Chapter (153) - ကလေးလေးမုထန်းချီ၊ မင်းအဖေ လီယွီက မင်းကို ရှာနေတယ်။

3.4K 634 13
                                    

Chapter (153-1) - ကလေးလေး...မုထန်းချီ၊ မင်းအဖေ လီယွီက မင်းကို ရှာနေတယ်။

မုထျန်းချီ က ဒီငါးကလေးကို သူလုပ်ချင်တာမှန်သမျှ လုပ်ခွင့်ပေးခဲ့သည်။ အခု ခေါ်တာက ငါးကြင်း နတ်ဆိုးလေး နေထိုင်ရာ 'လျှို့ဝှက်ဆန်းကြယ်သောတောင်' သို့သွားလည်ခြင်းဖြစ်သည်။ အိမ်ရှေ့ မင်းသားက ရှောင်ယွီ တစ်ယောက် တောင်ပေါ်တွင်နေထိုင်တယ်လို့ အိမ်ရှေ့မင်းသားက ယုံကြည်နေခြင်းဖြစ်လို့ ယခု အလည်အပတ်ခရီးအတွက် အိမ်ရှေ့မင်းသားသည် အလွန်ဝမ်းသာပြီး လိုက်ပါဖို့ ဆန္ဒရှိခဲ့သည်။

ဒါပေမယ့် ကလေးတွေက သူတို့နဲ့ မလိုက်နိုင်ဘူး။ သူတို့ဟာ ငယ်လွန်းသေးပြီး သူတို့ကို ခေါ်ဆောင်လာ မယ်ဆိုရင် သူတို့ကို ပြုစုစောင့်ရှောက်ဖို့ မလွယ်လှပေ။ ထို့ကြောင့် သူတို့ကို အိမ်တော်ထဲတွင်သာ ထားနိုင်သည်။

အိမ်ရှေ့မင်းသားက အမြန်ပြင်ဆင်လိုက်သည်။ အမှန်တော့၊ သူနဲ့ လီယွီ က အိမ်မှာနေပြီး ကလေးတွေကို ကောင်းကောင်းဂရုစိုက်ဖို့ ဝမ့်ရှီး နဲ့ ရှောင်လော် တို့ကို အမိန့်ပေးရုံပဲလေ။

လီယွီသည် အိမ်ရှေ့မင်းသားကို သူ့နှင့်အတူ လိုက်ပါဖို့ မည်သို့ထည့်ရမည်ကို မသိခဲ့ပေ။ ထို့ကြောင့် ဦးစွာ အိမ်ရှေ့မင်းသား၏လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကာ Systemထဲသို့ ဝင်ခဲ့သည်။

လီယွီ က အဆင်သင့်ဖြစ်ပြီ။

အိမ်ရှေ့မင်းသားကို ငါနဲ့အတူ ခေါ်သွားချင်တယ်။ ဒါကို ဘယ်လို လုပ်ရမလဲ။

System က "Host ၊ မင်း ရဲ့ခေတ်ကို ဦးတည်ဖို့ ခလုတ်ကို နှိပ်လိုက်ရုံပဲ။"

လီယွီက ပြောသလို ဖိလိုက်သည်။ ထို့နောက် ရုတ်တရက် သတိလစ်သွားသလို အမှောင်ထဲသို့ နစ်မြုပ်သွားခဲ့သည်။

သူပြန်နိုးလာတဲ့အခါ၊ System ထဲမှာ မရှိတော့သလို သူ့လက်နှင့်တင်းကျပ်စွာ ဆုပ်ကိုင်ထားသည့် အိမ်ရှေ့မင်းသားလည်း မပါလာတော့ပေ။ လီယွီက သူ့အခန်းထဲက စားပွဲခုံပေါ်တွင် လှဲနေကာ ဆဲလ်ဖုန်းက သူ့မျက်နှာနားတွင် ရှိနေသည်။

လီယွီသည် စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကိုမော့ကာ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။ ဤအခန်း....သူနှင့် အလွန်ရင်းနှီးပြီး ခေတ်မီသော 21 ရာစုမှ သူ့အိမ်ဖြစ်သည်။ ထိုအချိန်တွင် လက်ကိုင်ဖုန်းထံ သူ့အကြည့် ရောက်သွားသည်...။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now