Chapter (97-2) - ' ဓားပြတွေကို သုတ်သင်ဖို့ အချိန်တန်ပြီ'

4.2K 896 10
                                    

Chapter (97-2) - '  ဓားပြတွေကို သုတ်သင်ဖို့ အချိန်တန်ပြီ'


လီယွီသည် ကုန်းမြေနှင့်ရေကြားတွင် ပျော်ရွှင်စွာ ခုန်ပေါက်ကာ သွားလာနေသည်။ သူ့လှုပ်ရှားမှုတွေက ကြီးမားလွန်းသဖြင့် ကျင်းဝမ် အိပ်ယာမှ လန့်နိုးလာသည်။

လီယွီ သည် ကျင်းဝမ် ၏ ယပ်တောင်ကဲ့သို့ ထူထဲသော မျက်တောင်မွှေးများ အနည်းငယ် တုန်တုန်ယင်ယင် ဖြစ်နေသည်ကို မြင်လိုက်ရပြီး သူနိုးလာတော့မည်ကို သိလိုက်သည်။ သူသည် ရေထဲသို့ အလျင်အမြန်ခုန်ဆင်းကာ ငါးအမြီးကို ဝှက်ထားလိုက်သည်။

သူ့မျက်လုံးများကိုဖွင့်ကြည့်လိုက်တော့ ကျင်းဝမ် သည် ခန္ဓာကိုယ်အပေါ်ပိုင်းလူသားဖြစ်ပြီး လက်ရှိတွင် သူ့ရင်ဘတ်ပေါ်တွင် ခြုံထားသည့် စောင်ခြုံထားသည့် လီယွီ ကိုတွေ့လိုက်ရသည်။

ရှောင်ယွီလား? ကျင်းဝမ် က ပြုံးပြီး လီယွီ ၏ ခေါင်းထိပ်ကို ထိလိုက်သည်။

လီယွီသည် နောက်တောက်တောက် အပြုံးဖြင့် ကျင်းဝမ်ကို ခေါင်းညိတ် ပြလိုက်သည်။ ထိုအခါ ကျင်းဝမ် သည် လီယွီ၏ နောက်ကွယ်တွင် ငွေရောင်အမြီးတစ်ခု ထွက်ပေါ်လာပြီး ရေမျက်နှာပြင်မှ တဖြည်းဖြည်း တက်လာသည်ကို တွေ့လိုက်ရသည်။

ကျင်းဝမ်: "......"

ဤအမြီးသည် မည်သူ့အမြီးဖြစ်သည်ကို သိလိုက်ရသဖြင့် ကျင်းဝမ် အံ့အားသင့်သွားသလို ခံစားလိုက်ရသည်။

ရှောင်ယွီ သည် ယခင်က ငါးဆူးတောင်များ ရှိခဲ့သော်လည်း သူ၏ အောက်ပိုင်းသည် လူသားဖြစ်သည်။ ကဲ... ပြောင်းသွားပြန်ဖြစ်ပြီလား?

သူ့မျက်စိရှေ့မှာတော့ လူငယ်သည် ခါတိုင်းလို မျက်နှာမျိုးဖြင့် ပြေပြစ်ပြီး ချောမောလှပသော်လည်း သူ့အောက်ပိုင်းကိုယ်ခန္ဓာမှာ ပြိုးပြိုးပြက်ပြက်နှင့် ကြီးကျယ်ခမ်းနားကာ ရင်သပ်ရှုမောဖွယ် လှပလွန်းသော ငါးအမြီးဖြစ်သည်။

ကျင်းဝမ် ဟာ သူ့တစ်သက်မှာ ဒီလိုမြင်ကွင်းမျိုး တစ်ခါမှ မမြင်ဖူးပေ။ အလွန်ဆန်းကြယ်သော်လည်း လှပလွန်းလှသည်။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now