Chapter (118-2) - နောက်ကွယ်က တရားခံပေါ်ပြီ

4.5K 943 16
                                    


Chapter (118-2) - နောက်ကွယ်က တရားခံပေါ်ပြီ



ဧကရာဇ်က သမားတော်ဖန်းကို ဖမ်းဖို့ လူတွေကို အမိန့်ပေးပြီးတာနဲ့ ဆဌမမင်းသား၏ မျက်နှာအရောင်က ချက်ချင်းပြောင်းသွားသည်။ သို့သော်လည်း အခြေအနေက မြန်ဆန်လွန်းသဖြင့် တော်ဝင်အစောင့်များသည် လူအုပ်ထဲမှ အခြားတစ်ဦးကို ဖမ်းဆီးလိုက်သောအခါတွင် ဖြစ်ပျက်ခဲ့သမျှကို နားလည်ရန် အခွင့်အရေး မရလိုက်ပေ။

-ဒါက သမားတော်ဖန်း ကို ဆက်သွယ်ဖို့ သူပို့လိုက်တဲ့ လက်အောက်ငယ်သား ဖြစ်သည်။

ဆဌမ  မင်းသားလေး၏ အေးစက်သော ချွေးများက သူ့မျက်လုံးထဲသို့ စိမ့်ဝင်လာသည်။ သူ့အမြင်အာရုံ ချက်ချင်း မှုန်ဝါးသွားသည်။

"ဒါဘယ်သူ့ကျွန်လဲ" ဧကရာဇ်က အေးဆေးစွာမေးလိုက်သည်။

ဆဌမ  မင်းသားက မလှုပ်ရဲတော့ဘူး။ သူက ဘာမှလည်း ဘာမှ မပြောဝံ့။ ဧကရာဇ်မင်း၏အကြည့်သည် သူ့ထံရောက်လာသလို ခံစားရသည်။ စကားတခွန်းပြောလိုက်တာနဲ့ မင်းကြီးက သူ့ကို ဖမ်းမိမှာ သေချာသည်။လောလောဆယ်တော့ နားမလည်နိုင်တော့လို့ တွေးမနေအားတော့ပဲ သူ့ကိုယ်သူ ကာကွယ်ဖို့ အသည်းသန်တွေးရတော့သည်။

ထိုသစ္စာရှိ လက်အောက်ငယ်သားသည် မူလက သူ၏ မွေးမိခင် ကိုယ်လုပ်တော်ကျန်း၏ ဆွေတော်မျိုးတော်ဖြစ်သည်။ သူသည် ထိုလူ၏ မိသားစုကို ထိန်းချုပ်ထားလို့  အဲဒီလူက သူ့ကို သစ္စာမဖောက်ဘူးဆိုတာ သေချာသည်။ တစ်ခုခုဖြစ်ခဲ့ရင် ဆဌမမင်းသားရဲ့ ရာဇဝတ်မှုအားလုံးကို ကိုယ်စား သူပဲ အပြစ်ဝန်ခံလိမ့်မည်။

သမားတော်ဖန်းက အကုန်ထုတ်ပြောကာ ကိုယ်လွတ်ရုန်းမည်ကိုသာ သူ     ကြောက်နေခဲ့သည်။ သို့သော် သမားတော်ဖန်းက ဝန်ခံရန် ငြင်းဆိုနေသရွေ့ ဧကရာဇ်သည် သူ့အား ဘာမှ မလုပ်နိုင် သေးပေ။

သူသည် အခြားသူများကို တိုက်ခိုက်ရန် အစီအစဉ်လုပ်နေသဖြင့်     စာတွေကို မကြာခဏ အသုံးပြုသောကြောင့်၊ သူနှင့် သမားတော်ဖန်း အကြား သတင်းအချက်အလက်ဖလှယ်ရန် စာပို့တာကို  ဘယ်သောအခါမှ မသုံးခဲ့ပါ။  နှုတ်ဖြင့်သာ သတင်း ပေးပို့ခဲ့သည်။  သူ၏ သစ္စာရှိ လက်အောက်ငယ်သား များကြား နူတ်မိန့်သာ တဆင့်ပြောကြားစေသည်။ အခုအပြစ်ကို သူ ရှောင်လွှဲဖို့ ငြင်းနေသရွေ့၊ အရင် လာဘ်ပေးလာဘ်ယူ ကိစ္စလိုပဲ၊ ဧကရာဇ် ဒေါသထွက်နေရင်တောင် ဒီလုပ်ရပ်က ဆဌမမင်းသားကို သက်သေအဖြစ် တစ်ဖက်သတ် စကားလုံးတွေ သုံးကာအပြစ်ပေးလို့ မရပေ။
 

စုံစမ်းစစ်ဆေးမှုတစ်ခုမှ ဖော်ထုတ်နိုင်ဆုံးသောအချက်မှာ သူနှင့်လက်အောက်ငယ်သားများသည် သခင်/ကျွန်ဆက်ဆံရေးရှိခြင်းပင်ဖြစ်သည်။ သို့သော်လည်း သူလည်း လှည့်စားခံရလို့ ကျွန်လုပ်သမျှ ဘာမှ မသိဘူးဟု ငြင်းနိုင်သည်။

ဧကရာဇ်သည် သမားတော်ဖန်း နှင့်  အစေခံတို့ကို ခေါ်သွားခိုင်းသည်။  အခင်းဖြစ်ပွားရာနေရာရှိ လူအများအပြားသာမက  မင်းသားလီကိုယ်တိုင်ပင် နားမလည်ဖြစ်ကာ မေးခဲ့သည်။

မင်းသားလီ-  "အရှင်မင်းကြီး... ဒီလူက တစ်ခုခုလုပ်ခဲ့တာလား" လို့ မေးဖို့ သတ္တိကို စုဆောင်းလိုက်တယ်။

ဧကရာဇ်မင်းသည် အဌမမင်းသားအား အ ကြည့်ဖြင့် အားပေးခဲ့သည်။ လီယွီ၏ ရင်ခွင်ထဲသို့ ဖိသွင်းခံ ရသော ပေါင်းရိသည် သူ၏ ထွားကြိုင်းသော လက်လေးကို အားရပါးရ မြှောက်လိုက်သောအခါတွင် သူက ပြန်မဖြေရသေးပေ။

"ဟုတ်တယ်!" ပေါင်းရိဒီမေးခွန်းရဲ့အဖြေကို သိပြီ!!

ဧကရာဇ်မင်းသည် ပေါင်းရိကို ဂုဏ်ပြုပြီး လီယွီအား ပေါင်းရိကို ခေါ်လာရန် အမိန့်ပေးခဲ့သည်။

လီယွီ သည် ကျင်းဝမ် ကို ပေါင်းရိကို ဤနေရာမှ ခေါ်ဆောင်လာစေရန် ဆွဲဆောင်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ သို့သော်လည်း ပေါင်းရိသည် တစ်ဝက်တစ်ပျက် မြင်ကွင်းများထဲ မထင်မှတ်ပဲ ဆွဲသွင်းခံလိုက်ရပြီး ဒါကို ဧကရာဇ်ကပင် ခွင့်ပြုခဲ့သည်။

လီယွီ ဘာလုပ်နိုင်မလဲ။ ပူးပေါင်းဆောင်ရွက်နိုင်ရုံသာရှိသည်။

ဧကရာဇ်သည် ပေါင်းရိကို သူ့လက်ထဲတွင် ပွေ့ကိုင်ထားသည်။ ပေါင်းရိသည် ကြောက်ရွံ့မှုမရှိဘဲ အောက်ရှိလူအုပ်ကြီးကို စူးစူးစိုက်စိုက်ကြည့်နေသည်။

ဧကရာဇ်သည် ပေါင်းရိ၏အပြုအမူကြောင့် အလွန်သဘောကျသွားပြီး မေးလိုက်သည်။
"ပေါင်းရိက ဘာပြောချင်တာလဲ"

ပေါင်းရိက တော်ဝင်ကိုယ်ရံတော်တွေ ချုပ်နှောင်ထားတဲ့ လူကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

 "ဟုတ်တယ်၊ သူက ဆိုးတယ်!"

မင်းသားလီ တုန်လှုပ်သွားသည်။ အရင်က တိုင်ကြားမှုတွေ အများကြီးတွေ့ဖူးပေမယ့် ဒီလိုမျိုး တစ်ခါမှ မတွေ့ဖူးပါဘူး။ ကျင်းဝမ် ၏ အမွေဆက်ခံသူငယ်လေးသည် ဧကရာဇ်မင်းမြတ်၏ မျက်နှာသာ ပေးခံရသည်ကို   သူသိထားပြီးဖြစ်သော်လည်း ထိုကလေးငယ်သည် ထိုအရာကို နှစ်သက်သည်ဟု မထင်ခဲ့ပေ။ သူသည် ဧကရာဇ်မင်းရှေ့တွင် တိုက်ရိုက်ပြောရန်ပင် ရဲရင့်နေခဲ့သည်။  

ထိုအချိန်တွင် ဧကရာဇ်.....

မင်းသားလီသည် ဧကရာဇ်မင်း၏တုံ့ပြန်မှုကို လျှို့ဝှက်စွာ တစ်ချက်ကြည့်လိုက်ရာ ဧကရာဇ်သည် ပေါင်းရိ၏အ ပြုမူကြောင့် အမှန်တကယ်ပင် ဝမ်းမြောက်နေပုံရသည်။

"ပေါင်းရိ၊ မင်းသူ့ကိုသိလား" ဧကရာဇ်က မေးလိုက်သည်။

ပေါင်းရိက သူ့ကို သိသည်။ တစ်ချိန်က သူ့အခန်းထဲကို တိတ်တိတ်လေး ဝင်သွားခဲ့တဲ့ လူဆိုးက သူ့ကို အမှတ်ရနေစေခဲ့သည်။
ပေါင်းရိက သူ့လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး မကျေနပ်ချက်အပြည့်နဲ့ ပြောလိုက်သည်။

"သူ... အပ်၊ ထိုးဆွ"  

လီယွီ: "......"

ပေါင်းရိ၏ကျေးဇူးကြောင့် လီယွီ သည်လည်း ထိုလူကို ယခုပင် သတိပြုမိခဲ့သည်။ စိတ်ထဲကနေ တိတ်တဆိတ် ကျိန်ဆဲနေမိသည်။

 သားလေးရေ...မင်း မြန်မြန်နိုးထတော့...မင်းရဲ့ နို့ထိန်းကို    ခြိမ်းခြောက်ပြီး ကျင်းအိမ်တော်ဝင်းထဲ  လျှို့ဝှက်ဝင်ရောက်လာတဲ့လူက  ဒီလူ ဆိုပေမယ့် မင်းရဲ့လက်ကို သူ တကယ်မထိခဲ့ဘူး!

ထိုတွင် လီယွီက သူ့ဇာတ်ကောင်ကို စိတ်ပျက်လက်ပျက်နှင့် စိုးရိမ်သောက ရောက်နေသော ဝမ်ဖေးအဖြစ် ကောင်းစွာသရုပ်ဆောင်ခဲ့ကြောင်း တွေးနေမိသည်။ သို့သော်လည်း ပေါင်းရိ၏ အလွန်သနားစရာ ကောင်းသော်လည်း ဒေါသအမျက်ထွက်သည့်ပုံစံနှင့် နှိုင်းယှဉ်လျှင် လီယွီ၏ သရုပ်ဆောင်မှုက   အမှိုက်သာသာပင်...
 
အဖေထက် သားက တစ်လကြီးကာ ပိုမိုသရုပ်ဆောင်ကောင်းနေလေပြီ....

ဧကရာဇ်သည် ပေါင်းရိမှ ဤအပြုမူကို  အလွန်နှစ်သက်သည်။ ပေါင်းရိ၏ စကားလုံးတိုင်းနှင့် လှုပ်ရှားမှုတိုင်းကို နားလည်နိုင်စွမ်းသည် အလွန်အံ့ဩစရာပင်။ အလွန်လျင်မြန်စွာ၊ သူသည် အမွေဆက်ခံသူငယ်၏သွေးကို ရယူရန် တစ်စုံတစ်ယောက်သည် ကျင်းအိမ်တော်အတွင်းသို့ ခိုးဝင်သွားသည်ဟု ကျင်းဝမ် က ပြောသောအခါတွင် ထိုလူကို တခါတည်း ဆက်စပ်မိလိုက်သည်။  ပေါင်းရိက သူ့ကိုမြင်ပြီး သူ့မျက်နှာကို မှတ်မိနေပုံရသည်။  

ဧကရာဇ်-  "ပေါင်းရိသည် သက်သေဖြစ်တယ်။ နောက်ပြီး ကျန်းမှာလည်း  အထူးသက်သေလည်း ရှိတယ်။"

ဧကရာဇ်မင်းသည် ဖြည်းညှင်းစွာ မိန့်တော်မူသည်–

 "မွန်းတည့်အချိန်၌ သမားတော်ဖန်းက တဲထဲက ထွက်သွားပြီး ဒီလူနဲ့တွေ့ဖို့ စာပို့ ခိုဖြူလွှတ်လိုက်တယ်။ အဲ့ဒီအချိန်မှာ  သွေးအားလုံးက  တော်ဝင်သွေးဖြစ်တယ်ဆိုတဲ့  စစ်ဆေးမှုရလဒ်များကို သတင်းပို့ပြီးနောက်၊ သူက အဲ့ဒီအချက်အလက်ကို သူ့ သခင်ဆီ ပေးပို့ခဲ့တယ်"

"သိပ်မကြာခင်မှာပဲ ဒီလူရဲ့သခင်က သမားတော်ဖန်းကို တစ်ခုခုလုပ်ခိုင်းပြီး ရလဒ်အားလုံးကို ပြောင်းလဲစေချင်တယ်"

ဧကရာဇ်ဘုရင်သည် သစ္စာစောင့်သိသော လက်အောက်ငယ်သားနှင့် သမားတော်ဖန်းကြားတွင်  စကားပြောခဲ့သမျှကို ပြန်ပြောပြခဲ့သည်။ ဧကရာဇ်က ဒါကို သိနေလိမ့်မည်ဟု ဆဌမမင်းသား မထင်ထးမိပေ။    တခဏအတွင်းမှာပင် သူ့အတွေးတွေ ရှုပ်လာသည်။

ဧကရာဇ်က ဒါကို ဘယ်လို သိတာလဲ။ ပြီးတော့ ဒီအတိုင်းအတာ အထိဘာကြောင့် သိနေတာလဲ? ဧကရာဇ်မင်းသည် သူက နောက်ကွယ်မှ တရားခံဖြစ်သည်ကို သိနေပြီဟု ဆိုလိုခြင်းလော။  

ဒါပေမယ့် သူ ဘာလုပ်နိုင်မလဲ။ ဧကရာဇ်က ဘာမှပြန်မပြောသေးပေမဲ့ သူ လုပ်ထားတဲ့ အရာအားလုံးကို ဖော်ထုတ်ပြီး သူက တရားခံဖြစ်တယ်ဆိုတာကို စိတ်လိုလက်ရ ဝန်ခံစေချင်တာလား။

ဘာပဲဖြစ်ဖြစ် သူ ဒါကို မလုပ်နိုင်ဘူး။

မင်းသားလီဘက်မှ အဌမမင်းသားနှင့် ကျင်းဝမ် ၏ အမွေဆက်ခံသူ နှစ်ဦးစလုံးသည် တော်ဝင်သွေးများ မဟုတ်ဘူးဆိုတာ သိလိုက်ရပြီး လျှပ်စီးလက်သကဲ့သို့ ခံစားလိုက်ရသည် ။ ယခု ဧကရာဇ်မင်း၏ပါးစပ်မှ တစ်စုံတစ်ဦးသည် သမားတော်ဖန်းကို ရလဒ်အတုအယောင်ပြုလုပ်ရန် လှုံ့ဆော်ခဲ့ကြောင်း ဧကရာဇ်၏ပါးစပ်မှ တိုက်ရိုက် ဖွင့်ပြောခဲ့သည်။ နောက်ဆုံးတွင် မင်းသားလီသည် လှုပ်လှုပ်ရွရွနှင့် ဤနေရာတွင် အရေးကြီးသောအချက်ကို ဖမ်းဆုပ်လိုက်သည်-

 "အရှင်မင်းကြီး... ဘယ်သူက တော်ဝင်သမားတော်ကို ခိုင်းစေခဲ့တာလဲ"

ဧကရာဇ်သည် လူဆိုး နှစ်ယောက်ကြား စကားပြောဆိုမှုကို သိထားပြီး နောက်ကွယ်မှလူက မည်သူဖြစ်သည်ကိုလည်း သိရမည်ဖြစ်သည်။  

သို့သော် ဧကရာဇ်က အမှန်အတိုင်း မဖြေပေ။ အဲဒီအစား လက်ဖက်ရည်တစ်ခွက်စာလောက်  ငြိမ်သွားသည်။

ထိုအချိန်တွင်၊ ဆဌမမင်းသားသည် ဓါးဖျားတွင် ကခုန်နေရသလို ခံစားလိုက်ရသည်။ သူ့နှလုံးသားက ရင်ဘတ်ထဲက ခုန်ထွက်တော့မယ်လို့ ခံစားနေရသည်။
အကြိမ်များစွာ၊ သူ၏အကြည့်များသည် ဧကရာဇ်ကို ဖြတ်ကျော်သွားခဲ့သည်။

ဒါဟာ အဆုံးမဟုတ်သေးပဘူး။ သူ့ကိုယ်သူ ဘာမှမသိသလိုဟန်ဆောင်နေဖို့ အတင်းအကြပ် စိတ်ကို တင်းထားသည်။ သို့သော် အေးစက်သော ချွေးများ စီးဆင်းမှုကို မတားနိုင်ပေ။

ဧကရာဇ်က လေးလေးနက်နက် သက်ပြင်းချလိုက်သည်။  သူသည် ဆဌမ  မင်းသားကို အမှန်တစ်ကယ် ကြည့်ရှုခဲ့ပြီး ဆဌမမင်းသားသည် သူ့ဖာသာ အပြစ် ဝန်ခံရန် စောင့်ဆိုင်းနေခဲ့သည်။

ထိုဆိတ်ဆိတ်နေခြင်းသည် ဆဌမ မင်းသားအတွက် အခွင့်အရေးပေးရန် သူ၏နောက်ဆုံးကြိုးပမ်းမှု ဖြစ်သည်။ဆဌမမင်းသားသာ ဝန်ခံရင် ဧကရာဇ်ဘုရင်က သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးမှာ မဟုတ်ဘူး။

သို့သော် ဆဌမ  မင်းသားသည် လုံးဝမလုပ်ဆောင်ခဲ့ပေ။ နောက်ဆုံးတွင် ဧကရာဇ်သည် သူ၏သားတော်အား သည်းခံနိုင်ခြင်း မရှိတော့ပေ။

"ထျန်းရှောင်...." ဧကရာဇ်မင်းသည် ဆဌမမင်းသား၏အမည်ကို တင်းမာစွာ   ထုတ်ဖော်ပြောဆိုခဲ့သည်။  

ဤဖြစ်ရပ်တွင် လူတိုင်း၏အကြည့်များသည် ဆဌမ  မင်းသားဆီသို့ ရောက်လာခဲ့သည်။
 

မုထျန်းရှောင်.... မျက်လုံးတွေကိုမှိတ်ထားပြီး သူအရင်ကလို မတုန်မလှုပ် အသံမထွက်အောင် အတတ်နိုင်ဆုံးကြိုးစားကာ ထူးလိုက်သည်။

 "ခမည်းတော်ဘုရား........"

ဧကရာဇ်က "သမားတော်ဖန်း တဲက ထွက်သွားပြီးတဲ့  ကျန်းရဲ့ အစောင့်က သူ့နောက်ကို လိုက်နေတယ်"

"သူက ခိုတစ်ကောင်ကို လွှတ်လိုက်တယ်။ နောက်ကွယ်မှ လူက အရမ်း ထက်မြက်ပြီး ခိုပေါ်တွင် ဘာစာကိုမှ မချန်ခဲ့ဘူး အရင်က သမားတော်ဖန်းကို ညွှန်ကြားထားပြီးဖြစ်သောကြောင့် ခိုပို့လိုက်တာနဲ့ ဒါက လူကိုယ်တိုင် တွေ့ဆုံဖို့ အချက်ပြခဲ့ခြင်း ဖြစ်တယ်။  ဒါပေမယ့် မင်းရဲ့ ကျွန်က သမားတော်ဖန်းကို လာတွေ့ပြီး ထွက်သွားချိန် ကျန်းရဲ့ လူက နောက်က လိုက်ပြီး  နောက်ကွယ်က တရားခံအစစ်ကို ရှာတွေ့ခဲ့တယ်။"  

"ထျန်းရှောင်...." ဧကရာဇ်က ဆက်ပြောလိုက်သည်။

 "မင်းရဲ့ ဦးနှောက်တွေကို အတင်းဖျစ်ညစ်ပြီး ကျင်းဝမ် ကို ချောက်ချဖို့ အဌမမင်းသားကို ချောက်ချဖို့ လုပ်ထားတယ်။ မင်းရဲ့တန်ပြန်အစီအစဉ်ကို စဉ်းစားနေတဲ့အချိန်မှာ နံရံတစ်ခုပဲခြားပြီး မင်းဘေးမှာ ကျန်းရှိနေခဲ့တယ်။ လူတိုင်းရဲ့ရလဒ်ကို ပြောင်းလဲဖို့ မင်းပါးစပ်နဲ့ပြောနေတာ ကျန်း ကြားခဲ့တယ်။"

"ဒီမိုက်မဲတဲ့ အစီအစဉ်က မင်းအတွက်ပဲလေ။ အဲ့ဒီအချိန်မှာ ကျန်းကိုယ်တိုင်က သက်သေဖြစ်နေပြီ။ ကျန်း မင်းကို ချက်ချင်း မဖော်ထုတ်ဘူးဆိုတာ မင်း နောင်တရပြီး ဝန်ခံလာတာကို ကျန်းမြင်ချင်လို့ပဲ။  "

မုထျန်းရှောင်... ကမ္ဘာကြီးတစ်ခုလုံး မှောင်မိုက်သွားသလို ခံစားလိုက်ရပြီး သူ့ရှေ့တွင် ရွှေနဂါး ဝတ်ရုံဝတ်ထားသည့် ဧကရာဇ်မင်းကိုသာ မြင်လိုက်ရသည်။
 
ဘယ်လို......ဒါက ဘယ်လိုဖြစ်နိုင်မလဲ။
သူ ပါးစပ်ကို အပြင်းအထန် လှုပ်လိုက်သည်။ သို့သော် သူပြောလိုက်သည့် စကားများကိုပင် သူ့ဖာသာ မကြားရတော့ပေ။
*******-********

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now