Chapter (68): ပျော်ရွှင်မှုတွေ ဝမ်းနည်းမှုတွေကို အတူတူ မျှဝေပါ

6.7K 1.1K 10
                                    

Chapter (68): ပျော်ရွှင်မှုတွေ ဝမ်းနည်းမှုတွေကို အတူတူ မျှဝေပါ



ကျင်းဝမ်က ငါးကလေး ဘာလုပ်ချင်တယ်ဆိုတာ တကယ်မသိတော့ဘူး။ ဒါကြောင့် သူက ပြုံးပြီး လက်ကိုဆန့်ကာ လီယွီ၏ ဆံပင်ကို ပွတ်သပ်လိုက်သည်။

လီယွီ: ? ? ?

ဒါက ငါး ပွတ်တာနဲ့ အတူတူပဲလို့ ဆိုလိုတာလား။ ကိစ္စမရှိပါဘူး၊

လီယွီ က ကျင်းဝမ်ရဲ့ လက်ကို ဖမ်းဆွဲပြီး ထိုင်ခိုင်းလိုက်သည်။ ကျင်းဝမ် က အနည်းငယ် စိတ်လှုပ်ရှားသွားကာ ငါးရဲ့ စကားကို နားထောင်ပြိး ကုတင်ဘေးတွင် ထိုင်လိုက်သည်။

ကျင်းဝမ် ကောင်းကောင်းမထိုင်ရသေးခင် လီယွီက လိုက်ကာကို ဆွဲချလိုက်သည်။ သူတို့ ထိုင်နေသည့် ခုတင်တစ်ဝိုက် လိုက်ကာက ကာဆီးလိုက်သဖြင့် ထွန်းထားသည့် ဆီမီးတိုင်ရဲ့အလင်းရောင်က မှိန်ဖျော့သွားခဲ့သည်။ လိုက်ကာပေါ် လှပစွာ တန်ဆာဆင်ခြယ်သထားသည့် အဆင်တန်ဆာအရိပ်တွေက လီယွီဝတ်ထားသည့် ဆွတ်ဆွတ်ဖြူသည့် င်္အကျီပေါ်ကို ထင်ဟပ်စေပြီး လီယွီ၏မျက်ဝန်းများက ကြယ်လေးတွေလို တဖြတ်ဖြတ်လင်းလက်နေစေသည်။

ကျင်းဝမ်က အသက်ရှုရခက်လာသလိုပင် လီယွီအပေါ်ကို တပ်မက်သည့် သူ့ရဲ့ ဆန္ဒသည် မရပ်မနား တိုးလာသော်လည်း၊ လီယွီ ချမှတ်ထားသည့် စည်းကမ်း သုံးချက်ကို သတိရလိုက်ပြီး သူ့ ဆန္ဒကို တတ်နိုင်သမျှ တွန်းလှန်ပစ်ခဲ့ရသည်။

"အရှင်မင်းသား....ဘာလို့ ဒီလောက်ဝေးဝေး ထိုင်နေတာလဲ။ အနားကို တိုးလာပါ..."

လီယွီသည် သူ့ဘေးနားရှိ ကျောက်စိမ်းခေါင်းအုံးကို ပေါ့ပေါ့ပါးပါး ပုတ်ကာ ပြောလိုက်သည်။

ကျင်းဝမ်-"...."

ကျင်းဝမ် က သူ့ဘေးမှာရှိနေတာ ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာသိ သည်။ ဒါကြောင့် သူ့ဘေးကို နည်းနည်း ရွှေ့လိုက်တယ်။

လီယွီ က မင်းသားကို အကြိမ်ကြိမ် တိုက်တွန်းပြီး ပြောလိုက်သည်။

"ကျွန်တော်က ကြောက်စရာ သားရဲကြီး မဟုတ်ဘူး၊ အရှင်မင်းသားက ကျွန်တော့်ကို ကြောက်လို့လား။"

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now