Chapter (77-2) - ကိုယ်ဝန်ရှိနေသော ဝမ်ဖေး

7.7K 1.1K 11
                                    

Chapter (77-2)  - ကိုယ်ဝန်ရှိနေသော ဝမ်ဖေး



ချန်းချင်း  နန်းတော်။

အဝါရောင်တောက်တောက် နဂါးဝတ်ရုံကို ဝတ်ဆင်ထားသော ဧကရာဇ်ဘုရင် ကြီး သည် ကြိုးကြာနဲ့ သက်တော်ရှည်မက်မွန်သီးတွေ ပါဝင်သည့် မွေးနေ့ လက်ဆောင် ပန်းချီကားကို ငေးကြည့်ရင်း ဘာတွေးနေသည်ကို ဘယ်သူမှ မသိပေ။
 
အချိန်အတော်ကြာပြီးနောက် ဧကရာဇ်မင်းသည် မျက်လွှာပင့်ကာ သူ့အနီးနားရှိလူများကို မေးလိုက်သည်။


"သူ .... ကောင်းကောင်း ပြန်သွားရဲ့လား...?"

အပါးတော်မြဲ လျှိုသည် ဧကရာဇ်မင်းမြတ်၏နှုတ်က ထုတ်ပြောလိုက်သူက ဘယ်သူဆိုတာ သိပြီးနောက် ဂရုတစိုက်ဖြေလိုက်သည်။

  "အရှင်မင်းသားက   ချန်ချွန်းနန်းတော်သို့ သွားပြီး   ပထမမိဖုရားခေါင်ကြီးရဲ့ ကဗျည်းတိုင်ကို အမွှေးတိုင် သုံးချောင်းနဲ့ ပူဇော်ခဲ့ပါတယ်။ အခု နန်းတော်က ထွက်သွားပြီး သူ့စံအိမ်ကို ရထားလုံးနဲ့ ပြန်သွားပါပြီ။  "

ဧကရာဇ်သည် ခေါင်းညိတ်ပြပြီး ကျင်းဝမ်၏ သဘောထားကို ကျေနပ်သည်။ ဒီသားလေးက အဝေးကို မရောက်ဖူးဘူး။ ဧကရာဇ်မင်းသည် ကျင်းဝမ်၏လုံခြုံရေးအတွက် စိုးရိမ်ပြီး လျှိုလွေ့ရှန်း အား အမိန့်ပေးလိုက်သည်။

 "သူ့ကို လျှို့ဝှက်ကာကွယ်ဖို့ သက်တော်စောင့် အဖွဲ့နှစ်ဖွဲ့ကို စေလွှတ်လိုက်ပါ"

လျှိုလွေ့ရှန်း က နာခံကြောင့် လျှောက်တင်ခဲ့သည်။  ဧကရာဇ်မင်းသည် အပါးတော်မြဲ  ကို ခဏစိုက်ကြည့်ကာ ရုတ်တရက် မေးလိုက်သည်။

"ငါကိုယ်တော်ရဲ့လုပ်ရပ်က ရက်စက်တယ်လို့ မောင်မင်း ထင်သလား၊ ကျင်းဝမ်ပေးခဲ့တဲ့ လက်ဆောင်က ငါကိုယ်တော် အတွက် အကောင်းဆုံးပဲ၊ ဒါပေမယ့် ငါကိုယ်တော်က သူ့ကို ရှီဖုန်းမြို့ကို ပို့လိုက်တယ်"

လျှိုလွေ့ရှန်း က သူ့စိတ်ထဲမှာ အဲဒီလို တွေးနေပေမယ့် ဝန်မခံဝံ့ဘဲ ရှောင်ကာ လျှောက်တင်လိုက်သည်။

"ကျွန်တော်မျိုးက ဧကရာဇ်မင်းမြတ်ကြီးရဲ့ ဆုံးဖြတ်ချက်ကို မဝေဖန်ရဲပါဘူး။ ကျွန်တော်မျိုးက အရှင် ဧကရာဇ်မင်းကို သစ္စာစောင့်သိဖို့နဲ့ အရှင်မင်းကြီးရဲ့ အမိန့်တွေကို လိုက်နာဖို့ပဲ စိတ်ထဲ ထည့်ထားပါတယ်။  "

"ဒါဆို ပိုကောင်းတာပေါ့။"

တဖက်လူက နားလည်မှုလွဲနေတာတောင် ဂရုမစိုက်ဘဲ ဧကရာဇ်က ပြုံးလိုက် တယ်။ ကျင်းဝမ် ၏လက်ဆောင်သည် ဧကရာဇ်မင်းမြတ်၏နှလုံးသားကို အများဆုံး ရရှိခဲ့ပြီး ဧကရာဇ်မင်းကြီးက ဒီလက်ဆောင်ကြောင့် ကျင်းဝမ်ရဲ့  တိုးတက်မှုကို သတိထားမိသွားခဲ့တယ်။

 ကျင်းဝမ် သည် နှစ်ပေါင်းများစွာ သူ့လက်ရေးနဲ့မွေးနေ့ဆုတောင်းစာများသာ ပေးပို့ခဲ့ပြီး၊ သူသည် ဧကရာဇ်မင်းမြတ်အား အမြဲအေးစက်စွာ လျစ်လျူရှုခဲ့သည်။ ဒီသည်မှာ ဧကရာဇ်မင်းနှင့် ကျင်းဝမ်ကြားက တိတ်တဆိတ် နားလည်မှုတစ်ခုဟု ထင်ရသော်လည်း ရုတ်တရက် တစ်နေ့တွင် ကျင်းဝမ်က ဧကရာဇ်မင်းအား သူ့ကျေးဇူးတင်မှုကို ပြသခဲ့သည်။

ဒါက ဘာကို ဆိုလိုချင်တာလဲ...
 
ဧကရာဇ်က အဲဒါကို လုံးဝ မစဉ်းစားမိဘူး။ ဧကရာဇ်ကိုယ်တိုင် ဒီနည်းဖြင့် ဒီနေရာသို့ ရောက်ရှိလာသူဖြစ်လို့ သူက ကျင်းဝမ်ဆီမှာ တိတ်တဆိတ် ကြံစည်ထားတာများရှိကာ ထီးနန်းအတွက် တိုက်ခိုက်ရန် စိတ်ကူးရှိမည်ကို ကြောက်ရွံ့နေမိသည်။

ဧကရာဇ်မင်းကြီးက မင်းသားဘဝကို ကျော်ဖြတ်ခဲ့တာ နှစ်ပေါင်းများစွာ ကြာနေပြီဆိုပေမယ့်   မင်းသားတစ်ပါး  မှာ ဒီလိုအကြံအစည်ရှိနေတာ အံ့သြစရာတော့ မဟုတ်ပါဘူး။   ဒုတိယနှင့် တတိယမင်းသားများသည် အမှားအယွင်း မလုပ်ခဲ့ဘူးဆိုရင် မင်းကြီးက သူတို့ကို အခွင့်ရေးပေးလိုက်မည် ဖြစ်ပေမယ့် အခုက ကျင်းဝမ်ဖြစ်နေသည်။ ဒါကြောင့် မင်းကြီးက  အံ့သြသွားတယ်။ ကျင်းဝမ်ဆီမှာ ထုတ်မပြောနိုင်သော ဝမ်းနည်းမှုနှင့် နာကြည်းမှုအချို့ ရှိနေသည်ဟု လည်း ခံစားမိသည်။
 
ကျင်းဝမ်ကို ပေးအပ်ထားတဲ့ ဝမ်ဘွဲ့ကို ဘယ်သူမှ မပြောင်းလဲနိုင်ဘူးဆိုပေမယ့် ကျင်းဝမ်က ဆွံ့နေသည့်အတွက် ထီးနန်းဆက်ခံနိုင်မည့် အလားအလာရှိသည့် သားတွေထဲကနေ မင်းကြီးက အစောကြီးကတည်းက ကျင်းဝမ်ကို ပယ်ထုတ်ထား ပြီးသားဖြစ်သည်။ ဆွံ့အ နေသူက ထီးနန်းဆက်ခံဖို့ အရည်အချင်းမပြည့်မီပေ။ ကျင်းဝမ်က သူ့ဖာသာသိပြီး ထီးနန်းအတွက် ယှဉ်ပြိုင်မှုထဲက သူ့ဖာသာ နှုတ်ထွက်သွားပြီလို့ အမြဲတွေးခဲ့တယ်။

ဒါပေမယ့် ကျင်းဝမ် က မလိုလားတဲ့ပုံပဲ...
 ဧကရာဇ်မင်းကြီးက  အလားလာ မရှိသူကို ထောက်ပံ့ပေးမည် မဟုတ်ဘူးဆိုတာ ကျင်းဝမ်က မသိဘူးလား။  အရင်တုန်းကဆိုရင် ကျင်းဝမ်က ထီးနန်းအတွက် အခွင့်ရေးကို လက်မလျှော့ချင်ဘူးဆိုတာ သိရရင် သူ့အတွက် ဒါက ဟာသ တစ်ခုလို့ပဲတွေးမိလိမ့်မည်။  

ဒါပေမယ့် သူ့မွေးနေ့ပွဲမှာ  ဒုတိယမင်းသားက အရူးတစ်ယောက်လို လုပ်ကိုင်နေဆဲ ဖြစ်နေတာကို တွေ့လိုက်ရပြီး တတိယမင်းသားက တားမြစ်ထားတဲ့ကြားထဲက ဝန်ကြီးတွေနဲ့ အဆက်အသွယ်ရှိ နေတုန်းပဲ၊ ဒုတိယနဲ့တတိယ မင်းသား နှစ်ယောက်လုံးက သူ သည်းမခံနိုင်သည့် အချက်ကို ကျူးလွန်နေခဲ့သည်။   ထီးနန်းဆက်ခံနိုင်ဖို့ အရွယ်ရောက် မင်းသားတွေ စဉ်းစားလိုက်တဲ့အခါ ဆဌမ မင်းသား တစ်ပါးတည်း ရှိတော့တယ်။ မင်းကြီးက လောလောဆယ် ဘယ်မင်းသားကိုမှ အိမ်ရှေ့စံအဖြစ် ပေးအပ်ဖို့ မစဉ်းစား သေးပေ။ သူက   နှစ်အနည်းငယ်အတွင်း အရွယ်ရောက်လာမယ့် သတ္တမနှင့် အဋ္ဌမမြောက် မင်းသားများ၏ အရည်အချင်းများကို ကြည့်ရှု ရဦးမည် ဖြစ်သော်လည်း မင်းသားလေးများသည် ငယ်ရွယ်လွန်းလှသေးသည်။ မင်းကြီးရဲ့စိတ်ထဲမှာ ဆဌမ မင်းသားလည်း ထီးနန်းအတွက် မသင့်တော်ဘူး...

သူက ကျင်းဝမ်ကို လုံးဝ မစဉ်းစားမိခဲ့တာတော့ မဟုတ်ဘူး။

ကျင်းဝမ် သည် ဆွံ့အနေသော်လည်း သူ့ထီးနန်းကို ဆက်ခံဖို့ ရွေးချယ်ရန် သားတော်များ နည်းပါးလွန်းလှသည်။ ဒါကြောင့် ကျင်းဝမ် ဆွံ့နေတာက သိပ်တော့ အရေးမကြီးတော့ပေ။ သားသမီးများအတွက်တော့ တော်ဝင် သမားတော်က ကျင်းဝမ်က ကျန်းကျန်းမာမာနဲ့ သာမန် ကလေးတွေကို မွေးနိုင်ဖိုက အခွင့်ရေး ရှိသေးတယ်လို့ လျှောက်တင်ခဲ့တယ်။
 
ဧကရာဇ်က တိတ်တိတ်လေးတွေးတယ်၊ သူ့မှာ သားရှစ်ယောက်ရှိတယ်၊ တစ်ယောက်က ဆွံ့အတဲ့ရောဂါရှိတယ်၊ ကျင်းဝမ်က ပုံမှန် သားရှစ်ယောက်ကို ဖွားမြင်နိုင်တာက  ပုံမှန် အားဖြင့် ဖြစ်နိုင်လောက်ပါရဲ့....

 ကျင်းဝမ် သည် ဆွံ့အလို့ ထီးနန်းဆက်ခံရန် အရည်အချင်းမပြည့်မီဘူး ဆိုပေမယ့်  ဆွံ့အတာက ရောဂါလို့  မယူဆဘူးဆိုရင်  ကျင်းဝမ်က ဆဋ္ဌမမင်းသား သို့မဟုတ် ဒုတိယမင်းသားနှင့် နှိုင်းယှဉ်လျှင် မဆိုးလှပေ။

ဧကရာဇ်သည် ဒီလိုမျိုးတွေးပြီးနောက် ကျင်းဝမ်က ဘယ်လိုလုပ်ပြီး အောင်မြင်အောင် လုပ်မည်ကို သိချင်လို့  အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

မဆိုးပါဘူး၊ တုံးအတဲ့ သားကို  ထီးနန်းဆက်ခံဖို့ ပေးအပ်မယ့်အစား ထက်မြက်ပေမယ့် ဆွံ့နေသည့် သားကို ရွေးရင် ဒီသားက သေချာပေါက် ထူးခြားမှု ရှိရမယ်။

ရှီဖုန်းမြို့တွင် စစ်တပ်သည် ရုန်းရင်းဆန်ခတ်နှင့် ဘေးဥပဒ်များကြုံတွေ့နေရသည်။ မူလက ဧကရာဇ်မင်းကြီးသည် အနာဂတ် ထီးနန်းဆက်ခံမည့် မင်းသားရဲ့ အရည်ချင်းကို စမ်းသပ်ဖို့ ဒီနေရာကို စေလွှတ်ဖို့ စီစဉ်ထားခဲ့သည်။ ဘယ်လိုစီစဉ်ခဲ့ပါစေ အခု သူ့မှာ စေလွှတ်စရာ   မင်းသားမရှိပေ။ ကျင်းဝမ် က စစ်တိုက်ချင်ရင် ကျင်းဝမ်ကို လွှတ်လိုက်လိမ့်မယ်။ ကျင်းဝမ်သာ အရည်ချင်းရှိရင် ထိုရှီဖုန်းမြို့ကို အေးချမ်းငြိမ်ဝပ်အောင် စီမံနိုင်လိမ့်မည်။  ဒီလိုသာ စီမံနိုင်ရင်.... ကျင်းဝမ်က....

"ဧကရာဇ်မင်း၊ အရှင်မင်းသား ကျင်းဝမ် ..မြို့တော်က ထွက်ခွာသွားပြီ။"
လျှိုလွေ့ရှန်း က တိုးတိုးလေးပြောလိုက်သည်။ ဧကရာဇ်သည် စေ့စေ့တွေးနေသော်လည်း အဖြေမထွက်ပေ။ လျှိုလွေ့ရှန်း က သူ့အသံက အရမ်းတိုးလို့ မင်းကြီး မကြားမည်ကို စိုးကာ ထပ်ပြောလိုက်တယ်။

ဧကရာဇ်သည် ရုတ်တရက်နိုးထလာပြီး ဆဋ္ဌမမြောက်မင်းသားကို ရှာရန် လျှိုလွေ့ရှန်း ကို အမိန့်ပေးခဲ့သည်။ ဆဋ္ဌမမင်းသားကို ရှင်းပြဖို့ သူ့မှာ တာဝန်ရှိတယ်။

တခြားမင်းသားတွေက ရှီဖုန်းကို စီမံဖို့ အရည်ချင်းရှိရင် သူလည်း အခွင့်ရေးပေး သင့်တယ်။    ကျင်းဝမ်လုပ်နိုင်ရင် သူလည်း လုပ်နိုင်မှာပါ!
*********-*********

ကျင်းဝမ် စံအိမ်တော်ရှေ့...

ကျင်းဝမ်က လီယွီကို သူနှင့်အတူ ခေါ်ဆောင်သွားမည်ဟု ကတိပေးခဲ့သည်။ အစောင့်တွေက သူတို့ရဲ့ ရထားတွေနဲ့ အရိုသေ ပေးလိုက်ကြသည်။ ရထားလုံးထဲမှာ သလင်းကျောက်ပုလင်း  လည်း ရှိတယ်။ ငါးကန်ကြီးကို တွန်းလှည်းကြီးပေါ် တင်ထားသည်။  

အားလုံးအဆင်သင့်ဖြစ်နေပြီဖြစ်သော်လည်း သခင်လေးလီ ထွက်လာသောအခါ အနည်းငယ်စိုးရိမ်နေသည်။ ဒါက ကျင်းဝမ်က သူ့ကို ဈေးဝယ်ထွက်ဖို့ ခေါ်တာ မဟုတ်ပဲ ခရီးရှည်ထွက်ဖို့ အတူခေါ်တာ ဖြစ်သည်။ ဒီခရီးက ရထားလုံးဖြင့် ခရီးသွားရင် တစ်လ ကြာပြီး ခြေကျင်လျှောက်ရင် ရောက်ဖို့ နှစ်လခွဲကြာတယ်။ လီယွီသည် လမ်းပေါ်တွင် အချိန်အများစုကို ရထားပေါ်၌ ကျင်းဝမ်နဲ့ အတူ နေထိုင် စားသောက်ကာ နေသွားရမည် ဖြစ်သည်။
 
ငါးပုံစံနဲ့ ရထားလုံးပေါ်က ငါးကန်ထဲမှာ အိပ်လိုက်၊ စားလိုက်နဲ့ လိုက်သွားရင် အဆင်ပြေပေမယ့် လူသားပုံစံနဲ့ဆိုရင် သူက တစ်ရက်ကို တစ်နာရီပဲ ပြောင်းနိုင်သည်။ ဒီရထားလုံးထဲမှာသူက ငါးကနေ လူသားအသွင်ကို ဘယ်လိုပြောင်းနိုင်မှာလဲ။ အဲ့လိုမပြောင်းရင်လည်း ကျင်းဝမ်ကို သူ တစ်ယောက်တည်း ထားခဲ့ရလိမ့်မည်။
    နေ့တိုင်း လမ်းပေါ်မှာငါးက ဘယ်လို လူသားအသွင် ပြောင်းနိုင်မှာလဲ...?

မြင်းရထားကို အစောင့်တွေက ဝိုင်းထားတယ်။ သခင်လေးလီက ရထားလုံးထဲက ထွက်သွားရင် အစောင့်တွေ သေချာပေါက်မြင်လိမ့်မယ်။ လက်တွေ့မှာ သခင်လေးလီက အဲ့လို အပြင်ထွက်ထွက်ပြီး ငါးအသွင်ပြောင်းတာကို လုပ်နေလို့မရဘူးလေ။ အဲ့လိုလုပ်ရင် သူ့မူလဇစ်မြစ်က လုံးဝပေါ်သွားလိမ့်မည်။

 အကောင်းဆုံးကတော့ တလမ်းလုံး ငါးပုံစံနဲ့ လိုက်သွားဖို့ပဲ။ ဒါဆိုရင် သူက ကျင်းဝမ်နဲ့ပဲ ထိတွေ့ဆက်ဆံရလိမ့်မည်။
 သို့သော် ငတုံးလေး  လီယွီသည် ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုများကို အတူ ဝေမျှလိုသောကြောင့် စဉ်းစားဉာဏ် ဆုံးရှုံးသွားခဲ့သည်။ တွေးတောင်မတွေးဘဲ   သူ့ကို လူသားပုံစံနဲ့ ကျင်းဝမ်နဲ့အတူ လိုက်ချလာခဲ့သည်။ ဒါက တကယ့်ကို သူက ကြွားဝါရာကျပြီး သူ့ဖာသာ အခက်တွေ့အောင် လုပ်လိုက်မိတာပဲ။
 
အခုမှ ဝမ်းနည်းပေမယ့် လီယွီက ဘာမှ ပြောင်းလို့မရတော့ဘူး။ ကျင်းဝမ်က သခင်လေးလီနဲ့ ရထားလုံးထဲ နေ့အတူ ညအတူ ရှိနေပြီး သခင်လေးလီရဲ့ တိုဟူးကို စားနိုင်လိမ့်မည်။ ဒါဆိုရင် သခင်လေးလီ က အရှုံးပဲ မဟုတ်လား။ အမေရေ...  ဒီနည်းနဲ့ ဆိုရင် အမေ့သားလေးတော့....မလွယ်ဘူး....!

လီယွီသည် ထွက်ခွာရန် စဉ်းစားနေသော်လည်း ဘယ်နည်းလမ်းကို ထွက်ရမလဲဆိုတာ  မစဉ်းစားနိုင်ပေ။ ဝမ်ရှီက ရထားကို ပြင်ဆင်ပြီး လီယွီကို ရထားပေါ်တက်ခိုင်းသည်။ လီယွီသည် အတွေးများပြည့်နေသော သလင်းကျောက်ပုလင်းတင်ထားသော ရထားလုံး ပေါ်သို့တက်စဉ်  ချော်လဲလု နီးပါးဖြစ်ခဲ့သည်။ ကံကောင်းထောက်မစွာပဲ ကျင်းဝမ် က မြင်လိုက်ပြီး အမြန်ဖမ်းဆုပ်လိုက်သည်။ လီယွီက ရထားလုံးစီးတာထက် ပြုတ်ကျလုနီးနီးဖြစ်တဲ့ မြင်းကို စီးချင်ပုံရသည်။ ဒါပေမယ့်  ကျင်းဝမ် က ရှောင်ယွီကို ရထားထဲပဲ တွဲပို့ပေးလိုက်သည်။
 
မကြာခင်မှာပဲ ကျင်းဝမ် ဟာ ရထားလုံး ထဲကို ဝင်လာပြီး လီယွီကို ကြည့်ရတာ အဆင်မပြေကြောင်း အတည်ပြုခဲ့ပါတယ်။ လီယွီသည် ဖြစ်ပျက်နေသည့်အရာ များကို မဖုံးကွယ်နိုင်ပေ။ ကျင်းဝမ် သည် ထိတ်လန့်သော အမူအရာဖြင့် စိုးရိမ်နေသည့် ရှောင်ယွီရဲ့ မျက်ဝန်းလေးကို ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြုံးပြကာ ထွက်သွားပြန်သည်။

လီယွီ: ? ? ?

ကျင်းဝမ် သည် ရထားပေါ်ပြန်မတက်တော့ဘဲ ရထားဘေးတွင် သီးခြားစီမြင်း စီးခဲ့သည်။

လီယွီ အံ့သြသွားသည် ၊ ကျင်းဝမ် က ရထားလုံး မစီးဘူးလား?

သူ ရထားလုံးပြတင်းက လိုက်ကာကို ဖွင့်လိုက်ကာ     တစ်စုံတစ်ယောက်အား မေးရန်ပြင်စဉ် ဝမ့်ရှီး၏ရုပ်သွင်ကို အပြင်ဘက်တွင် ရှိနေသည်ကို တွေ့လိုက်ရ သည်။

"ဝမ့်ကုန်းကုန်း...ဘာတွေ ဖြစ်နေတာလဲ "

ဝမ့်ရှီး  သည် ရှီဖုန်းမြို့သို့ အတူလိုက်မည်ဖြစ်ကာ သူလည်း   ရထားလုံး ပေါ်တက်ရန် မစီစဉ်ဘဲ မြင်းစီးကာ တစ်ဖက်သို့ လိုက်သွားခဲ့သည်။

"ဝမ့်ကုန်းကုန်း ရထားလုံးထဲ မလိုက်ဘူးလား!"

လီယွီ ပြောလိုက်တာကိုမြင်တော့ ဝမ့်ရှီးက လီယွီကို အမြန်ပြန်ထိုင်ခိုင်းပြီး ပြုံးပြီး ပြောလိုက်သည်။

"အရှင်မင်းသားက အမိန့်ရှိတယ်၊ ဝမ်ဖေးက ကိုယ်ဝန်ရှိနေတယ်...။  အရှင်မင်းသားက  ဝမ်ဖေး..လမ်းတစ်လျှောက်မှာ ငြီးငွေ့လာမှာကို ကြောက်လို့ ရထားထဲမှာ သခင်လေးရှောင်ယွီကို အဖော်ပြုခိုင်းထာပါတယ်။ တခုခုလိုအပ်ရင် ကျွန်တော်မျိုးကို ခေါ်လိုက်ပါ။ ဒီကျွန်အိုကြီးက ရထားလုံးအပြင်နားက တောက်လျှောက် လိုက်နေမှာပါ။  "

ဝမ့်ရှီး  က သူ့စိတ်နှလုံးထဲမှာ ရွှင်လန်းနေပြီး ယောက်ျားလေးက ဘယ်လို ကိုယ်ဝန်ရနိုင်လဲ၊ ဒါက ကျင်းဝမ်ရဲ့အကြံပဲဖြစ်ရမယ်၊ အရှင်မင်းသားလည်း သခင်လေးလီကို ကျီစယ်ရတာကို ကြိုက်ပုံရတယ်လို့ တွေးနေသည်။

လီယွီ: "..."

လီယွီသည် ကျင်းဝမ် ကို အဝေးက စိုက်ကြည့်တော့ ကျင်းဝမ်က ပြုံးကာ ပြန်ကြည့်ခဲ့သည်။ လီယွီသည် ဒီအပြုံးကို မြင်တော့ လူယုတ်မာကြီးက သူ့ကို စားဖို့ ဝါးဖို့ စောင့်နေသည် ဆိုသည့် သဘောဖြင့် ပြုံးနေသည်ဟုသာ   တွေးလိုက်မိသည် ။

ဒါပေမယ့်  ကျင်းဝမ် က သူ့အတွက် အရမ်းစဉ်းစားပေးခဲ့တယ်၊ ဒါက သူ အသွင်ပြောင်းတဲ့အခါ ရထားပေါ်မှာရှိတဲ့ လူတွေမြင်သွားမှာကို စိုးရိမ်စရာ မလိုတော့ဘူး မဟုတ်လား။  ရထားလုံးတစ်ခုလုံး သူတစ်ယောက်တည်းရှိမှာတော့ ဘာမှ ကြောက်စရာ မလိုတော့ဘူး။

 သူ့မူလဇစ်မြစ် မပေါ်ချင်တဲ့အတွက် သခင်လေးလီ သည် ကိုယ်ဝန်ရှိသလို ဟန်ဆောင်နေရုံသာ ရှိတော့သည်။


*********-********

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now