(Zawgyi) Chapter (77-4) - လုပ်ကြံခံရသည့် ငါးကလေး

3.7K 251 2
                                    

Chapter (77-4) - လုပ်ကြံခံရသည့် ငါးကလေး


ဤရေချိုးခြင်းအမှုသည် လီယွီ၏ ပါးပြင်တွေကို ရဲရဲနီမြန်းလာစေပြီး မျက်ဝန်းထဲ အရည်တွေ လဲ့လာစေကာ ကြည်နူးနေစေသည်။ နောက်ဆုံး သူတို့ ရေချိုးကန်ထဲက ထွက်လာပြီးချိန် လီယွီက ကုလားထိုင်ပေါ်တွင် ထိုင်ကာ ခြေထောက်များကို မလှုပ်မယှက် ဆန့်ထုတ်ထားလိုက်သည်။

ကျင်းဝမ်က သူ့ကို ပိုးသားနဲ့ ပြုလုပ်ထားတဲ့ နှင်းဖြူလို ဆွတ်ဆွတ်ဖြူသည့် အတွင်းခံ ဝတ်စုံကို ဝတ်ပေးခဲ့တယ်။ ထို့နောက် သူသည် လီယွီ၏ စိုစွတ်နေသော ဆံပင်များကို ခြောက်အောင် သုတ်ပေးခဲ့သည်။

လီယွီသည် သူက မင်းသားကို ပြုစုပေးရမယ့် အစား သူက ဂရုစိုက်ခံရသူဖြစ်နေကြောင်း ရုတ်တရက် သိလိုက်ရသည်- "......"

မေ့လိုက်ပါ၊ ငါးက အသေးအဖွဲကိစ္စများအတွက် ငြင်းခုံနေမည်မဟုတ်ပေ။

မျက်နှာသုတ်ပုဝါကို လွှင့်ပစ်လိုက်ပြီး လီယွီသည် ပြုံးပြုံးရွှင်ရွှင်ဖြင့် ကျင်းဝမ်၏ခြေဖဝါးပေါ် လှမ်းတင်လိုက်သည်။ သူ ခြေအိတ်မဝတ်ရသေးဘဲ ခြေဖဝါးမှာ ရေတွေကျန်နေသေးပေမယ့် ဒီပုံစံအတိုင်းပဲ ကျင်းဝမ်ရဲ့ ခြေဖဝါးထိပ်ကို လှမ်းပွတ်ဆွဲလိုက်တယ်။ ခြေတစ်လှမ်းက မလုံလောက်ဘူး၊ နောက်တစ်ဖက်ကိုလည်း လှမ်းရမယ်။

ကျင်းဝမ်- "......"

လီယွီသည် မီးနှင့်ကစားနေမှန်းသိသည်။ သူတို့နှစ်ဦး ချစ်သူသက်တမ်း တစ်နှစ်ခွဲနီးပါးရှိနေပြီဖြစ်တဲ့ အတွက် သူတို့ရဲ့ခံစားချက်တွေက တဖြည်းဖြည်း နက်ရှိုင်းလာခဲ့သည်။ သူသည် ကျင်းဝမ်ကို ကျင်းအိမ်တော်မှ ယခုလို ဆင်းရဲနွမ်းပါးသော ဒေသသို့ လိုက်လာပြီး ကျဉ်းမြောင်းသော ခြံဝင်းထဲသို့ ပြောင်းရွှေ့ခဲ့သည်။ သို့သော် သူသည် ချိုမြိန်ပြီး ပျော်ရွှင်နေသေးသည်။ ဒါက သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက နည်းနည်းပိုတိုးလာနိုင်တယ်လို့ ဆိုလိုတာလား။

မည်သို့ပင်ဆိုစေကာမူ မူလက ချမှတ်ခဲ့သော အခြေခံစည်းမျဉ်းသုံးခုသည် လီယွီက ကျင်းဝမ်ကို မလိုလားသောကြောင့်မဟုတ်ဘဲ ချစ်တင်းနှောနေစဉ် လမ်းခုလတ်တွင် ငါးတစ်ကောင်အဖြစ်သို့ ပြန်ပြောင်းလာပြီး သူ၏လျှို့ဝှက်ချက်ကို ထုတ်ဖော်မည်ကို ကြောက်သောကြောင့်ဖြစ်သည်။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Waar verhalen tot leven komen. Ontdek het nu