Chapter (60-1) - သခင်လေးယဲ့နှင့် တွေ့ဆုံခြင်း

6.2K 1.3K 3
                                    

Chapter (60-1) -  သခင်လေးယဲ့နှင့် တွေ့ဆုံခြင်း 


လီယွီသည် လမ်းတစ်လျှောက်တွင် ပစ္စည်းအများအပြားကို လှမ်းမြင်နေရသော်လည်း  မရိုးသားသောကုန်သည်ကြောင့်  သူ့ရဲ့ ဈေးဝယ်ချင်စိတ်က ပျောက်သွားပြီး ဒီအတိုင်းပဲ လှည့်ပတ်ကြည့်နေလိုက်သည်။
 

လီယွီ မျှော်လင့်နေသော စားသောက်ဆိုင်သို့ သူရောက်လာသောအခါ၊ ဝမ့်ကုန်းကုန်းက သူတို့ကို ဒုတိယထပ်ရှိ ခမ်းနားထည်ဝါသော သီးသန့်ခန်းသို့လမ်းပြ ခေါ်ဆောင်လာခဲ့သည်။

စားသောက်ဆိုင်၏အမည်မှာ "မူးယစ်ရီဝေနွေဦးလေ " ဖြစ်ပြီး အထူးသဖြင့် ဒီစားသောက်ဆိုင်သည် အဓိကအားဖြင့်  အသားကင်ကို ရောင်းသော ဆိုင်ဖြစ်သောကြောင့် ပို၍စိတ်ဝင်စားဖွယ်ကောင်းသည်ဟု လီယွီ  ခံစားလိုက်ရသည်။
 
ဝမ့်ကုန်းကုန်းက ကျင်းဝမ်နှင့် လီယွီကို သီးသန့်ခန်းထဲ ပို့ဆောင်စဉ် အခန်းထဲမှာ သီတံဖြင့် ကင်ထားသော အသားကင်နျင့် သိုးကောင်လုံးကင်က အဆင်သင့် ခင်းကျင်းထားသည်။

 
အခန်းထဲရောက်တော့ အသားကင်နံ့ ပြင်းပြင်းက မျက်နှာကို လာဟပ်တော့ လီယွီက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်တယ်။

အရမ်းကောင်းတယ်၊ အသားကင်နံ့က  ခုခေတ်နဲ့ တူညီလုနီးပါးပဲ..

ဒါပေမယ့် ကျင်းဝမ် အရင်စားပြီးမှ သူ စားသင့်တာ သိလို့ လီယွီက ဗိုက်ဆာနေပေမယ့် ဘေးမှာ ရပ်စောင့်တေယ်။ ဒါပေမယ့် ကျင်းဝမ်က သူ့လက်ကို ဆွဲပြီး ခုံမှာ ဝင်ထိုင်စေလိုက်မယ်လို့ သူ မထင်ထားခဲ့မိဘူး။ ဒီလူက သူ့အပေါ်ကို လက်ပါပြန်ပြီလား။
 
 လီယွီသည် တုံ့ပြန်ရန် အချိန်မရမီတွင် သူ့လက်တွေက ရုတ်တရက် ဆုပ်ကိုင်ခံလိုက်ရကာ  ပူနွေးလာသည်။ ကျင်းဝမ်က သူ့ကို အဓိကခုံတွင် ထိုင်ခိုင်းပြီးသားဖြစ်နေလေပြီ။


ကျင်းဝမ်လို မြင့်မြတ်တဲ့ တော်ဝင်မိသားစုက မင်းသားတစ်ပါးက စားသောက်ဆိုင်ကို လာတာ ပထမဆုံးဖြစ်လို့ ဆို်င်ပိုင်ရှင်က ကိုယ်တိုင် ဧည့်ခံရန် သူတို့နောက်ကနေ အခန်းထဲကိုလိုက်ဝင်လာခဲ့သည်။ ဒါကြောင့် အခုချိန် လီယွီက ကျင်းဝမ် လက်ထဲက သူ့လက်ကို ရုန်းလိုက်ရင် ကျင်းဝမ် အရှက်ရသွားမလားလို့ စိုးရိမ်ကာ လက်ကို အတင်းမရုန်းနိုင်ပဲ စားပွဲဆီကို ဆွဲခေါ်လာခံလိုက်ရသည်။
 

 ကျင်းဝမ်ရဲ့ဘေးက ခုံမှ ထိုင်မိလိုက်တာနဲ့ လီယွီက တခုခု မှားနေတယ်ဆိုတာ သတိထားလိုက်မိတယ်။ အရင်က သူ့ကို စာရေးသင်ပေးတဲအခါ ကျင်ဝမ်ရဲ့ဘေးမှာ ကပ်ပြီး ထိုင်တာ သူ့အတွက် မထူးဆန်းပေမယ့် ဒီနေ့ ဈေးအဝင်ဝမှာ ဝမ်ဖေးလို့ အခေါ် ခံလိုက်ရလို့ လီယွီက နည်းနည်းတွန့်နေခဲ့တယ်။ တကယ်လို့သူက ကျင်ဝမ်ရဲ့ဘေးမှာ ကပ်ထိုင်လိုက်ရင် အဲ့ဒါ ဝမ်ဖေး ဆိုတာကို လက်ခံလိုက်သလို မဖြစ်ပေဘူးလား။

ကျင်ဝမ်က သူ့ကို ကြိုက်နေတယ်ဆိုတာ သိပေမယ့် သူက ကျင်ဝမ်ရဲ့ ဝမ်ဖေး မဖြစ်ချင်ဘူး။ ဒါကြောင့် လီယွီက ထိုင်ခုံကနေ ချက်ချင်း ပြန်ထလိုက်တယ်။

ဒါပေမယ့် ခုံမှာ ထိုင်နေပြီးသား ကျင်းဝမ်က လီယွီရဲ့ပုခုံးကို ဖိပြီး ပြန်ထိုင်ခိုင်းလိုက်တယ်။


လီယွီက တုံ့ဆိုင်းနေသေးပေမယ့် ကျင်းဝမ်ကိုယ်တိုင် သိုးကောင်လုံးကင်က ခြေထောက်တစ်ချောင်းကို ဖဲ့ပြီး လီယွီရဲ့ရှေ့က ပန်းကန်ထဲ ထည့်ပေးလိုက်တယ်။

လီယွီရဲ့ မျက်လုံးတွေက တောက်ပလာတယ်။

အိုး...... ဒီလောက်ကြီးမားပြီး မွှေးကြိုင်သင့်ပျံ့ပြီး ရွှေညိုရောင်ဖြစ်အောင် ကင်ထားတဲ့  သိုးခြေထောက်ကင်ကို သူ တခါမှ မစားဖူးပေ။

လီယွီက သတိမထားမိခင် အသားကင်ထည့်ထားတဲ့ ပန်းကန်လေးကို ငေးစိုက်ကြည့်ကာ တံတွေးကို မြိုချလိုက်မိသည်။ အသားကင် ထည့်ထားတဲ့ပန်းကန်ရှေ့မှာ  ငရုတ်သီးမှုန့်၊ ဇီယာမှုန့်၊ မြေပဲ၊ နှင့်  ပဲငံပြာရည်တို့ ထည့်ထားသည့် ပန်းကန်ပြားငယ်များစွာကို တွေ့လိုက်ရလို့   အံ့အားသင့်စွာမေးလိုက်သည်။
  "  အများကြီးပါလား?"

စားသောက်ဆိုင်ပိုင်ရှင်က လီယွီကို အမြန်ရှင်းပြလိုက်တယ်။

 "ဒါက ကျင်းကျွယ်ရဲ့ ထုံးစံပါ။ အသားကင်ကို သူ့ချည်းပဲ စားနိုင်သလို ဒါတွေနဲ့ တို့ပြီးတော့လည်း စားလို့ရပါတယ်   "

လီယွီသည် ဒီလို တို့စားရတာကို နှစ်သက်သည်။ သူက အသားကင်ကို ပဲငံပြာရည်နှင့် တို့ကာ စားဖို့ လုပ်လိုက်သည်။ ပြီးတော့ အသားကင်ပေါ်တွင်  ငရုပ်သီး အစပ်မှုန့် နှင့် ဇီယာ အနည်းငယ်ကို ထည့်ပြီး နှမ်း   အနည်းငယ် ဖြူးလိုက်သည်။ ခေါင်းမော့ပြီး သူဌေးကို သူလိုချင်တာ မေးလိုက်သည်။

"နှမ်းဆီနဲ့ ကြက်သွန်ဖြူထောင်းထားတာ  ရှိလား"  

လီယွီသည် ကမာဆော့စ်အကြောင်း အမှန်တကယ် မေးချင်သော်လည်း ရှေးခေတ်က ကမာဆော့စ် မရှိနိုင်တာကြောင့်  နှမ်းမွှေးကို ပြောင်းမေးခဲ့သည်။

သူဌေးက အသားကင် စားနည်းကို သိတဲ့သူ့ကို အံ့သြစွာ ကြည့်ပြီး  အမြန်ပြောလိုက်သည်။

"ဟုတ်ကဲ့... ရှိပါတယ် "  

အထက်တန်းစား မှူးမတ်တော်တော်များများက ဒီနှစ်မျိုးကို မကြိုက်တဲ့အတွက် သူဌေးက ဧည့်သည်တွေ စိတ်အနှောက်ယှက်ဖြစ်မှာစိုးလို့    စားပွဲပေါ်မှာ မပြင်ဆင်ထားဘူး။

လီယွီသည် သူ့ကိုယ်ပိုင် ပါဝင်ပစ္စည်းများကို ရောစပ်ပြီးနောက် စားသောက်ရာမှာ ပြီးပြည့်စုံသွားသည်ဟု ခံစားကာ ကျင်းဝမ် ကို မော့ကြည့်လိုက်သည်။ ကျင်းဝမ်ရှေ့က ပန်းကန်လုံးထဲမှာ ဘာ အသားကင်မှ မရှိဘူး။

လီယွီက  တချက် တွေးကြည့်တော့ ကျင်းဝမ်က ဘယ်လိုစားရမှန်း မသိဘူးထင်တယ် လို့တွေးလိုက်သည်။

နောက်တစ်ခုက မင်းသားတွေဟာ ပေါင်းထားတဲ့အစားစာ၊ ကြော်ထားတဲ့အစားစာတွေကို အများစုစားကြပြီး အသားကင်စားတာ ရှားတယ်။ ကျင်းဝမ်က သူ့ကို သိုးကလေး ခြေထောက်ကင်ကို ဖဲ့ပေးခဲ့လို့ သူက ထိုအသားတစ်ဝက်ကိုပဲ စားရသေးတယ်။
 
"အရှင့်သား...ကျွန်တော် အရှင့်သားကို ကူညီပေးရမလား...  " လီယွီက အသံတိုးတိုးဖြင့် မေးသည်။

ကျင်းဝမ်က လီယွီ ဆီက ဒီစကားလေးကို အချိန်အတော်ကြာအောင် စောင့်နေခဲ့ရတာ ဖြစ်ပြီး  နှုတ်ခမ်းကို ကော့ကာ ပြုံးလိုက်သည်။ သူက လီယွီ၏ လက်ထဲကို သူ့ပန်းကန်လုံးလေးကို အမှတ်တမဲ့ ထည့်ပေးလိုက်သည်။

လီယွီသည် ဟင်းခတ်အမွှေးအကြိုင်များကို ပန်းကန်လေးထဲ ထည့်ပေးကာ သေချာအောင် မေးလိုက်သည်။
  "အရှင်မင်းသား....  ကြက်သွန်ဖြူထောင်းကို စားမလား၊ အရှင်မင်းသား မြေပဲရော စားသလား"
 
ကျင်းဝမ်က လီယွီ ဘာပြောပြော ခေါင်းချည်းသာ ငြိမ့်နေပြီး လီယွီ အလုပ်ရှုပ်ကာ ရောစပ်ပေးနေသည်ကိုသာ ကြည့်နေသည်။

ခဏအကြာတွင် ရောနှောထားသော ပါဝင်ပစ္စည်းများကို ပန်းကန်လုံးတစ်လုံးထည့်ကာ မွှေလိုက်သည်။
 ထိုစဉ် ကျင်းဝမ်က မကြာသေးခင်က လီယွီက သူ့ကို သခွားသီးသုပ်လုပ်ပေးခဲ့သည်ကို သတိရသွားခဲ့သည်။

လီယွီက ပန်းကန်ကို လှမ်းပေးကာ ပြောလိုက်သည်။

 "အရှင်မင်းသား.... ဒီတို့စားရမယ့် အနှစ်ကို အရှင်မင်းသား ကြိုက်တတ်တဲ့ အရသာနဲ့ ညှိပြီး လုပ်ပေးထားပါတယ်။ အရှင်မင်းသား ဒါကို စမ်းပြီး တို့စားကြည့်ပါ။ အသားကင်ချည်း သက်သက် စားတာထက်   ပိုအရသာရှိတယ်"

ကျင်းဝမ်က ဝမ့်ကုန်းကုန်း စိတ်ပူစွာ ကြည့်နေသည်ကို လျစ်လျူရှုပြီး အသားကင်တစ်ဖတ်ကို ယူကာ    ဟင်းခတ်အမွှေးအကြိုင်ထဲ  နှစ်ပြီး တို့စားလိုက်သည်။ ကျင်းဝမ်က ထိုအရာကို ပါးစပ်ထဲ ထည့်ဝါးစဉ် မျက်နှာတစ်ချက်မှ မပြောင်းလဲပေ။
 

စားလို့ကောင်းတယ်။

ကျင်းဝမ်က ကျေနပ်စွာဖြင့် လီယွီကို ပြုံးပြလိုက်သည်။

လီယွီသည် သိုးငယ်ခြေထောက်ကင် ကျန်တစ်ဝက်ကို အမြန်စားပြီး သိုးသားဟင်းချိုသောက်ကာ အမဲသား အတုံးကြီးကြီးနှပ်ထားသည့် ဟင်းကို ဓါးနှင့် ကိုယ်တိုင်လှီးဖြတ်လိုက်သည်။ လီယွီက ဓါးကိုင်မကျွမ်းလို့ လှီးထားတာမလှပေပေမယ့် သူ ထည့်ပေးတာ အများစုကို ကျင်းဝမ်က စားပစ်လိုက်သည်။
 

ခဏလောက်စားသောက်ပြီးတဲ့နောက် အပြင်က လူတစ်ယောက်က ချန်အန်းအိမ်တော်က သခင်လေး ယဲ့ချင်းဟွမ်က ကျင်းဝမ်ကို တွေ့ချင်ကြောင်း သတင်းပို့ခဲ့သည်။

 လီယွီ - "..."

လီယွီသည် သိုးကလေး၏ခြေထောက်ကို စားနေရာမှ ချလိုက်သည်။ သူက ကျင်းဝမ်ကို တချက်ကြည့်လိုက်သည်။   မင်းသားက သူ့ကိုကြည့်နေလို့ လီယွီက ဝမ့်ကုန်းကုန်း ကမ်းပေးသည့် ပ သန့်ရှင်းသော ပုဝါတစ်ထည်ကို ကျင်းဝမ်ဆီ ကမ်း ပေးလိုက်သည်။ လီယွီသည် ဆီတွေနဲ့ တောက်ပြောင်နေသော လက်ချောင်းများနှင့် ပါးစပ်ကို သုတ်လိုက်ပြီး ကျင်းဝမ် ကို သံသယဖြင့် ကြည့်သည်။

ယဲ့သခင်လေးက ဒီမှာ ဘာ လာလုပ်နေတာလဲ။ သူ့ကိုလည်း အတူတူ  ဈေးဝယ်ဖို့ ကျင်းဝမ်က ယဲ့ချင်းဟွမ်ကို ခေါ်လိုက်တာလား။

လီယွီ အတွေးလွန်သွားသည်။ သေချာပါတယ်။ ကျင်းဝမ်က  "မသက်ဆိုင်တဲ့" လူတွေကို ဖိတ်ကြားထားမှ မဟုတ်ပေမယ့် ကျင်းဝမ်က ဒီ ဆိုင်မှာ ရောက်နေတယ်ဆိုတာ သိသွားလို့ သခင်လေးယဲ့က သူ့ဖာသာ လာခဲ့တာ ဖြစ်နိုင်တယ်။

ကျင်းဝမ်ရဲ့ အကြည့်တွေက မုန်တိုင်းထသလို မည်းမှောင်လာခဲ့လို့ ဝမ့်ကုန်းကုန်းက သူ့နှာခေါင်းကို အပြစ်ရှိစွာ အသာပွတ် လိုက်သည် ။ သူ့ကို ကျင်းဝမ် ဘယ်ကိုသွားသလဲဆိုတာ မေးခဲ့လို့ ယဲ့သခင်လေးက ကျင်းဝမ် ရောက်ရှိနေတဲ့နေရာကို သိသွားခဲ့တာ ဖြစ်တယ်။

ကျင်းဝမ်က ယဲ့ချင်းဟွမ်ကို အထဲဝင်ခိုင်းဖို့ ဝမ့်ကုန်းကုန်းကို ခေါ်ခိုင်းလိုက်တယ်။ ခွေးတစ်ကောင်နဲ့ အမြဲ သွားလာတတ်တဲ့ ယဲ့ချင်းဟွမ်က အခု တစ်ယောက်တည်း လာခဲ့တာမဟုတ်ဘူး။
 

ချူးရန့်ရီထက် အနိမ့်ကျတဲ့ ပိန်သွယ်သွယ်နှင့် မိန်းမဆန်ဆန်ချောမောတဲ့ ကောင်လေးတစ်ယောက်ကို အတူခေါ်ဆောင်လာခဲ့တယ်။ ထိုကောင်လေးက မက်မွန်သီးလို အရည်လဲ့သောမျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားပြီး   လှပသောနှာခေါင်းလေး၊ ချယ်ရီရောင် သမ်းနေသည့် ပန်းရောင် နူတ်ခါးပါးလေးကို ပိုင်ဆိုင်ထားသည်။ ထိုလူငယ်လေးက ယဲ့ချင်းဟွမ်ရဲ့လက်မောင်းကို တင်းတင်းတွယ်ဖက်ထားသည်။

လီယွီက ယဲ့ချင်းဟွမ်ကို ကောင်လေးတစ်ယောက်နှင့် အရမ်းရင်းနှီးတဲ့ပုံစံနဲ့လာခဲ့တာကို မြင်လိုက်ရတော့ လန့်သွားခဲ့တယ်။ ယဲ့ချင်းဟွမ်က တစ်ဦးတည်းသော သားဖြစ်လို့ ဒီကောင်လေးက သခင်လေးယဲ့ရဲ့ ညီငယ် မဖြစ်နိုင်ဘူး။ သူနဲ့ ထိုကောင်လေး  အရမ်းရင်းနှီးတာ ထူးဆန်းပုံရပါတယ်။

ဒါ့ပြင် သခင်လေးယဲ့ က မင်းသမီးလေးကို လက်မထပ်ချင်ဘူးလား။ ကောင်လေးတစ်ယောက်နဲ့ ဒီလောက်ရင်းနှီးအောင် နေနေတာ ဘယ်လိုလုပ်မလဲ။

လီယွီသည် ဖြစ်နိုင်ချေတစ်ခုကို တွေးကာ သူ့အနားရှိ ကျင်းဝမ်ကို စိုက်ကြည့်နေသည်။ လိင်တူကြိုက်နှစ်သက်တာက ကူးစက်နိုင်သလား။

ယဲ့ချင်းဟွမ်က ကျင်ဝမ်ရှေ့မှာ ဘယ်တုန်းကမှ ရှက်ကိုးရှက်ကန်း မလုပ်ဖူးဘူး။ အခုတော့ သူက လူငယ်လေးကို ကျင်းဝမ်ရှိတဲ့သီးသန့်ခန်းလေးထဲကို ခေါ်လာပြီး ရှက်တက်တက်နဲ့ ဘာမှ မပြောခင် အရူးလို ရယ်မောနေတယ်။

လီယွီက ပိုပြီး  သံသယရှိလာသည်။

ယဲ့ချင်းဟွမ် အနားရှိ လူငယ်လေးသည် အစပိုင်းတွင် သူတို့ကို ဆန်းစစ်လေ့လာကာ ကြည့်နေပေမယ့် လီယွီကို မြင်တော့ ဘာမှ ထူးဆန်းဟန်မပြပေ။ ကျင်းဝမ်ကိုမြင်တော့ ထိုလူငယ်လေးသည် ရုတ်တရက် သူ့ပါးစပ်ကို ဖုံးကာ ယဲ့ချင်းဟွမ်ကို တိုးတိုးလေးပြောလိုက်သည်။

ထိုလူငယ်လေးရဲ့ အသံထွက်လာတာနဲ့ သူက ဘယ်သူဆိုတာ ပေါ်သွားတော့တယ်။ ဘာကြောင့်လဲဆိုတော့ အသံလေးက နူးညံ့ပျော့ပြောင်းပြီး မိန်းကလေး သံဖြစ်နေသောကြောင့်ပင်။

ကျင်းဝမ်နဲ့ယဲ့ချင်းဟွမ်က တစ်ယောက်ကိုတစ်ယောက် ခဏမျှကြည့်နေစဉ် လီယွီ တစ်ယောက် စဉ်းစားခန်းထဲ နစ်သွားတော့သည်။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now