Chapter (59-2) -ညစ်ပတ်တဲ့ ကုန်သည်ကို ပညာပေးလိုက်သည့် ငါးကလေး

6.6K 1.4K 15
                                    

Chapter (59-2) -ညစ်ပတ်တဲ့ ကုန်သည်ကို ပညာပေးလိုက်သည့် ငါးကလေး



လီယွီသည် သူ့လက်ထဲတွင် ရွှေလက်စွပ်ကို ဖုံးထားသည်။ ဒီလက်စွပ်က ထူးထူးခြားခြား လေးလံတယ်။ ငွေအမြောက်အမြားတန်သည်ဟု ထင်ရသော်လည်း ငွေငါးဆယ် မဟုတ်တာ သေချာပါသည်။ သာမန်လူမိသားစုဝင်တွေက  တစ်နှစ်လျှင် ငွေဆယ်ပြားသာ  သုံးနိုင်သည်ဟု ဝမ့်ကုန်းကုန်းထံမှ လီယွီ ကြားဖူးသည်။ ငါးနှစ် စာ အသုံးစရိတ်နဲ့ ညီတဲ့ ဒီလက်စွပ်ကို ဘယ်လိုလူက ဝယ်နိုင်မလဲ။

နောက်ပြီး သူ့မှာ ပိုက်ဆံ မရှိဘူး။ သူက ကျင်းဝမ်ရဲ့ အိမ်တော်က ငါးကို ကြည့်ရှုစောင့်ရှောက်ဖို့ပဲ တာဝန်ရှိသူဖြစ်သည်။

သူက နေ့တိုင်း ကျင်းဝမ်ရဲ့ စံအိမ်သို့ လာ၍ စားသောက် နေထိုင်ခဲ့သည်။ လီယွီကိုယ်တိုင်က ကျင်းဝမ်ကို လစာ တောင်းဆိုဖို့ မစဉ်းစားခဲ့ပေ။ ငွေကြေးလို အရာများကို သူဘာကြောင့် ဂရုစိုက်နေရမှာလဲ။ သူ့မှာ နေရာလွတ်ရှိလျှင်ပင် အခြားအရေးကြီးသောအရာများ သိုလှောင်ထားရပြီး အရေးမပါတာကို ထည့်ဖို့ နေရာမကျန်ပေ။

 

ငါးကလေးကို နေ့တိုင်း ရွှေပိုးထည်ခင်းကာ နဲ့ မှော်ပင်နှင့် ရက်လုပ်ထားသည့် စောင်ထည်နှင့် လွှမ်းခြုံကာ  ကျယ်ပြောလှတဲ့ ငွေအိပ်ရာကနေ နိုးထလာတယ်၊ တကယ်တော့ သူ့မှာ ငွေကုန်ကြေးကျ စရာ လုံးဝ မရှိပေ၊ အပ်ငွေ မရှိ၊ ဆင်းရဲတဲ့ ငါးလေးတစ်ကောင်က ဒီရွှေလက်စွပ်ကို ကြည့်ဖို့ တောင် မတတ်နိုင်ဘူး၊

 ငွေကို လောဘတက်ပြီး မတော်မတရား လိုချင်နေသည့် ကုန်သည်ကို ပညာပေးလိုက်တာ အကောင်းဆုံးဖြစ်လိမ့်မည်။

 

"ဦးလေး တောင်းပန်ပါတယ်။ ငွေပြား ငါးဆယ်က  အရမ်းများနေတယ်"

လီယွီက အလိုက်သင့်ပြောလိုက်သည်။

မဝယ်ရင် ဘာဖြစ်မလဲ။

သူဌေးက မျက်လုံးပြူးသွားတယ်။ သူ မမှားနိုင်ဘူး။ ဒီကောင်လေးရဲ့အဝတ်အထည်တွေကို အကောင်းဆုံးရေခဲပိုးထည်ကနေ ယက်လုပ်ထားတာဖြစ်ပြီး ကျောက်စိမ်း ပုတီးကြိုးတစ်ချောင်းကိုတောင် သူ့ခါးတစ်ဝိုက်မှာ ကြုံရာကျပန်း ဆင်မြန်းထားပါသေးတယ်။ ကျောက်စိမ်းတစ်ခုစီရဲ့ တန်ကြေးက သူ့ခေါင်းတွေ ကြီးသွားစေလောက်သည်အထိ တန်ဖိုးကြီးလှသည်။

 ဒီကောင်လေးက မျိုးရိုးမြင့်အိမ်တော်က သခင်လေးဖြစ်ရမည်။ သခင်လေးတစ်ယောက်က ငွေပြား  ငါးဆယ်မျှသာ မထုတ်နိုင်ပဲ ခုလို ဟန်ကြီးပန်ကြီး နဲ့ပြောချင်သေးတာလား။

 

သူဌေးက မျက်နှာ မည်းသွားကာ ပြောလိုက်သည်။


  "အနည်းဆုံး ငွေပြား လေးဆယ့်ငါးပြား နဲ့ပေးလိုက်မယ် "

လီယွီက သက်ပြင်းချရင်း ပြောလိုက်သည်။

"ဦးလေး၊ လေးဆယ့်ငါးပြားလည်း ကျွန်တော် မတတ်နိုင်ဘူး "

သူဌေးက တစ်ခါကို ငွေ ငါးပြားလျှော့ပေးပြီး နောက်ဆုံး ငွေပြား 25 ပြားထိ ရောက်လာပေမယ့် ထိုသခင်လေးက မဝယ်နိုင်သေးဘူးဟုသာ ပြောခဲ့သည်။
 သူဌေးက အနည်းငယ် စိုးရိမ်နေပုံရသည်။

"ဒါဆို ဘယ်လောက်ပေးနိုင်မလဲ"

"အန်ကယ် တောင်းပန်ပါတယ်။ ကျွနတော် ဒီနေ့ အပြင်ထွက်လာတုန်းက ပိုက်ဆံယူခဲ့ဖို့ မေ့သွားတယ်"

လီယွီက ပြုံးပြီး လျှာကို ထုတ်လိုက်သည်။

သူဌေးက သူ့ကြောင့် မူးလဲလုနီးပါးဖြစ်ကာ ဒေါသနှင့် ပြောလိုက်သည်။


 "မင်း ဈေးဝယ်ထွက်ဖို့ လာတာ ပိုက်ဆံ မယူခဲ့ဘူးလား!"


လီယွီ -  "ဦးလေး စောစောက ကျွန်တော် လက်စွပ်ကို စမ်းပြီး စွပ်ကြည့်တဲ့အချိန် လက်စွပ်ကို ဝတ်ကြည့်ရင် ဝယ်ရမယ်လို့ မပြောခဲ့ဘူးလေ   !"

သူဌေးက ဒေါသအရမ်းထွက်ပြီး လူတွေကို မောင်းထုတ်ချင်နေတယ်။ သူ့မျက်နှာကို ရိုက်ပစ်ကာ ကျိန်ဆဲမိတော့မည်။


ိထိုအချိန်မှာ အဝေးမှ  အရပ်ရှည်ရှည် နှင့် လူတစ်ယောက်က လူငယ်လေး၏နောက်  ထောင့်ဖြတ်ရပ်နေကာ ထိုကုန်သည်ကို အေးစက်စက် စိုက်ကြည့်နေသည်ကို ကုန်သည်ကြီး သတိထားလိုက်မိသည်။


 ထိုလူငယ်၏ နောက်ကွယ်တွင် အခြွေအရံများစွာ မတ်တပ်ရပ်ကာ အေးစက်စွာ မော့ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် လူသတ်ရန် ရည်ရွယ်ချက်ဖြင့် တောက်ပနေပြီး ကုန်သည်နှင့် မျက်လုံးချင်း ဆုံသွားသည်။

ထိုလူငယ်သည် သခင်ငယ်၏ နောက်ကွယ်မှ အဓိက အထောက်ပံ့ဖြစ်မည်ကို ကြောက်သဖြင့် သူဌေးက တုန်လှုပ်သွားပြီး နှုတ်ခမ်းများပွင့်ကာ ပိတ်ကာ ကျိန်စာများကို သူ့ဗိုက်ထဲသို့ ပြန်မျိုချလိုက်သည်။

ဒါပေမယ့် လီယွီက သူ့ကို ကျင်းဝမ်က အနောက်ဘက်ကနေ တိတ်တဆိတ်  ထောက်ခံနေတယ်ဆိုတာ မသိခဲ့ဘူး။ သူဌေးက စကားရပ်သွားတာကိုမြင်တော့ လီယွီက   ရွှေလက်စွပ်ကို သူ့လက်ပေါ်ပြန်တင်လိုက်တယ်။

သူဌေးက သူ့ရဲ့   အပြုအမူကြောင့် စိတ်ရှုပ်သွားပြီး ပြောလိုက်သည်။

"မင်း၊ မင်းမှာ ပိုက်ဆံမရှိဘူး၊ မဝယ်ဘူးဆို၊ မင်း ဘာလို့ လက်စွပ်ကို ဝတ်ထားသေးလဲ" လို့ တိုးတိုးလေးပြောလိုက်တယ်။

လီယွီ က ရိုးရိုးသားသားနဲ့ ကြင်နာစွာပြောလိုက်တယ်။

 "ဦးလေး၊ ရွှေလက်စွပ်ရဲ့ ရောင်ဝါကို စုပ်ယူလို့ရတယ်လို့ ခုနက  ပြောခဲ့တာ မဟုတ်လား အခု ကျွန်တော် ခဏဝတ်ထားပြီး  ကျွန်တော့်စွမ်းအင်ကို ပြန်ထည့်ပေးနေတာ။ ဒါမှ တခြားလူတွေကို ရောင်းလို့ရမယ် မဟုတ်လား။   !"

သူဌေး:"......"

ကျင်းကျွယ်  ကုန်သည်ကြီးက အစောပိုင်းမှာ ဒီလက်စွပ်က စွမ်းအားရှိတယ်လို့ ပြောခဲ့တယ်မဟုတ်လား။   တကယ်လို့ သူက မဟုတ်ပါဘူးလို့ ငြင်းရန် ဘေးက လူတွေက သူ့ကိုဝိုင်းရိုက်လိမ့်မယ်။

သူဌေးက အဝေးကနေ ကြည့်နေသည့် လူငယ်ကို စိတ်မသက်မသာ စိုက်ကြည့်နေတယ်။ သူ့စိတ်ထဲမှာ အသက် အန္တရာယ်ကျရောက်လုနီးပြီဟု ထင်နေပြီး အံ့အားသင့်နေသည်။ ထိုလူငယ်လေး၏ အေးစက်သော မျက်နှာသည် ပိုအေးလာသည်ကို သူ အမြဲတမ်း ခံစားမိသည်။

လီယွီသည် ကျင်းကျွယ် လူမျိုး ကုန်သည်ကို လှည့်ပတ်ကစားရင်း  သူဌေးက ကူကယ်ရာမဲ့စွာ ကြည့်ရှုနေခဲ့ရသည်။

ဖြတ်သွားသော လူအချို့သည် လီယွီကို စူးစူးစိုက်စိုက်ကြည့်ကာ အချို့က ကျင်းကျွယ်လူမျိုးကုန်သည်ကို စိတ်ဝင်စားပြီး ကစားချင်ကြသည်။ သူဌေးက ဈေးရောင်းတော့မယ်လို့ ဟန်ပြင်ပေးမယ့် လီယွီ က ဈေးဝယ်တွေကို ကြေငြာလိုက်သည်။


 "မင်း ပိုက်ဆံအလုံအလောက်ရှိရဲ့လား? သူဌေးရဲ့ စည်းကမ်းက ဒါကို  ဝတ်ကြည့်ရင် ဝယ်ရမယ်တဲ့"

လမ်းသွားလမ်းလာက ဒီစကားကိုကြားတာနဲ့   အမြန်ထွက်သွားကြတယ်။

သူဌေးက အရမ်းစိတ်ဆိုးနေပေမယ့် လီယွီကို  ဒေါသမထွက်ရဲတော့ဘဲ နောက်ဆုံးမှာတော့ ကျင်းကျွယ်ကုန်သည်က လက်စွပ်ကို သူ့ဆီပြန်ပေးဖို့ လီယွီကို တောင်းဆိုပြီး တခြားနေရာကို သွားခိုင်းလိုက်ရတော့သည်။

 

လီယွီက ပြုံးပြီးပြောတယ်။

 "ဦးလေး၊ကျွန်တော် ခင်ဗျားကို စီးပွား လာဘ်လာဘတွေ တိုးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်၊ နောက်တစ်ခါ ထပ်လာခဲ့ပါဦးမယ်!"

ဘိုးဘေးတွေရေ... ငါ့ဆိုင်ကို  ဘယ်တော့မှ မလာပါနဲ့တော့....


 သူဌေးက ဘုရားကို ရှိခိုးပြီး ထိုသခင်လေး ပြန်မလာစေဖို့ ဆုတောင်းလိုက်ရတော့တယ်။

လီယွီ  သည် အချိန်အတော်ကြာအောင် ထိုနေရာမှာ ကစားပြီး ထွက်ခွာသွားခဲ့သည်။

ထိုအချိန်မှာ ကျင်းဝမ်က ဆံထိုးကို ကြည့်နေဆဲပင်။ လီယွီသည် ကျင်းဝမ်ထံ ပြန်သွားချင်သည်။ သူ လှည့်ကြည့်လိုက်တော့ သံတံတိုင်းလို မားမားမတ်မတ် ရပ်ကာ နှုတ်ခမ်းတွေ တွန့်ကွေးပြီး ကျင်းဝမ်က သူ့နောက်မှာ ရပ်နေတာကို တွေ့လိုက်ရတယ်။

"အရှင်..အရှင်မင်းသား....!"

လီယွီ၏လျှာက တွန့်သွားခဲ့သည်။ ဒီအယုတ်တမာကြီးက တချိန်လုံး သူ့နောက်မှာ ရှိနေတာလား...

 

သူက အကောက်ကြံတဲ့ သူဌေးနဲ့ ညှိနှိုင်းပြီး သူဌေးကို တမင်သက်သက် ကစားခဲ့တာကို ကျင်းဝမ် မတွေ့ခဲ့ဘူး မဟုတ်လား   !


သူက တဖက်သားကို ကတ်ဖဲ့တတ်သူ အနေနဲ့ ကျင်းဝမ် မြင်သွားခဲ့ရင် သူ့ပုံရိပ်တော့ သွားပါပြီ....

 

လီယွီသည် အနည်းငယ် ကြောက်ရွံ့နေသော်လည်း ကျင်းဝမ်က ပြုံးကာ ခေါင်းကိုပွတ်ကာ ရှေ့သို့ လျှောက်သွားကာ အင်္ကျီလက်မှ ငါးပုံသဏ္ဍာန် ဆံထိုးကို  ထုတ်ကာ လီယွီ၏ ဆံပင်ထဲသို့ ဂရုတစိုက် ထိုးပေးလိုက်သည်။

လီယွီ: ? ? ?

လီယွီသည် ပထမဆုံး လူသားဖြစ်လာသောအခါတွင် သူ၏ဆံပင်ကို ပိုရှည်စေရန် System က ပြုပြင်မှုအချို့ပြုလုပ်ခဲ့ပြီး ဆံပင်နှင့်ပတ်သက်သည့်  မှတ်ချက်များကို ပေးမနေတော့ပဲ လီယွီကိုယ်တိုင်လည်း သိပ်ဂရုမစိုက်ဘူး၊ သူက စိတ်လိုလက်ရရှိရင်  သရဖူလေးနှင့် ချည်ထားပြီး အိမ်တော်မှာ နေသည့် အချိန်အများစုတွင် ပုခုံးပေါ်သာ ချထားလေ့ရှိသည်။

ကျင်းဝမ်က ဒါကို သဘောကျတယ်လို့ ထင်ပြီး ဆံပင်ကို အထူးတလည်ပြင်ဆင်ရန် မပြောခဲ့ပေ။

 

ဒီအခိုက်အတန့်မှာ အခု သူက ဆံထိုးတစ်ချောင်းရပြီး လီယွီက ဆံထိုးအမြီးမှာပါတဲ့ ငါးပုံလေလးကို စွဲစွဲလန်းလန်း ကြည့်နေလိုက်တယ်။

သူ့နာမည်က လီယွီဆိုတော့ ကျင်းဝမ် က သူ့ကို ငါးဆံထိုး ပေးခဲ့တာလား။

ကျင်းဝမ် က ငါးကို အရမ်းကြိုက်တာပဲ....

လီယွီ၏ နားရွက်များသည် အနည်းငယ်နီနေပြီး၊ နောက်ပိုင်း ဆံပင်ပင်ကို ထုံးဖွဲ့တတ်အောင် သင်ယူသင့်သလားလို့ စဉ်းစားနေမိသည်။


 ************-************



(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now