Chapter (63-2) _ ငါးကြင်မိစ္ဆာက သူ့ဆီက ယန်စွမ်းအားကို စုပ်ယူချင်လို့လား

7K 1.2K 16
                                    

Chapter (63-2) _ ငါးကြင်မိစ္ဆာက သူ့ဆီက ယန်စွမ်းအားကို စုပ်ယူချင်လို့လား





ဧကရာဇ် နိုးလာသည့်အချိန်တွင် တတိယမင်းသားက ဘာကြောင့် လာဘ်ပေးလာဘ်ယူထဲမှာပါဝင်ပြီး သူ့အတွက်  အခွင့်အလမ်းတွေ ဖန်တီးချင်သလား။

တတိယမင်းသားသည် ပြည်သူများကြား ကောလဟာလ တဘောင်စကားတွေနဲ့ ဘုန်းကြီးအတုတွေကို ဖန်တီးပြီး ကျင်းဝမ်ကို ထောင်ချောက်တဲ့အတွက် တော်ဝင်အကျဉ်းထောင်ကိုတောင်  ရောက်ရှိနေခဲ့ပြီ။ တတိယမင်းသားရဲ့လက်အောက်ငယ်သားတွေက ဧကရာဇ်မင်းမြတ်၏ တားမြစ်ချက်ကို ချိုးဖောက်လုနီးပါးဖြစ်လာခဲ့သည်။ ဧကရာဇ်မင်းကြီးက တတိယမင်းသားကို ထပ်မံ၍ အပြစ်ပေးရန်အတွက် သင့်လျော်သောအချိန်ကို အကြောင်းပြချက်ကို ရှာဖွေချင်သည်။ အဲ့ဒီအချိန် သူတို့ဖာသာ မိုက်မဲတဲ့ အရာကို လုပ်ဆောင်ဖို့ပဲ စောင့်ရတော့မည်။
 

တတိယမင်းသားသည် ယခုရက်ပိုင်းတွင် ကြိမ်ဒဏ်ပေးခံရပြီးနောက် ဒဏ်ရာဒဏ်ချက်များရကာ အခုချိန် များစွာသက်သာလာခဲ့ပြီဖြစ်သည်။ တတိယမင်းသားက တော်ဝင်စာကြည့်တိုက်သို့ သွားကာ မင်းသားငယ်လေးများနှင့် အတူ နေ့စဉ် စာလေ့လာနေသည့်ဟု အခြွေရံများက မင်းကြီးထံကို သတင်းပို့ခဲ့သည်။ တတိယမင်းသားက သူလုပ်ခဲ့မိသည့် အပြစ်ကြောင့် နောင်တရကာ  အလွန်စိတ်မချမ်းသာဖြစ်နေခဲ့သည်။ ဧကရာဇ်မင်းကြီးအနေနှင့် တတိယမင်းသားက စာလေ့လာနေသည်ဆိုသည့် စကားက ကြားကောင်းပေမယ့် သူက ကလေးလည်း မဟုတ်သည့်အတွက် စာလေ့လာစရာမလိုတော့ပေ။ သူက အရွယ်ရောက်ပြီးသားဖြစ်လို့   ဧကရာဇ်မင်းမြတ်၏ စိုးရိမ်ပူပန်မှုနှင့် တာဝန်များကို မျှဝေသင့်သော်လည်း သူသည် အခုတော့ သူက စာကြည့်တိုက်မှာ စာအုပ်များကိုသာ ဖတ်နေရသည်။ ဧကရာဇ်မင်းကြီးသာမပြောခဲ့ရင် တတိယမင်းသားက တရားလွှတ်တော်နဲ့ ညီလာခံတက်ခွင့်ရဖို့ ဘယ်ရောက်ကြာမလဲဆိုတာ မသိနိုင်တော့ဘူး။
 

အရင်တုန်းကလည်း ဒုတိယမင်းသားက အမှားတစ်ခုပြုလုပ်ခဲ့သည်၊ သူ့ကို အပြင်ထွက်ခွင့် တားမြစ်ထားပြီး ဦးနှောက်မကြည်လင်မချင်း ညီလာခံတက်ခွင့်ကို တားမြစ်ပိတ်ပင်ထားသော်လည်း ဧကရာဇ်မင်းကြီးကို ဒုတိယမင်းသားအကြောင်း ဘယ်သူမှ မလျှောက်တင်သဖြင့် နောက်ပိုင်း မင်းကြီးက ဒုတိယမင်းသားနဲ့ပတ်သတ်တာကို မပြောတော့ပေ။
 

ဒါကြောင့် တတိယမင်းသားသည် ကြောက်ရွံ့၍ နောင်တရကြောင်း သိမြင်လာခဲ့သည်။ ဆဋ္ဌမမင်းသားထံသွား၍ ကူညီရန် တတိယမင်းသားက ပြောခဲ့ပေမယ့် အပြစ်ပေးခံရလို့ ဒဏ်ရာဒဏ်ချက်တွေ ခံစားနေရတဲ့ ဆဋ္ဌမမင်းသားက သူ့ကို ခဏလျှိုနေဖို့ ပြောပေမယ့် တတိယမင်းသားက အချိန်မဖြုန်းချင်ပေ။ သူ့အမေအရင်းဖြစ်တဲ့ ကိုယ်လုပ်တော်ကျန်းက ထောက်ခံတဲ့  ဝန်ကြီးတွေရဲ့ဇနီးနဲ့ မကြာခဏ ဆက်သွယ်ခဲ့သည်။ ဒီဆက်ဆံရေးမှတစ်ဆင့် မင်းသားမုထျန်းမင်းကို တာဝန်တွေ ပြန်လည်ပေးအပ်သင့်ပါကြောင်း မင်းကြီးထံတွင် ထိုဝန်ကြီးများက အသနားခံပေးကြသည်။ မင်းကြီးမျက်နှာရှေ့သို့ တတိယမင်းသား မျက်နှာပြခွင့်ရမှာသာလျှင် တတိယမင်းသားမုထျန်းမင်ကို မင်းကြီးမမေ့သွားမည် ဖြစ်သည်။

 
ဝန်ကြီးများသည် တတိယမင်းသားက အမှားများကို သိကာ သူတို့၏ အမှားများကို ရိုးသားစွာ နောင်တရကြောင်း ပြောဆိုပြီး အသနားခံစာကို တင်သွင်းကြသည်။ သူတို့သည် တတိယမင်းသားက ဧကရာဇ်မင်းကြီးအတွက် စိုးရိမ်သောကကို မျှဝေလိုကြသည်ဟု ရေးသားထားကြသည်။

ထိုစာလွှာကို နန်းတွင်း၌ ထူးချွန်သော စာရေးစွမ်းရည်ရှိသည့် ဟန်လင်းအကယ်ဒမီကျောင်းမှ ပညာရှင်တစ်ဦးကို တတိယမင်းသား၏ လတ်တလော အခြေအနေအကြောင်း သနားလာစေဖို့ စီကာပတ်ကုံး ရေးသားရန်လည်း အထူးဖိတ်ကြားကာ ရေးသားစေခဲ့သည်။ ဧကရာဇ်မင်းကြီးနှင့် သားတော်တို့ကြားက မိသားစုဆက်ဆံရေးကို မျက်ရည်ကျစေအောင် ဖွဲ့နွဲ့ကာ ရေးသားစေခဲ့သည်။

ထိုစာလွှာက ဧကရာဇ်မင်းကြီး၏စိတ်နှလုံးကို ပျော့ပြောင်းစေမလားဆိုတာ မသိပေမယ့်  ဝန်ကြီးတော်တော်များများက ထိုစာလွှာနဲ့ပတ်သတ်ပြီး အတော်ကို စိတ်ဆိုးနေခဲ့ကြသည်။ တတိယမင်းသားသည် လာဘ်ထိုးပြီး တော်ဝင်နန်းဆောင်က အရာရှိများကို သူ့လူဖြစ်အောင်လုပ်ခဲ့ကြောင်း ထင်ရှားသဖြင့် ပြစ်မှုထင်ရှားခဲ့သည်။ ဒါပေမယ့် အခုဝန်ကြီးတစ်ခုက တတိယမင်းသားအတွက် ဝိုင်းဝန်းကာ စာလွှာမှာ လက်မှတ်ထိုးပြီး အသနားခံစာတင်သွင်းခဲ့ကြသေးသည်။ ဒါက တတိယမင်းသားကို မူရင်းတာဝန်ပြန်လည်ပေးအပ်စေရန် မင်းကြီးကို ဝိုင်းပြီး   ကြိုးစားခဲ့တာလား။


မင်းကြီးက တတိယမင်းသား သူ့အပြစ်ကို ပြန်လည်သုံးသပ်နိုင်စေဖို့ စာကြည့်ဆောင်မှာစာပေ ပြန်လည်လေ့လာခိုင်းတာကို တတိယမင်းသားက သဘောမပေါက်တာလား။ သူက ဘာကြောင့် သူ့အပြစ်ကို အလွယ်တကူ ခွင့်လွှတ်စေဖို့ မျှော်လင့်နေတာလဲ။


 ဧကရာဇ်မင်းကြီးသည် အသနားခံစာတွင် လက်မှတ်ထိုးရာမှာ ပူးတွဲပါဝင်သည့် ဝန်ကြီးများအားလုံးရဲ့အမည်ကို ချရေးခဲ့သည်။ တတိယမင်းသားက မင်းကြီးဆီက ခွင့်လွှတ်ပေးမည့် အမိန့်ကိုစောင့်ဆိုင်းနေပေမယ့် သူ့ကို မင်းသားခုနှစ်၊ မင်းသားရှစ် တို့နှင့်အတူ နေ့စဉ် စာပေ လေ့လာဖို့ ခိုင်းခံရသည်။ သူက ကျင့်ဝတ်ကျမ်းကို နေ့စဉ်ကူးရေးဖို့ အမိန့်ပေးခံရပြီး တော်ဝင်ဆရာကိုယ်တိုင် ဒါကို စောင့်ကြပ်ရသည်။
 

မင်းကြီးရဲ့ အမိန့်ကြောင့် တတိယမင်းသားက မျက်နှာပျက်ရပြန်သည်။ သူ့ကို ထောက်ခံသည့် ဝန်ကြီးနှင့် အရာရှိတိုင်းကို မင်းကြီးက စောင့်ကြည့်ပြီး နောက်ပိုင်း ဌာနများပြောင်းပစ်ခြင်း၊   သို့မဟုတ် ရာထူးမှ လျှော့ချခြင်း ခံခဲ့ရသည်။ တတိယမင်းသားသည် သူ အမှား ထပ်လုပ်မိကြောင်း  သိရှိလိုက်ရပြီး သူ့ရဲ့ယုံကြည်ရတဲ့ အကြံပေး မင်းသားနံပါတ်ခြောက်ကို သွားမေးပေမယ့် မင်းသားခြောက်က ဘာမှ ထပ်မလုပ်ပေးနိုင်တော့ပေ။
 

အရာအားလုံးက ဆုံးရှုံးဖို့လွယ်ပြီး ပြန်လည်ရဖို့ခဲယဉ်းတာမို့ မင်းကို ငြိမ်ငြိမ်လေးနေပါလို့ ပြောတာကို ဘာကြောင့် နားမထောင်တာလဲ။ ဘယ်သူက မင်းကို ထပ်ခါထပ်ခါ အပြစ်လုပ်ခိုင်းခဲ့တာလဲ....

 

ဧကရာဇ်မင်းမြတ်သည် တတိယမင်းသားရဲ့လုပ်ရပ်ကြောင့် အရမ်းဒေါသထွက်နေသည်။ သူ့ရဲ့ပုံမှန်ဖြစ်တဲ့ သားတော်တွေအားလုံးက တစ်ယောက်မှ အသုံးမကျ ကြပေ။ အငယ်ဆုံး သားတော် နှစ်ပါးက အရမ်းငယ်သေးလို့ သူတို့ ဘယ်လိုဖြစ်လာမယ်ဆိုတာ ကြိုတင်မသိနိုင်သေးပေ။ မင်းသားခြောက်က တတိယမင်းသားအတွက် အလုပ်လုပ်ပေးနေသည်ကို တော်ဝင်ကိုယ်ရံတော်များက သက်သေများရှာတွေ့ကာမင်းကြီးကို တင်ပြခဲ့သည်။ ဒါကြောင့် တတိယမင်းသားနှင့်အတူ မင်းသားခြောက်လည်း ကြိမ်ဒဏ်ခံခဲ့ရသည်။
 
မင်းကြီးက သူ့ရဲ့အခြားသားတော်ဖြစ်သည့် ကျင်းဝမ်နှင့်အတူ စစ်တုရင်  ကစားခဲ့သည်ကို ပြန်သတိရလိုက်သည်။ ကျင်းဝမ်မင်းသားက အရမ်းထက်မြက်ပြီး ပါရမီပါသည့် သူဖြစ်ပေမယ့် သူက ငယ်စဉ်ကတည်းက စကားမပြောနိုင်ခဲ့ပေ။ ဒါကြောင့်မင်းကြီးက ကျင်းဝမ်ကို အမြဲကာကွယ်ပေးခဲ့ပေမယ့် ဘယ်တော့မှ အရေးကြီးသည့် ရာထူးများ၊ တာဝန်များကို မပေးအပ်ခဲ့ပေ။
 ကျင်းဝမ်က မွေးရာပါ ဆွံ့အနေသဖြင့် သူ့ကိုထီးမွေခံအဖြစ် စာရင်းထည့်သွင်းမထားခဲ့ပေမယ့် ဒါကို တတိယနှင့် ဒုတိယမင်းသားက ကျင်းဝမ်ကို ထောင်ချောက်ဆင်ကာ ဖိနှိပ်ခဲ့ကြသေးသည်။

 သူက မွေးရာပါ စကားမပြောနိုင်တဲ့ သားတော်လေးကို ဘေးမသီရန်မခစေဖို့ ရာထူးတောင်မပေးပဲ နေခဲ့သည့်ဖြစ်ရပ်က သူထင်တာနဲ့ ဆန့်ကျင်ဘက်ဖြစ်လာမယ်လို့ မင်းကြီးက မထင်ထားခဲ့ပေ။ အခု ဒုတိယနဲ့တတိယ မင်းသားက ကျင်းဝမ်ကို နာကျင်အောင်လုပ်ချင်နေကြပြီ။ ဒါကြောင့် ကျင်းဝမ်ကို လူတိုင်း အလွယ်တကူ အနိုင်ကျင့်လို့မရအောင် ကျင်းဝမ်အတွက် ခိုင်မာသည့် အခြေခံကို သူလုပ်ပေးသင့်ပြီဟု မင်းကြီး စတင်တွေးလာမိသည်။



 မင်းကြီးရဲ့ သနားဂရုဏာကို အားကိုးစရာမလိုပဲ ကျင်းဝမ်က သူ့အရည်ချင်းနဲ့သူ ရပ်တည်နိုင်အောင် အခွင့်ရေးပေးရမည်။
တကယ်လို့ နောင်တက်မယ့် ဘုရင်ရှေ့မှာ ကျင်းဝမ်ကို နေရာတစ်ခုရစေချင်ရင် နောက်တက်မယ့် ဘုရင်ရဲ့သနားဂရုဏာကို မှီခိုစရာမလိုပဲ ကျင်းဝမ်ရဲ့အရည်ချင်းနဲ့ နေရာတစ်ခုရနိုင်စေဖို့ အခုကတည်းက တည်ဆောက်ပေးရမည်။

ဘယ်လိုပဲဖြစ်ဖြစ် နောက်တက်မယ့် ဘုရင်လောင်းအိမ်ရှေ့စံကို ရွေးချယ်ဖို့မင်းကြီးအတွက် အလျင်မလိုပေ။ တတိယမင်းသားက ကျင်းဝမ်ကို ထိခိုက်နာကျင်စေခဲ့သည့်အတွက် သူ အခု ကျင်းဝမ် စိတ်ကျေနပ်စေအောင် လုပ်ပေးရမည့် အချိန်ရောက်လာလေပြီ။

 

ဧကရာဇ်မင်းကြီးသည် ကျင်းဝမ် ကို နန်းတော်ထဲသို့ ခေါ်သွင်းကာ   နောက်ဆုံးတွင် ကျင်းဝမ် အား အလုပ်သမားရေးရာ ဝန်ကြီးဌာနသို့ ဝင်ခွင့်ပေးရန် အမိန့်ပေးခဲ့သည်။

ကျင်းဝမ်က  ပိုင်မုန့် ခေါင်းပေါ်ပြုတ်ကျလာသည့်အဖြစ်ကိုကြုံနေရပေမယ့် သူ့စိတ်က စံအိမ်တော်မှာကျန်ရစ်ခဲ့သည့် ရှောင်ယွီဆီပဲ ရောက်နေသည်။ ဖြစ်နိုင်ရင် အိမ်တော်ကို ချက်ချင်းပြန်ပြေးသွားချင်သည်။
 

ဧကရာဇ်က ကျင်းဝမ်ကို ပြတ်ပြတ်သားသားပြောခဲ့သည်-

 "ရုံးတော် မှာ မကြာသေးမီက အဖြစ်အပျက်တွေ အများကြီးဖြစ်ခဲ့တယ်။ ဒီတစ်ခုက ငါ့ကို စိတ်ပူစေတယ်။ ထျန်းချီ... ၊ မင်း ငါကိုယ်တော်ကို ကူညီပေးရင် ပိုကောင်းလိမ့်မယ်။ ထျန်းကျောက် ( မင်းသားနှစ် )နဲ့ ထျန်းမင် (မင်းသားသုံး)တို့က နိုင်ငံရေးနဲ့ပတ်သတ်တဲ့အကြောင်းရာကို စတင်နားထောင်တဲ့အချိန်တုန်းက သူတို့က အသက် 12 နှစ်ပဲရှိသေးတယ်။ ဒါဆိုရင် မင်းက အခု နောက်ကျနေပြီလို့တောင် ပြောလို့ရနိုင်တယ်။"

ဒါက အလုပ်ရှုပ်မယ့်ဟာ မဟုတ်ဘူးလား....
ကျင်းဝမ်က မတုန်မလှုပ်ကျောက်ရုပ်မျက်နှာနှင့် ခေါင်းညိတ်လိုက်သည်။

ကျင်းဝမ်က စိတ်မချမ်းသာပုံပေါ်သည်ဟု ဧကရာဇ်က ခံစားခဲ့ရသည်။ မင်းကြီးအတွက် ပေးအပ်သည့် တာဝန်တွေကို မလုပ်လိုတဲ့  မင်းသားရယ်လို့ ရှိနိုင်ပါ့မလား။

သို့သော်လည်း ကျင်းဝမ်ရဲ့အကျင့်က ဒီလိုပါပဲ။ ကျင်းဝမ်အတွက် သူ့ကို ချီးကျူး၊ ချီးမြှောက်သည် ဖြစ်စေ၊ စော်ကားသည် ဖြစ်စေ ဘာမှ မထူးခြားပေ။ တကယ်လို့ ကျင်းဝမ်သာ ဒုတိယမင်းသားနဲ့ တတိယမင်းသားတို့နဲ့ တူနေရင် မင်းကြီးအတွက်   ဘေးဥပဒ်ကျရောက်တယ်လို့ပြောလို့ရနိုင်တယ်။

 

  ကံအားလျော်စွာ သူ့မှာ အရည်အချင်းရှိတဲ့ သားလေးတစ်ယောက်ရှိသေးတယ်၊ ဒါပေမဲ့—

ဒီသားလေး ဘယ်လောက်ပဲ အရည်အချင်းရှိပါစေ သူ့အတွက် မွေးရာပါ စကားမပြောနိုင်တဲ့အတွက် ဒါက သူ့အတွက် ကောင်းချီးတစ်ခုတော့ မဟုတ်ခဲ့ဘူး။

ကျင်းဝမ် ကို မွေးပြီး မကြာခင်မှာပင် တော်ဝင်သမားတော်က  မင်းသားကျင်းဝမ်က တစ်သက်လုံး စကားမပြောနိုင်လောက်ဘူးလို့ လျှောက်တင်ခဲ့သည်ကို မင်းကြီး သတိရလိုက်သည်။ တော်ဝင်သမားတော်က သူ့အတွက် စိတ်ထိခိုက်စရာ အကြောင်းရာကိုလည်း ဆက်ပြောခဲ့သေးတယ်။


ဒီလိုစကားမပြောနိုင်တာက တခါတလေ မျိုးရိုးလိုက်တတ်သေးတယ်လို့ လျှောက်တင်ခဲ့သေးသည်။
 

ထို့ကြောင့် ကျင်းဝမ် သည် အရည်အချင်းရှိတဲ့သူဖြစ်ရင်တောင်မှ ဒီတိုင်းပြည်အတွက် ကြီးလေးသော တာဝန်ကို ထမ်းရွက်ရန် မဖြစ်နိုင်ပေ။ ကျင်းဝမ်ကို အိမ်ရှေ့စံအဖြစ်ရွေးချယ်ပြိး အားလုံးရဲ့ကဲ့ရဲ့စရာဖြစ်မယ့်လမ်းကို မင်းကြီးက လုပ်ဆောင်မည် မဟုတ်ပေ။
 

မင်းကြီးက သူ ဘုရင်ဖြစ်လာပြီးနောက်မှာ သူ့ရဲ့မိဖုရားခေါင်ကြီးဆီကနေ ထီးမွေခံမယ့် ပထမဆုံးသားတော်ကြီးကို မွေးဖွားလာဖို့ မျှော်လင့်ခဲ့ပေမယ့် ကံဆိုးပြီး မိဖုရားခေါင်ကြီးမွေးသည့် သားတော်လေးက ချို့ယွင်းချက်ပါဝင်ခဲ့သည်။ ကျန်သည့် ကိုယ်လုပ်တော်များမှ မွေးသည့် သားတော်များကလည်း အသုံးမကျခဲ့ပေ။ ဒီလိုအဖြစ်မျိုးကို ကြုံရလိမ့်မည်ဟု မင်းကြီး မမျှော်လင့်ခဲ့ဖူးပေ။
 

ကျင်းဝမ်သည် မင်းကြီးပေးအပ်သည့် တာဝန်ကိုလက်ခံပြီး အရိုသေပေးကာ အိမ်တော်ကို ပြန်လာခဲ့သည်။
 
အခု ရာထူးတစ်ခုပေးအပ်ခဲ့တာက တတိယမင်းသားရဲ့လုပ်ကြံမှုအတွက် မင်းကြီးက သူ့ကို အလျော်ပေးသည့်သဘောဖြစ်သည်ကို ကျင်းဝမ်သိသည့်အတွက် ပျော်ရွှင်ခြင်းမရှိပေ။
 
ဒါပေမယ့် တံခါးကိုဖွင့်လိုက်တော့ ခေါင်းပေါ်မှာ ထူးဆန်းတဲ့ပေါက်ဆီလုံးတင်ထားသလို ဖောင်းဖောင်းလေးနှင့် ရှောင်ယွီကို တွေ့လိုက်ရသည်။ ရှောင်ယွီက ကျင်းဝမ်ကိုတွေ့တော့ နူတ်ဆက်ရင်းပြောလိုက်သည်။

 

"အရှင်မင်းသား၊ ကြည့်ပါဦး!"

လီယွီက လက်ညှိုးုဖြင့် ခေါင်းပေါ်က ဆံထိုးကို ဝံ့ကြွာစွာ ညွှန်ပြလိုက်သည်။

ကျုင်းဝမ်က ဒါကိုမြင်တော့ ရှောင်ယွီက ဆံထိုးထိုးနိုင်ဖို့အတွက် ဆံပင်ကို သူ့ဖာသာ ထုံးဖွဲ့ထားတယ်ဆိုတာ သိလိုက်ပြီး ရင်ထဲမှာ ရှောင်ယွီကို မချစ်ပဲ မနေနိုင်တော့ပေ။
 

ကျင်းဝမ်က ဆံထိုးလေးကို ငေးကြည့်ရင်း ရပ်နေလိုက်သည်။

"တော်ဝင်မင်းသား၊ နောက်ထပ်ရှိသေးတယ်!"

လီယွီသည် ကုတင်အစွန်းတွင် ထိုင်ကာ လက်ပြလိုက်သည်။

ကျင်းဝမ် သည် မနေ့က ရထားပေါ်၌ သူတို့နမ်းခဲ့သည့် နူးညံ့သည့် အနမ်းကို ပြန်သတိရပြိး နားရွက်တွေ နီမြန်းလာခဲ့သည်။
 

ကုတင်ဘေးမှာထိုင်နေတဲ့ ရှောင်ယွီ က သူ့ကိုခေါ်နေတာက သူနဲ့ စေ့စပ်ကြောင်းပြောချင်လို့များလား။ ဆံထိုးဆိုတာ တခါတလေ စေ့စပ်ချင်း အထိန်းမှတ်ဖြင့် ပေးလေ့ရှိသည့် လက်ဆောင်ဖြစ်သည်။ တကယ်လို့ ရှောင်ယွီက စေ့စပ်ထားချင်တယ်ဆိုလည်း ဘာမှမဖြစ်ဘူး။ သူ့ ရှောင်ယွီလုပ်ချင်တာမှန်သမျှ အားလုံးမှန်တယ်။
 

ကျင်းဝမ်က လီယွီ ညွှန်ပြသည့် နေရာတွင် ဝင်ထိုင်လိုက်သည်။ နေ့ခင်းကြီးမှာ ငါးကြင်မိစ္ဆာက သူ့ကိုယ်ထဲ ယန်စွမ်းအားကိုများ စုပ်ယူချင်လို့လား။ တကယ်လို့ ရှောင်ယွီသာ စုပ်ယူချင်တယ်ဆိုလည်း သူက ငြင်းစရာမရှိပါဘူး။

လီယွီက ရှက်သွေးဖြာရင်း ကျင်းဝမ်က သူ့ကို လှမ်းမထိနိုင်ခင် သူ့င်္အကျီလက်ထဲက စာရွက်လေးကို ထုတ်ကာ ကမ်းပေးရင်းပြောလိုက်သည်။

  "ကျွန်တော်တို့ စည်းကမ်းသုံးချက်ကို အတူတူ ချမှတ်ရအောင်လို့ပါ အရှင်မင်းသား....!"

*******-*********

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now