Chapter (141-2) - နို့ထိန်း ချောချောလေး

3.9K 811 14
                                    

Chapter (141-2) - နို့ထိန်း ချောချောလေး

ချူးရန့်ယွီ သည် သူ့အခြေအနေများကို ပြောင်းလဲပြီး ဆဌမ  မင်းသားကို လက်စားချေခြင်းမပြုမီတွင် ဧကရာဇ်၏မျက်နှာသာပေးမှုကို ရယူရန် လိုအပ်ပြီး ထိုအတွက်  တစ်ခုခုလုပ်ရန် လိုအပ်ကြောင်း ချူးရန့်ယွီ   နောက်ဆုံးတွင် သဘောပေါက်ခဲ့သည်။
သို့သော်၊ သူသည် ကျင်းဝမ် ၏အိမ်တော်တွင်ရှိစဉ်တွင် ကျင်းဝမ် ၏အာရုံကိုဆွဲဆောင်ရန်ထက် ပို၍ ခက်ခဲနသည်။   သူတွေးနိုင်သမျှ နည်းလမ်းအားလုံးကို အခြားလူများက ကျွမ်းကျင်စွာ အသုံးချပြီး နေပြီဖြစ်သည်။ သူ့အဖြစ်က ရှေ့လည်း မတိုးနိုင် နောက်လည်း မဆုတ်နိုင်သည့် ဘဝကို ရောက်နေသည်။

ဆဌမ  မင်းသား အာဏာဆုံးရှုံးပြီးနောက် သူ လက်စားချေရန် ပစ်မှတ်ကို လုံးဝဆုံးရှုံးသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ့အား ထောက်ပံ့မှုလည်း ဆုံးရှုံးခဲ့သည်။ နောက်ပိုင်းတွင် ကျန်းကွေ့ဖေး သည် လော့လန်ပြည်မှ မင်းသမီး လန်ယာ ဖြစ်လာခဲ့သည်။ ထိုအဖြစ်ကြောင့် ချူးရန့်ယွီ သည် အလွန်တုန်လှုပ်သွားသည်။

မင်းသမီး လန်ယာ ကလည်း သူ့ကို လျှို့ဝှက်ချက်တစ်ခု ပြောပြခဲ့သည်။ သူ့မှာ လော့လန် သွေး မျိုးဆက် ရှိနေလို့ မင်းသမီး လန်ယာ သည် မူလကတည်းက သူ့ကို ရွေးပြီး အရန်အဖြစ် ဆဌမ မင်းသား  ၏ ဘေးတွင် ထားခဲ့သည်။

ချူးရန့်ယွီ သည် သူ၏ အထောက်အထား ထုတ်ဖော်ခံရမည်ကို ကြောက်နေခဲ့သည်။ ဒါကြောင့် မင်းသမီး လန်ယာ စကားကို နားထောင်ဖို့ကလွဲလို့ သူ့မှာ ရွေးချယ်စရာ မရှိတော့ဘူး။

သူသည် နန်းတော်၌ ရက်ပေါင်းများစွာ နေထိုင်ခဲ့ပြီးနောက် လူတိုင်း အရေးပေါ်အစီအမံများ လိုအပ်ကြောင်း နားလည်ခဲ့သည်။ နှင်းမုန်တိုင်းထဲမှာ မီးသွေးပေးတာခြင်း (လိုအပ်နေချိန် အကူညီပေးခြင်း) က လုံးဝ ပြီးပြည့်စုံတဲ့ နှလုံးသားကို သိမ်းပိုက်နည်းဆိုတာ သူ သိသည်။  ထို့ကြောင့် သူသည် မင်းသမီး လန်ယာ ၏နောက်ကွယ်တွင် ဧကရာဇ်မင်းအား တမင်တကာ ရိုသေစွာ ပြုစုစောင့်ရှောက်ခဲ့သည်။ ဤသေးငယ်သော 'ကြင်နာမှု' သည် နောက်ဆုံးတွင် ဧကရာဇ်မင်းမြတ်၏ မျက်လုံးများထဲသို့ ရောက်ရှိသွားပြီး သူ၏အသက်ကို ကယ်တင်ခဲ့သည်။

မင်းသမီး လန်ယာ ကွယ်လွန်သွားပြီ။ လော့လန်ပြည်သား ဖြစ်သည့် သူ၏လျှို့ဝှက်ချက်ကို သူကိုယ်တိုင်နှင့် မင်းသမီး လန်ယာသာ သိသည်။ သူ့ကို  ခြိမ်းခြောက်မည့်သူ မရှိတော့ပေ။

ဧကရာဇ်က သူ့ကို အရင်ကထက် ပိုကောင်းစွာ ဆက်ဆံခဲ့ပေမယ့် ချူးရန့်ယွီ သည် ထိုမျှနှင့် မလုံလောက်ဟု ခံစားမိခဲ့သည်။

တစ်ချိန်က သူ့ကို အသက်ရှင်နေဖို့ တွန်းပို့ခဲ့တဲ့ ပစ်မှတ်ဟာ အခု လုံးဝ ပျောက်ကွယ်သွားခဲ့ပါပြီ။ သူ လုပ်နိုင်သည့်တစ်ခုတည်းသောအရာမှာ မင်းကြီး မြတ်နိုးရသည့် ကိုယ်လုပ်တော်ဖြစ်ရန် ကြိုးစားပြီး အထက်သို့တက်ရန် ကြိုးပမ်းခြင်းဖြစ်သည်။

သို့သော် ယခုအချိန်တွင် ဧကရာဇ်မင်းသည် နောက်ထပ်အုပ်စိုးရှင် အိမ်ရှေ့စံကို တရားဝင် ကြေညာခဲ့သည်။

ဧကရာဇ်မင်းကြီးက အသက်ကြီးနေပြီဆိုတာ ချူးရန့်ယွီ ရုတ်တရက် သိလိုက်ရသည်။ သူက မြတ်နိုးခံရသည့် ကိုယ်လုပ်တော်ပင်မဟုတ်သေးသည့်အချက်ကို လျစ်လျူရှုထားရတော့သည်။ နောက်ဆုံးတွင် သူသည် ဧကရာဇ်မင်း နတ်ရွာစံသွားခဲ့လျှင် ဘုန်းတော်ကြီးကျောင်းတွင် သေသည်အထိ နေလျှင်နေ၊ ဒါမှမဟုတ် မင်းကြီးနှင့်အတူ တမလွန်ပို့ဆောင်ဖို့ သဂြိုလ်ခံရလိမ့်မည်။

သူ့ရှေ့တွင်  အနာဂတ် ကင်းမဲ့ခြင်းက စောင့်ကြိုနေလို့ သူ ဘာအတွက် ကြိုးစားရတော့မလဲ။

သူက ငယ်သေးတယ်။ ဧကရာဇ်အတွက် သူ၏ကျန်ရှိသော ငယ်ရွယ်နုပျိုသော အချိန်များကို ဖြုန်းတီးရမည်ဆိုတာ သူ ဘယ်လို ကျေနပ်နိုင်မလဲ။ ဒီလိုတွေးမိတော့ ချူးရန့်ယွီ တစ်ယောက်၏ ရင်ထဲ မကျေနပ်ချက်တွေ ပိုပိုများလာခဲ့သည်။

အိမ်ရှေ့မင်းသားကို လှည့်မကြည့်ခင်အထိ သူ့ရင်ထဲ မျှော်လင့်ချက် ကင်းမဲ့ခြင်းတို့ လွှမ်းမိုးနေခဲ့သည်။
ဧကရာဇ်မင်းနှင့် နှိုင်းယှဉ်လျှင် အိမ်ရှေ့မင်းသားသည် ဖြည်းဖြည်းချင်း အမြင့်ကို တက်လှမ်းနေသည်။  

အိမ်ရှေ့မင်းသား ဇနီးမောင်နှံဟာ တစ်ယောက်ကို တစ်ယောက်  အရမ်းချစ်ကြသည်ဟု  နန်းတွင်းကလူတွေက ပြောကြသည်။  ချူးရန့်ယွီ သည် ယခင်က  ဒါကို မြင်ဖူးသည်။

တစ်ခါက တော်ဝင်နန်းတော်ထဲတွင် ပြဇာတ်ပွဲ တစ်ခု ရှိသည်။ ကိုယ်ဝန်ဆောင် ထိုက်ကျူဖေး သည် ဖျော်ဖြေပွဲအပြီး လမ်းတစ်ဝက်တွင် အိပ်ပျော်သွားခဲ့သည်။ အိမ်ရှေ့မင်းသားက ဧကရာဇ်မင်းကို တောင်းပန်ပြီး ထိုက်ကျူဖေး ကို သူ့အိမ်သို့ ကိုယ်တိုင်ပြန်ခေါ်သွားခဲ့သည်။



ထိုမြင်ကွင်းက အချိန် တစ်မိနစ်ခန့်သာ ရှိသော်လည်း ချူးရန့်ယွီ ၏ စိတ်ထဲမှာ စွဲမြဲနေခဲ့သည်။

မကြာသေးမီက သူ လိုချင်ခဲ့သော အရာသည် ယခု ထိုက်ကျူတျန်းရှ (အိမ်ရှေ့စံ) မှ ထိုက်ကျူဖေးအပေါ် ထားသည့် ချစ်ခြင်းမေတ္တာမျိုးဖြစ်သည်။  သူက များစွာ ခံစားခဲ့ရတာတောင်မှ သူ့ကို ရိုးသားစွာ ဂရုစိုက် မည့်သူ မရှိ၊ နန်းတော်ထဲက နှိမ့်ချအထင်သေးကာ ကြည့်တတ်သည့် ကွေ့ရန်  တစ်ယောက်အဖြစ် ရှိနေသေးသည်။ ထိုအချိန်တွင်၊ ထိုက်ကျူဖေး သည် သူ ဆန္ဒရှိသည့် အရာအားလုံးကို ပိုင်ဆိုင်ပြီး  ဘဝကို ဖြတ်သန်းနေသည်။ ထိုက်ကျူဖေး က မင်းကြီးအတွက် ဘာမှ မလုပ်ပေးပေမယ့် သူ့မှာ အရာအားလုံးရှိနေသည်။  

ထိုက်ကျူဖေး ၏ အဆင့်အတန်းသည် သူ့ထက်ပင် မြင့်မားသည်။ ချူးရန့်ယွီ သည် သူ့ရှေ့တွင် ဒူးထောက်ကာ ဦးညွှတ်ရန် လိုအပ်သည်။

ချူးရန့်ယွီ ၏ စိတ်ဓာတ်များသည် ထိုစဉ်ခဏ အောက်ဆုံးကို ထိုးကျသွားခဲ့သည်။  ထိုက်ကျူဖေး ရဲ့လျှို့ဝှက်ချက်ကို ရှာမတွေ့ခင်အထိ သူ့ဘဝတွင် မျှော်လင့်ချက် ကင်းမဲ့နေခဲ့သည်။

အခုတော့ အမြင့်တက်မည့် သူ့အခွင့်အရေး ရောက်လာပြီဆိုတာ သူ သိလိုက်လေပြီ။

"အိမ်ရှေ့မင်းသားဆီ သတင်း ပို့လိုက်ပါ။"

 ချူးရန့်ယွီ သည် သူ၏သစ္စာရှိကျွန်အား အလွန်သာယာသော စိတ်အနေထားဖြင့် အမိန့်ပေးခဲ့သည်။

မှန်ကိုကြည့်ကာ သူ့အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်လိုက်သည်။ ရုတ်တရက် စိတ်အားထက်သန်မှုကြောင့် သူသည်   နှုတ်ခမ်းဆိုးဆေးကို  ကောက်ယူပြီး နူတ်ခမ်းတွင် အနည်းငယ်  လိမ်းလိုက်သည်။ အခု သူ့နူတ်ခမ်းဖူးဖူးလေးတွေက ပန်းဖူးလေးလို ကြွရွတောက်ပလာခဲ့ပြီး   ဆွဲဆောင်မှုရှိမှ ကျေနပ်သွားသလို ခံစားလိုက်ရသည်။

"ချူးရန့်ယွီ - သူ ခင်ဗျားကို  တွေ့ချင်နေတာလား။"
အစောင့်က ယူဆောင်လာသော လျှို့ဝှက်သတင်းကို ကြားတော့ လီယွီက ထိုင်မမနေနိုင်တော့ပေ။

ဘာလဲဟ? ချူးရန့်ယွီ ကို သူတို့ လှည့်ဖြားပြီးနောက် ချူးရန့်ယွီက ဧကရာဇ်မင်းထံ သွားပြီး သူ့ကို ထိုးနှက်ကာ နောက်တစ်ကြိမ် ဖော်ထုတ်ရန် ကြံရွယ်ထားတာ မဟုတ်လား။ အခုလို သူ့ လောင်ကုန်းကို လှမ်းချိန်းသည့် ဖြစ်ရပ်က ထွက်ပေါ်လာရမှာ မဟုတ်ဘူးလေ။
 
ဒါပေမယ့် ချူးရန့်ယွီ က မင်းကြီးကို သွားတိုင်တာ မလုပ်ခဲ့ပါဘူး။ ယင်းအစား၊ သူသည် အိမ်ရှေ့စံမင်းသားထံသို့ တိတ်တဆိတ် သတင်းစကားပါးကာ ထိုက်ကျူဖေးဖြစ်သည့် သူ့ကို လေထုလို သဘောထားကာ ဆက်ဆံနေသည်။

ဘာ..... fuck.......

 ချူးရန့်ယွီ ရဲ့ ပန်းတိုင်က ဘာလဲ ဆိုတာကို သိလိုက်ရတော့  သူ အံ့သြနေမိသည်။   ချူးရန့်ယွီ သည် သူ့ခင်ပွန်းကို အမှန်တကယ် သွေးဆောင်ချင်နေသည် ။ လီယွီသည် ချက်ချင်းပင် ရှာလကာရည်ငါးကလေး ဖြစ်လာပြန်သည်။

".......ခင်ဗျား သူ့ကို သွားတွေ့မှာလား။ သူ့ကိုသွားတွေ့မှာလား!"

လီယွီက ကြက်တူရွေးတစ်ကောင် ဖြစ်သွားမှန်း မသိဘဲ ပြင်းပြင်းထန်ထန် မေးလိုက်သည်။

အိမ်ရှေ့မင်းသား၏လက်မောင်းကို ပွေ့ဖက်ကာ ပါးစပ်ကိုဖွင့်ကာ လက်မောင်း တစ်ဝိုက်ကို   ချွန်ထက်သောသွားများဖြင့် ကြိတ်ချေကာ ကိုက်လိုက်သည်။ တစ်ဖက်လူက သူ မနှစ်သက်တဲ့  အဖြေတစ်ခုပေးရင် သူက ထိုလူကို ပိုကိုက်လိမ့်မည်။

မုထျန်းချီ က မရယ်ပဲ မနေနိုင်တော့ပေ။ သူသည် ထိုငါးကလေး၏   ရှာလကာရည် သောက်သော အပြုအမူကို လွမ်းဆွတ်နေခဲ့သည်။ သို့သော်လည်း ငါးကလေးက သူ နာကျင်စေမည်ကို စိုးရိမ်သဖြင့် အရမ်းလည်း မကိုက်ပေ။  ထို့ကြောင့် သူသည် လီယွီ၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပြီး ဦးစွာ နှစ်သိမ့်လိုက်သည်။

"ငါ မသွားပါဘူး။" အိမ်ရှေ့မင်းသားက ပြတ်ပြတ်သားသား ပြောလိုက်သည်။

လီယွီ : "......"

ဒါက ကလေးကို ချော့နေတာနဲ့ ပိုတူတယ် !!

လီယွီသည် 'မွ' ဆိုသည့် အသံ ကျယ်ကျယ်ထွက်အောင် လုပ်ကာ   သူ့ပါးစပ်ပုံသဏ္ဍာန်ကို ပြောင်းလဲလိုက်ပြီး ကိုက်မည့်အစား နမ်းပစ်လိုက်ည်။ အကိုက်ခံရမည့်အချိန် ချောကလက် ပေးလိုက်ခြင်းဖြစ်သည်။  

အိမ်ရှေ့မင်းသား၏ နားရွက်များ နီရဲသွားစေလောက်အောင် လီယွီက တမင် ကျယ်လောင်စွာ နမ်းလိုက်သည်။

အိမ်ရှေ့မင်းသားက မသွားဘူးလို့ ပြောတဲ့အတွက် တကယ်လည်း မသွားပေ။ ချူးရန့်ယွီနှင့် ဘာမှ ဆွေးနွေးစရာမရှိဘူး။ ချူးရန့်ယွီ ပို့လိုက်သော အစေခံသည် အိမ်ရှေ့မင်းသားကို လူကိုယ်တိုင်ပင် တွေ့ခွင့်မရခဲ့ပေ။

ဝမ့်ရှီး သည် သူ့သခင်၏ စကားအတိုင်း ထွက်လာပြီး ထိုလူကို သေသေချာချာ မကြည့်ဘဲ ထွက်သွားစေခဲ့သည်။ အိမ်ရှေ့မင်းသား၏ အဆင့်အတန်းသည် မြင့်မြတ်လှသည်။ ကွေ့ရန်လေးတစ်ယောက်က သူ့ဆန္ဒအတိုင်း အိမ်ရှေ့စံကို တွေ့ဖို့ ဘယ်လိုဖြစ်နိုင်လဲ။

ချူးကွေ့ရန်  မှာ ဘာရည်ရွယ်ချက်ရှိလဲဆိုတာ  ဝမ့်ရှီး က သူ့ခြေဖဝါးနဲ့ တွေးကြည့်ရင်တောင် ခန့်မှန်းနိုင်တယ်။ သူက ချူးကွေ့ရန်  ၏မျက်နှာကို လက်ညိုးထိုးကာ အရှက်မရှိသူဟု ကျိန်ဆဲချင်ခဲ့သည်။

အစေတော်က အငြင်းခံလိုက်ရသဖြင့် စိတ်မကောင်းစွာ ထွက်သွားသည်။ ချူးရန့်ယွီ က အိမ်ရှေ့စံလာမည်ကို မျှော်လင့်စောင့်စားနေခဲ့သည်။ သို့သော်လည်း စောင့်ဆိုင်းပြီးနောက် အိမ်ရှေ့မင်းသားက သူ့ကို တွေ့ဖို့ ငြင်းဆိုသည့် သတင်းကိုသာ သူ ရရှိခဲ့သည်။

"ဒါက ဘယ်လိုဖြစ်ရတာလဲ? ငါ့မှာ အရေးကြီးတဲ့ သတင်းအချက်အလက်ရှိတယ်၊ အဲဒါ ထိုက်ကျူဖေး နဲ့ ပတ်သက်တယ်လို့ မင်းပြောခဲ့ရဲ့လား။"

ပထမတော့ ချူးရန့်ယွီက အငြင်းခံရသည်ကို မယုံချင်ဘူး။

သစ္စာရှိကျွန်က ကူကယ်ရာမဲ့စွာ သေချာရှင်းပြခဲ့သည်။

 "ကျွန်တော်မျိုး သေချာပြောခဲ့ပါတယ်။  ကြိမ်ဖန်များစွာပြောခဲ့တယ်။ ဒါပေမယ့် ဝမ့်ကုန်းကုန်း က အရှင်အိမ်ရှေ့စံက ကွေ့ရန်ကို တွေ့မှာမဟုတ်ဘူးလို့ပဲ ပြောခဲ့တယ်။"

...... အိမ်ရှေ့မင်းသားက သူ့ကို မတွေ့ချင်ဘူး ....တဲ့လား...

ချူးရန့်ယွီ ၏ ရင်ဘတ်သည် ဒေါသနှင့် ပြည့်နှက်လာသည်။ အိမ်ရှေ့မင်းသားက  ကျင်းဝမ် မင်းသား ဘဝတွင် ရှိသေးသည့်အချိန်ကလည်း သူက ချူးရန့်ယွီ ကို သေသေချာချာ မကြည့်ခဲ့ဖူးဘူး။ သူ့မှာ အလွန်အရေးကြီးတဲ့ အချက်အလက်တွေရှိပေမယ့် အိမ်ရှေ့မင်းသားက သူ့ကို နှိမ့်ချကာ အထင်သေးနေဆဲဖြစ်သည်။

ဒီလူက သူ့ကို ဘယ်လို အေးစက်စွာ ဆက်ဆံနိုင်ရတာလဲ။

သူသည် အိမ်ရှေ့မင်းသားကို ငါးနတ်ဆိုးလက်မှ ကယ်တင်ရန်သာ ဆန္ဒရှိပြီး သူ့ကို မင်းသားရဲ့ဘေးက ကြင်ယာတော် နေရာတစ်ခုအတွက် အလဲအလှယ်အဖြစ် အသုံးပြုချင်ခဲ့သည်။

တစ်ဖက်လူက ဧကရာဇ်မင်းဖြစ်လာသရွေ့ သူ့အဆင့်တန်းလည်း မြင့်တက်လာလိမ့်မည်။

ဒါပေါ့.... အိမ်ရှေ့မင်းသားနှင့် ထိုက်ကျူဖေး တို့ကြားက ချစ်ခြင်းမေတ္တာကို သူက အားကျသည့်အပြင် ထိုအတွက် သေမတတ် မနာလိုဖြစ်ကာ လိုချင်မိသည်။

သူ့ကိုလည်း ဒီလိုဆက်ဆံစေချင်တယ်။

တစ်ချိန်က သူသည် အိမ်ရှေ့စံမင်းသားနှင့် အလွန်ရင်းနှီးခဲ့သည်။ သို့သော် အိမ်ရှေ့မင်းသားက သူ့ကို မည်သည့်အခွင့်အရေးမှ မပေးခဲ့ဖူးပေ။

ဒါကြောင့် သူ မရနိုင်မှတော့ ထိုအရာကို  ဖျက်ဆီးပစ်လိုက်မည်.....

"ဒီလိုဖြစ်လာဖို့ မင်းပဲ တောင်းဆိုခဲ့တာနော်...ငါ့ကို အပြစ်မတင်နဲ့!"

 မျက်လုံးများ အနည်းငယ်နီသွားကာ ချူးရန့်ယွီ သည် သူ့ရှေ့မှန်ကို ကြမ်းပြင်ပေါ်သို့ ပစ်ခွဲလိုက်သည်။

နောက်ဆုံးသူက အလှပြင် စားပွဲမှ မထမီ စားပွဲပေါ်တွင် အချိန်အတော်ကြာ လှဲနေလိုက်သည်။ သူ့ဆံပင်ကို တစ်ဖန်ပြန်ပြင်ပြီး သစ္စာရှိကျွန်ကို ခေါ်ဆောင်ကာ ကန်ချင်း  နန်းတော်သို့ တဟုန်ထိုး ပြေးလာခဲ့သည်။

ချူးရန့်ယွီ သည် နောက်ဆုံးတွင် လှုပ်ရှားမှုကို ပြုလုပ်ခဲ့လေပြီ။ လီယွီလည်း စိတ်လှုပ်ရှားလာသည်။ ဗီလိန်က ဇာတ်ညွှန်းကို မလိုက်နာရင် သူ ဘာဆက်လုပ်ရမလဲ။

အိမ်ရှေ့မင်းသား၏ အဖြေ- ဇာတ်ညွှန်းကို လိုက်နာရန် တွန်းအားပေးပါ။  

ချူးရန့်ယွီ သည် ဧကရာဇ်မင်းထံ တွေ့ခွင့်ပေးရန် တောင်းဆိုလာသောကြောင့် လီယွီသည်လည်း သူ၏လှုပ်ရှားမှုကို အမြန်လုပ်ဆောင်ရန် လိုအပ်သည်။

"ကျွန်တော် ဘယ်လို ဝတ်ဆင်သင့်တယ် ထင်လဲ" လီယွီက သူ့ခင်ပွန်းကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။

အမဲလိုက်ခြင်းမပြုမီက မုထျန်းချီ သည် သူ့ကိုကာကွယ်ရန် အစောင့်အကြပ်အဖြစ် ဝတ်ဆင်ခဲ့သည်။ အခု သူလည်း ရုပ်ဖျက် ဝတ်ဆင်ဖို့ အလှည့်ရောက်ပြီ ။

- တကယ်တော့၊ သူ့ကို ထမ်းစင်လေးထဲ တိုက်ရိုက်ထည့်လိုက်တာ ကောင်းပါတယ်။ သူတို့ ဘာကြောင့် ထိုက်ကျူဖေး ကို ဝတ်ဆင်ဖို့ လိုအပ်မှာလဲ။ ထိုက်ကျူဖေး က ဒီမှာ ကစားချင်ခဲ့တာ ရှင်းပါတယ်။

အိမ်ရှေ့မင်းသားက ခဏလောက် စဉ်းစားလိုက်သည်။ ထို့နောက် သူ့မျက်လုံးများသည် ရွှင်မြူးနေသော ကြယ်များကဲ့သို့ တောက်ပလာသည်။

အစောင့်အရှောက် ဟန်ဆောင်သွားတာ မဟုတ်ပေ။  ဒီကမ္ဘာကြီးမှာ ဗိုက်ကြီးပူနေတဲ့ အစောင့်တွေ မရှိဘူး။ နောက်ဆုံးတွင်၊ နို့ထိန်းတစ်ဦးသာလျှင် အိမ်ရှေ့စံမင်းသားအား ကန်ချင်း  နန်းတော်သို့ အတူလိုက်ပါရန် တူညီသောထမ်းစင်ထဲ ထိုင်လိုက်လာခဲ့သည်။

 လောလောလတ်လတ် ရုပ်ဖျက်ထားသည့် နို့ထိန်းသည် အနည်းငယ်လေးလံပြီး ဗိုက်ကြီးနေသော်လည်း သူ့ရုပ်ရည်က  နုပျိုလှပပြီး ပြေပြစ်ကာ ချစ်စရာကောင်းနေသေးသည်။ သာမာန်အားဖြင့် ထိုက်ကျူဖေး ကို အလွန်စွဲလမ်းသော အိမ်ရှေ့မင်းသားသည်ပင် သူ့ကို အတော်ကြာအောင် မျက်စိမလွဲတမ်း စိုက်ကြည့်နေသေးသည်။


*****-*********

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now