Chapter (120-1) - အကြင်နာကင်းမဲ့သည့် ဆဌမမင်းသား

3.4K 782 4
                                    

Chapter (120-1) - အကြင်နာကင်းမဲ့သည့် ဆဌမမင်းသား


လီယွီ သည် လျန်ရှီးကို ကူညီမည်ဟုဆုံးဖြတ်လိုက်သောကြောင့် လျန်ရှီးကို အခြားကို ထွက်မသွားခိုင်းတော့ပေ။  ချက်ချင်းပင် သူသည် ကျင်းဝမ်ကို ဆွဲကာ ဧကရာဇ်မင်းထံ  တောင်းဆိုပေးရန် ပြန်သွားခဲ့သည်။

လီယွီ သည် လျန်ရှီးကိုကူညီချင်ကြောင်း ဧကရာဇ်မင်းသိပြီးနောက်တွင် သူသည် အလွန်တရာမှ တုန်လှုပ်သွားခဲ့သည်။ သို့သော် ဝမ်ဖေးသည် သူ့သားများကို ပညာသင်ပေးပုံကို သတိရကာ ကြင်နာတတ်သော လီယွီထံမှ အနာဂါတ်အတွက် မျှော်လင့်ချက်ရှိလာနိုင်သည်ဟု ခံစားခဲ့ရသည်။  

"သူ ဒီလိုလုပ်ချင်တာဆိုတော့... မင်းကကော" ဧကရာဇ်သည် ကျင်းဝမ် ၏ ထင်မြင်ချက်ကို သိလိုသဖြင့် မေးသည်။

ကျင်းဝမ် က လီယွီကို ထောက်ခံကြောင်းပြကာ ခေါင်းညိတ်လိုက်သည်။

လောလောဆယ်တွင်၊ ဧကရာဇ်မင်းသည် ကျင်း ဇနီးမောင်နှံ၏ဆန္ဒကို ကျေကျေနပ်နပ်ကြီး ဖြည့်ဆည်းပေးလိုက်သည်-

"ဒီလိုဖြစ်တာကြောင့် ငါကိုယ်တော် (ကျန်း) ခွင့်ပြုပေးလိုက်မယ်။"

ဧကရာဇ်သည် မူလက သူတို့အား တစ်ခုခုသတိပေးတော့မည်ပြီးမှ နောက်ထပ်စဉ်းစားပြီးနောက် ပါးစပ်ကို ပိတ်လိုက်သည်။

လီယွီသည် ထိုသတင်းကို လျန်ရှီးထံ အမြန်ပို့လိုက်သည်။ လျန်ရှီးသည် ဧကရာဇ်၏ အစောင့်များက သူမ သွားရာလမ်းကို ဟန့်တားမည်ကို ကြောက်သဖြင့် လီယွီ ကို သူမနှင့်အတူ လိုက်ရန် တောင်းဆိုခဲ့သည်။ လီယွီသည် ခေတ္တမျှ တုံ့ဆိုင်းသွားကာ တွေးလိုက်သည်– သူက ဒါကို စတင်ခဲ့တာဆိုတာ့ ပြီးတဲ့အထိ ကူညီပေးရမှာပေါ့....
  ကျင်းဝမ် ၏ခွင့်ပြုချက်ရရှိပြီးနောက် ဆဌမမင်းသားကို ချုပ်နှောင်ထားသော တဲရှေ့သို့သွားကြသည်။ တဲထဲကို ဝင်ဖို့ဆိုတာ မဖြစ်နိုင်ပေ။  လီယွီသည် သူ့ကိုယ်သူ အလွန်ဂရုစိုက်သည်။ ထို့အပြင် သူက ဆဌမမင်းသားထံသို့ လာရောက်လည်ပတ်သည့်သူမဟုတ်ပေ။

လျန်ရှီးက ကျေးဇူးတင်စကားများစွာပြောကာ  တဲထဲသို့ဝင်လိုက်သည်။

လက်နှစ်ဖက်နဲ့ ခြေထောက်တွေကို ချည်နှောင်ထားတဲ့ ညစ်ပတ်ပေရေနေတဲ့ မုထျန်းရှောင်ကို မြင်လိုက်ရတော့ လျန်ရှီးရဲ့ ရောင်ရမ်းနေတဲ့ မျက်လုံးတွေကနေ မျက်ရည်တွေ စီးကျလာပါတော့သည်။


"ဆွန်းယွင် မင်း ဒီကို ဘယ်လိုရောက်လာတာလဲ"

မုထျန်းရှောင်သည် သူ့မိန်းမကိုမြင်သည်နှင့် တပြိုင်နက် အံ့အားသင့်သွားလေသည်။ သူ့ကို စောင့်ကြည့်ဖို့ တာဝန်ရှိ အစောင့်တွေက မူလက သူ့ကို ဘယ်သူ့ကိုမှ တွေ့ခွင့်မပေးပေမယ့်  လျန်ရှီးက ဘာလို့ ဒီမှာပေါ်လာတာလဲ။ ဧကရာဇ်မင်းကြီးရဲ့စိတ်က ပျော့ပျောင်းသွားတာလား..

" ခမည်းတော်... မင်းကို လာခွင့်မပေးဘူး မဟုတ်လား ? သူ ငါ့ကို ခွင့်လွှတ်လိုက်ပြီလား" မုထျန်းရှောင်က အရေးတကြီးမေးလိုက်သည်။
 

"ကျွန်မက ခမည်းတော် ဆီက ခွင့်ပြုချက်ရဖို့အတွက် ကျင်းဝမ်နဲ့ ကျင်းဝမ်ဖေးကို အကူအညီတောင်းဖို့ သွားခဲ့တာပါ..."

ဆဌမ  မင်းသားလေး မကြိုက်မှာကို ကြောက်လို့ လျန်ရှီးက မဝံ့မရဲ ရှင်းပြခဲ့သည်။

"ကျင်းဝမ်.... ထပ်ပြီးတော့..သူပဲလား?"

မုထျန်းရှောင်က ကျင်းဝမ် ရဲ့ နာမည်ကို ကြားတာနဲ့ သူ့အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။ မုထျန်းရှောင်က  ဇနီးသည်၏လက်ကို ဒေါသတကြီး တွန်းထုတ်လိုက်ရင်း အပြစ်တင်ပြောဆို လိုက်သည်။

"မင်း တခြားတစ်ယောက်ယောက်ကို အကူညီ တောင်းလို့ရတယ်၊ ဘာလို့ ကျင်းဝမ်ကိုမှ အကူညီ တောင်းရတာလဲ။ ငါ့ကို သူက ဒီလိုလုပ်ခဲ့တာ မင်း မသိဘူးလား!?"

သူ၏ ရှုံးနိမ့်မှုနှင့်ပတ်သက်၍ ဆဌမမင်းသားသည် သေချာတွေးတောခဲ့ပြီး ကျင်းဝမ် ၏ကြံစည်မှုထဲသို့ ကျရောက်သွားသည်ဟု သူ ခံစားခဲ့ရသည်။ ဧကရာဇ်ကို ကျင်းဝမ်က ခေါ်ကာ သူ့တဲနားတမင် နေစေပြီး သူ ဆဲဆိုပြောဆိုတာနှင့်  မုသားစကားပြောနေသည်ကို နားနှင့် ဆတ်ဆတ်ကြားအောင် တမင်လုပ်ခဲ့သည်။ ဒါကြောင့် ကျင်းဝမ်က  သူ့ကို အနီးကပ် စောင့်ကြည့်ခဲ့သည်။ ဆဌမမင်းသားသည် ကျင်းဝမ် အပေါ် အပြစ်ပုံချခဲ့သမျှ အားလုံး မင်းကြီးရှေ့တွင် ပေါ်သွားခဲ့သည်။

လျန်ရှီးက သူမမျက်ရည်တွေကိုသုတ်ကာ ဘယ်လိုဖြေရမှန်းမသိဖြစ်နေသည်။ ချုပ်နှောင်ခံထားရသည့် ဆဌမ  မင်းသားကို လောလောဆယ် သူတို့ကို ကူညီချင်တဲ့သူမရှိဘူးလို့ ပြောရမှာလား။

ချုပ်နှောင်ခံထားရပြီ ဖြစ်သော မု ထျန်းရှောင်သည် သူ၏ဟန်ဆောင်မှုကို ဆက်လက်လုပ်ဆောင်ရန် စိတ်မဝင်စားနိုင်ပေ။ သူသည် ကျင်းဝမ် ၏မိသားစုတစ်ခုလုံးကို ကျယ်ကျယ်လောင်လောင် ကျိန်ဆဲပြောဆို ခဲ့ပြီး ကျင်းဝမ် ၏သားငယ်များကိုပင် တတ်နိုင်သမျှ ရက်စက်စွာ စော်ကားဆဲဆိုခဲ့သည်။

ကျိန်ဆဲပြီးနောက်တွင်၊ သူသည် တစ်စုံတစ်ရာကို သတိရသွားပုံရပြီး လျန်ရှီးကိုကြည့်ရန် ခေါင်းကိုလှည့်လိုက်သည်။ သူ့လေသံက နူးညံ့သိမ်မွေ့လာပြန်သည်။

"ဆွန်းယွင်... မငိုနဲ့တော့။" လျန်ရှီးက သူ့မျက်ရည်တွေကို သုတ်ပေးရင်း ချော့မော့ကာ မျှော်လင့်တကြီးပြောလိုက်သည်။

"မင်းရောက်လာပြီဆိုတော့ ငါ့ကိုယ်စား ခမည်းတော်ကို အသနားခံပေးနိုင်မလား။ မင်းဗိုက်ထဲက ကလေးအတွက် မင်းက ငါ့ကို သေချာပေါက် လွှတ်အောင် ကြိုးစားရလိမ့်မယ်။ အနာဂတ်မှာ မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံမယ် လို့ ငါ ကတိပေးပါတယ်။"

လျန်ရှီးက ကတိစကားကို ဆက်တိုက်ကြားနေရပေမယ့် မုထျန်းရှောင်၏မျက်နှာမှာ နွေးထွေးမှုမရှိသော အပြုံးအတုများဖြင့် ဖုံးလွှမ်းနေသည်ကို ကြည့်ကာ သူမ နှလုံးသားထဲတွင် စူးရှသော နာကျင်မှုလှိုင်းလုံးကြီး လွှမ်းခြုံလာသလို ခံစားလိုက်ရသည်။ ဆဌမမင်းသား၏လှည့်စားမှုထဲ အရင်က သူမ ဘယ်လို ကျရှုံးသွားခဲ့တာလဲ...

အမြဲတမ်း နူးညံ့ပြီး ကြင်နာတတ်တဲ့ ဒီခင်ပွန်းရဲ့ အတွင်းစိတ်က ဘယ်လိုဆိုတာ အခုမှ သူမ  ရှင်းလင်းစွာ သိလိုက်သည်။
 
လီယွီ နှင့် ကျင်းဝမ် တို့သည် တဲအပြင်ဘက်တွင် ရပ်နေကြသည်။ ဆဌမ  မင်းသားက အတွင်းထဲမှာ သူတို့မိသားစုကို မရပ်မနား ကျိန်ဆဲနေတဲ့အချိန်မှာ သူတို့လည်း ကြားလိုက်ရသည်။

ကျင်းဝမ် က မူလက သူ့ရဲ့ ဆွံ့အခြင်းကို စော်ကားတာကို ဂရုမစိုက်ဘူး။ သို့သော်လည်း ဆဌမမင်းသားသည် ရှောင်ယွီနှင့် ကလေးများပင် စတင်စော်ကားလိုက်သည်နှင့် ကျင်းဝမ် သည် သူ၏ဓားကို တင်းတင်းကျပ်ကျပ် ညှစ်လိုက်ကာ သူ၏ အမူအရာမှာ မှောင်မိုက်သွားခဲ့သည်။

"ထျန်းချီ၊ မင်း မလုပ်တာ ပိုကောင်းလိမ့်မယ်!" လီယွီသည် ကျင်းဝမ်၏လက်ကို အလျင်အမြန် ဆုပ်ကိုင်လိုက်သည်။

ဆဌမ  မင်းသားလေးသည် သူ့သားသမီးများနှင့် ခင်ပွန်းသည်ကို စော်ကားသည်ကို ကြားသောအခါ လီယွီသည် ဆဌမ  မင်းသားကို ညိုမဲအောင် ရိုက်နှက်ချင်တာကလွဲရင် အခြား ဘာကိုမှ မလုပ်ချင်ပေ။  သို့သော် ကျင်းဝမ် သည် ဆဌမမင်းသားကို သင်ခန်းစာတစ်ခု သင်ပေးတော့မည်ကို မြင်သောအခါ၊ ထိုအရာသည် အမှန်တကယ် လက်ခံနိုင်စရာ မဟုတ်ကြောင်း သူ သိသည်။

မုထျန်းရှောင်သည် ဧကရာဇ်မင်ကြီးး၏ အကျဉ်းသားဖြစ်နေပြီဖြစ်သည်။ လူထုအမြင်မှာ သူ့ကို ဝင်ရိုက်တာ  မသင့်တော်ဘူး။ ကျင်းဝမ် ၏ လက်ရှိအနေအထားအရ လှည့်ကွက် နဲ့ လုပ်ဆောင်တာက ကောင်းမွန်နေပြီ။ မုထျန်းချီကို ရိုက်နှက်တာကို လုပ်မယ်ဆိုရင်  ဧကရာဇ်ကို ထပ်ပြီး သံသယဖြစ်စေလိမ့်မည်။


လီယွီသည် ဆဌမ  မင်းသားကို ဒုက္ခရောက်စေမည့် နည်းလမ်းအချို့ကို လီယွီအား တိုးတိုးပြောလိုက်သည်။ ကျင်းဝမ် နားထောင်ပြီးသည့်နောက်တွင် နူးညံ့သိမ်မွေ့သော စိတ်နှလုံးသာရှိသော လီယွီကို ကြည့်လိုက်သည်။လျန်ရှီးကို ကူညီရန်၊ စကားအနည်းအကျဉ်း ပြောခဲ့စဉ်ကဲ့သို့ သူ ခံစားခဲ့ရသည်။  

လီယွီက သူ့လျှာဖိကိုက်ကာ ပြောလိုက်သည်။

"မျက်လုံးအတွက် မျက်လုံးတစ်လုံး။ လျန်ရှီးက ယောကျာ်းရ  ကံဆိုးပေမယ့်  ဆဌမမင်းသားကိုယ်တိုင်က ခွင့်မလွှတ်ချင်စရာ လုပ်ရပ်ကို လုပ်ခဲ့တယ်။ ဒါကြောင့် မင်းကြီးက လျန်ရှီးကြောင့် ဆဌမ  မင်းသားကို ခွင့်မလွှတ်မှာ သေချာပါတယ်။"

ရှောင်ယွီရဲ့ အတွေးတွေက အမြဲတမ်း ကြောင်းကျိုး ညီညွတ်ခဲ့သည်။ ဒါကြောင့် ကျင်းဝမ်က ပြုံးပြီး ရှောင်ယွီ၏ခေါင်းလေးကို ပွတ်သပ်ပေးကာ စိတ်ငြိမ်အောင် လုပ်ပေးခဲ့သည်။

ရှေ့တုန်းကလည်း သူတို့နှစ်ဦး ဖြတ်သန်းလာခိုက် ဆဌမမင်းသားက ညစ်ညမ်းသော စကားကိုပြောခဲ့ပေမယ့် သူတို့နှစ်ယောက်က မကြားယောင်ဆောင်ခဲ့သည်။

လျန်ရှီးက ဆဌမင်းသား ဘယ်လိုနေသလဲ ဆိုတာ သိဖို့ လာကြည့်ခဲ့သည်။ သူမက ဆဌမင်းသား ယခင်က လုပ်ခဲ့သည့် မကောင်းသည့်လုပ်ရပ်ကို ပြန်လည်ဆေးကြောပြီး သူ့နဂိုအနေထားကို ပြန်လည်ရရှိ စေချင်ခဲ့သည်။

ဆဌမ  မင်းသားသည် ထီးနန်းအတွက် ရည်မှန်းချက်များ ရှိနေခဲ့သည်။ သူ့အိပ်ယာဘေးအဖော်အဖြစ် လျန်ရှီးက ဒါကို အတိုင်းအတာတစ်ခုအထိ မြင်နိုင်ခဲ့သည်။ ယခင်က လျန်ရှီးသည် ခင်ပွန်းသည်က ခုလို ဘဝတိုးတက်ဖို့ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ရှိကာ ကြိုးစားသည်ကို မမှားဘူးဟု တွေးခဲ့ဖူးသည်။ ဇနီးတစ်ယောက်အနေနဲ့ ဘယ်လို မကူညီပဲ နေနိုင်မှာလဲ။ သူ့ ခင်ပွန်းသည် အမြင့်ရောက်လျှင် သူမလည်း ဘဝတိုးတက်လာမည်ဖြစ်လို့  ဘယ်အမျိုးသမီးက တိုးတက်မှုကို မလိုချင်မှာလဲ။

ထို့အတွက်ကြောင့် လျန်ရှီးကိုယ်တိုင် ညစ်ပတ်သည့် လှည့်ကွက်ထဲ မပါဝင်ခဲ့သော်ငြားလည်း သူ့ကို မတားခဲ့ပေ။ အခုတော့ လျန်ရှီးက နောင်တရလာမိသည်။ အဲဒီတုန်းက ဖြစ်နိုင်ချေရှိတဲ့ စကားတွေနဲ့ သူမ နူတ်ပိတ်နေဖို့ သွေးဆောင်ခံရတာကို လိုက်လျောခဲ့သည်ကို ပြန်တွေးကာ ဝမ်းနည်းမိလာသည်။  အကယ်၍ သူမသည် ဆဌမ  မင်းသားကို ရည်မှန်းချက်ကြီးကြီးမားမားမထားပဲ အေးချမ်းတည်ငြိမ်သည့ ဘဝတွင် နေထိုင်ရန် ဆွဲဆောင်ရန် ကြိုးပမ်းခဲ့လျှင် သူက လူကောင်းဖြစ်လာမယ်ဆိုတာက ဘယ်လောက် ကောင်းလိုက်မလဲ။

ထိုစဉ်က သူမသည် ကျိုးကြောင်းဆီလျော်စွာ တောင်းဆိုမှုများကို မပြုလုပ်ဝံ့ခဲ့ပေ။ သူမသည် ခင်ပွန်းသည်နှင့် သားသမီးများနှင့်အတူ ငြိမ်းချမ်းစွာ နေထိုင်ချင်ခဲ့သည်။

လျန်ရှီးသည် ဆဌမ  မင်းသားကို ဆွဲဆောင်ရန် အကောင်းဆုံးကြိုးစားခဲ့သည်။ ဆဌမမင်းသားသည် လျန်ရှီး၏ စကားများကြောင့် မယုံကြည်နိုင်စွာ မျက်လုံးများ ပြူးကျယ်သွားရုံသာမက  လျန်ရှီးက သူ့စကားကိုနားထောင်ကာ ကူညီဖို့ လုပ်သင့်ပါလျက်  ဘာကြောင့် သူ့ဘက်ကို လှည့်ပြီး ဝေဖန်နေရတာလဲ ဟု တွေးလာသည်။

သူ့ကြောင့် မင်းသားတစ်ပါး၏ ဝမ်ဖေး ဆိုသည့်  ဘွဲ့မရခဲ့ဘူးလား။ မင်းကြီးက သူ့ကို ချုပ်နှောင်ထား တယ်ဆိုရင် လွှတ်ပေးအောင် တောင်းဆိုရမည် မဟုတ်လား။ သူ အချုပ်နှောင်ခံရလျှင် သူမ ဘာအကျိုးရှိမည်နည်း။

သူ့စိတ်ထဲတွင် နာကြည်းမှုများ ကြီးထွားလာကာ ဆဌမမင်းသားက ယခု နောက်ထပ် အစီအစဉ်တစ်ခု ထပ်လုပ်ရန် အချိန်ကျပြီဟု တွေးလိုက်သည်။ ဆဌမမင်းသားက အေးစက်ပြီး  မှောင်မိုက်သော အပြုံးဖြင့်   လျန်ရှီးအား ပြောလိုက်သည်။

 "မင်းပြောခဲ့တာတွေက ကျိုးကြောင်းဆီလျော်တယ်.... ဆွန်းယွင်၊ ဒီကိုလာ။ ငါမင်းကို ပြောပြချင်တဲ့ နောက်ထပ်လျှို့ဝှက်ချက်ရှိတယ်။"

လျန်ရှီးသည် မုထျန်းရှောင်ကို လုံးဝဂရုမစိုက်ပါ။ သူမကို ခေါ်လိုက်သောအခါတွင် သူမသည် ချက်ချင်းပင် လှည့်ကြည့်လိုက်ရာ ရုတ်တရက် မုထျန်းရှောင်က  သူမ၏ လည်ပင်းတွင် တင်းတင်းကြပ်ကြပ်  သံကြိုးများကို ချည်နှောင်လိုက်သည်ကို တွေ့လိုက်ရသည်။

"ထျန်းရှောင်.... ရှင်....ဘာလုပ်နေတာလဲ!" အံ့သြထိတ်လန့်စွာဖြင့် လျန်ရှီးသည်  ကျယ်လောင်စွာ အော်လိုက်သည်။  

"မလှုပ်နဲ့။"
မု ထျန်းရှောင်....က သူမ၏လည်ပင်းကို ကိုင်ထားပြီး တဲအပြင်ဘက်သို့ အေးစက်စွာအော်ရင်း  ပြောလိုကသ်ည်။

" တတစ်ယောက် ဝင်လာနေစမ်း..ငါ မင်းကြီးကို တွေ့ချင်တယ် ။ ဒါမှမဟုတ်ရင် ငါ သူ့ကိုသတ်ပစ်မယ်!"

ငါသူမကိုသတ်မယ်!

ထိုစကားများက ဆဌမမင်းသား နှင့် လျန်ရှီး၏ဆက်ဆံရေးကို လုံးဝ အဆုံးသတ်သွားစေသည်။

လျန်ရှီးသည် မုထျန်းရှောင်ဆီသို့ မျက်ရည်များဝဲနေသသည့် မျက်ဝန်းဖြင့် ကြည့်လိုက်စဉ် သူမ၏နှလုံးကို ဖြည်းညှင်းစွာ ညှစ်သတ်လိုက်သလို ခံစားလိုက်ရသည်။  

ကျင်းဝမ် နှင့် လီယွီ တို့သည် အပြင်ဘက်တွင် ရှိနေကြသည်။ ရုတ်တရတ် အလှည့်အပြောင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားကာ အစောင့်များကို ခေါ်ဆောင်ကာ အတွင်းသို့ စွဲချက်တင်လိုက်ကြသည်။

ဆဌမ  မင်းသားက သူ့မိန်းမကို ခြိမ်းခြောက်နေတာကို မြင်တော့ လီယွီ က ဘာပြောရမှန်းတောင် မသိတော့ဘူး။

ဆဌမ  မင်းသားလေးရဲ့ မျက်လုံးတွေက သွေးလို ရဲရဲနီကာ နတ်ဆိုးလိုဖြစ်နေသည်။  သူသည် မင်းကြီးကိုတွေ့ခွင့်ရဖို့အတွက် ဆက်တိုက် အော်ဟစ်တောင်းဆိုနေသည်။ ဒါကြောင့်  အစောင့်တစ်ယောက်က မင်းကြီးထံပြေးပြီး  ပြေးပြီး သတင်းပို့လိုက်သည်။


လီယွီ သည် လျန်ရှီးနာကျင်စွာရုန်းကန်သည်ကိုမြင်ပြီး ကူညီချင်ခဲ့သည်။  ဆဌမမင်းသားသည် ရက်စက်ပြီး လျန်ရှီးကို အမှန်တကယ် နာကျင်စေမည်ကို သူလည်း ကြောက်နေမိသည်။  

"မု ထျန်းရှောင်....မင်းက လူမဟုတ်ဘူးလား။ သူက မင်းရဲ့ဇနီးလေ။ သူ့ဗိုက်ထဲမှာ မင်းရဲ့ကလေးရှိတယ်!"

လီယွီ သည် လျန်ရှီးအတွက် အလွန်တရာ မတရားသလို ခံစားခဲ့ရသည်။ ဒီဖြစ်ရပ်က စိတ်ကူးယဉ်နိုင်တာထက်ကို ပိုဆိုးနေတာ ဘာကြောင့်လဲ။

ဆဌမ  မင်းသားသည် လီယွီကို ကြိမ်ဖန်များစွာ ကဲ့ရဲ့ပြီး သူ့မျက်လုံးနီဖြင့် ပြောလိုက်သည်။

"ကိုယ့်ကိုယ်ကိုတောင် မကာကွယ်နိုင်တာ... မိန်းမနဲ့ ကလေးရရင်လည်း ဘာလုပ်ရမှာလဲ" ဆဌမ  မင်းသားက ဂရုမစိုက်ဘဲ ပြောလိုက်သည်။

ဧကရာဇ်သည် အလွန်လျင်မြန်စွာ ရောက်ရှိလာသည်။ ဆဌမ  မင်းသား၏ခြိမ်းခြောက်မှုကို ရင်ဆိုင်ရသော  ဧကရာဇ်က အရမ်းကို ဒေါသထွက်ခဲ့သည်။

"မုထျန်းရှောင်....မင်းရူးသွားပြီလား။ လျန်ရှီးကို မြန်မြန် လွှတ်ပေးလိုက်ပါ။" ဧကရာဇ်က အော်ဟစ် အမိန့်ပေးလိုက်သည်။

" ခမည်းတော် ...ဒီကိုရောက်လာပြီလာ!   ကျေးဇူးပြုပြီး သားတော်ရဲ့နောက်ဆုံးစကားတွေကို နားထောင်ပေးတော်မူပါ။ အမှန်တော့ သားတော် ဘာမှ အမှားမလုပ်ခဲ့ဘူး။ ကျင်းဝမ် က သားတော်ကို အကောက်ကြံပြီး အကွက်ချခဲ့တာပါ။ ခမည်းတော်..သူက ဘယ်လောက် လိမ္မာပါးနပ်ပြီး ဉာဏ်များတယ် ဆိုတာ မသိဘူး။ အရာအားလုံးက သူ့အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ!"

မုထျန်းရှောင်က  ရှင်းပြဖို့ အကောင်းဆုံး ကြိုးစားခဲ့သည်။  ကျင်းဝမ် သည် ဘေးနားမှ နားထောင်ပြီး   မတုန်မလှုပ်ရပ်နေသည်။ ဧကရာဇ်သည် ထိုစကားကို နားထောင်ပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကိုသာ ခါယမ်းလိုက်သည်။  

"လုံလောက်ပါပြီ ထျန်းရှောင်....။ ကိုယ်လုပ်တော် လျှိုကို မင်း ချောက်ချခဲ့တာပဲ မဟုတ်လား။ သမားတော်ဖန်းကို မင်းကိုယ်တိုင် အမိန့်ပေးခဲ့တာပဲ မဟုတ်လား။   မင်းက ပေါင်းရိရဲ့သွေးကို ခိုးယူဖို့ မင်းရဲ့လက်အောက်ငယ်သားကို ကျင်းအိမ်တော်ထဲကို လွှတ်လိုက်တဲ့သူ မဟုတ်ဘူးလား? ဒါတွေအားလုံးက မင်းကို ကျင်းဝမ် က မင်းကို အတင်းလုပ်ခိုင်းတာလို့ မင်းပြောနေတာလား။"

မုထျန်းရှောင်အံ့အားသင့်သွားပြီး "ခမည်းတော်........."

ဧကရာဇ်မင်းသည် သူ့လက်အောက်ငယ်သားကို သွေးရရှိရန် စေလွှတ်ခြင်းအကြောင်းကို အဘယ်ကြောင့် သတိပြုမိခဲ့တာလဲ။

အခိုက်အတန့်လေးမှာ မု ထျန်းရှောင်....က ဉာဏ်အလင်းပွင့်သွားသလို ခံစားလိုက်ရသည်။  ရုတ်တရက်ပင် အရာအားလုံး ရှင်းသွားတော့သည်။    ကျင်းဝမ် သည် ထိုအချိန်ကတည်းက သိခဲ့ပြီး သူဘာလုပ်ဖို့ စီစဉ်ထားသည်ကို မှန်းဆနေပြီဖြစ်သည်။  

ဘယ်လောက်တောင် ရယ်စရာကောင်းလဲ။ တစ်ဖက်သားရဲ့ အားနည်းချက်ကို ဆုပ်ကိုင်ထားပြီလို့ သူ ထင်နေချိန်မှာပဲ သူ့ပြိုင်ဘက်က သူ့ဖာသာ ထောင်ချောက်ထဲကို တိုက်ရိုက်လျှောက်လှမ်းဖို့ စောင့်နေပြီလေ။

" ခမည်းတော်...ဒါတွေအားလုံးက သားတော်ကို ကျင်းဝမ် ထောင်ချောက်ဆင်ထားတာချည်းပါပဲ  " မု ထျန်းရှောင်....သည် ကျင်းဝမ် ရဲ့လုပ်ရပ်ကို ဒေါသတကြီး ဖော်ထုတ်ချင်သည်။

"လုံလောက်ပြီ..ကိုယ့်ဝမ်ဖေးကိုတောင် မကြင်နာတတ်သူရဲ့ စကားကို ငါကိုယ်တော်က ဘာကြောင့် ကျင်းဝမ်ထက် ပိုယုံရမှာလဲ" ဧကရာဇ်က သူ့ကို အေးတိအေးစက်ဖြင့် သူ့စကားကိုဖြတ်ချလိုက်သည်။


"ထျန်းရှောင် ... မင်းလုပ်သမျှ အပြစ်အားလုံးအတွက် အပြစ်ဒဏ်ကနေ လွတ်မြောက်ဖို့ မင်းပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိ တယ်။ ဒီနေ့ မင်းကို ငါ ပြန်ပြောလိုက်မယ်..."  

"ဒါတွေအားလုံးက မင်း တစ်ဖက်သတ်ပြောနေတဲ့ ဇာတ်လမ်းတွေချည်းပဲ"

"ခမည်းတော်...."

 အံ့ဩသွားပြီးနောက် မုထျန်းရှောင်....ဧကရာဇ်မင်းကြီးက  ဟာသတစ်ခုပြောနေသကဲ့သို့ အမှန်တကယ်ပင် ရယ်မောနေတော့သည်။ ရယ်မောပြီးသောအခါ ဒေါသတကြီးဖြင့် အံကြိတ်လိုက်သည်။
 
********-********


(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)حيث تعيش القصص. اكتشف الآن