Chapter (111-2)- ထျန်းချီ ကျွန်တော့်ထဲကို မထည့်နဲ့တော့လေ

4.4K 909 17
                                    

Chapter (111-2)- ထျန်းချီက ကျွန်တော့်ထဲကို မထည့်နဲ့တော့လေ


လီယွီ သည် ကျင်းဝမ် ၏ ရှင်းလင်းချက်ဖြစ်ကြောင်း သိရှိပြီး ၎င်းကိုဖတ်ရန် အမြန်ဖွင့်လိုက်သည်။

အိမ်ထောင်သက် တစ်နှစ်ကျော်ကြာပြီးနောက် ကျင်းဝမ် ၏ စိတ်နေသဘောထားကို ကောင်းစွာ နားလည်သဘောပေါက်သွားခဲ့သည်။ ကျင်းဝမ် ဆေးသောက်ရသည့်အကြောင်းရင်းမှာ သူ့အတွက် ဖြစ်နိုင်ခြေ အရှိဆုံးဖြစ်သည်။ ထို့ကြောင့်၊ လီယွီ သည် ကျင်းဝမ် ကို အထင်အမြင်သေးမှု နည်းနည်းလေးတွေင် မခံစားမိစေရဘူးဆိုတာ သေချာသည်။

တကယ်တော့ အစကတည်းက သူက တခြားအရာထက် ပိုအရေးကြီးတယ်လို့ ဆုံးဖြတ်ထားပြီးသားပါ။ မှန်ကန်သောလမ်းကြောင်းသည် ထိုအရာကို အတူတကွ ရင်ဆိုင်ရန်ဖြစ်တယ်ဆိုတာ ကျင်းဝမ် နားလည်အောင် လုပ်ပေးရမည်။

လီယွီသည် စိတ်အတွင်းပိုင်း၌ အရာအားလုံးပြင်ဆင်ထားပြီးဖြစ်သည်။ သို့သော် သူ့အကြည့်က စာရွက်တစ်ရွက်ပေါ်ရှိ စကားလုံးများကို ထိလိုက်သောအခါ ရုတ်တရက် အေးခဲသွားသည်။

စာကြောင်းတိုလေးသာ ဖြစ်ခဲ့သည်။ စကားလုံးတိုင်းကို သူမှတ်မိသည်။ သို့သော် အားလုံးကို ချိတ်ဆက်ထားသော်လည်း ထိုအရာကို အမှန်တကယ် နားမလည်ခဲ့ပေ။

"မွေးရာပါ ဆွံ့အ သွားစေချင်တာကြောင့်လား"

လီယွီ: ဟင်??

ဒါက ဘာကြီးလဲ။ ကျင်းဝမ် သည် ဆွံ့အတယ်ဆိုတာ  သူသိနေပြီ။ ဒါပေမယ့် ဆေးသောက်တာနဲ့ ဘာဆိုင်လဲ။

ဆွံ့အနေခြင်းက သန်မာစေသလား။ အဲဒါကို သူ တစ်ခါမှ မကြားဖူးဘူး။  

လီယွီ သည် ကျင်းဝမ် နှင့် စာရွက်ပေါ်ရှိ စကားလုံးများကြားတွင် အပြန်ပြန်အလှန်လှန်ကြည့်ကာ ရှုပ်ယှက်ခတ်လျက်မေးလိုက်သည်။
 "ဒီမှာ ဘာဖြစ်နေတာလဲ"

ကျင်းဝမ် ၏ အမူအရာသည် လုံးဝကို ပြောင်းလဲသွားတော့သည် ။

ဒီနေရာ၌ တစ်စုံတစ်ခု မမှန်တော့ဘူးဆိုတာ လူနှစ်ယောက် လျှင်မြန်စွာ သဘောပေါက်သွားကြသည်။ လီယွီ သည် ကျင်းဝမ် ၏ မသန်စွမ်းမှုအပေါ် သံသယစိတ်များကို ကျယ်လောင်စွာ အသံကျယ်ကျယ်ဖြင့် ပြောခဲ့ပြီး နှစ်သိမ့်ရန် "ဒါက သိပ်အရေးမကြီးပါဘူး" လို့တောင် ပြောခဲ့သေးသည်။

ကျင်းဝမ်: "......"  

ကျင်းဝမ်က မျက်ခုံးအလယ်ကို ပွတ်သပ်လိုက်သည်။ ရှောင်ယွီက ဘာတွေဖြစ်နေလဲဆိုတာ သူ သိတယ်လို့ ထင်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ ရှောင်ယွီက နားလည်မှုလွဲခဲ့တာပါ။  သို့သော်လည်း လက်ရှိအခြေအနေအရ ရှောင်ယွီသည် ဆေးသောက်နေသည်ကို တွေ့ရှိပြီးကတည်းက ဒါကို ဖုံးကွယ်ထား၍မရတောေ့ပ။

လီယွီ ထွက်ပြေးသွားမှာကို ကြောက်သလိုပင်  ကျင်းဝမ် က လီယွီ ရဲ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး စားပွဲဆီကို ခေါ်သွားလိုက်တယ်။ စုတ်တံကို ကိုင်လိုက်ပြီး တစ်စုံတစ်ခုကို ရေးလိုက်သည်။

ထိုအရာသည် လီယွီ၏ 'မသန်စွမ်းခြင်း' ဆိုသည့် အရာနှင့်  အလွန်ကွာခြားလှသည်။

ဒါကြောင့် ကျင်းဝမ် ယူတဲ့ဆေးက လိင်စိတ်နှိုးဆွဖို့အတွက် အသုံးပြုတာ မဟုတ်ဘူး။ ဟုတ်တာပေါ့...၊ အဲဒါက ပန်းသေတာကို ကုသဖို့အတွက်လည်း မဟုတ်ပါဘူး။ အဲ့ဒီအစား ထိုဆေးက သန္ဓေတားဆေးတစ်မျိုး ဖြစ်သည်။

သန္ဓေတားဆေးလား?

လီယွီသည် ထိုအချက်ကို ရုတ်ခြည်းသဘောပေါက်ခဲ့ပြီး၊ သူ လှည့်စားခံရခြင်းကြောင့် မထွက်စဖူး ရင်ထဲမှာ  ဒေါသတွေ ပွက်ပွက်ဆူလာတော့သည်။ သူ ကြိုးစားအားထုတ်ခဲ့ပေမယ့်  ဒုတိယအကြိမ် ကိုယ်ဝန် မဆောင်နိုင်ခဲ့ သည်မှာ အံ့သြစရာမဟုတ်ပါ။ ဒါဖြင့် ဒီတကြိမ်လုပ်နေတာက လုံးဝ အသုံးမကျတော့ ဘူးမဟုတ်လား။

"ဘာကြောင့်လဲ?   ကျွန်တော် သမီးတကယ်လိုချင်တယ်ဆိုတာ ထျန်းချီ ကောင်းကောင်းသိပါတယ် ဒါတောင် ထျန်းချီက......"  

ကျင်းဝမ် သည် သူ့လက်များကို တင်းတင်းဆုပ်ကိုင်ထားပြီး စာရွက်တစ်ရွက်ကို စိုက်ကြည့်နေသည်။

"ဒါကြောင့်လား?" လီယွီသည် ဒေါသတကြီးဖြင့် စာရွက်တစ်ရွက်ကို ကောက်ကိုင်လိုက်ပြီး ကျင်းဝမ်၏မျက်နှာရှေ့တွင် ကျယ်လောင်စွာ ဖတ်ပြလိုက်သည်။

ကျင်းဝမ်၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါသွားသည်။ လီယွီသည် ထိုစကားကို ရွတ်ဆိုသောအခါ ဒေါသနှင့် မျက်လုံးများကို မှိတ်ထားလိုက်သည်။

လီယွီသည် သူ့ရင်ဘတ်ကို တုတ်ကြီးတစ်ချောင်းဖြင့် ပြင်းပြင်းထန်ထန် ရိုက်လိုက်သလို ခံစားလိုက်ရသည်။ သူ့အာရုံတွေ ပြန်စုစည်းနိုင်ချိန်မှာတော့ သူဖတ်ခဲ့တာကို နောက်ဆုံးသဘောပေါက်သွားတယ်။  

မွေးကတည်းက ဆွံ့အနေလို့။

မွေးရာပါ ဆွံ့အနေလို့......

မွေးကတည်းက ... ဆွံ့အ......

ဒီအချိန်မှာ သူ့ နားလည်မှုက  နှောင့်နှေးတယ်ဆိုတာ ပေါ်လာတယ်။ ဤစက္ကန့်တွင် လီယွီသည် နောက်ဆုံးတွင် နားလည်သွားသည်။  

"ဒါဆို ထျန်းချီ ကြောက်တာက........"

လီယွီသည် တုန်တုန်ယင်ယင်ဖြင့် စာရွက်ကို ချကာ ထိုင်ခုံပေါ်သို့ ထိုင်ချလိုက်သည်။

ကျင်းဝမ် သည် မွေးရာပါ ဆွံ့အ နေခဲ့သည်။  ထိုအဓိပ္ပါယ်မှာ သူ့ရဲ့ သားစဉ်မြေးဆက်သို့ ဆွံ့အခြင်းက ကူးဆက်နိုင်ဖွယ်ရှိသည်။ သန္ဓေတားဆေးကို ရည်ရွယ်ချက်ရှိရှိ အသုံးပြုရန် ရွေးချယ်ခဲ့တာလည်း သူ့ သားမြေးတွေ ဆွံ့အခြင်းကို မျိုးရိုးမလိုက်နိုင်စေဖို့ပေါ့....

"ဒါပေမယ့် ပေါင်းရိနဲ့ တခြားသူတွေ အားလုံးအဆင်ပြေတယ်။ ထျန်းချီဆီက မျိုးရိုး မလိုက်ခဲ့ဘူး......"  

ဒါကိုပြောရင်း လီယွီသည် သာမန်ကလေးတွေက သူတို့နှင့်မတူကြောင်း ချက်ချင်းသဘောပေါက် လာသည်။ ကလေးတွေကို  ကိုယ်ဝန်ရှိတုန်းကတောင် သူ့ဖာသာ မသိလိုက်ဘူး။ ကျင်းဝမ်က ဒါကို ပိုလို့တောင် မသိနိုင်ပေ။  ထို့အပြင် ထိုအချိန်တွင် ယောက်ျားတစ်ယောက်က  ကိုယ်ဝန်ရနိုင်သည်ဟု မည်သူက ခန့်မှန်းနိုင်မည်နည်း။

ပထမတော့ သန္ဓေတားဆေးတွေ သုံးဖို့ မလိုအပ်ဘူး။ ထို့ကြောင့် ကိုယ်ဝန်ရှိလာသည်။ ကိုယ်ဝန်ရှိရုံတင်မကဘူး၊ တကယ်တော့ အဲဒီအချိန်က အန္တရာယ်လည်းရှိတယ်။ ကလေးထဲက တစ်ယောက်က ကျင်းဝမ် ရဲ့ မသန်စွမ်းမှုကို အမွေဆက်ခံခဲ့မယ်ဆိုရင် အဲ့ဒါ ဘာဖြစ်သွားမလဲ...

ဒါက လွယ်လွယ်လေး တွေးထားတဲ့ ကိစ္စတော့ မဟုတ်ဘူး။  

ကံကောင်းစွာပဲ၊ သူတို့ရဲ့ လက်ရှိကလေးလေးယောက်က အဆင်ပြေနေတယ်။ ဒါပေမယ့် အနာဂတ်မှာ မွေးလာမယ့် ကလေးတွေကော။

ထို့အတွက်ကြောင့် ကျင်းဝမ် သည် အကာအကွယ်ယူခဲ့သည်။ ထို့ကြောင့် လီယွီက ဘယ်လောက်လုပ်လုပ် System ဆီက သတိပေးချက် မရရှိခဲ့ပေ။ သူက သမီးလေးလိုချင်ပေမယ့် တကယ်တော့ ကိုယ်ဝန်ထပ်ရဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။

ကိုယ်စိတ်မကောင်းပါဘူး...... ကျင်းဝမ် က ရေးသားခဲ့သည်။

 ကိုယ်က တော်ဝင်သမားတော်တွေကိုလည်း မေးခဲ့ပြီးပြီ။ အထူးသဖြင့် ဘုန်းတော်ကြီး လျောင်ခုန်းကိုလည်း မေးခဲ့တယ်....

ောတ်ဝင်သမားတော်တွေကို မေးတဲ့အခါ သမားတော်တွေက ဒီလေးယောက်က ကျန်းမာတယ်လို့ ပြောကြပေမယ့် တခြားကလေးတွေလည်း ကျန်းမာမယ်လို့ မဆိုလိုဘူးတဲ့....

လျောင်ခုန်းကို မေးတော့ တစ်ဖက်လူက ငါးကြင်းနတ်ဆိုးပင်ဖြစ်ပေမယ့် ကလေးတွေက ကျင်းဝမ်၏ သွေးသားတွေ ဖြစ်ကြောင်း ပြောခဲ့သည်။ သူနဲ့တူတဲ့ပုံပေါက်တဲ့သူတွေလည်း ရှိလာနိုင်ပြီးတော့  သူ့လိုပဲ ဆွံ့အနေလိမ့်မယ်ဟု ပြောခဲ့သည်။

ကျင်းဝမ် သည် သူ၏အနာဂတ်တွင် ထပ်မွေးလာမည့် ကလေးအား ဆွံ့အ သွားမလား၊ သာမန်ပဲ ဖြစ်မလားဆိုတာ  မသေချာနိုင်ပေ။ ဒါကြောင့် သူ့မှာ သားသမီးတွေ မရှိတော့အောင်  လုပ်နိုင်ရုံပဲ တတ်နို်င်တော့သည်။

သူ တိတ်ဆိတ်စွာ စာဆက်ရေးခဲ့သည်-

 စကားမပြောနိုင်တာက အရမ်း နာကျင်ရတယ်....မွေးစကတည်းက ဒီလိုဆင်းရဲဒုက္ခမျိုးကို သားသမီးတွေကို ခံစားစေခိုင်းမှာထက်စာရင် အစကတည်းက သူတို့ကို မွေးဖွားမလာအောင် လုပ်တာ ပိုကောင်းပါတယ်။

လီယွီ အံ့အားသင့်သွားကာ စကားမပြောနိုင်တော့ပေ။ တည်ငြိမ်သောစကားလုံးများဖြင့် ဝါကျ အနည်းငယ်သာ ရေးသားခဲ့သော်လည်း၊ ကျင်းဝမ် ၏နှလုံးသားထဲတွင် နက်ရှိုင်းစွာဝှက်ထားသော ဒဏ်ရာ၊ သူတစ်ခါမှ မပြောဖူးသော နာကျင်မှုကို ထုတ်ဖော်ပြသခဲ့သည်။

ကျင်းဝမ်.....သူက စကားမပြောနိုင်ပေ။  ဒီလို ထူးခြားတဲ့ ဝေဒနာမျိုးကို သူ့ထက် ဘယ်သူက ပိုနားလည် နိုင်မလဲ။ ဒါကြောင့် သူ့ မျိုးဆက်ကို ထိုနာကျင်မှုကို အမွေဆက်ခံခွင့် မပေးလိုကြောင်း သူ သေချာ  စိတ်ပိုင်းဖြတ်ထားသည်။

ဖြစ်နိုင်ခြေအနည်းငယ်သာရှိလျှင်ပင် သူက စွန့်စားရန်ဆန္ဒမရှိပေ။ လီယွီ ကိုယ်ဝန်ရှိလာသည်နှင့် တပြိုင်နက် သူတို့နှစ်ယောက်လုံး ထိုကလေးကို ဆွံအသည့် ကလေးဖြစ်စေချင်မည် မဟုတ်ပေ။ မျှော်လင့်ချက်လေး သေးသေးလေး ရှိလျှင်ပင် သူတို့ စွန့်ပစ်ကြမည်မဟုတ်ပေ။

အဲဒီအခါမှာ တစ်ခုတည်းသော ဖြစ်နိုင်ချေက တစ်ခုမှ နောက်ထပ် ကလေး မရှိဖို့နဲ့ ဖြစ်နိုင်ခြေအားလုံးကို ဖြတ်တောက်ပစ်ဖို့ပါပဲ။

လီယွီအား တုံ့ပြန်မှုတစ်စုံတစ်ရာမရှိဘဲ ကြောင်ငေးနေသည်ကို မြင်လိုက်ရသဖြင့် ကျင်းဝမ်၏အတွင်းစိတ်က  စိုးရိမ်ပူပန်မှုများလာကာ ရင်ထဲ ဗလောင်ဆူလာကာ သူ့တုန်လှုပ်မှုကို  မထိန်းချုပ်နိုင်ဖြစ်လာသည်။ သူ ပင့်သက် တစ်ချက်ရှူလိုက်ကာ  "တောင်းပန်ပါတယ်" လို့  ရေးခဲ့သည်။

 လီယွီသည် "တောင်းပန်ပါတယ်" ဆိုသည့် စာလုံးတွေ နှစ်ထပ်  ဖြစ်လာသည်ဟု ထင်လာရင်း သူ့မျက်လုံးထဲက မျက်ရည်တွေကြောင့် ဝါးလာခဲ့သည်။
 
အနာဂတ်မှာ ချစ်ဖို့ကောင်းတဲ့ သမီး ဒါမှမဟုတ် သားသမီးတွေ ထပ်မမွေးနိုင်တော့တာ တကယ်ကို စိတ်ပျက်စရာကောင်းတဲ့ ကိစ္စပဲ။ သို့သော်လည်း ကျင်းဝမ် ၏ စိုးရိမ်မှုသည် အကြောင်းပြချက်မရှိဘဲ မဟုတ်ပေ။ သူကလည်း ကလေးအတွက်ပဲ စဉ်းစားပေးလို့ ဒါကို လုပ်ခဲ့တာပဲလေ။  

ပြောစရာမလိုအောင်ပင်... ကျင်းဝမ် ကိုယ်တိုင်က သားကောင်ဖြစ်ခဲ့ရပြီး ယခု သူ လုပ်သမျှ အရာတိုင်းက အပြစ်ကင်းပါသည်။

"တောင်းပန်ပါတယ်" တဲ့လား... အားလုံးကို သူ့တစ်ကိုယ်တည်းနဲ့ ဒါတွေ မဖြစ်အောင် သူ ဘယ်လို တားနိုင်ပါ့မလဲ...
 
လီယွီက သူ့လက်ကို စာဆက် မရေးစေနိုင်အောင် တားလိုက်ပြီး  မျက်ရည်လည်ရွဲနဲ့ ပြောလိုက်သည်။

 "ဒါ ထျန်းချီရဲ့ အပြစ်မဟုတ်ဘူး။ ဒီလိုမတွေးပါနဲ့......"

"ထျန်းချီ၊ ငါတို့မှာ ကလေးလေးယောက်ရှိတယ်။ လုံလောက်နေပါပြီ"

 လီယွီက ဆို့နင့်လာသငည့် ခံစားချက်ဖြင့် အံကြိတ်ကာ ပြောလိုက်သည်-

"စိတ်မကောင်းပါဘူး၊ ထျန်းချီ တကယ် နာကျင်နေတယ်ဆိုတာ  တချိန်လုံး ကျွန်တော် မသိခဲ့ဘူး......"

ကျင်းဝမ် သည် သူ၏ မသန်စွမ်းမှုနှင့်ပတ်သက်သော မည်သည့်ခံစားချက်ကိုမျှ မဖော်ပြသောကြောင့် လီယွီ သည် ကျင်းဝမ် တွင် သန်မာသည့် ဇာတ်ကောင်စရိုက်ရှိသည့်အပြင် အာဏာရှင်ဇာတ်ရုပ်မျိုးလည်း ရှိသောကြောင့်၊ သူ၏ကိုယ်ရည်ကိုယ်သွေးအများစုမှာ အေးစက်သဖြင့် သူ အထီးကျန်နေမည် မဟုတ်ဟု း အလိုအလျောက်ယူဆခဲ့သည်။

ဒါပေမယ့် ထျန်းချီက သူ့မသန်စွမ်းမှုအပေါ် အလွန်စိတ်ပျက်နေခဲ့သည်။ လီယွီသည် သူနှင့် နေ့စဉ် နေ့စဉ် ပြောဆို ဆက်ဆံလေ့ရှိပြီး ကျင်းဝမ်  ဆွံ့အ နေသည်ကိုပင်  သူ   မေ့သွားခဲ့သည်။  

ဒါပေမယ့် ဒါက ဝတ္ထုတစ်ပုဒ်ရဲ့ ဇာတ်ကောင်စရိုက် သက်သက်ပါပဲ။ နာကျင်မှုကိုခံစားရခြင်းမှာ အားနည်းချက် တစ်မျိုးဖြစ်သောကြောင့်၊ အဓိက ဇာတ်ဆောင်တွင် ထိုသို့မလိုလားအပ်သော စရိုက်လက္ခဏာရှိမည်မဟုတ်ဟု သေချာပေါက် တွက်ခဲ့မိသည်။

သို့သော် ကျင်းဝမ်သည် အဘယ်ကြောင့် နာကျင်မှုကို  ခံစားနေရသနည်း။

တကယ်တော့ သူလည်း သက်ရှိလူသား တစ်ယောက်ပဲလေ။

လီယွီ သည် ကျင်းဝမ် အတွက် အလွန်အမင်း နာကျင်ခံစားလာရသည်။ သူသည် စားပွဲပေါ်ရှိ 'တောင်းပန်ပါတယ်' ဟူသော စာမျက်နှာကို တွန်းဖယ်လိုက်ပြီး ကျင်းဝမ် ၏ လက်မောင်းကြား ခုန်ဝင်ကာ   ပြောလိုက်သည်။
 

"ကျွန်တော် စိတ်မကောင်းပါဘူး။ ကျွန်တော် အတော်ဆိုးတယ်။ ကျွန်တော် အရင်ကတည်းက သတိထားသင့်တယ်...."

ကျင်းဝမ် က သူ့ကို လက်နှစ်ဖက်ဖြင့် လီယွီကို အလျင်စလို ပွေ့ဖက်လိုက်ပြီး နီရဲနေသော မျက်လုံးများဖြင့် သူ့လက်ဖဝါးအတွင်း၌ စကားလုံးများ ရေးသားခဲ့သည်။

မင်းက အံ့ဩစရာကောင်းတယ်။ ဒီမှာ မင်းနဲ့သာ အတူနေရမယ်ဆိုရင် ငါ မနာကျင်ဘူး။

လီယွီသည် ပြင်းထန်စွာ ငိုကြွေးပြီး အကြိမ်များစွာ သူ့ကိုယ်သူ ဆူပူကြိမ်းမောင်းခဲ့သည်။ သူ့ ခြေထောက်များ အနည်းငယ်နာနေသေးသည်၊ သူသည် ကျင်းဝမ် ၏ဒူးပေါ်တွင် တင်ပါးလုံးလုံးဖြင့် ထိုင်ကာ ယုန်တစ်ကောင်၏ ရက်စက်မှုမျိုးဖြင့် စိုက်ကြည့်နေသည်။

ထိုအကြည့်သည် ခြိမ်းခြောက်မှု လုံးဝမရှိပါ။  

" ဆေးကို တိတ်တိတ်လေး သောက်ခွင့်မပေးတော့ဘူး။"

 လီယွီ သည် ခင်ပွန်းဖြစ်သူအား သေချာ သတိပေးလိုက်သည်။
 "ဒါက ရှောင်တခင်သောက်ရမယ့်ဆေးမျိုးလား။ ရေရှည်စွဲသောက်လို့ တခုခု ဖြစ်ရင် ဘယ်လိုလုပ်လဲ "

ကျင်းဝမ်: "......"

တကယ်တော့ ကျင်းဝမ် က ဆေးပညာကို နားလည်တဲ့ လက်အောက်ငယ်သားကို ဆေးဖော်မြူလာကို စစ်ဆေးဖို့ အမိန့်ပေးခဲ့လို့  အဆင်ပြေလောက်သည်။  သို့သော်၊ ကျင်းဝမ် သည် ရှောင်ယွီ၏စကားကို နားထောင်ခဲ့သည်။ အိပ်ယာထဲ မစွမ်းနိုင်ခြင်းကို လုံးဝ အဖြစ်မခံနိုင်ပေ။ ကျင်းဝမ် သည် အားမလျော့ချင်လို့  သူသည် နာခံစွာ ခေါင်းညိတ်လိုက်သည်။

ရှောင်ယွီသည် ယခုအချိန်တွင် အရာအားလုံးကို သိရှိနေပြီဖြစ်သည်။ အနာဂတ်တွင် သူတို့သည် အခြားသော သန္ဓေတားနည်းများကိုလည်း အသုံးပြုနိုင်သည်။ ရှောင်ယွီက ဆန္ဒရှိနေသရွေ့ အဆင်ပြေပါသည်။

မျက်လုံးများ တောက်ပလာပြီး အံ့သြစရာကောင်းလောက်သည့် နည်းကို တွေးတောရင်း လီယွီတစ်ယောက် ချက်ချင်းထလာသည်။ ပူလောင်နေသော နှုတ်ခမ်းများဖြင့်  ကျင်းဝမ် နားရွက်ကို ပွတ်တိုက်လိုက်သည်-

"ထျန်းချီ၊ ကျွန်တော် အကြံတစ်ခုရှိတယ်......"

ခံစားချက်ကို မျှဝေရင်း ကျင်းဝမ် က စောင့်မျှော်နားထောင်သည်။

လီယွီက ပေါ့ပေါ့ပါးပါး ရယ်မောရင်း ပြောလိုက်သည်။

"နောင်အနာဂါတ်မှာ ထျန်းချီက ကျွန်တော့်ထဲကို မထည့်နဲ့တော့လေ "

ကျင်းဝမ်: "................................"  

မထည့်ရဘူး... ဒါက မကောင်းတာတော့ သေချာတယ်။

********-************

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now