Chapter (115-2) - ပေါင်းရိအပေါ် ယဲ့ယဲ့၏ယုံကြည်မှု

3.8K 817 6
                                    

Chapter (115-2) - ပေါင်းရိအပေါ် ယဲ့ယဲ့၏ယုံကြည်မှု



"ဟုတ်တယ်၊ ပွေ့ပါ ယဲ့ယဲ့...."
 ပေါင်းရိက နူးညံ့ပြီး စေးကပ်သော အသံဖြင့် ပြောလိုက်တော့ ဧကရာဇ်ကြီးက ရုတ်တရက် ငိုချင်လာသလို ခံစားလိုက်ရသည်။

လီယွီနှင့် ကျင်းဝမ် တို့သည် ဧကရာဇ်မင်းအား ကြောက်ရွံ့ထိတ်လန့်စွာ စောင့်ကြည့်ခဲ့ကြပြီး ပေါင်းရိက မင်းကြီးကို ပိုမို င် စိတ်မသက်မသာဖြစ်စေမည်ကို စိုးရိမ်ခဲ့ကြသည်။ သို့ရာတွင် ပေါင်းရိသာလျှင် မင်းကြီးရဲ့ ကျန်းမာရေးကို ဂရုစိုက်ရန် လုပ်ပေးနိုင်မည့် နည်းလမ်းလည်းဖြစ်သည်။

"မင်းတို့အားလုံး သွားနိုင်ပြီ။ ပေါင်းရိကို ချန်ထားခဲ့လိုက်"
 ဧကရာဇ်သည် သူ၏သားတော်အား ညှိုးငယ်သော အခြေနေဖြင့်  မမြင်ချင်လို့ လက်ကိုဝှေ့ယမ်းလိုက်သည်။

ကျင်းဝမ်နှင့် လီယွ တို့သည် အကြည့်ချင်းဖလှယ်ကြပြီး အပါးတော်မြဲလော့ နှင့် တဲထဲမှ ထွက်သွားကြသည်။  

သိပ်မကြာခင်မှာပဲ ပေါင်းရိရဲ့ တခစ်ခစ်ရယ်သံနဲ့အတူ အထဲမှာ လက်ဖက်ရည်နဲ့ မုန့်တွေ လာပို့ဖို့ မင်းကြီး အမိန့်ပေးသံကို ကြားလိုက်ရမှ အားလုံး စိတ်သက်သာရာရသွားသည်။
 
နောက်တစ်နေ့တွင် ဧကရာဇ်မင်းကြီးက  ခွန်အားနှင့်ပြည့်နေခဲ့သည်။ သူက အဆင်မပြေမှု ဖြစ်ခဲ့သော်ငြား၊ အဆုံးတွင် ဒါက သူ့ အနောက်နန်းဆောင်နဲ့ ပတ်သက်သည့်အရာတစ်ခုသာဖြစ်သည်။ ညတွင်းချင်းပင် ဧကရာဇ်သည် ကိုယ်လုပ်တော်လျှိုကို နန်းတော်ကို ပြန်ပို့ကာ အဆင်မြင့်အရာရှိနှင့် တော်ဝင်မျိုးနွယ်အားလုံးကို အမဲလိုက်ပွဲ ဆက်လက်ကျင်းပစေခဲ့သည်။
 

သို့ရာတွင် အမဲလိုက်ပြိုင်ပွဲ၏ ဒုတိယအကျော့မှာပင် မစတင်ရသေးခင် တော်ဝင်မိသားစုဝင်တွေရဲ့   အကြီးအကဲဖြစ်သော မင်းသားလီသည် ဧကရာဇ်မင်းကိုတွေ့ရန် တောင်းဆိုကာ ကိုယ်တိုင် မြင်းစီးကာ ခရီးပြင်းနှင်ခဲ့သည်။
 
ဧကရာဇ်ဘုရင်သည် အမဲလိုက်ကွင်းတွင် လွင့်နေသောအလံများကို တစ်ချက်ကြည့်လိုက်ပြီး အမဲလိုက်ပွဲတော်က ဒီလောက်နဲ့အဆုံးသတ်ပြီးဆိုတာ ခံစားမိလိုက်သည်။  

 မင်းသားလီ သည်လည်း မနေ့ညက ကိုယ်လုပ်တော် လျှို နှင့်ပတ်သက်သည့် ကိစ္စရပ်ကို သိရှိခဲ့ပြီး ဧကရာဇ်မင်းမြတ်၏ ရည်ရွယ်ချက်အတိုင်း  အထူးစုံစမ်းစစ်ဆေးရန် လာခဲ့သည်။ ကိုယ်လုပ်တော်လျှိုက အဌမမင်းသား၏မွေးမယ်တော်ဖြစ်သဖြင့် ဒီအရိပ်မည်းကြောင့် အဌမမင်းသားက အနာဂါတ်မှာ ဘယ်လို ရပ်တည်ရတော့မလဲ၊

ထို့အပြင် ကိုယလုပ်တော်လျှို သည် ဧကရာဇ်နန်းတော်သို့ သူမ မဝင်မီက ဤလူကို သိကြောင်း ကောလဟာလများ ထွက်ပေါ်နေသည်။ အဲဒါကြောင့် သူငယ်ချင်းဟောင်းလို့ ခေါ်တာလား။ ဧကရာဇ်နန်းတော်ထဲကို ဝင်ပြီးနောက်ပိုင်း သူတို့နှစ်ယောက် အဆက်အသွယ်ရှိလို့သာ အခု  သူတို့နှစ်ယောက်ကို တစ်ခန်းတည်းမှာ တွေ့နေပြီမဟုတ်လား။ အဌမမင်းသားလေးရဲ့ မွေးဖွားရာ ဇာစ်မြစ်က အခုတော့  မေးခွန်းထုတ်စရာဖြစ်နေပြီ။

မင်းသားလီသည် ဧကရာဇ်မင်းမြတ်အား  သွေးဆောင်ရန် အတတ်နိုင်ဆုံးကြိုးစားခဲ့သည်–
"အရှင်မင်းကြီး... တော်ဝင်မိသားစုရဲ့ သွေးဆိုတာ ဘာမှ ရောနှောလို့ မရပါဘူး။  ကျေးဇူးပြုပြီး စစ်ဆေးဖို့ ဆုံးဖြတ်ချက်ချတော်မူပါ။"  

မင်းသားလီသည် သူ့ဘာသာသူ လာခဲ့ခြင်းမဟုတ်ပေ၊ သက်ကြီးရွယ်အို တော်ဝင်သမားတော်နှစ်ဦးကို တစ်ပါတည်း ခေါ်ဆောင်လာခဲ့သည်။

ဧကရာဇ်မင်း၏ညီတော်နှင့် တော်ဝင်မိသားစုအိမ်ယာ၏ အကြီးအကဲအဖြစ်၊ မင်းသားလီသည် တော်ဝင်မျိုးနွယ်စုဆိုင်ရာ ကိစ္စရပ်အားလုံးကို တာဝန်ယူခဲ့သည်။ ဤနေရာ၌ အဌမ မင်းသား၏သွေးကို စစ်ဆေးရန် ဧကရာဇ်မင်းအား ပြတ်ပြတ်သားသားတောင်းဆိုခဲ့သည်။

တော်ဝင်မိသားစုတွင် လျှို့ဝှက်နည်းလမ်းရှိသော်လည်း စစ်ဆေးစမ်းသပ်ခွင့်ကို အမျိုးအစားခွဲခြားထား သည်။ မျိုးနွယ်စုဝင်တစ်ဦး၏အထောက်အထားနှင့် ဧကရာဇ်၏ခွင့်ပြုချက်ဖြင့် သံသယရှိမှသာ ထိုနည်းကို အသုံးပြုသည်။ ဤလျှို့ဝှက်ချက်ကို အခြားသူများ အသုံးချမည့်အချက်ကို သေချာကာကွယ်ထားသည်။
 
ဧကရာဇ်သည် ခဏမျှ တုံ့ဆိုင်းသွားသည်။ နောက်ဆုံးတွင် ကိုယ်လုပ်တော် လျှို ကို သူ သံသယဖြစ်စေခဲ့သည်။ မင်းသားလီက ဒီလို မလျှောက်တင်ရင်လည်း မင်းကြီးက နန်းတော်ကို ပြန်ရောက်ပြီးချိန် သွေးသားစစ်ဆေးမှုကို လုပ်ဖို့ ရည်ရွယ်ထားပြီးဖြစ်သည်။

ဒီလိုဖြစ်နေပြီဆိုတော့ အခု သူ ဘာလို့ ခွင့်မပြုရမှာလဲ။ အကြာကြီး အချိန် ဆွဲနေရင် အဌမမင်းသားရဲ့ ဇစ်မြစ်ကို လူတိုင်း  သံသယဖြစ်တော့မည်။

မင်းသားလီသည် ဒူးထောက်ကာ သူ့အင်္ကျီလက်ထဲမှ လျှို့ဝှက်သတင်းတစ်ပုဒ်ကို ဆွဲထုတ်လိုက်ကာ  ဧကရာဇ်ကြီးကို တင်လျှောက်လိုက်သည်။
 
"အရှင်မင်းကြီး....ရိုးရိုးသားသားပြောရရင်။ ဒီညီတော်မှာ နောက်ထပ် အရေးကြီးတဲ့ ကိစ္စတစ်ခု ထပ်ပြီး တင်ပြစရာရှိပါတယ်။ ညီတော် ဒီကို  မရောက်လာခင် တစ်ညမှာ ဒီအစီရင်ခံစာက ညီတော်ရဲ့စာဖတ်ခန်းထဲ    ထူးထူးခြားခြား ပေါ်လာခဲ့ပါတယ်။ အစက ညီတော်လည်း  မယုံခဲ့ပေမဲ့ အမဲလိုက်ပွဲတော်မှာ ဖြစ်ပျက်ခဲ့တဲ့ အပြောင်းအလဲတွေကို ကြားသိရလို့ မေးခွန်းထုတ်စရာ လိုနေပြီလို့  ခံစားလာရပါတယ်။"

မင်းသားလီက အစီရင်ခံစာကို မင်းကြီးလက်ထဲ ပေးအပ်တော့ မင်းကြီးက ချက်ချင်းဖွင့်ဖတ်လိုက်သည်။

တကယ်တော့ ဒါက မင်းသားလီထံ လျှို့ဝှက်ချက်တစ်ခု အသိပေးဖို့ ရေးထားတဲ့စာဖြစ်ကာ ထိုစာထဲတွင် မင်းသားလီအား အချက်နှစ်ချက်ကို ဖော်ပြခဲ့သည်။ ပထမအချက်မှာ ကိုယ်လုပ်တော် လျှိုသည် တစ်စုံတစ်ဦးနှင့် ပတ်သက်နေပြီး ဒုတိယအချက်မှာ ကျင်းဝမ်၏သားများသည် အမှန်တကယ်ပင် သူ့ သွေးသားများ မဟုတ်ပေ။

ကိုယ်လုပ်တော်လျှိုနှင့် ပတ်သတ်နေသူ၏ အမည် နေရပ်လိပ်စာ အတိအကျကို  စာထဲတွင် ရေးထားသည်။ ကျင်းဝမ်၏သားများနှင့် ပတ်သက်၍ သံသယအမျိုးမျိုးအကြောင်းလည်း ရေးသားခဲ့သည်။

တော်ဝင်မိသားစု၏ အကြီးအကဲအနေဖြင့် မင်းသား လီ သည် နေ့စဉ် တိုင်ကြားစာပေါင်း တစ်ထောင် မဟုတ်ရင်တောင်  အနည်းဆုံး တိုင်ကြားစာ 800 ကို လက်ခံရရှိမည်ဖြစ်သည်။ ထိုစာ အားလုံးတွင် အခြေအမြစ်မရှိသော အလားတူ စွပ်စွဲမှုများပါရှိသည်။ သူတို့အားလုံးကို  ယုံကြည်ရင်၊   တစ်နေ့လုံး ကိုင်တွယ်ဖြေရှင်းနေလိမ့်မယ်။ မူလက ထိုစာကို အထင်အမြင်သေးခဲ့ပေမယ့် ကိုယ်လုပ်တော်လျှိုက   အမဲလိုက်ကွင်းတွင် တစ်စုံတစ်ယောက်နှင့် ဆုံတွေ့ရာနေရာ၌ ဖမ်းမိသောအခါ မင်းသားလီသည် ထိုလူ၏အမည်ကို စုံစမ်းရန် အနည်းငယ် အားထုတ်ခဲ့သည်။ အားလုံး သိပြီးနောက် သူ့နှလုံးသားရဲ့ အစိတ်အပိုင်းတစ်ခုတောင် အေးခဲသွားခဲ့တယ်။

ကိုယ်လုပ်တော်လျှို နှင့်ပတ်သက်သောအကြောင်းအရာများသည် အများအားဖြင့်အမှန်ဖြစ်နေသည်၊ ဒါဆို ကျင်းဝမ်ရဲ့ကလေးတွေကော။  

 မကြာသေးခင်က ဧကရာဇ်မင်းမြတ်က ကျင်းဝမ်၏ အမွေဆက်ခံသူအား အရမ်းကို ချစ်ခင်ကာ ဘွဲ့တွေကို အပ်နှင်းထားသည်ကို တွေ့ခဲ့သည်။ မင်းသား လီ သည် ကျင်းဝမ်အပေါ် ဧကရာဇ်ကြီး၏ မျှော်လင့်ချက်ကို သေချာသိတာပေါ့။ သို့သော် ဤအရာသာ အမှန်တကယ်ဖြစ်ခဲ့ပါက မင်းသားလီသည် မည်သို့ငြိမ်ငြိမ်ထိုင် နေနိုင်မည်နည်း။ သူ အလျင်စလို ပြေးလာခဲ့ခြင်းက အဌမမင်းသားအတွက်သာ မက မင်းကြီးအတွက်လည်းပါသည်။
 
"အရှင်မင်းကြီး... အခု ညီတော်  ဘာဆက်လုပ်ရမှာလဲ"

မင်းသား လီ သည် အပြစ်ရှိသူအား မှားယွင်းစွာ လွတ်မြောက်စေခြင်းထက် အပြစ်ကင်းသောလူကို မှားယွင်းစွာသတ်ပစ်လိုက်ချင်သည်ဟု ခံစားလာရသည်။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်ကို စမ်းကြည့်တာ အကောင်းဆုံးပဲ။
 

စာထဲပါသည့် စကားအရ ကျင်းဝမ်သည် အနောက်တောင်တန်းတွင်ရှိစဉ် ဤသားလေးယောက်ကို ရရှိခဲ့သည်။ မွေးရာပါ ဆွံ့အနေသည့် လူတစ်ယောက်က မွေးလာသည့် ကလေးတွေလည်း မျိုးရိုးလိုက်ကာ ဆွံ့အနိုင်သည်ဟု လူတိုင်းက ယုံကြည်ကာ ပြောဆိုခဲ့သည်။ အခုတော့    ကျင်းဝမ်၏သားများတွင် တစ်စုံတစ်ယောက်မျှ ဆွံ့အခြင်း မရှိပေ။ ဒါက  ထူးထူးခြားခြား ဖြစ်နေပြီ။  

တခြားသူတွေကို ပြောနေစရာ မလိုတော့ပေဘူး။ သံသယစိတ်တစ်ခုကြောင့် မင်းသား လီ သည် စာထဲက စကားလုံးများကို လေးလေးနက်နက်သဘောတူလိုက်လာမိသလို ခံစားလိုက်ရသည်။

ဧကရာဇ်၏ မျက်နှာအရောင်သည် တဖြည်းဖြည်း ပိုဆိုးလာသည်။ မင်းသားလီသည် ဧကရာဇ်မင်း ရုတ်တရက် ဒေါသထွက်မည်ကို ကြောက်သည်။ သို့သော် ဧကရာဇ်မင်းကြီးသည် စာကိုဖတ်ပြီးသည့်တိုင် တုံ့ပြန်မှုတစ်စုံတစ်ရာမရှိပေ။

"ကျန်း  ဒါကို သိပြီ။ မင်း ထွက်သွားလို့ရပြီး ဒါကို ဘယ်သူ့ကိုမှ မပြောနဲ့။" ဧကရာဇ်က ပြောလိုက်သည်။ ။

မင်းသားလီသည် ရင်တထိတ်ထိတ်ဖြင့် နှလုံးခုန်ကာ ထွက်သွားလေသည်။ ထို့နောက်တွင် ဧကရာဇ်မင်းသည် အဌမမင်းသားကို သွေးသားစစ်ဆေးမှု လုပ်ချင်ကြောင်း  မပြောသေးသည်ကို  သတိရလိုက်သည်။  

ဧကရာဇ်သည် စာကို အကြိမ်ကြိမ်ဖတ်ပြီး သူ့အတွက် စိတ်နှလုံးထဲက ချစ်ခင်ရသည့် မြေးတော်လေး  ပေါင်းရိအကြောင်း တွေးနေမိသည်။ သူ့စိတ်ထဲမှာ အကြံတစ်ခုရှိထားပြီး လော့လွေ့စိန်းကို ကျင်းဝမ်ကို နဂါးတဲထဲကို အမြန်ခေါ်ခိုင်းလိုက်တယ်။

"ထျန်းချီ....မင်းသတိထားရမယ်......"

လီယွီသည် ပတ်ပတ်လည်ကိုကြည့်ကာ ကျင်းဝမ်၏လက်ဖဝါးပေါ်တွင် 'ခြောက်' ကို လျှို့ဝှက်ရေး လိုက်သည်။

 ကိုယ်လုပ်တော်လျှို၏ မတော်တဆမှုမှ မင်းသားလီ လျင်မြန်စွာရောက်လာခြင်းအထိ အားလုံး ဆဌမမင်းသား၏ စနစ်မကင်းနိုင်ဘူးလို့ လီယွီ   ခံစားမိသည်။  

ကျင်းဝမ်နားလည်ပြီးဟုဆိုပြီး လီယွီကို အေးအေးဆေးဆေး စောင့်ဆိုင်းခိုင်းခဲ့သည်။ သူလည်း ဒီလို ခံစားချက်မျိုး ရှိနေသည်။  မင်းသားလီသည် တော်ဝင်မိသားစု၏ အကြီးအကဲဖြစ်သည်။ သူသည်  မြင်းဖြင့် လျင်မြန်စွာရောက်လာသည်ဆိုကတည်းက  အရေးကြီးသောကိစ္စဖြစ်ရမည်။

ခုနက မင်းသားလီနှင့်   တွေ့ဆုံခဲ့ပေမယ့်  မင်းသားလီသည် သူ့ကိုမြင်သောအခါ  မျက်လုံးလွဲသွားသဖြင့် အခု မင်းသားလီရောက်လာသည့်အကြောင်းက သူနှင့် သေချာပေါက် ပတ်သတ်ရမည်ကို သိလိုက်သည်။

တဲထဲသို့ဝင်လိုက်သည်နှင့် ချက်ခြင်းပင် မင်းကြီးက သူ့ကို စူးစူးစိုက်စိုက်ကြည့်ကာ အစီရင်ခံစာတစ်စောင် ပစ်ပေးလိုက်သည်။

ကျင်းဝမ်က သူ့ဘေးမှာ ရှိနေသည်။ တကယ်တော့ အစီရင်ခံစာက သူ့ကို ဘယ်လိုမှ မထိခိုက်နိုင်ဘူး။   သူနှင့် လက်မဝက်အကွာအထိ ပျံသန်းပြီးနောက် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။  

ကျင်းဝမ်သည် ဧကရာဇ်မင်းမြတ်၏ ပြင်းထန်သောဒေါသကို ခံစားနိုင်သည်။ အစီရင်ခံစာကို ကောက်ယူကာ ကြည့်လိုက်သည်။ ဒါက ဆဌမင်းသားလက်ချက်ဆိုတာ   တစ်ချက်ကြည့်ရုံနှင့် လုံလောက်သည်။

ဒီတော့ ကိုယ်လုပ်တော်လျှိုရဲ့ဖြစ်ရပ်က တကယ်တော့ ငါးစာပါပဲ။ ဧကရာဇ်၏သံသယများကို ကလေးများ ထံပြောင်းရန်ကြိုးစားခြင်းသည်သာ စစ်မှန်သောရည်ရွယ်ချက်ဖြစ်သည်။

ဆဌမမင်းသားတွင် ယုံကြည်ရသော လက်အောက်ငယ်သားများစွာမရှိသောကြောင့်၊ ကျင်းဝမ်သည် သူ့ကို အနီးကပ်စောင့်ကြည့်ရန် လူများစေလွှတ်ရန် ခက်ခဲနေသည်။ ဆဌမမင်းသားသည် လိမ္မာပါးနပ်ပြီး အခြားသူများထက် မိမိကိုယ်ကိုသာ အမြဲယုံကြည်သည်။ ထို့ကြောင့်၊ ဆဌမမင်းသား၏အစီအစဉ်အတိအကျရဖို့ ခက်နေသည်။

သို့သော် မင်းသားလီသည် တော်ဝင်သမားတော်များကို တစ်ညလုံး စုရုံးပြီး အမြန်ပြေးလာသောကြောင့် သွေးစစ်ရန် အဆင်သင့်ဖြစ်နေလောက်ပြီလား။

ကိုယ်လုပ်တော် လျှို နှင့် ပတ်သက်သည့် ကိစ္စသာ မရှိခဲ့ပါက ဧကရာဇ်မင်းကြီးသည် စာကို ယုံမည် မဟုတ်ပေ။ သို့သော် ယခုတွင် ကိုယ်လုပ်တော် လျှို ၏ သစ္စာဖောက်မှု   ပေါ်ပေါက်လာသောကြောင့် ဧကရာဇ်က ဤအရာမျိုးအပေါ် ပို၍ သတိထားလောက်သည်။

ဖြစ်နိုင်ရင် သူက ကလေးတွေအားလုံးကို စမ်းကြည့်လိမ့်မယ်။ ဒါ အစီရင်ခံစာဖြစ်စေချင်တဲ့ အဓိက အချက်ပဲ။

ကျင်းဝမ်သည် ဧကရာဇ်မင်းထံမှ စကားကို စောင့်ဆိုင်းနေခဲ့သည်။ သို့သော်၊ ဧကရာဇ်သည် အလွန်မကျေနပ်သဖြင့် ပြောလာခဲ့သည်။

 "ထျန်းချီ... တစ်စုံတစ်ယောက်က ပေါင်းရိကို  ဒုက္ခပေးချင်နေတယ်။ အဲ့ဒါ ဘယ်သူလဲဆိုတာ သိလား"  

ကျင်းဝမ်သည် ခဏတော့ တုန်လှုပ်သွားသည်။ အံ့ဩစရာကောင်းတာက ဧကရာဇ်သည် ထိုစာ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် တုန်လှုပ်သွားခြင်းမရှိပေ။ အဲဒီအစား သူက ပေါင်းရိကို ပံ့ပိုးပေးဖို့ စီစဉ်ထားသည်။
 

*******-************

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now