Chapter (129-2) - အပြတ်ငြင်းလိုက်တဲ့ ပေါင်းရိ

3.3K 797 11
                                    

Chapter (129-2) - အပြတ်ငြင်းလိုက်တဲ့ ပေါင်းရိ


ကျင်းအိမ်တော်ဝင်း...

ကျင်းဝမ်နှင့် ဝမ်ဖေး သည် ဧကရာဇ်နန်းတော်သို့ ဝင်ရောက်ခဲ့ချိန် ဝမ့်ရှီးဟာ ကလေးတွေကို ပြုစုစောင့်ရှောက်ဖို့ ကျန်ရစ်ခဲ့သည်။

ဝမ့်ကုန်းကုန်းက ဤသခင်လေးများကို အလွန်ချစ်မြတ်နိုးပြီး သူတို့နှင့် အတူကစားနေခဲ့သည်။ ကလေးတွေကို မြင်းလို စီးခွင့်ပေးလိုက်ရင်တောင် သူ့အတွက် ပင်ပန်းဆင်းရဲတယ်လို့ လုံးဝ မခံစားရဘူး။

ကျင်းဝမ်နဲ့ ဝမ်ဖေး ထွက်သွားပြီး သိပ်မကြာခင်မှာပဲ ဧကရာဇ်နန်းတော်ထဲက တစ်ယောက်ယောက် ထပ်ရောက်လာပြန်သည်။ ယခုတစ်ကြိမ်တွင် သူတို့သည် ကျင်းဝမ်၏ အမွေဆက်ခံသူအား နန်းတော်သို့ ခေါ်ဆောင်ရန် ဧကရာဇ်၏ နှုတ်အမိန့်ကို လာပြောခဲ့သည်။

အမွေဆက်ခံသူလေးကို နန်းတွင်းသို့ ဝင်ရောက်စေရန် ထိုလူတွေက အလွန်အမင်း စိတ်အားထန်သန် နေသည်။ ဤတစ်ကြိမ်တွင် ကိုယ်ရေးကိုယ်တာအမှုထမ်းသည် နန်းတော်တံခါးဝသို့ဝင်ရန် အမိန့်ပေးသည့် စကားကိုပင် ပြောလာသေးသည်။ ထို့ကြောင့် ဝမ့်ရှီးသည် ထိုလူကို လက်ဖက်ရည်တစ်ခွက်လောင်း ထည့်ပေးရင်း အမွေဆက်ခံသူငယ်လေး လိုအပ်သောအရာများကို စုဆောင်းရန် တစ်စုံတစ်ဦးကို အမိန့်ပေးလိုက်သည်။ သို့သော်လည်း အခု အမိန့်က ဧကရာဇ်မင်းမြတ်၏ အရေးတကြီးဆင့်ခေါ်ချက် ဖြစ်သည်၊ ဝမ့်ရှီးကို အခြားအရာများကို ယူဆောင်ကာ အနှောက်ယှက်လုပ်ဖို့ မလိုအပ်ကြောင်း ထိုပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

အမွေဆက်ခံသူငယ်လေးအတွက် လိုအပ်သည့်အရာကို "အနှောက်ယှက်ပေးခြင်း" လို့ ဘယ်လို သုံးနှုန်းလိုက်တာလဲ။

ဝမ့်ရှီးသည် ဤကိုယ်ရေးကိုယ်တာအစေခံ၏အသုံးအနှုန်းကို မကြိုက်ကေ။ ပေါင်းရိကိုသွားခေါ်သောအခါ ပေါင်းရိသည် သူ တစ်ခါမှမမြင်ဖူးသော ကိုယ်ရေးကိုယ်တာအစေခံကို တစ်ချက်ကြည့်လိုက်ပြီး ဝမ့်ရှီး၏ နောက်တွင် ကြောက်လန့်တကြား ပုန်းနေလိုက်သည်။ သူက ဝမ့်ရှီးရဲ့လက်မောင်းကို တင်းကျပ်စွာ ပွေ့ဖက်ပြီး အပြတ်ငြင်းလိုက်သည်။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now