Chapter (108-2) _ ကျင်းဝမ်၏ နို့ထိန်း

4.3K 925 12
                                    

Chapter (108-2) _ ကျင်းဝမ်၏ နို့ထိန်း


လီယွီသည် ယခင်က တွေးခဲ့ဖူးတာက တော်ဝင် နန်းတော်အတွင်းရှိ အခန်းများအားလုံးက အတူတူချည်းပဲဖြစ်သည်။ ခန်းဆောင်တွေ၏ အလှဆင်မှုများသည် ပြောင်းလဲနိုင်သော်လည်း မျက်နှာကျက်၊ ဘောင်များနှင့် ထိုအရာများသည် ပြောင်းလဲမည်မဟုတ်ပေ။ လီယွီသည် မှတ်ဉာဏ်ထဲတွင် သူတွေ့ခဲ့ဖူးသည့် အခန်းကိုရှာဖွေရန် ဤအရာများကို သုံးနိုင်မလားလို့ မူလက မျှော်လင့်ခဲ့မိသည်။ သို့သော် သူ လိုက်ရှာပေမယ့် ရှာမတွေ့ခဲ့ပေ။ လှည့်ပတ်ကြည့်ရင်း ဒါကို သူ သိလိုက်ရသည်။

လီယွီသည် သူလိုက်ကြည့်သော အခန်းများကို ရေတွက်ကာ တစ်ခုခုတော့ မမှန်ဟု ခံစားလိုက်ရသည်။

ပုံမှန်အားဖြင့် အခန်းစုစုပေါင်းအရေအတွက်သည် အတွဲလိုက်ဖြစ်ပြီး အခန်းများပါရှိမည်ဖြစ်သည်။ ကျင်းအိမ်တော်မှာလည်း ဒီလိုပဲ။ ဧကရီ ရှောင်ဝေ့၏နန်းတော်သည်လည်း အလားတူပုံစံအတိုင်း ဖြစ်သင့်သည်။ သို့သော် ထူးဆန်းသောအချက်က အခန်းများထဲသို့ ဝင်သွားသည်နှင့် ထူးခြားချက်ကို သူ ရှင်းရှင်းလင်းလင်း သိလိုက်သည်။

လီယွီက မကျေမနပ်ပြောဆိုလိုက်မိသည်။ လမ်းကို ဦးဆောင်နေသော အစေခံက ထိတ်လန့်တုန်လှုပ်စွာဖြင့် ဒူးထောက်ထိုင်ချလိုက်သည်- "အရင်က အခန်းတစ်ခန်းရှိပေမယ့် အရှင်မင်းကြီးက အဲ့ဒီအခန်းကို ချိတ်ပိတ်ထားပါတယ်......"

လီယု အံ့သြသွားသည်။ သူသည် ကျင်းအိမ်တော်တည်ဆောက်မှုအပေါ် အခြေခံ၍ ခန့်မှန်းခြင်းသာ ဖြစ်ပေမယ့် အခု အဲဒါ တကယ်မှန်ဖြစ်နေတာလား?

အစေခံသည် လေးလံသော ကန့်လန့်ကာကို ဆွဲထုတ်လိုက်ပြီး အဝါရောင် ချိပ်ပိတ်ထားသည့် စုတ်ပြတ်နေသော တံဆိပ်တစ်ခုကို ဖော်ထုတ်လိုက်သည်။ ထို့ကြောင့် ဤကန့်လန့်ကာသည် သူ တစ်ခါက မှတ်ဉာဏ်ထဲကနေ ရောက်ဖူးခဲ့သော အခန်းကို ဖုံးကွယ်ထားသည်။

"ဧကရီ ရှောင်ဝေ့ အပြင်းအထန်နာမကျန်းဖြစ်တဲ့အချိန်တုန်းက အရှင်မင်းကြီးက ဒီအခန်းကို ချိပ်ပိတ်ထားပြီး ဘယ်သူ့ကိုမှ ဖွင့်ခွင့်မပြုခဲ့ပါဘူး။"

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now