Chapter (138-2) - ငါ့ချစ်သူက အိမ်ရှေ့စံမင်းသား အားးးးးးးးး!

4.1K 842 20
                                    

Chapter (138-2) - ငါ့ချစ်သူက အိမ်ရှေ့စံမင်းသား အားးးးးးးးးးးးးးးးးးးးးး!


မကြာသေးမီက ကိုယ်လုပ်တော် များနှင့်ပတ်သက်၍ စိုးရိမ်စရာ မလိုတော့သည့်နောက်  လီယွီသည် သူနှင့်မမွေးသေးသောကလေး၏ ကျန်းမာရေးကို ဂရုစိုက်စရာကလွဲရင် အခြား ဘာကိုမှ လုပ်စရာမလိုတော့ပေ။ သူက ပေါင်းရိရဲ့လက်လေးကို ကိုင်ကာ စာရေးသင်ဖို့အရေးကိုသာ အာရုံစိုက်လိုက်သည်။
 ဒါပေမယ့် သူ စာလုံးရေးတာ အရမ်းမြန်သည်။ ပေါင်းရိ မှတ်ချိန် မရလိုက်ခင်မှာ စာမျက်နှာ တစ်မျက်လုံးကို ရေးပြီးသွားလေပြီ။

ပေါင်းရိသည် မူလက လီယွီ၏ စကားကို ကြားတော့ အရမ်းကို မျှော်လင့်နေမိသည်။ စာပေ ပညာရှင်အားလုံးသည် ကျင်းဝမ်ပါးပါး၏ လက်ရေးလှပခြင်းကို မရပ်မနား ချီးကျူးခဲ့ကြသည်။ ပေါင်းရိက ငါးပါးပါးရဲ့လက်ရေးက မဆိုးဘူးလို့ ထင်ခဲ့မိသည်။  ဒါပေမယ့် ငါးပါးပါးက သူ့ကို စာမျက်နှာတစ်ခု ရေးပြပြီးနောက်  ပေါင်းရိရဲ့ အိပ်မက်ဟာ ကွဲအက်သွားတော့သည်။

ငါးပါးပါး ရေးတဲ့စာလုံးတွေက သူ့လောက်တောင် မလှဘူး။ ပေါင်းရိသည် လှည့်စားခံလိုက်ရသလို ခံစားလိုက်ရပြီး ငါးပါးပါး စာရေးသင်ပေးမည်ကို ငြင်းဆန်လိုက်သည်။

ဒါပေမယ့် ငါးပါးပါးရဲ့လက်တွေ ယားယံနေပြီး သူ့သားလေးရဲ့ စိတ်ခံစားချက်ကို လုံးဝ သတိမထားမိခဲ့ပေ။  သူက ပေါင်းရိကို စာရေးနည်းကို ဆက်သင်ပေးချင်နေသေးသည်။ ပေါင်းရိသည် သူ့ခန္ဓာကိုယ်ကို လှည့်ကာ ငါးပါးပါးရဲ့ လမ်းညွှန်ချက်ကို ငြင်းဆန်ရန်  စိတ်ပိုင်းဖြတ်ပြီး စာရေးခြင်းကို အဆုံးသတ်လိုက်သည်။

လီယွီသည် သူ့သား၏ အထင်အမြင်သေးခြင်းကို ခံရကြောင်း ရုတ်တရက် သိလိုက်ရသည်– "......"

ငါး၏အဘိဓာန်တွင် 'မထီမဲ့မြင်ပြုခံရခြင်း' ဟူသော စကားလုံး မပါဝင်ပေ။  

လီယွီသည် အေးစက်စွာလှောင်ပြောင်ပြီး သူ့ပါးပါးကို အထင်အမြင်သေးဝံ့သည့် ထိုငါးကလေးအား ဆုံးမရန် အဆင်သင့်ဖြစ်နေချိန်တွင် ပေါင်းရိက သူ၏ စုတ်တံကို ဘေးဖယ်ပစ်လိုက်သည်။

အခြေအနေသိပ်မကောင်းသည်ကို ရိပ်မိတော့ ပေါင်းရိက မြန်မြန်ဆန်ဆန် စားပွဲပေါ်က လျှောချပြီး သူ့ခြေထောက်တိုလေးတွေနှင့် ထွက်ပြေးရန် ပြင်လိုက်သည်။

လီယွီသည် ခုန်ကျော်ကာ ပေါင်းရိကို အတင်းပွေ့လိုက်ကာ ပေါင်းရိ၏ ဗိုက်ဖောင်းဖောင်းလေးမှာ ပါးစပ်ကို အပ်ကာ လေမှုတ်ထုတ်ရင်း ပေါင်းရိကို ကလိထိုးတော့သည်။

ပေါင်းရိက တခစ်ခစ်နှင့် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ဝမ့်ရှီးက ရုတ်တရက် စာဖတ်ခန်းထဲ အသက်မရှုနိုင်အောင် အရေးတကြီးပြေးဝင်လာချိန်ထိ သားအဖနှစ်ဦး ပျော်ရွှင်စွာ ကစားနေသည်။ ဝမ့်ရှီးက   တံခါးဘောင်ကို ကိုင်ထားပြီး အသက်ကို အလုယက်ရှုကာ   စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

 "ဝမ်ဖေး၊ ကြီးကျယ်ခမ်းနားတဲ့ သတင်းကြီးရှိပါတယ်- ဧကရာဇ်က ဝမ်ရယ်ကို အိမ်ရှေ့စံမင်းသားအဖြစ် ချီးမြှောက်လိုက်ပါပြီ!"  

လီယွီ:!!!

ဟင့်အင်း....အဖြစ်ပျက်က ဒီလိုပဲ လွယ်လွယ်လေး ပြီးသွားပြီလား။

ဧကရာဇ်သည် အနည်းဆုံး တစ်နှစ် သို့မဟုတ် နှစ်နှစ် အနည်းဆုံး ငါးနှစ်လောက် စောင့်ချင် နေဦးမည်ဟု သူ ထင်ခဲ့သည်။ ဧကရာဇ်သည် အာဏာနှင့် ရာထူးကို အလွန်အမင်း အလေးထားခဲ့သည်။ သူ ကျင်းဝမ်ကို နောက်ထပ် စမ်းသပ်ဖူးတာ ဖြစ်နိုင်သေးသည်။ နောက်ဆုံးအကြိမ်တွင် ကျင်းဝမ်ကို အနောက်တောင်တန်း သို့ သွားခိုင်းခဲ့သည်။ နောက်တကြိမ်၊ တောင်ပိုင်းနယ်နိမိတ် ဖြစ်ကောင်းဖြစ်နိုင် လောက်သည်။ ဧကရာဇ်သည် သူ့ကို အိမ်ရှေ့မင်းသားအဖြစ် တစ်ခါတည်း ခန့်အပ်မည်ဟု ဘယ်သူက စိတ်ကူးမိမှာလဲ။

ကောင်းပြီ.... ဧကရာဇ်သည် ယခင်က ကျင်းဝမ်ကို သူ့ကိုယ်စား တိုင်းပြည်ရေးရာကို အဆက်မပြတ် စီမံခန့်ခွဲစေခဲ့သည်။ လီယွီသည် ဧကရာဇ်၏ နှလုံးသားကို အနည်းငယ် နားလည်နေပြီဖြစ်သည်။  

ဝတ္ထုထဲတွင် ကျင်းဝမ်ဟာ အိမ်ရှေ့မင်းသား  မဖြစ်ခဲ့ဖူးပေ။ သို့သော် သူ့ခင်ပွန်းက လုပ်နိုင်ခဲ့သည်။

နန်းတက်နိုင်ပြီလို့ မပြောနိုင်ပေမယ့် အခု ဘုရင်ဖြစ်ဖို့ အတော့်ကို နီးစပ်နေလေပြီ။

လီယွီ၏မျက်လုံးများသည် အနည်းငယ်စိုစွတ်နေသော်လည်း ထိုမျက်ရည်က သူ၏ခင်ပွန်းအတွက် ပျော်ရွှင်မှုကြောင့် ထွက်လာသည့် ဝမ်းသာ မျက်ရည် ဖြစ်သည်။

ဝမ့်ရှီးက "ဝမ်ရယ်ကို အိမ်ရှေ့စံမင်းသားအဖြစ် တင်မြှောက်လိုက်တဲ့အတွက် ဝမ်ဖေးက အခု Taizi Fei (အိမ်ရှေ့စံကြင်ယာတော်) ထိုက်ကျူဖေး ဖြစ်သွားပြီ။ တော်ဝင် အမိန့်တော်က မကြာမီ အိမ်တော်ကို  ရောက်ရှိလာပါတော့မယ်။ မင်းကြီးက ဝမ်ရယ် က (အိမ်ရှေ့စံ) ထိုက်ကျူ သရဖူ ဆောင်းပြီးနောက်မှာ ထိုက်ကျူနဲ့ ထိုက်ကျူဖေးအတွက် မင်္ဂလာပွဲကို ကိုယ်တော်တိုင် စီစဉ်ပေးချင်သည်ဟုလည်း မိန့်တော်မူ ခဲ့သေးတယ်"
 

လီယွီ: ".............................."  

လီယွီသည် မူလက အလွန်ပျော်ရွှင်နေခဲ့သေးသည်။ ဒီစကားကြားတော့ သူ ချက်ခြင်း ထိတ်လန့်သွားသည်။ မတတ်နိုင်ဘူးလေ။  သူက  သားလေးယောက်ကို မွေးဖွားခဲ့ပြီး ယခုအချိန်တွင် သူ၏ဗိုက်ထဲတွင် ချိုမြိန်သော ကောက်ညှင်းကပ်စေးလုံးလေးလည်း ရှိနေပြီ။ မင်္ဂလာပွဲ ထပ်လုပ်ဖို့ လိုသေးလို့လား။
 

"ဒါကို ဝမ်ရယ်က ဘာပြောတာလဲ။"

 လီယွီသည် ခင်ပွန်းသည် ငြင်းဆန်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ ဗိုက်ကြီးကြီးနဲ့ လက်ထပ်ပွဲ ဆင်နွဲရတာ နည်းနည်းရှက်စရာကောင်းလှသည်။  ထို့အပြင်၊ သူတို့သည် ထိမ်းမြားလက်ထပ်ခြင်းနှင့် စေ့စပ်ခြင်းကို နှစ်ကြိမ်တိုင်တိုင် လုပ်ထားပြီးဖြစ်သလို ကြီးကျယ်ခမ်းနားသည့် မင်္ဂလာပွဲကြီး လုပ်ထားပြီးသားပါ။ နောက်တစ်ခါ ထပ်ပြီး လက်ထပ်တာညက  နည်းနည်းထူးဆန်းနေသလိုပဲ။

"ဝမ်ရယ်......"

ဝမ့်ရှီး၏  မျက်လုံးထောင့်မှ တံခါးပေါက်တွင်  အဓိကဇာတ်လိုက်  ဝင်လာသည်ကို မြင်လိုက်သောအခါတွင် ဝမ့်ကုန်းကုန်းက ပြုံးပြပြီး ဆက်ပြောလိုက်တော့သည်။

 "ဝမ်ဖေးကိုယ်တိုင်သာ ဝမ်ရယ်ကို မေးကြည့်ရင် သိရပါလိမ့်မယ်"

မကြာသေးမီက ဝမ့်ရှီးသည် သူ၏သခင်ရဲ့စိတ်ကို  နားလည်သဘောပေါက်ပြီး လိုက်လျောညီထွေ ပြုမူလာခဲ့သည်။ ဝမ်ရယ် ပြန်ရောက်တာနဲ့ ဝမ့်ကုန်းကုန်းက  သခင်ငယ်လေးတွေကို ချက်ချင်းဖမ်းပွေ့ပြီး ထွက်သွားတော့သည်။

"ထျန်းချီ၊ ခင်ဗျား အခု အိမ်ရှေ့မင်းသား ဖြစ်သွားပြီလား။"

လီယွီသည် ခင်ပွန်းသည်ကို မြင်သည်နှင့်ပင် ပျော်ရွှင်လာသည်။ သူ့ဗိုက်ကို ဖိကာ ဝမ်းသာအားရ လျှောက်သွားလိုက်သည်။

သူ၏ ဝမ်းဗိုက်အောက်ပိုင်းသည် ဖြည်းဖြည်းချင်း စူဖောင်းထွက်နေသည်။ မု ထျန်းချီ က သူ အမြန် လမ်းလျှောက်နေတာကို မြင်တိုင်း စိတ်ပူပြီး အလျင်စလို ရပ်ခိုင်းလိုက်သည်။ သူကသာ ခြေလှမ်းကျဲကြီးဖြင့်    လျှောက်လာရင်း လီယွီကို လက်တစ်ဖက်ဖြင့် ဖေးမပေးကာ သူ့ကို မှီထားစေသည်။

"ထိုက်ကျူ ထျန်းရှ !" လီယွီက သူ့ကို စူးစူးရဲရဲ  စိုက်ကြည့်ကာ ပျော်ရွှင်စွာဖြင့် မျက်လုံးမှိတ်သွားသည်အထိ ပြုံးပြီး ခေါ်လိုက်သည်။
(ထိုက်ကျူ ထျန်းရှ - အိမ်ရှေ့စံ အရှင့်သား )

မု ထျန်းချီ သည် အစပိုင်းတွင် အနည်းငယ်တည်နေပေမယ့်  ရှောင်ယွီ၏ တက်ကြွသော အမူအရာက သူ့ကို ပြုံးရယ်လာစေသည်။  

အိမ်ရှေ့မင်းသားအဖြစ် ခန့်အပ်ခံရခြင်းသည် သူ့ဘဝအတွက် ကြီးမားသော ခြေလှမ်းတစ်ရပ်ဖြစ်သည်။ သို့သော် သူသည်   အလွန်သတိထားနေပြီး ရှောင်ယွီ သာမရှိလျှင် သူသည် ယခုအချိန်တွင် ဆွံ့အနေသော ဝမ်ရယ်သာ ဖြစ်ကောင်းဖြစ်နိုင်သည်ကို သိထားသည်။ ဒီအိမ်ရှေ့မင်းသားရာထူးကို ဘယ်သူရမယ်ဆိုတာ ဘယ်သူ သိနိုင်ပါ့မလဲ။

"ရှောင်ယွီ၊ အားလုံးအတွက် မင်းကို ကျေးဇူးတင်တယ်။ တကယ်ကို ကျေးဇူးအများကြီးတင်ပါတယ်။" ကျင်းဝမ်က ပြောလိုက်သည်။

မနက်ပိုင်း ညီလာခံကတည်းက ဒီအကြောင်းကို သူ တွေးနေခဲ့တာဖြစ်သည်။

"အင်း၊ အန်? ခင်ဗျားက ဘာကြောင့် ကျွန်တော့်ကို ကျေးဇူးတင်နေရတာလဲ။ ခင်ဗျား မယုံကြည်နိုင် ဖြစ်နေတာလား။ ကျွန်တော် ဝမ့်ရှီးဆီက ကြားပြီးသားပါ။ ဂုဏ်ယူပါတယ် လောင်ကုန်းရေ...... ခမည်းတော်က ကျွန်တော်တို့အတွက် မင်္ဂလာဆောင် ထပ်လုပ်ပေးချင်တယ်လို့လည်း ကြားတယ်။"

လီယွီသည် အနောက်နယ်စပ်တွင် ကြီးကျယ်ခမ်းနားသည့် မင်္ဂလာဆောင်မှ မြင်ကွင်းကို ပြန်သတိရ လိုက်သည်။ နေရာတိုင်း များပြားလှသည့် လူအုပ်ကြီးကို ပြန်သတိရကာ   ချက်ချင်းဆိုသလိုပဲ သူ့ရင်ထဲမှာ ထိတ်လန့်တကြားဖြစ်သွားသည်။

ကျင်းဝမ်က လီယွီက မကျေမနပ်ဖြစ်နေမည် စိုးရိမ်ပြီး စိတ်လှုပ်ရှားစွာဖြင့် ရှောင်ယွီ လက်ကို ဆုပ်ကိုင်ထားရင်း ပြောလိုက်သည်။

 "မင်းရဲ့ ကျန်းမာရေး အဆင်မပြေတဲ့အတွက် လက်ထပ်ပွဲကို ငါ သဘောမတူခဲ့ဘူး...... မင်းကို   လစ်လျူရှု ထားတယ်လို့  ခံစားရလားဟင်...."

"တကယ်လား? ကျွန်တော်က ဘာလို့ ခံစားရမှာလဲ...!"

လီယွီက ရယ်မောလိုက်သည်။ အခု သူက လက်ထပ်ပွဲ မလုပ်ချင်ကြောင်းကို တွေးနေခဲ့သည်။ ဒါပေမယ့် ကျင်းဝမ်က တကယ်ငြင်းခဲ့ပြီးသားဖြစ်နေတာလား? ချစ်သူ အချင်းချင်းကြားမှာ စိတ်ချင်း ဆက်သွယ်တယ်ဆိုတာ တကယ်လား။ တစ်ခုခုကို ငြင်းဆန်ချင်တာတောင်  သူတို့ဟာ တယ်လီပတီနည်းနဲ့ စိတ်ချင်း  ချိတ်ဆက်ခဲ့ကြသည်။

လီယွီက သူ့ယောက်ျားကို ရင်ထဲကနေ  မရပ်မနား ချီးမွမ်းနေစဉ် သူ့ လောင်ကုန်း ပြောလာသည်ကို ကြားလိုက်ရသည်။

 "ကိုယ် ခမည်းတော်နဲ့ ဆွေးနွေးပြီးပြီ။ ကလေးမွေးပြီးတာ၊ မင်း  ပြန်လည်နာလန်ထူပြီးမှ လက်ထပ်ပွဲ လုပ်တာက သိပ်နောက်မကျသေးပါဘူး။ မင်းကို သိမ်ငယ်စေမည့်အချက်ကို ကိုယ် ဘယ်လိုမှ သည်းခံမှာ မဟုတ်ဘူး "

 ကျင်းဝမ်သည် လီယွီ ဘက်သို့ လှမ်းကြည့်ကာ အလွန်ကျေနပ်သော အပြုံးဖြင့် ကတိပေးလိုက်သည်။

လီယွီ: "............................................."  

ကလေးမွေးပြီးရင် အဲဒါကို ဆက်လုပ်ဦးမှာလား။ ဒါကို သူ ဘယ်လို ငြင်းဆန်တယ်လို့ ပြောနိုင်မှာလဲ။

ကျွမ်းကျွယ်မင်းသမီးပြောတာတော့ ကလေးမွေးပြီးသွားရင် မင်းကိုယ်က ဗလာဟင်းလင်းဖြစ်သွားသလို ပေါ့ပါးသွားတယ်လို့ပြောဖူးတယ်။ အခုတော့ မီးပုံပျံလို ဖောင်းကားနေသည့် ပုံနှင့် လက်ထပ်ပွဲ ဆင်နွဲရမည်ကို လီယွီက စိုးရိမ်နေသည်။ လက်ထပ်ပြီးသွားချိန်မှာ သူ့ကိုယ်က ပြန်ပိန်သွားကောင်းပါရဲ့။
 
လီယွီရှက်သွားသော်လည်း ကျင်းဝမ်၏ ကျေနပ်နေသည့် အမူအရာကိုမြင်ရသည်... ကျင်းဝမ်သည် လက်ထပ်ပြီး လက်ထပ်ပွဲ ထပ်ကျင်းပရမည်ကို အလွန်နှစ်သက်ပုံရသည်။

နောက်ဆုံးတော့ သူတို့အိမ်ထောင်ရေးဟာ နောက်တစ်ကြိမ် ထပ်ပြီး အထမြောက်သွား နိုင်တာပေါ့။

....... မေ့လိုက်ပါ။ ခင်ပွန်းသည်က သဘောကျတဲ့အတွက် ဒီအကြောင်းကို နောက်မှ ဆွေးနွေးလို့ရပါတယ်။

မင်္ဂလာပွဲကို ထပ်ကျင်းပြပြီး မင်္ဂလာအရက်ကို ထပ်ပြီး မျှဝေသောက်ရုံပဲ မဟုတ်လား ။ အနီရောင် အိပ်ယာခင်းများနှင့် စောင်တွေကို ထပ်ကြုံရမှာပဲ မဟုတ်လား။ မင်္ဂလာ  ဝတ်စုံတွေ ထပ်ပြီး ဝတ်ရုံလေးပဲ မဟုတ်ဘူးလား? မင်္ဂလာပွဲ လုပ်နည်းလုပ်ထုံးကို သူက ရင်းနှီးပြီးဖြစ်လို့   မီးဖွားပြီးနောက် ကိုယ်အလေးချိန် အနည်းငယ် လျော့ကျသွားကာ ကြည့်ကောင်းနိုင်ပါသေးတယ်။

အလွန်အသားမကျစွာ တုတ်နေသော ခါးကိုထိလိုက်ကာ လီယွီသည် မင်္ဂလာပွဲကို တွေးရင်း တဖြည်းဖြည်း မျှော်လင့်လာခဲ့သည်။

အိမ်ရှေ့မင်းသားအဖြစ်သို့ ပြောင်းလဲသွားခြင်းအပေါ် လီယွီ၏ တုံ့ပြန်မှုသည် သာမန်မျှသာဖြစ်သည်။  

သို့သော် အိမ်ရှေ့မင်းသားကိုယ်တိုင်က သူ၏ ထိုက်ကျူဖေး သည် အလွန်တည်ငြိမ်သည်ဟု ခံစား နေရသသည်။ ရှောင်ယွီလေးက တကယ့်ကို  ငါးကြင်းနတ်ဆိုးဖြစ်ထိုက်ပါပေတယ်....


မထင်မှတ်ပဲ လမ်းတစ်ဝက်မှာ အခြေအနေတစ်ခု ဖြစ်သွားခဲ့သည်။

ညအချိန် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး ဟောက်နေတဲ့ငါးကလေးက ထိုညတွင် အကြိမ်ပေါင်းများစွာ နိုးလာပြီး ခင်ပွန်းဖြစ်သူကို မကြာခဏ လှုပ်ယမ်းကာ မယုံနိုင်စွာ မေးမြန်းလာခဲ့သည်။

 "ထျန်းချီ...ခင်ဗျား .... တကယ်ပဲ အိမ်ရှေ့စံမင်းသား ဖြစ်သွားပြီလား။"

မု ထျန်းချီ က တညလုံး သူ ဘယ်နှစ်ကြိမ်တောင်  ခေါင်းညိတ်ပြခဲ့မိမှန်းပင် မသိတော့ပေ။ သူက
  လီယွီ၏ ကျောကို ပွတ်သပ်ကာ ပွေ့ဖက်လိုက်သည်။  

ဒါကြောင့် ဒီငါးလေးက  စိတ်ထဲမှာ လုံးဝ မငြိမ်သက်ခဲ့ဘူးပဲ....ဒီအစား သူ၏တုံ့ပြန်မှုက အရမ်း နှေးကွေးနေရုံလေးသာ ဖြစ်သည်။

လီ - ကိုယ်ဝန် တစ်ကြိမ်ဆောင်ပြီး  သုံးနှစ်တိုင်တိုင် ကျင်းဝမ်နှင့် အတူရှိခဲ့သည့်  တုံးအတဲ့ - ယွီ က သူ မိုးပေါ် ပျံသန်းနေသလို အရမ်းပျော်နေတယ်- ငါ့ချစ်သူက အိမ်ရှေ့စံမင်းသား အားးးးးးးးးးးးးးးးးးးးးး!

 


**********-*********

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now