Chapter (117-1) - လူတိုင်းက ပေါင်းရိကို အကူညီတောင်း၇တာ ကြိုက်တယ်

3.5K 827 10
                                    

Chapter (117-1) - လူတိုင်းက ပေါင်းရိကို အကူညီတောင်း၇တာ ကြိုက်တယ်


ဆဌမ မင်းသားလေးက ကျင်းဝမ်ဖေး အမြန်ထွက်ပြေးပြီး မျက်စိတမှိတ်အတွင်း ပျောက်ကွယ်သွားတာ ထူးဆန်းတယ်လို့ ထင်ရပေမယ့် ကျင်းဝမ် ရုတ်တရက် လက်ထပ်ခဲ့တဲ့ ဒီအမျိုးသား ဝမ်ဖေးနဲ့ က သူ့ကို တပတ်ရိုက်နိုင်လိမ့်မည်ဟု ဘယ်တုန်းမှ မထင်ခဲ့ပေ။ ထို့အပြင်၊ ကျင်းဝမ် ပြန်ရောက်မလာသေးကြောင်း သိရှိပြီးနောက်၊ ဆဌမမင်းသားသည် သူ၏အတွင်းစိတ်ထဲက ပျော်ရွှင်မှုကို မထိန်းနိုင်တော့ပေ။ သူ့စိတ်ထဲမှာ ရှုပ်ထွေးမှုအနည်းငယ် ပေါ်လာခဲ့ရင်တောင် မြန်မြန် မေ့ပစ်လိုက်တော့သည်။

သူ့လက်အောက်ငယ်သားများထံ ဆက်သွယ်ရန် မကြိုးစားခဲ့တော့ပဲ သူ့အစီအစဉ်အတိုင်း အကောင်အထည်ဖော်တာက အကောင်းဆုံးဖြစ်ပဲဟု တွေးလိုက်သည်။ အခု သတင်းပို့ဖို့ အလျင်စလို ထွက်သွားတာက မိုက်မဲတဲ့ လုပ်ရပ်တစ်ခုပဲ။ ကျင်းဝမ်ကို အလဲထိုးနိုင်ဖို့က အကြာဆုံး နှစ်ရက်ပဲပေါ့....

အလွန်ကျေနပ်ကာ ယုံကြည်မှုအပြည့်နဲ့ ဆဌမ မင်းသားလေးဟာ သူ့တဲဆီကို လျှောက်သွားခဲ့သည်။

သူ့တဲထဲကို ဝင်လိုက်တာနဲ့ လျန်ရှီးရဲ့ ညှိုးငယ်နေတဲ့ မျက်နှာကို ချက်ချင်းတွေ့လိုက်ရသည်။ သူ့ဝမ်ဖေး၏ ညှိုးလျော်နေသည့် မျက်နှာက ကံဆိုးခြင်းကို ဆွဲဆောင်နေသလို ခံစားလိုက်ရသည်။ လျန်ရှီး၏ ဖခင်မိသားစုနှင့် လျန်ရှီ၏ဗိုက်ထဲက ကလေးအတွက်ကြောင့် တင်းပေ့အမတ်မင်း၏ပံ့ပိုးမှု လိုအပ်နေသေးသဖြင့် လျန်ရှီးကို ကြင်နာမှုပြဖို့ကလွဲလို့ ရွေးစရာမရှိတော့ပေ။

လျန်ရှီးသည် သူမ၏ကိုယ်ဝန်ဆောင်နေစဉ်တွင် အလွန်အကဲဆတ်နေသည်။ ဆဌမမင်းသားသည် ကာလကြာရှည်စွာ သည်းမခံနိုင်တော့ပေ။ သို့သော် လက်ရှိတွင် သူသည် စိတ်ကောင်းဝင်နေသဖြင့် သူသည် လျန်ရှီကို ရှားရှားပါးပါး ကြည်နူးစရာစကားများဖြင့် နူးညံ့စွာဖြောင့်ဖျလိုက်သည်။

"စောစောအနားယူလိုက်ပါလား..မင်းကိုယ်ကို အရမ်းမပင်ပန်းပါစေနဲ့" ဆဌမ မင်းသားက နွေးထွေးစွာ ပြောလိုက်သည်။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Nơi câu chuyện tồn tại. Hãy khám phá bây giờ