Chapter (114-2) - ညီအစ်ကိုလေးယောက်၏ ချစ်ခြင်း

3.6K 806 11
                                    

Chapter (114-2) - ညီအစ်ကိုလေးယောက်၏ ချစ်ခြင်း

ဆုပေးပွဲအားလုံးကို နားထောင်ပြီးနောက် လီယွီသည် သူ၏ခင်ပွန်းဖြစ်သူ၏အမည်ကို မကြားရတော့လို့ ကျင်းဝမ်ကို ဘာလက်ဆောင်ပေးမလဲဆိုတာကို စတင်စဉ်းစားခဲ့သည်။ လီယွီက ဒါကို ရုတ်တရက် သတိ ရတော့ ကျင်းဝမ်ကို တိတ်တဆိတ် မေးချင်လာသည်။ ကျင်းဝမ် အမဲလိုက်လို့ရသောတိရစ္ဆာန်လည်း အခု ကျင်းအိမ်တော်၏ အိမ်မွေးတိရစ္ဆာန်အသစ်ဖြစ်သော ယုန်တစ်ကောင်ဖြစ်သည်။

ထိုယုန်ကို မူလက ဧကရာဇ်မင်းထံ ပေးအပ်ခဲ့သည်။ ထို့နောက် ဧကရာဇ်မင်းက ထိုယုန်ကို သူတို့ကို ပြန်လည်ပေးအပ်ခဲ့သည်။

လီယွီ: "......"

အခြားလူများသည် သမင်နှင့် လင်းယုန်ကိုကို အမဲလိုက်ခဲ့ကြသော်လည်း သူ၏ခင်ပွန်းဖြစ်သူက ယုန်တစ်ကောင်ကို လက်ဆောင်အဖြစ် ပေးခဲ့သည်။

ယုန်က အရမ်းချစ်စရာကောင်းတယ်။

လီယွီသည် ယုန်အရှင်တစ်ကောင်ကို မင်းကြီးကို ပေးအပ်တာက ဘာမှ မမှားဘူးလို့ လီယွီက ထင်သည်။ ဧကရာဇ်လည်း ကျင်းဝမ်က အသား မဆက်သနိုင်သည်ကို အလွန်အမင်း မစဉ်းစားခဲ့မိပေ။ အဲဒါကြောင့် လီယွီ နဲ့ သူ့ရဲ့ ကလေးတွေကို အိမ်မွေးတိရိစ္ဆာန် ယုန်တစ်ကောင်အဖြစ် ပြုစုပျိုးထောင်ဖို့ ဂုဏ်ပြု လက်ဆောင်အဖြစ်ပေးသည်ဟု ပွင့်ပွင့်လင်းလင်း ပြောခဲ့တာ မဟုတ်လား။

လီယွီ၏ ရင်တွင်း၌ ရွှင်မြူးနေတော့သည်။ လော့လွေ့စိန်းက သူတို့အတွက် ကြက်ကင်တစ်ခုလုံး ယူလာ ပေးခဲ့သည်။ ကျင်းဝမ် ၏ မျှော်လင့်နေသည့် အပြုမူသေးသေးလေးကြောင့် လီယွီ သည် သူ၏ တူကို ကောက်ယူပြီး ကျင်းဝမ် ၏ ဇလုံထဲသို့ ကြက်ကင်တစ်တုံး ထည့်ပေးလိုက်သည်။

ပေါငးအာ့ ပေါင်းစန်း၊ ပေါင်းဆုသည် သူတို့၏ ကြက်ခြေထောက်များကို မြှောက်ထားသည်။ လီယွီသည် သူတို့ကို ရည်ရွယ်ချက်ရှိရှိ မကူညီခဲ့ဘဲ သူတို့ကိုယ်တိုင် သူကို မည်သို့စားရမည်ကို သိအောင် ပစ်ထား လိုက်သည်။

ကလေးများ မှာ သေးငယ်တဲ့ ဆန်စေ့ အရွယ်အစား သေးငယ်တဲ့ သွားဖြူဖြူလေးတစ်ချောင်းစီပဲ ရှိသည်။ ကြက်ခြေထောက်ကို ခဏကြာအောင် ကိုက်စားလိုက်လျှင်ပင် အသားနည်းနည်းကိုပင် ကိုက်လို့တောင် မရပေ။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now