာတွေ့ရှိချက်အရ ပေါင်းရိက တကယ်ကို မပျော်ဘူး။  သို့သော် ကျင်းဝမ် သည် ဤအမှန်တရားကို ထုတ်ဖော်မည် မဟုတ်ပေ။ ရှောင်ယွီကို ပျော်ရွှင်အောင်လုပ်ဖို့က သူ့အတွက် အရေးကြီးဆုံးပါပဲ။

ဆဌမမင်းသား မုထျန်းရှောင် ၏ဘက်တွင်......

မုထျန်းရှောင်က အခု လာဘ်စားသည်ဟု စွပ်စွဲခံနေရသည်။ သူက လူရှေ့သူရှေ့ ဘယ်တုန်းကမှ ထွက်လာလေ့မရှိပေ။ အခုလည်း တံစိုးလက်ဆောင်ယူက သစ်သားတွေကို လဲထားခြင်းကို သူ့လက်အောက်ငယ်သားထံသို့သာ လွဲချထားသည်။ မင်းကြီးက သူ့ကို တိုက်ရိုက်အပြစ် မပေးသော်လည်း သူ့ဘေးနားက လူအားလုံးကို လဲပစ်လိုက်တာက သူ့အတွက် သိပ်တော့ မကောင်းလှပေ။

မုထျန်းရှောင် သည် လက်ရှိရာထူးကိုရရှိရန်အတွက် တတိယမင်းသားကိုသစ္စာဖောက်ခဲ့ရသည်။ ထို့ကြောင့် သူသည် တတိယမင်းသား၏ လက်အောက်ငယ်သားများကို အပြည့်အဝ မယုံကြည်နိုင်တော့ပေ။ ယုံကြည်ထိုက်သူဟု ယူဆရသူ အရေအတွက်မှာ အနည်းငယ်မျှသာ ရှိသည်။ ဒီအတွက် အားသာချက်မှာ လျှို့ဝှက်ချက်များကို လွယ်လွယ်ကူကူ ပေါက်ကြားနိုင်ခြင်း မရှိသော်လည်း အားနည်းချက်မှာ  ဧကရာဇ် အမိန့်ပေးရုံမျှဖြင့် သူ့ဘေးတွင်  မည်သူမှ မကျန်ရစ်တော့ပေ။

ဒါတွေအားလုံးက သူ့ရဲ့မင်္ဂလာပွဲကြီးကြောင့်ဖြစ်သည်။ သူက တင်းပေ့အမတ်မင်း၏ ယွဲ့မိသားစုကို သိမ်းသွင်းနိုင်စေဖို့ လုပ်ရာမှ အခုလိုဖြစ်လာခဲ့သည်။

သူ မုထျန်းရှောင်ကို အနိုင်ရရန် စိတ်အားထက်သန်နေပြီး တင်းေပေ့အမတ်မင်းသည် ချန်အန်းမြို့စား နှင့် အဆင့်တူသည်။ သူတို့နှစ်ဦးစလုံးသည် မျိုးဆက်ပေါင်းများစွာ ရှင်သန်ကျန်ရစ်ခဲ့သော လူဟောင်းတွေဖြစ်ကာ မင်းကြီးရဲ့ ဆွေတော်မျိုးတော်ဟောင်းများ ဖြစ်သည်။ တင်းပေ့အမတ်မင်းကို မင်းကြီးက မျက်နှာသာမပေး ရန် အလွန်ခဲယဉ်းသည်။ တင်းပေ့အမတ်မင်းသည် ဆွေမျိုးများကိုပင် နူးညံခြင်း မရှိပဲ သူ့သမီးလေးကိုသာ ချစ်ခင်မြတ်နိုးသည်။ ထို့ကြောင့် မုထျန်းရှောင် သည် ဤအိမ်ထောင်ရေးကို လုံခြုံစိတ်ချစေရန် လိုလားခဲ့သည်။ တင်းပေ့အမတ်မင်းနဲ့ သူ့သမီး နှစ်ယောက်စလုံးဟာ အဆင့်တန်းမြင့်သူတွေဖြစ်သည့်အပြင် အထက်တန်းလွှာလောကတွင်    အတွေ့အကြုံများစွာရှိသည်။ ဆဌမမင်းသား သည် တင်းပေ့အမတ်မင်းကို သူ ထီးနန်းရေစေဖို့ ကူညီပေးရန် ဆွဲဆောင်ရန် သေးငယ်သောလှည့်ကွက်အချို့ကို အားမကိုးနိုင်ဘဲ   စွန့်စားကာ လုပ်လိုက်ခြင်းဖြစ်သည်။

မူလက နန်းတော်ကို ပြန်လည်မွမ်းမံရန် တာဝန်ကို အလွဲသုံးစားလုပ်ခြင်းက အလွယ်တကူ ပေါ်လွင်ထင်ရှားသော အရာမဟုတ်ပေ။ နန်းတော်ကို ဆောက်လုပ်ပြီး ပြန်လည်ဆေးခြယ်သရွေ့ သစ်သားကို ကြည့်ရှုကာ တကယ် စစ်မှန်သည့် သက်တမ်းရင့်သစ်သားဟုတ်မဟုတ်ဆိုတာ  မည်သူက သီးခြားနိုင်မည် မဟုတ်ပေ။  ထို့ကြောင့် သစ်သားကုန်သည်က သူနှင့် စီးပွားလုပ်လိုသော အခါ သူဌေးဖြစ်ရန် အခွင့်အလမ်း ရောက်လာသည်ကို မုထျန်းရှောင် သိလိုက်သည်။

ထို့အပြင် သူ့လက်အောက်ငယ်သားများထံမှ လာဘယ်ငွေအချို့လည်း ရရှိခဲ့သည်။ ဒီလို အဆင့်တန်းမြင့်မားသည့် အိမ်တော်က မိန်းကလေးနှင့် လက်ထပ်ခွင့်ဆိုတာ လွယ်လွယ်နဲ့ ရရှိဖို့ မလွယ်ပါဘူး။ ထိုကဲ့သို့ မထင်ရှားသော အရာတစ်ခုကို ကျန့်ကျင့်က ဆက်လက်ရှာဖွေတွေ့ရှိလိမ့်မည်ဟု မည်သူက မျှော်လင့်မိမှာလဲ။  ကျန့်ကျင့်သည် ဧကရာဇ်မင်းအား တိုင်တန်းပြီး အကျင့်ပျက်ခြစားသည်ဟု သူ့ကို စွပ်စွဲခဲ့သည်။ ထိုလက်ထောက် အမတ်က သူ့ကို စော်ကားမိမည်ကို လုံးဝ စိတ်မပူပေ။  

မုထျန်းရှောင် သည် ဧကရာဇ်အမိန့်အရ ကျုံးကွေ့ နန်းတော်ကို ပြန်လည်မွမ်းမံသောအခါတွင် ကျန့်ကျင့်သည် ကျင်းဝမ် ကို လမ်းညွှန်ခဲ့သလို သူ့ကိုလည်း ဖော်ရွေစွာ ဂရုတစိုက်ဆက်ဆံကာ လမ်းညွှန်ပေးခဲ့သည်။ ဤလူသည် ကောင်းမွန်သော ဆင်ခြင်တုံတရားရှိသူကဲ့သို့ ခံစားရစေသည်။ ဒီလူက နောက်ကျောကို ဓားနဲ့ထိုးလောက်အောင် ရက်စက်တယ်လို့ ဘယ်သူက စိတ်ကူးမိမှာလဲ။ မုထျန်းရှောင် သည် တန်ပြန်တိုက်ခိုက်ပြီး ကျန့်ကျင့်၏အားနည်းချက်ကို ရယူလိုခဲ့သည်။ သို့သော် ပထမအချက် ဤတာဝန်ကို သူ တကယ်လုပ်ရန် အခွင့်ရေးမရှိသလို သူ့ကိုယ်စားလုပ်ပေးမည့်သူလည်း မရှိပေ။ ဒုတိယအချက်  ကျန့်ကျင့်သည် အမှန်တကယ် ဖြောင့်မတ်ပြီး အကျင့်စာရိတ္တကောင်းမွန်သူဖြစ်သည်။ ဆဌမ မင်းသားသည် ဤသံတုံးလိုလူကို တစ်စစီဖြစ်အောင် ကိုက်နိုင်မည့် နည်းလမ်းမရှိပေ။

သို့သော်လည်း ကျန့်ကျင့်သည် ဘယ်လောက်ပင် ရက်စက်သည်ဖြစ်စေ သူသည် ဧကရာဇ်မင်းနှင့် မနှိုင်းယှဉ်နိုင်ပေ။ ဧကရာဇ်၏ တော်ဝင် အမိန့်ပြန်တမ်းထဲတွင် ဆဌမ မင်းသားကို သက်ညှာမှု ပေးခံနေပုံရပြီး၊ ဆဌမ မင်းသားသည် ဤနေရာတွင် အမှန်တကယ် ပတ်သက်မှု မရှိသည့်အပြင် မည်သည့်ပြစ်ဒဏ်မှလည်း မခံရပေ။ ခက်ခက်ခဲခဲ စုဆောင်းခဲ့သော လက်အောက်ငယ်သားများ အားလုံး သာ မျက်စိတမှတ်အတွင်း ပျောက်ကွယ်သွားကြသည်။

မုထျန်းရှောင်က ဧကရာဇ်မင်းကို မုန်းတီးပြီး ကျန့်ကျင့်ကို ပို၍ပင်မုန်းတီးခဲ့သည်။ သို့သော် ဤအမုန်းတရားသည် သူ၏မွေးရာပါအခြေအနေများကဲ့သို့ပင်၊ ပျော့ညံ့ပြီး စွမ်းအားမရှိပေ။

ဧကရာဇ်က သူ့ကို အပြစ်ပေးမည့်အစား ခုလို ငယ်သားမဲ့သည့်အဖြစ်ကို  ပိုကြိုက်ပုံရသည်။

" ထျန်းရှောင်က ကျွန်နည်းနည်းပဲ ရှိတော့ပေမယ့် ဒီအတွက်  စိတ်ဆင်းရဲစရာ မလိုပါဘူး။ အမေက မင်းကို နောက်ထပ် အိမ်ဖော်နည်းနည်း ပေးနိုင်လောက်မယ်ထင်တယ်။ ဘယ်လိုလဲ။"
 မုထျန်းရှောင် ၏ မွေးမိခင်- ကိုယ်လုပ်တော်ကျန်း က ညင်သာစွာ နှစ်သိမ့်ခဲ့သည်။  

မုထျန်းရှောင်၏ လက်ရှိအခြေအနေသည် ယခင်နှင့် မတူတော့သဖြင့်  ကိုယ်လုပ်တော် ကျန်းကို မျက်နှာလုပ်နေသူများစွာရှိလာသဖြင့်    သူမက သူ့သားနှင့်စကားပြောသောအခါ ပို၍ ယုံကြည်မှုရလာသည်။

သို့သော် သူမ၏စကားများကိုကြားပြီး မုထျန်းရှောင်ရယ်မောလုနီးပါးဖြစ်ခဲ့သည်။

မုထျန်းရှောင် သည် အထိန်းအကွပ်မဲ့ တုန်လှုပ်သွားသည်။ ဘယ်လောက်တောင် ရယ်စရာကောင်းလဲ။ သူ့အမေက သူ့ကြောင့် ရွှေငွေကိုသာ ဝတ်ဆင်နိုင်ခဲ့သော်လည်း သူ ဘာအလိုအပ်ဆုံးလဲဆိုတာတောင် သူမ မသိခဲ့ပေ။ ထိုအချိန်တွင် ဧကရီ ရှောင်ဟွေ့သည် လွန်ခဲ့သော အနှစ် (၂၀) ကျော်က ကွယ်လွန်သွား ခဲ့ပြီးဖြစ်သော်လည်း၊ သူမသည် ကျင်းဝမ် ကို ကာကွယ်နိုင်ဆဲဖြစ်သည်။ ဧကရီ ရှောင်ဟွေ့၏ ဖခင်ဘက်မှ မိသားစု၊ ချန်အန်းအိမ်တော်သည် ကျင်းဝမ် ကို အလွန်ထောက်ခံပေးနေဆဲဖြစ်သည်။ ဒါက ဧကရီနဲ့ နန်းတော်အစေခံတို့ရဲ့ ကွာခြားချက်ပါပဲ။

အဆုံးမှာတော့ မုထျန်းရှောင်က သူ့ဝေဖန်စကားတွေကို ကျယ်ကျယ်လောင်လောင် မပြောခဲ့တော့ဘူး။ မဝေးတော့သောအနာဂတ်တွင် သူသည် ကိုယ်လုပ်တော်ကျန်း ကို ထိန်းထိန်းသိမ်းသိမ်း လုပ်ခိုင်းရတော့မည်။  ဒါဆိုရင် ဧကရာဇ်မင်းသည် သူ၏ အားနည်းချက်ကို နောက်ထပ် မနင်းနိုင်လောက်တော့ပေ။  

ကိုယ်လုပ်တော်ကျန်းက နောက်ဆုံးတွင် သဘောတူလိုက်သည်။ တတိယမင်းသားနှင့် ဒုတိယမင်းသားတို့သည် အကျင့်ပျက်အပြုမူအတွက်  တံခါးပိတ်ကာ အပြစ်ခံယူ ဟန်ဆောင်ခဲ့သည်။ ဧကရာဇ်မင်းရှေ့တွင် သူမသည် ရိုးသားသော ငုံးတစ်ကောင်ဖြစ်နေဆဲပင်။ သို့သော် မုထျန်းရှောင်၏ စကားကိုကြားပြီးနောက် သဘောတူရုံမှလွဲ၍ ကိုယ်လုပ်တော်ကျန်းဘာမှ မလုပ်နိုင်ပေ။သူမ အနည်းငယ် အံ့သြသွားခဲ့သည်။ လက်ရှိအခြေအနေအရ သားဖြစ်သူကို အမွေဆက်ခံသူအဖြစ် ရွေးချယ်ခြင်းမှလွဲ၍ ဧကရာဇ်မင်းသည် မည်သူကို ရွေးချယ်နိုင်မည်နည်း။

မည်သည့်အကူအညီမျှ မပါဘဲ မုထျန်းရှောင်သည် တွေးတောမနေဘဲ မျက်စိမှိတ်မလုပ်ဆောင်နိုင်ပေ။ ထို့အပြင်၊ ကျင်းဝမ် ၏သားစဉ်မြေးဆက်တွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သံသယရှိနေဆဲပင်။ ကျင်းဝမ်ဖေး သည်လည်း မေးခွန်းထုတ်စရာ နယ်ပယ်များစွာရှိခဲ့သည်။ မုထျန်းရှောင် သည် အနောက်တောင်တန်းဒေသတွင် စုံစမ်းစစ်ဆေးရန် ၎င်း၏သစ္စာအရှိဆုံး လက်အောက်ငယ်သားကို စေလွှတ်ခဲ့သည်။ ကျင်းဝမ်ဖေး ကိုဖမ်းဖို့ အစီအစဉ်တစ်ခု ချမှတ်နိုင်ခဲ့တယ်လို့ ဒီလူက ပြောခဲ့ပေမယ့်  နောက်ပိုင်းတွင် အဆိုပါလူသည် အဆက်အသွယ်ပြတ်သွားခဲ့သည်။

*******-****

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now