Chapter (132-2) - လောင်ကုန်းကို ကယ်မယ့် ငါး

3.8K 848 16
                                    

Chapter (132-2) - လောင်ကုန်းကို ကယ်မယ့် ငါး

ဘေးနားမှခိုးနားထောင်နေသော လီယွီသည် အိပ်မက်မှ နိုးလာသလိုမျိုး တုန်လှုပ်သွားသည် ။

အိုး ဖား....

 ဒီလန်ယာမင်းသမီးက ရာဇပလ္လင်ကို ဆဌမမင်းသားဆီ ပေးချင်တယ်လို့ လူတိုင်းက ထင်နေကြပေမယ့် စကားအဆုံးထိ  နားထောင်ပြီးနောက် သူမကိုယ်တိုင်ဘုရင်မ ဖြစ်ချင်တယ်လို့ ဘယ်သူမှ မထင်ခဲ့မိပေ။
 
ဆဌမမင်းသားသည် ဧကရာဇ်မင်းကြီး၏သားတော်ပင်မဟုတ်ပဲ သာမန် အစားထိုး ရုပ်သေး ရုပ်လေးသာဖြစ်သည်။ ဗီလိန်တွေအကုန်လုံးက စကားအလွန်အကျွံပြောရင် ပြဿနာရှိတယ်လေ။  မင်းသမီး လန်ယာ ဒီလိုအချိန်မျိုးမှာ မလိမ်လောက်ဘူး။ သူမက  လိမ်ညာစရာမလိုပေ။
 

အမှန်တရားများစွာကို ရုတ်တရက်ကြားလိုက်ရသောအခါ ဧကရာဇ်သည် ဒေါသနှင့် အသည်းကွဲသွားတော့သည်။ မင်းသမီး လန်ယာ ၏ ပြောင်ပြောင်တင်းတင်း အကျပ်ကိုင်မှုကို သူ အမှန်တကယ် မတုံ့ပြန်နိုင်တော့ပေ။

မင်းသမီး လန်ယာ သည် ဧကရာဇ်မင်းကြီး မည်သို့တုံ့ပြန်မည်ကို ဂရုမစိုက်ပေ။ သူမ၏ခံစားချက်အားလုံးကို တစ်ချက်ပြီး တစ်ချက် ဖွင့်ထုတ်ကာ ကလဲ့စားချေခဲ့လေပြီ။ ၊ သူမသည် ရှိနေသူအားလုံးကို ဂုဏ်ယူစွာ ပတ်ကြည့်ကာ  ကျင်းဝမ်ကို စိုက်ကြည့်နေသည်။

သူမသည် ကျင်းဝမ်ကို အနည်းငယ် ပြုံးပြပြီး ပြောခဲ့သည်။

"မင်းရဲဆွံ့အတဲ့ရောဂါ ပျောက်ကင်းဖို့ ငါ ဘယ်တုန်းကမှ မမျှော်လင့်ထားပေမယ့် ရွှယ်ယားကို မင်း သိခဲ့တာ ဖြစ်မယ်။ ဒါပေမယ့် နောက်ဆုံးတော့လည်း မင်းက ခြေတစ်လှမ်း နောက်ကျနေသေးတယ်။  ငါက မင်းထက်တောင် ပိုမြန်ပြီး ဧကရာဇ်မင်းကြီးကို အကျဉ်းချနိုင်ခဲ့တယ်။ ဒီနှစ်တွေမှာ မင်းက ပိုက်ကွန်က လွတ်သွားတဲ့ ငါးတစ်ကောင်သာသာပဲ။  မင်းရဲ့အသက်ကို ငါ မသတ်နိုင်ခဲ့ပေမယ့် အဆုံးမှာတော့ မင်းရဲ့ရှေ့ကို ငါ ခြေတစ်လှမ်းကျောနေသေးတာပဲ ။ အခု မင်းငါ့ကို ခြိမ်းခြောက်ဖို့ ဝှက်ဖဲ မရှိတော့လို့ ငါ့ကို မင်း ဘာပြန်လုပ်နိုင်မှာလဲ "  

ကျင်းဝမ်က   အဌမမင်းသားက သူ့ခန္ဓာကိုယ်နဲ့ ကာကွယ်နေတဲ့ ငါးကန်ကို ကြည့်လိုက်တယ်။ သူ့လက်ကို ဖြေလျှော့ပြီး သူ့ဓားမြှောင်ကို မြေပြင်ပေါ်သို့ လွှတ်ချလိုက်သည်။

ကျင်းဝမ်က သူ့ကိုကြည့်နေတာကို လီယွီသိသည်။

ကျင်းဝမ်၏မူလအစီအစဉ်အရ၊ သူသည် ဆဌမမင်းသား ကိုဓားစာခံအဖြစ်အသုံးပြုကာ ကိုယ်လုပ်တော် ကျန်း ကို သူနှင့်လဲလှယ်ရန်အတင်းအကျပ်ခိုင်းစေမည်ဖြစ်သည်။ ဒါက မူလက အကောင်းဆုံး အစီအစဉ်ပါ။ သို့သော် မမျှော်လင့်ဘဲ၊ ကိုယ်လုပ်တော် ကျန်း ၏ တကယ့်အထောက်အထားမှာ ဆဌမ   မင်းသား ကို လုံးဝဂရုမစိုက်သော မင်းသမီး လန်ယာ ဖြစ်နေသည်။

ဆဌမ   မင်းသား သည် ဓါးဆာခံလဲလှယ်နိုင်လောက်သည်အထိ တန်ဖိုးမရှိခဲ့ပေ။
 
ကျင်းဝမ်သည် ဆဌမမင်းသားကို အမိဖမ်းခဲ့ပေမယ့် မင်းသမီး လန်ယာ သည် သူ့ လျှို့ဝှက်လူသတ် သမားအား  ဆဌမ မင်းသားကို သတ်ရန် အမိန့်ပေးခဲ့သည်။ ကွယ်လွန်သွားသည့်တိုင် ဆဌမ   မင်းသား သည် အဖြစ်မှန်ကို ဘာမှ မသိခဲ့ပေ။ သူ့ဘဝတစ်လျှောက်လုံးမှာ လူပေါင်းများစွာကို အသုံးချခဲ့ပေမဲ့ တကယ်တော့ သူအမြတ်ထုတ်ခံရဆုံးသူဖြစ်နေတာ  ဘယ်လောက်တောင် ရယ်စရာကောင်းသလို  ဘယ်လောက်ဝမ်းနည်းစရာကောင်းလိုက်လဲ။

အဌမမင်းသားနှင့် ပေါင်းရိတို့ကို တော်ဝင်သွေးများမဟုတ်ကြောင်း အကြံဖန်ထုကာ အကောက်ကြံခဲ့ပေမယ့် သူကိုယ်တိုင်က တော်ဝင်သွေးသားပင် မဟုတ်ခဲ့ကြောင်း သူ့ဖာသာ မသိခဲ့ပေ။
ထိုအချိန်တွင် မင်းသမီး လန်ယာ သည် ဧကရာဇ်မင်းကြီးကို ဖြုတ်ချရန် စိတ်ပိုင်းဖြတ်ထားခဲ့သည်။   သူမသည် ဧကရာဇ်မင်းကြီးအား လူ့အသက်ကို အလေးမထားသဖြင့်  ရှုတ်ချခဲ့သည်၊ သို့သော် မရေမတွက်နိုင်သော အပြစ်မဲ့သော သူတွေရဲ့ အသက်တွေကို သူမ ကိုယ်တိုင် သတ်ဖြတ်နေတယ် မဟုတ်လား။

ဧကရီ ရှောင်ဟွေ့... စတုတ္ထမင်းသား၊ ပူလျှို၊ ကျင်းဝမ် ၊ လက်ရှိ ဆဌမမင်းသား။  

သူမသည် ဧကရာဇ်ကို မုန်းတီးပြီး အကြောင်းပြချက်ကောင်း ပေးနေပေမယ့်  အခြားလူများသည် သူမ၏လက်စားချေမှုအတွက် စတေးခံ ယဇ်ကောင်တွေဖြစ်ခဲ့တာပဲ မဟုတ်လား။
 
သူမ အသံကောင်း ဘယ်လောက်ဟစ်နေပါစေ နောက်ဆုံးမှာတော့ သူမရဲ့ တစ်ကိုယ်ကောင်းဆန်မှုနဲ့ သူမ ထီးနန်းရဖို့ကိုပဲ ရှေ့တန်းတင်နေခဲ့သည်။

ယခု ကျင်းဝမ်သည်သူ့ရဲ့ နိုင်ကွက်ကို လက်လွှတ်လိုက်ရသောကြောင့်   မူလအစီအစဉ်အတိုင်း လုပ်ဆောင်ရန် မဖြစ်နိုင်တော့ပေ။

သူသည် သူ့လက်နက်ကို လွှတ်လိုက်ပြီး အဖမ်းခံရန် စောင့်ဆိုင်းနေရခြင်းမှာ သူ့ချစ်သည်းညှာလေး လီယွီကို ထိပါးမည်ကို ကြောက်နေသောကြောင့် ဖြစ်သည်။  

ကျင်းဝမ်ရဲ့ အကြည့်တချက်ဖြင့်  စကားတစ်လုံးမှ မပြောဘဲ၊ လီယွီက အားလုံးကို နားလည်လိုက်သည်။

မင်းသမီး လန်ယာ သည် သူမလူများကို ကျင်းဝမ်နှင့် ဧကရာဇ်ကို အတူတကွ ခေါ်ဆောင်ကာ ချုပ်နှောင်ထားရန် အမိန့်ပေးခဲ့သည်။

အဌမမင်းသားသည် ငါးကန်ကို သူ့ဘာသာသူ ကောက်ယူပြီး ကျင်းဝမ်ဘေးတွင် ရပ်လိုက်သည်။

"ဒီကိစ္စကို စဉ်းစားဖို့ နောက်ထပ်တစ်ရက် ပေးမယ်။ ဉာဏ်ကောင်းမယ်ဆိုရင် ရှင့်ဖာသာ ထီးနန်း မြန်မြန်စွန့်ပါ။ ဒါမှ မဟုတ်ရင် ကျွန်မက ရှင့်နေရာမှာ အစားထိုးမယ့် လူတစ်ယောက်ကိုရှာထားပြီးသား  "

မင်းသမီး လန်ယာ သည် ဧကရာဇ်မင်းကြီးအား တင်းမာသောအသံဖြင့် တိုက်တွန်းလိုက်သည်။  

ဧကရာဇ်၏ နှလုံးသားထဲတွင် အေးခဲသွားသလို ခံစားလိုက်ရသည်။

ကျင်းဝမ်က ဧကရာဇ်ကို ခေါင်းအနည်းငယ်ခါပြလိုက်သည်။ မင်းသမီး လန်ယာ သည် သူမ၏မျက်နှာကို ပြောင်းလဲနိုင်သော်လည်း ဧကရာဇ်အဖြစ်  အလွယ်တကူ အယောင်ဆောင်မယ့်လူ ရှာလို့ မရနိုင်ပေ။ သူမသည် တော်ဝင်မျိုးရိုးအဖြစ် ဟန်ဆောင်လို့ ဘယ်လိုမှ မဖြစ်နိုင်ပေ။  မင်းသားလီနှင့် တော်ဝင်မျိုးနွယ်တို့ ပူးပေါင်းပြီး မေးခွန်းထုတ်ပါက မင်းသမီး လန်ယာ ၏ ရုပ်သေးရုပ်က အလွယ်တကူ ပေါ်သွားနိုင်သည်။  ထို့ကြောင့် သူမသည် ဧကရာဇ်မင်းကြီးအား လိုလိုလားလား ထီးနန်းစွန့်ရန် ဖိအားပေးနေခြင်းဖြစ်သည်။

ဧကရာဇ်မင်းကြီးရဲ့  ပါးစပ်က တရားဝင် ထုတ်ပြောနေသရွေ့ ရာဇပလ္လင်ကို မသက်ဆိုင်တဲ့မိန်းမဆီ လွှဲပေးတာဟာ ယုတ္တိမရှိပေမယ့် ဘယ်သူမှ စောဒက တက်နိုင်မည် မဟုတ်ပေ။  မင်းသမီး လန်ယာ က တရားဝင် နန်းတက်ချင်ရင် ဒီလိုတစ်နည်းပဲ ရှိသည်။  ဧကရာဇ်က သဘောတူလိုက်ပါက သူမ နန်းတက်ပြီးနောက်    သူ့အတွက် တစ်ခုတည်းသောလမ်းမှာ သေခြင်းပင်ဖြစ်သည်။

မင်းသမီး လန်ယာ က စိတ်ပြောင်းသွားပြီး အခြားမင်းသားလေးနှစ်ယောက်ကို ရာဇပလ္လင်ပေါ်သို့ တွန်းတင်လိုက်ပါက ဧကရာဇ်အတွက် အလွန်တရာ နစ်နာသွားမည်ဖြစ်သည်။ သို့သော်၊ သူမသည် ဧကရာဇ်မင်းကြီးကို မုန်းတီးပြီး ဧကရာဇ်၏အသွေးအသားကို မုန်းတီးသောကြောင့်၊ သူမက ထိုအကွက်ကို မလှမ်းခဲ့ပေ။

ထို့ကြောင့် အခုမင်းသား အားလုံးသည် ယခုအချိန်တွင် အကျဉ်းသားများဖြစ်ကြသော်လည်း   ခေတ္တ လုံခြုံနေဆဲဖြစ်သည်။

ဧကရာဇ်မင်းကြီးကြီးလည်း ဤအရေးကြီးသောအချက်များကို သိနေသည်။ မောင်းမမိဿံများနှင့် ခွဲခွာပြီး အပြင်ဘက်တွင် အစောင့်အကြပ်များဖြင့် ဧည့်ခန်းမဆောင်သို့ ခေါ်ဆောင်သွားပြီးနောက် ဧကရာဇ်ဘုရင်က ပြောပြခဲ့သည်။

"ထျန်းချီ....ခမည်းတော် ဒီဖြစ်ရပ်ကို သတိမထားမိခဲ့ဘူး"

"လီယွီက အနောက်နန်းဆောင်မှာ တိုင်းတပါးသူရှိလားလို့ မေးတဲ့အခါ ကိုယ်လုပ်တော်မိန်ကို ချက်ချင်းပြန်သတိရသွားတယ်။ ခမည်းတော် တသက်လုံးမှာ တိုင်းတပါးသူ ကိုယ်လုပ်တော်တယောက်ပဲ လက်ခံခဲ့တယ်။ အဲ့ဒီအချိန်တုန်းက ကိုယ်လုပ်တော် မိန် နေထိုင်ခဲ့သည့် လော်ရှောင်း  နန်းတော်ထဲမှာ ခမည်းတော်က  သဲလွန်စ ရှာဖွေချင်ခဲ့ပေမယ့် မထင်မှတ်ပဲ လမ်းတစ်ဝက်မှာ ကျန်းရှီးကို တွေ့ခဲ့တယ်။ ခမည်းတော် သတိမထားမိတဲ့အချိန်လေးအတွင်း ခမည်းတော်က ကျန်း-ရှီး ရဲ့လက်ထဲကို ကျရောက်သွားတယ်။ သူမဟာ မိန် ရဲ့ ကိုယ်လုပ်တော်ဖြစ်လိမ့်မယ်လို့ တစ်ခါမှ မထင်ထားမိဘူး...... သူက မင်းရဲ့လူတွေကို နန်းတော်ထဲကို ခေါ်ခိုင်းပြီး အားလုံးကို တပြိုင်နက် ဖမ်းဖို့ စီစဉ်ခဲ့သူဖြစ်တယ်။ နောက်ဆုံးတော့ ခမည်းတော်က မင်းကို ဒုက္ခပေးခဲ့မိ သူပဲ"

ဧကရာဇ်သည် အလွန်ဝမ်းနည်းဖွယ်နေပြီး ဧကရီ ရှောင်ဟွေ့နှင့် စတုတ္ထ မင်းသားကွယ်လွန်ခြင်း နှင့် ကျင်းဝမ်အဆိပ်သင့်ရခြင်း အကြောင်းရင်းကို သိရှိပြီးနောက် ဧကရာဇ်သည် လော့လန်ကို အစကတည်းက လုံးလုံးလျားလျား မဖျက်ဆီးနိုင်ခဲ့သည့်အတွက် နောင်တရနေခဲ့သည်။  

ဘာပဲဖြစ်ဖြစ် နှစ်ဖက်စလုံးက တစ်ဖက်နဲ့တစ်ဖက် ရန်ငြိုးထားခဲ့သည်။  လော့လန်၏ဘုရင်သည် တစ်ချိန်က တော်ဝင်မြို့တော်ထိတိုင် စစ်တိုက်ကာ သိမ်းပိုက်မည်ဟု ကြွေးကြော်ခဲ့ဖူးသည်။  ထိုအချိန်တွင် ဧကရာဇ်မင်းကြီးသည် ငယ်ရွယ်ပြီး အားမာန်အပြည့်ရှိနေသည်။ ဘုရင်ချန်အန်း၏ ယခုလို မိုက်ရိုင်းစော်ကားမှုကို ဘယ်လိုလုပ် ငြိမ်ခံနေနိုင်မှာလဲ။
 
နောက်ဆုံး နှစ်နိုင်ငံ စစ်ဖြစ်ခဲ့သည်။ စစ်မြေပြင်မှာ တိုက်ခိုက်ပြီး အရှုံးကို လက်ခံခဲ့မည်ဆိုလျှင်တော့ ဘာမှမဖြစ်ပေ။  သို့သော် နောက်ဆုံးတွင် စစ်ရှုံးသွားသူမှာ ချန်အန်းဘုရင်ဖြစ်သည်။ ဘုရင် ချန်အန်း သည် တော်ဝင်မြို့တော်သို့ သူ့သမီးတော်ကို ဆက်သဖို့ ရောက်ရှိသောအခါ ဧကရာဇ်က  နှစ်နိုင်ငံကြားက ရန်ငြိုး အားလုံးပြီးဆုံးသွားပြီဟု  အမှန်တကယ်ယုံကြည်ခဲ့သည်။

 ဒါပေမယ့် မင်းသမီး လန်ယာ သည် အမှန်တကယ်ကို အငြိုးကို ရင်ဝယ်သိမ်းဆည်းကာ  မကောင်းမှု အားလုံးကို ဆက်လက်ကျူးလွန်မည်ဟု မထင်ခဲ့မိပေ။

ထိုအချိန်တွင် ဧကရာဇ်သည် မင်းသမီး လန်ယာ ကို သိပ်စိတ်မဝင်စားခဲ့ပေ။ မူလ လော့လန်ဘုရင် ကျေနပ်စေရန်အတွက် သူမအား ကိုယ်လုပ်တော်ဘွဲ့တစ်ခုသာပေးခဲ့သည်။ ထိုအချိန်တွင်၊ သူသည် အခြားသော မောင်းမမိဿံများကဲ့သို့ပင် သူမကို ဆက်ဆံရန် စီစဉ်ခဲ့သည်။ သို့သော် မင်းသမီး လန်ယာ သည် တော်ဝင်နန်းတော်သို့ ဝင်ရောက်ပြီးနောက်တွင် သူ့ကို လုပ်ကြံရန်သာ အာရုံစိုက်ခဲ့သည်။ ဒီမိန်းမကို မထိန်းနိုင်ဘူးဆိုတာ သူ သိသဖြင့်  မဆိုင်းမတွ သေဒဏ်ချခဲ့သည်။ ဒီအမျိုးသမီးရဲ့နောက်ကွယ်မှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ အင်အားကို သူ လုံးဝ မစုံစမ်းခဲ့ပေ။

ရိုးရိုးသားသားပြောရလျှင် နောက်ဆုံးတွင် သူသည် သူ၏ရန်သူကို လျှော့တွက်ခဲ့ခြင်းကြောင့်ဖြစ်သည်။ သူ့ရန်သူသည် လိမ္မာပါးနပ် လွန်းသောကြောင့် အခုလို ဆိုးကျိုးကို သူ ရင်ဆိုင်ခဲ့ရသည်။

ဧကရာဇ်သည် သူ၏ အတိတ်က လုပ်ရပ်အတွက် အလွန်နောင်တရနေခဲ့သည်။ ကျင်းဝမ်က လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ပခုံးပေါ် အသာအယာ ပုတ်လိုက်သည်။

"အရမ်း ဝမ်းမနည်းပါနဲ့ ခမည်းတော်.... ဒါက အဆုံးမဟုတ်ပါဘူး။" ကျင်းဝမ်ကဆက်ပြောခဲ့သည်။

 "တကယ်လို့ ခမည်းတော်ကို ကယ်ဆယ်ဖို့ တပ်တွေကို ဆင့်ခေါ်ဖို့ တော်ဝင်အမိန့်တစ်ခုပေးအပ်ပါလို့  ကျွန်တော်  ရဲရဲရင့်ရင့် တောင်းဆိုပါရစေ "

  ဧကရာဇ်သည် ယခင်က ကြီးမားပြင်းထန်သောဖြစ်ရပ်ကို ကြုံတွေ့ဖူးသူပီပီ သူ့ရင်ထဲက ခံစားချက်ကို ထိန်းသိမ်းကာ လက်ရှိအဖြစ်ကို အာရုံစိုက်လိုက်သည်။

ကျင်းဝမ်သည် ကယ်ဆယ်ရန်အတွက် တပ်များကို ဆင့်ခေါ်ရန် တော်ဝင်အမိန့်ကို တောင်းတယ်ဆိုတာ ဘာကို ဆိုလိုသည်ကို မင်းကြီး သိသည်။ တပ်ကို   ဆင့်ခေါ်သည့် အမိန့်ပြန်တမ်းကို ရေးစေချင်တာက မခဲယဉ်းပေမယ့် အမိန့်ပြန်တမ်းကို လုံးဝယုံကြည်ထိုက်သူဆီ လွှဲပေးရမည်။  ဤနည်းအားဖြင့်သာ တော်ဝင်မြို့တော်ကို ခုခံကာကွယ်သော စစ်သည်တော်များသည် နန်းတော်ကို ဝိုင်းရံကာ ဧကရာဇ်မင်းကြီးအား ကယ်တင်ရန် စုစည်းနိုင်မည်ဖြစ်သည်။ သို့သော် ဤအမိန့်စာသည်သာ လန်ယာမင်းသမီး  လက်ထဲရောက်သွားပါက၊ ရလဒ်မှာ တွေးမကြည့်ဝံ့အောင် ကြောက်စရာကောင်း နေတော့သည်။

"ထျန်းချီ...မင်းက ဒါကို လုပ်ဖို့ ယုံကြည်ရမယ့်လူ ရှိလား" ဧကရာဇ်က မေးလိုက်သည်။

"ဟုတ်ကဲ့။" ကျင်းဝမ်က ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့သည်။

ဧကရာဇ်သည် သူ့သားတော်အား အကြာကြီး ကြည့်နေ၏။ သူ စိတ်ပျက်အားငယ်သွားပြီး ဒီရန်သူလက်က လွတ်ဖို့မဖြစ်နိုင်ဘူးလို့ တွေးလိုက်ချိန်မှာတော့ ကျင်းဝမ်ဟာ တည်ငြိမ်ပြီး ယုံကြည်မှုအပြည့်ရှိဆဲပင်။  ဧကရာဇ်သည် သူတို့ ရန်သူလက်မှ လွတ်ရန် ကျင်းဝမ်တွင်  အစီအစဉ်ရှိကြောင်း မသိစိတ်က ယုံကြည်ခဲ့သည်။  

"ကောင်းပြီ ခမည်းတော် မင်းကိုယုံတယ်" ဧကရာဇ်က ပြောလိုက်သည်။

ဧကရာဇ်သည် သူ့င်္အကျီလက်ထဲမှ ကျောက်စိမ်းသေတ္တာကို ထုတ်ယူလိုက်သည်။ ဤသေတ္တာသည် လက်တစ်ချောင်း၏ အရှည်ခန့်ရှိပြီး အတွင်း၌ လုံးဝလွတ်နေသည်။ ဤအရာသည် ယခုအချိန်တွင် ဧကရာဇ်မင်းကြီးထံ၌ တည်ရှိနေခြင်းမှာ အရေးကြီးလို့ဆိုတာ ထင်ရှားသည်။
 

ဧကရာဇ်မင်းကြီးသည် ကျောက်စိမ်းသေတ္တာကို မြေပြင်ပေါ်သို့ တိုက်ရိုက်ပစ်ချကာ အပိုင်းပိုင်းခွဲပစ်လိုက်သည်။

ကြမ်းပြင်ပေါ်ရှိ ကျောက်စိမ်းတုံး အပိုင်းအစများမှ သံတံဆိပ်တစ်ဝက်ကို ကျောက်စိမ်းတွင်း မြှုပ်ထားသည့်ကို တွေ့လိုက်ရသည်။ သံတံဆိပ်ပေါ်တွင် ရက်စက်ကြမ်းကြုတ်သော ကျားရုပ်ပုံကို ထွင်းထုထားသည်။  

ဒါက......

ကျင်းဝမ် လန့်သွားသည်။

"ဒါက ငါ့ရဲ့ ကျားတံဆိပ်အမိန့်ပြားပဲ။ ဒီတံဆိပ်ကို မြို့စောင့်တပ် စစ်သေနာပတိချုပ်လက်ထဲကို ပေးလိုက်ရင် ပြန့်ကျဲနေတဲ့ စစ်တပ်အားလုံးကို စုစည်းနိုင်တယ်။ ဒီတံဆိပ်ကို ခမည်းတော် လျှို့ဝှက်သိမ်းဆည်းထားလို့   မင်းသမီး လန်ယာရဲ့  လူတွေ လုံးဝ ရှာမတွေ့ခဲ့ဘူး။  "

ဧကရာဇ်က ပြုံးပြီး ကျားတံဆိပ်ကို ကျင်းဝမ်ကို ပေးလိုက်သည်။

"ဒီတံဆိပ်နဲ့ ခမည်းတော်တို့ကို ကယ်တင်ဖို့ မင်း စစ်တပ်တွေကို အမိန့်ပေးနိုင်တယ် "  

ကျင်းဝမ်က ခေါင်းညိတ်ကာ သတိထားပြီး လက်ခံလိုက်သည်။

ဧကရာဇ်က စပ်စုကာ မေးလိုက်သည်။

"ကန်ချင်း နန်းတော်က အဲဒီအမျိုးသမီးရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီ။  လုံခြုံရေးကလည်း တင်းကျပ်တယ်။ တံဆိပ်ကို ဘယ်လိုလုပ်ပြီး အပြင်ထုတ်ဖို့ စီစဉ်ထားလဲ။"

ကျင်းဝမ်၏ အကြည့်သည် မဝေးလှသော ငါးကန်ပေါ်သို့ ရောက်သွားပြီး သူ့လက်ထဲတွင် ကျားတံဆိပ်ကို ကိုင်ထားလျက် ငါးကန်ဆီသို့ လျှောက်သွားသည်။

လီယွီက သူနှင့်အတွေးတူနေသည်။  သူသည် ငါးခေါင်းကို မြှင့်ထားပြီး စိတ်မရှည်စွာ စောင့်နေသည်။  

"ရှောင်ယွီ......"

ကျင်းဝမ်က ငါးကန်နားကို ငုံ့ကာ ခေါ်လိုက်သည်။

လီယွီသည် ကျားတံဆိပ်ကို  ဦးတည်ကူးခတ်ပြီး  ပူဖောင်းတစ်ခု မှုတ်ထုတ်လိုက်သည်။ မည်သူမျှ သတိမထားမိဘဲ ဤနေရာမှ ထွက်ခွာသွားနိုင်သည်ကို သူ သာလျှင် သိခဲ့ပြီး ကယ်ဆယ်ရေးတပ်များကို စုရုံးခေါ်ရန် ကျားတံဆိပ်ကို ယူဆောင်သွားနိုင်သည်။

"ငါးကို ပေးလိုက်ပါ၊ ကိစ္စမရှိပါဘူး!"

လီယွီသည် သူ၏အမြီးအား အားသွန်ခွန်စိုက် လှုပ်ယမ်းပြီး ကျားတံဆိပ်ကို ယူဆောင်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။  

ကျင်းဝမ်က ဒီလိုပဲ စီစဉ်ခဲ့တာ။ သို့သော်လည်း သူသည် ကျားတံဆိပ်ကို ချက်ချင်းလက်မလွှဲပြောင်းခဲ့ပေ။ ယင်းအစား သူသည် သူ၏လက်ချောင်းများကို ရေထဲသို့ထည့်ကာ  ငါး၏ကျောကို အသာလေး ညစ်လိုက် သည်။ လီယွီသည် အလွန်သက်တောင့်သက်သာခံစားရပြီး သူ့အမြီးဖျားများပင် တုန်သွားသည်။ သူ့နောက်ကျောကို ပွတ်သပ်ပေးတာ လုံလောက်တယ်လို့ မခံစားရတော့လို့ ပက်လက် လှန်လိုက်ကာ    ကျင်းဝမ်အား ငါးရဲ့ဗိုက်ကို ထိခွင့်ပေးလိုက်သည်။

ဒီမှာ မင်းမခံစားရဘူးလား... ဒီမှာ ချစ်စရာ မုန့်လုံးလေး တစ်ယောက် ရှိနေတယ်လေ။

ကျင်းဝမ်သည် ငါး၏ဗိုက်ကို တွန့်ဆုတ်စွာ ဆုပ်ကိုင်ရင်း ရပ်တန့်သွားသည်။

"အားလုံးအဆင်ပြေသွားမှာပါ!" လီယွီသည် ကျင်းဝမ်လည်း စိတ်ပူနေသည်ကို သိသဖြင့် သူ့အမြီးကို ကျင်းဝမ်၏ လက်ချောင်းများတွင် အလျင်အမြန် ရစ်ပတ်ထားကာ ကျားတံဆိပ်ကို ပါးစပ်ဖြင့် စိတ်မရှည်စွာ ကိုက်ဆွဲလိုက်ချိန်   ကျင်းဝမ်က နောက်ဆုံးတွင် ခေါင်းညိတ်လိုက်ပြီး ငါး၏ခန္ဓာကိုယ်တွင် ကျားတံဆိပ်ကို ချိတ်ရန် ကြိုးတစ်ချောင်းကို ရှာလိုက်သည်။

"ထျန်းချီ မင်းက ဒီငါးကို ကျားတံဆိပ် ပေးချင်တာလား" ဧကရာဇ်သည် အံသြသွားသည်။

ငါးတစ်ကောင် ကျားတံဆိပ်ကို ပို့ပေးဖို့က ဒါ မဖြစ်နိုင်လောက်ဘူး  မဟုတ်လား......။

"ခမည်းတော်...သားတော်ကိုယုံသလို သူ့ကို ယုံလို့ရပါတယ် " ကျင်းဝမ်က ပြောလိုက်သည်။  

ကျင်းဝမ်သည် လေးနက်သောအမူအရာဖြင့် ပြောသည်ကို တွေ့ပြီးနောက် မင်းကြီးက ထျန်းချီ နောက်ပြောင်တာမဟုတ်ကြောင်း သိလိုက်သည်။   ထို့အပြင်၊ ကျင်းဝမ်၏ငါးက ဘယ်လောက်တောင် ပါးနပ်လိမ်မာသလဲဆိုတာ တွေးလိုက်သည်။ ပြီးတော့ ငါးက ဆဌမ   မင်းသား ရဲ့မျက်နှာကို ဘယ်လိုရိုက်ရမလဲဆိုတာတောင် သိသည်။  ဧကရာဇ်မင်းကြီးသည် ဤအရာကို မိမိမျက်စိဖြင့် ယခုလေးပင် မြင်ဖူးလိုက်သည် မဟုတ်လော။

နက္ခတ္တဗေဒဌာနနှင့် ဘုန်းတော်ကြီး လျောင်ခုန်း တို့ပင်လျှင် ယခင်က ဤငါးကို ချီးကျူးခဲ့ကြသည်။ ဒီငါးကို သူ ယုံကြည်ရမယ်...

ဧကရာဇ်သည် နောက်ဆုံး ယုံကြည်မှုအပြည့်ဖြင့် ကျင်းဝမ်၏ အစီအစဉ်ကို လက်ခံခဲ့သည်။

ကန်ချင်း နန်းတော်ရဲ့ နံဘေးက ခန်းမထဲမှာ ရေကန်တစ်ခု ရှိပြီး အပြင်ဘက်နဲ့ ဆက်သွယ်လို့ ရနေတယ်... လူတွေက ဖြတ်မသွားနိုင်ပေမယ့် ငါးက ဖြတ်သွားနိုင်တယ်။  

ကျင်းဝမ်က လီယွီကို ကောက်ကိုင်လိုက်ပြီး ရေထဲသို့ ညင်သာစွာ ချထားလိုက်သည်။ လီယွီသည် ရေထဲသို့ဝင်ကာ ကျင်းဝမ်ကို အဝေးမှ ပျံဝဲကာ အနမ်းပေးလိုက်သည်။ ထို့နောက် အမြီးကို ဝှေ့ယမ်းကာ လျင်မြန်စွာ ကူးခတ်သွားသည်။

လူတိုင်း၏ အမြင်ကနေ လွတ်လာပြီဆိုမှ  လီယွီသည် ကျားတံဆိပ်ကို သူ၏ နေရာလွတ်တွင်  ချက်ချင်းသိမ်းဆည်းခဲ့သည်။

ဤမျှ အဖိုးတန်သော အရာကို ကိုယ်ပေါ်လွယ်လျက် ငါးက ဘယ်လို သယ်သွားနိုင်မလဲ။


********-********

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now