Chapter (113-1) - တော်ဝင်အမဲလိုက်ပွဲ

3.7K 836 6
                                    

Chapter (113-1) – တော်ဝင်အမဲလိုက်ပွဲ

ဆဌမမင်းသားက ပေါင်းရိရဲ့သွေးကို ဘာကြောင့်လိုချင်တာလဲ။

ရှေးခေတ်သည် ယခုခေတ်နှင့် မယှဉ်နိုင်ပေ။ သွေးနဲ့ ဘာလုပ်နိုင်မှာလဲ။ လျှို့ဝှက်ဆန်းကြယ်သော ဝတ္ထုများတွင် တစ်ခါတစ်ရံတွင် တရားရုံးတော်မှာ သွေးသားတော်စပ်ကြောင်း မျိုးရိုးစဉ်ဆက်ကို စမ်းသပ်ရန် သွေးတစ်စက်ကို အသုံးပြုခဲ့ကြသော်လည်း ခေတ်သစ်လူသားတစ်ဦးအနေဖြင့် လီယွီသည် ထိုနည်းလမ်းမျိုးသည် ထိုမျှမမှန်ကန်ကြောင်း ကောင်းစွာသိရှိခဲ့သည်။ ဆဌမမင်းသားသည် "ပေါင်းရိ" ၏သွေးကိုသာ ရယူနိုင်ခဲ့သော်လည်း သူ ဘာလုပ်နိုင်မည်နည်း။

ကျင်းဝမ် သည် သူ့နဖူးကို အသာအယာပုတ်လိုက်ပြီး တော်ဝင်မိသားစုမှ ခွဲခြားထားသော အချက်အလက်တစ်ခုကို လီယွီအား ပြောပြလိုက်သည်။

နန်းတော်အတွင်းရှိ တော်ဝင်သမားတော်များသည် သွေးစက်အနည်းငယ်ကို အသုံးပြု၍ တော်ဝင်သွေးများ စစ်ဆေးလေ့ရှိသည်၊ ဆဌမ မင်းသားသည် ပေါင်းရိ၏သွေးကိုရရှိရန် သူ၏လက်အောက်ငယ်သားတစ်ဦးကို ခိုင်းစေသဖြင့် ဆဌမမင်းသားသည် ပေါင်းရိက တကယ် ကျင်းဝမ်၏ သွေးသားဖြစ်ကြောင်းကို သံသယဝင်နေမည်ကို ကျင်းဝမ် သိရှိခဲ့သည်။ ကျင်းဝမ် သည် သူ့ယူဆချက် မှန်ကန်ကြောင်း သူယုံကြည်နိုင်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် သူ့အား အခြားသူ၏သွေးကို ရယူခွင့်ပေးခဲ့သည်။

ထို့နောက် ဆဌမမင်းသား သည် ထိုကိစ္စရပ်ကို ဧကရာဇ်မင်းအား အသိပေးရန် လျှို့ဝှက် ကြံစည်လိမ့်မည်။ တစ်စုံတစ်ယောက်၏ တော်ဝင်မျိုးရိုးကို လိမ်လည်ပြောဆိုခြင်းသည် ဧကရာဇ်မင်းကြီး အမျက်တော်ရှဖို့ လုံလောက်နေလေပြီ။ ပြောင်းပြန်အားဖြင့်၊ အခြားမင်းသားတစ်ပါးအား စွပ်စွဲပြောဆိုခြင်းက ရာဇဝတ်မှုမြောက်ကာ ဆဌမမင်းသားကို တစ်ခါတည်း ပြစ်မှု မှတ်တမ်းဝင်သွားနိုင်သည်။

လီယွီ နှင့် ကျင်းဝမ် တို့သည် ဆဌမမင်းသား လုပ်မည့် ခြေလှမ်းကို စောင့်မျှော်နေကြသည် ။ မထင်မှတ်ပဲ ဆဌမ မင်းသားက နောက်တစ်ကြိမ် ဆုတ်ခွာသွားခဲ့ပြန်သည်။ အတော်ဆုံး BOSS အဖြစ် သူ့နာမည်နဲ့ ထိုက်တန်ပါပေသည်။ ကျင်းဝမ် ၏လက်ချက်ကြောင့် များစွာခံစားခဲ့ရသည့်တိုင် အမှားများစွာ ပြုလုပ်ခဲ့သော်ငြားလည်း သူသည် စိတ်တည်ငြိမ်မှုကို ထိန်းပြီး အသင့်တော်ဆုံးအချိန်အထိ စိတ်ရှည်သည်းခံကာ စောင့်နေဆဲဖြစ်သည်။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now