Chapter (119-2) - လီယွီရဲ့ အကြင်နာတရား

3.6K 799 4
                                    

Chapter (119-2) - လီယွီရဲ့ အကြင်နာတရား


လီယွီ တစ်ခုခုပြောတော့မည့် အချိန်တွင် ချုံများထဲမှ အရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး သူ့ရှေ့တွင် မြေပြင်ပေါ် တိုက်ရိုက် ဝပ်ချလိုက်သည်။ လီယွီသည် ထိတ်လန့်တုန်လှုပ်သွားပေမယ့် အရပ်ရှည်ရှည်နဲ့ ကျင်းဝမ်က လီယွီကို သူ့နောက်ကို ရွှေ့လိုက်ပြီး သူ့ဓားကို ဆွဲထုတ်လိုက်သည်။ ထိုစဉ် ရောက်ရှိလာသူကို လီယွီ ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး အမြန်တားလိုက်သည်။

"ထျန်းချီ၊ ခဏစောင့်ဦး!"

ရောက်လာသူသည် မြေပြင်ပေါ်တွင် ဒူးထောက်ရန် အတော်လေးကို မသက်မသာဖြစ်နေသည်။

- "ဝမ်ရယ်....ကျင်းဝမ်ဖေး၊ ကျွန်မ တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်မ ခင်ပွန်းသည်ကို ကူညီပေးတော်မူပါ!"

ဆဌမမင်းသား၏ ကြင်ယာတော် လျန်ရှီးက ဆံပင်ဖရိုဖရဲဖြင့် သူတို့ရှေ့တွင် ဒူးထောက်လျက် ရှိနေသည်။

လျန်ရှီး၏နောက်မလှမ်းမကမ်းတွင် လူအုပ်ကြီးသည် ပြေးလာပြီး "ဆဌမဝမ်ဖေး" ဟု ထပ်ခါတလဲလဲ အော်နေသည်။ သို့သော်လည်း လျန်ရှီးသည် နားမကြားသလို ဖြစ်ကာ လီယွီ နှင့် ကျင်းဝမ် တို့ကို ကြည့်ပြီး မျက်ရည်များ စီးကျလာကာ တောင်းပန်ဟန် ကြည့်နေလေသည်။

ဒီမှာ ဘာတွေဖြစ်နေတာလဲ? လီယွီ အံ့အားသင့်သွားသည်။

လျန်ရှီးက သူ နှင့် ကျင်းဝမ် ရှေ့တွင် ဒူးထောက်နေတာက မသင့်လျော်ဘူးဆိုတာ ထင်ရှားသည်။ လျန်ရှီး၏ ဖောင်းကားနေသော ဗိုက်ကို မြင်လိုက်ရတော့ လီယွီ သည် ပို၍ပင် စိတ်မသက်မသာ ခံစားလိုက်ရသည်။

"ဒီလိုမလုပ်ပါနဲ့။ မြန်မြန်ထပါ။" လီယွီက တင်းတင်းကျပ်ကျပ် ခံစားနေရသည်။

ဝါစဉ်အရ သူနှင့် လျန်ရှီးကို "လင်ညီအစ်မ" အဖြစ် သတ်မှတ်နိုင်သည်။ သို့သော်လည်း၊ ကျင်းဝမ် သည် လက်ရှိတွင် ဆဌမမင်းသားနှင့် ဆက်ဆံရေးအရ သူတို့သည် ရန်သူများကဲ့သို့ ဖြစ်နေသည်။ လီယွီနှင့် ဆဌမမင်းသား ကြင်ယာတော်တို့သည် တစ်ဦးနှင့်တစ်ဦး ခေတ္တခဏမျှသာ တွေ့ကြပြီး အချင်းချင်း သာကြောင်း မာကြောင်းသာ ပြောဖူးသည်။ထို့အပြင်၊ ယောက်ျားနှင့်မိန်းမတို့ကို နီးကပ်စွာ ထိတွေ့ဆက်ဆံရန် ခွင့်မပြုသောကြောင့် သူတို့က လုံးဝ မရင်းနှီးကြပေ။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now