Chapter (126-1) - "အနွေးဂျက်ကက်လေး" မစ်ရှင်

3.4K 788 9
                                    

Chapter (126-1) - "အနွေးဂျက်ကက်လေး" မစ်ရှင်


"ထျန်းချီ မြန်မြန်လာ!" ကုတင်ပေါ်ရှိ ငါးငတုံးလေးက အူယားနေပြီး ကုတင်ဘောင်ကို စိတ်မရှည်စွာ လက်ဖြင့်ရိုက်လိုက်ကာ ခေါ်လိုက်သည်။

ကျင်းဝမ်က မပြုံးပဲမနေနိုင်တော့ပေ။ သူ့လက်ထဲက အရာကို ခဏချပြီး ဒီငါးကလေးကို ပွေ့ဖက်နမ်းဖို့ လျှောက်သွားခဲ့သည်။

လီယွီသည် ကျင်းဝမ်၏ ခါးပတ်ကို လှမ်းကြည့်လိုက်သည်။ သူ့ခေါင်းထဲမှာ အကြောင်းကြားစာတစ်ခု ပေါ်လာတော့မှ အဲဒါကိုရပ်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။

"Host...မစ်ရှင်ခွဲတာဝန် ဖြစ်တဲ့ 'အနွေးဂျက်ကက်လေး ' အတွက် အစပြုဖို့ လိုအပ်ချက်များ ပြည့်သွားပါပြီ။ သင်စတင်လိုခြင်းရှိ၊ မရှိ ဆုံးဖြတ်ပါ၊ ဒီလုပ်ငန်းကိုပြီးမြောက်ရန် သင်အသုံးပြုလိုသည့်ပုံစံကိုလည်း ရွေးချယ်ပါ- 1. လူသားပုံစံ၊ 2. ငါးပုံစံ......"

အိုး ဖား.....!

လီယွီ ရုတ်တရက် ထထိုင်လိုက်သည်။ ဒါက အသိပေးချက်လား.... ပြီးတော့ "အနွေးဂျက်ကက်လေး" ဆိုတဲ့ ခေါင်းစဉ်လား... အဲဒါ သမီးလေးတွေကို တင်စားတဲ့ တခြားနာမည် မဟုတ်ဘူးလား?

ဒါက သမီးတစ်ယောက်ရဖို့အတွက် တာဝန်ဖြစ်လောက်တယ်။

တည်နေရာသည် အမှန်တကယ် ပြဿနာဖြစ်ပုံရသည်။ ကြည့်လိုက်တော့...သမီးလေး ရဖို့ ဒီမှာ လုပ်ရမယ့်ပုံပဲ....!!

"သူက ဒီမှာ၊ သူက ဒီမှာ!" လီယွီသည် စိတ်လှုပ်ရှားစွာ သူ့လက်များနှင့် ခြေထောက်များကို ဝှေ့ယမ်းကာ System ထဲသို့ ချက်ချင်းဝင်ရန် စီစဉ်ခဲ့သည်။

ကျင်းဝမ်: ?

ဒီလိုအချိန်မျိုးမှာ ရှောင်ယွီက ဘယ်သူ့ အကြောင်းတွေးနေလဲဆိုတာ ကျင်းဝမ်က မသိသလို ပြတင်းပေါက်အပြင်ဘက်မှာ အလွန်အလင်းစူးရှတဲ့ အသံတစ်ခုထွက်လာချိန်မှာတော့ သူက အူတွေ စိမ်းလောက်အောင်ပင် သဝန်တိုနေခဲ့သည်။

ကျင်းဝမ်၏ အကြည့်သည် ချက်ချင်း အေးစက်သွားသည်။ အိပ်ယာထက်မှ ထလာကာ ဓားကို ဆွဲထုတ်ကာ ပြတင်းပေါက်အပြင်ဘက်သို့ ချန်ချလိုက်သည်။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now