Chapter (62-2) - ကျင်းဝမ်ရဲ့ လျှို့ဝှက်ချက်ကြီး

6.9K 1.3K 9
                                    


Chapter (62-2) - ကျင်းဝမ်ရဲ့ လျှို့ဝှက်ချက်ကြီး



 
ကျင်းဝမ် ကို ကြိုက်နေပြီဆိုတော့ သူ ဘာဆက်လုပ် သင့်လဲ။

ကျင်းဝမ်က သူ့ကို ဘယ်လို သဘောကျတာလဲ ဆိုတာနဲ့  ပြန်တွေးရတော့မည်။

လတ်တလော သူက ရောထွေးနေတာကြောင့် သူတို့ နှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာကို သေချာ မစဉ်းစားခဲ့မိဘူး။  လူနှစ်ယောက် ဝေးကွာလွန်းပြီး အတူနေဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ယေဘုယျအားဖြင့် သူ ထင်နေခဲ့တယ်။

နောက်ဆုံးတော့ သူက ငါးတစ်ကောင်၊ ကျင်းဝမ် က လူသားတစ်ယောက်၊ သူကတော့ စာအုပ်ထဲကို ဝိဉာဉ်ကူးပြောင်းပြီး ရောက်လာတဲ့သူ။ ကျင်းဝမ်က  စာအုပ်ထဲက ဇာတ်ကောင်တစ်ယောက်ပဲ။

လီယွီသည် သူ့ကိုယ်သူပေးခဲ့သော အကြောင်းပြချက် အမျိုးမျိုးကို မှတ်မိနေပြီး ထိုအရာများက သူ့ခံစားချက်ကို အတားအဆီး ဖြစ်နေစေသလား။

မူလက ဒီအချက်တွေက မသင့်လျော်ကြောင်းနှင့် မရေမတွက်နိုင်သော အန္တရာယ်များရှိနိုင်ကြောင်း မိမိကိုယ်ကို စိတ်ချစေရန် အကြောင်းပြချက် တစ်ခုအဖြစ် အသုံးပြုခဲ့သည်။

သူသာ ကျင်းဝမ် နဲ့ အမှန်တကယ် လက်တွဲဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် သူဟာ စာအုပ်ထဲက အဖြစ်ပျက်ကို စောင့်ကြည့်သူ မဟုတ်တော့ပဲ သူကိုယ်တိုင် ပါဝင်နေတဲ့ ဇာတ်ကောင်တစ်ကောင် ဖြစ်လာလိမ့်မည်။

 

ဆိုလိုသည်မှာ သူသည် စာအုပ်ထဲတွင် ကျင်းဝမ်၏ဘဝထဲသို့ အပြည့်အ၀ ပေါင်းစည်းရမည်ဟု ဆိုလိုသည်။

သို့သော် သူသည် သူ့စိတ်ဝိဉာဉ်ထဲမှာ သူက 21 ရာစုခေတ်က လာတဲ့သူဖြစ်နေပြီး ကျင်းဝမ်နဲ့ မတူ ကွဲပြားသောအတွေးအမြင်တွေ ရှိနေသည်။ သူတို့ အတူနေခဲ့မယ်ဆိုရင် နောင်တချိန်မှာ ငြင်းခုံရန်ဖြစ်ကောင်း ဖြစ်နိုင်သည်။

21 ရာစုခေတ်ကလူတွေက အချစ်က အချစ်ပဲ၊ လူတစ်ယောက်ကို ချစ်မိတာနဲ့ ကိုယ်နဲ့ အသိုင်းဝိုင်း၊ အတွေးခေါ်မတူတဲ့လူနဲ့ တစ်သက်လုံး အတူနေရမှ မဟုတ်ဘူးလို့ ခံယူထားကြတယ်။

လူနှစ်ယောက်အတူနေဖို့ဆိုတာ တစ်ယောက်နဲ့တစ်ယောက် အတွေးအခေါ်တွေ၊ အယူအဆတွေကို ညှိနှိုင်းဖို့လိုအပ်တယ်။
ခေတ်သစ်လူတွေက ပေါင်းသင်းဆက်ဆံရေးမှာ အဆင်မပြေရင် အချိန်တန်ရင် လမ်းခွဲကြလိမ့်မယ်၊ ဒါပေမယ့် သူက  ကျင်းဝမ်ရဲ့ ဘဝထဲကို ပေါင်းစည်းမိရင် သူက ကျင်းဝမ်အပေါ်ကိုပဲ မှီခိုနေရတော့မယ်။ ဒီလိုမျိုး အတွေးအခေါ်ကို သူ စွန့်လွှတ်ရလိမ့်မယ်။

 

ရှေးခေတ်ကမ္ဘာတွင် ဘုရင်သည် ပြည်သူများကို စည်းလုံးညီညွတ်အောင် သက်ဦးဆံပိုင်စနစ်ဖြင့် အုပ်ချုပ်သည်။ သူ့အသက်ကို ကျင်းဝမ်ထံ ပေးအပ်မည်ဖြစ်ပြီး၊ သူ့ကို ကျင်းဝမ်က အဆင့်အတန်းတစ်ခုပေးအပ်မည် ဖြစ်သည်။   အခုချိန်မှာ ချစ်နေကြပေမယ့် တစ်နေ့မှာ ပြန်တွဲဖို့ မသင့်တော်လို့ လမ်းခွဲကြမယ်ဆိုရင် ကျင်းဝမ်က သူ့ကို လမ်းခွဲပေးမှာမဟုတ်ဘူး။ သူ့ဘဝက လုံးဝကို အဆုံးသတ်သွားလိမ့်မည်။




ဒါတွေအားလုံးက သူ့ကို ကျင်းဝမ်နဲ့ မချစ်မိစေဖို့ တားဆီးနေသည့် အဓိက အချက်တွေဖြစ်တယ်ဆိုတာ  သူ နားလည်တယ်။ အကြောင်းပြချက် တစ်သောင်းက သူ့ရှေ့မှာ ရှိနေပြီး သူ့ကို ဒီအဆင့်မှာ ရပ်ခိုင်းပေမယ့် ကျင်းဝမ်ဆီ  သူ ဆက်လျှောက်သွားချင်တဲ့ အကြောင်းပြချက်က တစ်ခုရှိလျှင်ပင်  လုံလောက်နေလေပြီ။



တစ်ယောက်ကိုတစ်ယောက် သဘောကျနေတဲ့ အချိန်မှာတော့ ပျော်နေကြ တယ်။


လီယွီသည် ယခုခေတ်တွင် သူကြားခဲ့ရသော အကြောင်းအရာများကို မှတ်မိသည်၊ ဘဝမှာ မင်းကို သဘောကျတဲ့သူနဲ့  ကိုယ်သဘောကျတဲ့သူက တစ်ယောက်တည်းဖြစ်နေတာက  ကောင်းချီးတစ်ခုပါပဲ။



သူက အခုမှစပြီး ချစ်မိလာတဲ့ လူငယ်တစ်ယောက်ပါ။ ကျင်းဝမ်က သူကြိုက်မိတဲ့ ပထမဆုံးလူပဲ။ ချစ်ခြင်းမေတ္တာကို သိမြင်ပြီး အရသာခံမိသောအခါတွင်မှ  စွန့်လွှတ်ရမယ်တဲ့လား....   တကယ့်ကို မဖြစ်နိုင်ပါဘူး။

"သခင်လေးလီ....သခင်လေးလီ....!"

လီယွီသည် ငါး ပုံသဏ္ဍာန်ပြောင်းလာသည်မှာ အတော်လေး ကြာနေခဲ့ပြီ။ ဝမ့်ရှီးသည့် ကျင်းဝမ်မင်းသား၏ ညွှန်ကြားချက်ကို လိုက်နာပြီး လီယွီ နှင့် မတွေ့ဆုံမီ လက်ဖက်ရည်တစ်ခွက် စာလောက် အချိန်ဖြုန်းပြီးမှာ အသံပြုခဲ့သည်။


 

ဒါပေမယ့် သခင်လေးလီဆီက တုံ့ပြန်လာဖို့ မဖြစ်နိုင်ဘူးဆိုတာ သိသာပါတယ်။



ဝမ့်ရှီး (ဝမ့်ကုန်းကုန်း) သည် ရထားလုံး၏ ကန့်လန့်ကာကို ပင့်တင်လိုက်ပြီး ရထားလုံးထဲက  သလင်းကျောက်ပုလင်းကို သာ တွေ့လိုက်ရသည်။ ဘေးတွင် စာတစ်စောင် ကပ်ထားသည်ကို တွေ့လိုက်ရသည်။

ဝမ့်ရှီးက ကောက်ကိုင်လိုက်ပြီး ကြည့်လိုက်သည်။

"သခင်လေးလီက.... ထွက်သွားပြန်ပြီလား"

လီယွီ သည် အချိန်တိုင်း လူအဖြစ်မှ ဖုတ်ဖတ်ခါပြီး ဒီအတိုင်းပဲ ပျောက်ပျောက်သွားခဲ့ရသည်။ ကြာရင် သူ့ကို  သံသယဖြစ်မည်ကို စိုးရိမ်သဖြင့်  သူက အရေးတကြီး "ထွက်သွား"ခဲ့ရသည့်အကြောင်းကို အထူးပြင်ဆင်ရေးသားကာ စာချန်ပေးခဲ့သည်။  

အကြမ်းဖျင်းအားဖြင့်တော့ သူ့မှာ အရေးတကြီး ဆောင်ရမယ့် ကိစ္စရှိနေတယ်လို့ ဖော်ပြထားတယ်။



ဝမ့်ရှီးက အံ့ဩသွားခဲ့သည်။ သခင်လေးလီ ရေးထားသည့် စာကို ကျင်းဝမ်အရှင့်သားဆီကို  လွှဲပြောင်းပေးအပ်မည်ဖြစ်သည်။ ဝမ့်ရှီးက ထိုစာကို  ကောက်ကိုင်လိုက်ပြီး  ပုလင်းကို ပွေ့လိုက်ကာ  ပုလင်းထဲက ငါးကြင်းလေးကို ပြုံးပြပြီး ပြောလိုက်သည်။

"ငါးသခင်လေး၊ သခင်လေးဘေးမှာ ဒီအဘိုးကြီးပဲ ကျန်တော့တယ်။ ဒီကျွန်အိုကြီးက သခင်လေးကို ပြန်ခေါ်သွားပေးပါလိမ့်မယ်  "

ရထားလုံးက ဆက်လက်ထွက်ခွာလာခဲ့သည်။

  ရထားနောက်ကွယ်မှ ပေအနည်းငယ်အကွာတွင်   အရပ်ရှည်ရှည်တောင့်တင်းသန်မာသော အသွင်အပြင်ဖြင့် အစောင့်များက ရထားပေါ်မှ လူများကို တိတ်တဆိတ် စောင့်ကြပ်ကာ  လိုက်ပါလာခဲ့သည်။

လီယွီသည် အိမ်သို့ ပြန်ရောက်သည်နှင့် ချက်ချင်းပင် System ထဲသို့ ဝင်သွားသည်။

သူသည် ချစ်စရာ အိမ်မွေးတိရစ္ဆာန် System သို့ အချိန်အကြာကြီးမဝင်ရသေးဖြစ်နေသည်။ ဒီ System ထဲမှာ  နောက်ဆုံးအကြိမ်ကြည့်ရှုခဲ့သည့် စာမျက်နှာက ပွင့်နေသေးသည်။


 

System  ကို မျက်နှာချင်း ဆိုင်လိုက်ရတော့ လီယွီ အနည်းငယ် စိတ်ရှုပ်ထွေးသွားသလို ခံစားလိုက်ရသည်။ အရင်တုန်းက သူက မစ်ရှင်ကို မလုပ်ချင်တဲ့ လူတစ်ယောက်ဖြစ်ခဲ့တယ်။ အခုတော့ သူက မစ်ရှင်ကို အမြန်ပြီးအောင်လုပ်ဖို့ လာရှာတဲ့သူဖြစ်နေပြန်ပြီ။

 

 လီယွီ - "System  ငါ ဘယ်လိုလုပ်မှ လူသားတစ်ယောက် အဖြစ် လုံးလုံးပြောင်းလာနိုင်မလဲ။"

 

System   -  " ပင်မမစ်ရှင်ရဲ့ တာဝန်အားလုံး ပြီးမြောက်သွားမှ   ဆုလာဘ်အဖြစ် Host က  လူသားအဖြစ် လုံးလုံးလျားလျား ပြန်လည်အသွင်ပြောင်းသွားနိုင်မှာ ဖြစ်ပါတယ် "

 

အဲ့ဒီတော့ သူက မစ်ရှင်အားလုံးကို ပြီးအောင် လုပ်မှရမှာ ဆိုတဲ့သဘောပေါ့....




 တဖက်က ကံကောင်းထောက်မစွာဖြင့် System  သည် အရှက်ရမှုကို နားမလည်သော ခံစားချက် မရှိသော System  တစ်ခုဖြစ်နေလို့ လီယွီက  ကသိကအောက်ဖြင့်  ရယ်မောနေမိသည်။ တစ်ဖက်တွင်၊ ချစ်စရာ အိမ်မွေးတိရစ္ဆာန် System  မရှိလျှင် သူသည် ဧကရာဇ်ကိုယ်လုပ်တော်၏ ငါးကြင်းတစ်ထောင်ဟင်းချို ဖြစ်လာနိုင်သည်။ .

ယခုတော့ သူ့နှလုံးသားကို ရှင်းရှင်း လင်းလင်းမြင်နေရပြီ၊ သူ လုပ်ခဲ့သော အလုပ်မျိုးစုံသည် System   က ပေးအပ်သော မစ်ရှင်ကြောင့် လုပ်ခဲ့ရတာဖြစ်ပေမယ့် ကျင်းဝမ်က သူ့ကို တကယ့်ကို စိတ်ရင်းမှန်နဲ့ ကောင်းကောင်းမွန်မွန် ဆက်ဆံပေးခဲ့တယ်ဆိုတာ လီယွီ   ဝန်ခံရမည်။ ကိုယ့်ကိုကိုယ် လှည့်စားလို့ မရတော့ဘူး။

လီယွီ: "အင်း... ဘာပဲဖြစ်ဖြစ် ငါက လူသား တစ်ယောက်အဖြစ်ကို ပြန်ပြောင်းနိုင်တယ်။ ငါ... အဓိက မစ်ရှင်ကို ဆက်လုပ်ရမယ်။"

သူက ကျင်းဝမ်ကို  နှစ်သက်သောကြောင့် ဒီတာဝန်များကို လုပ်ဆောင်ရာတွင် စိတ်ပိုင်းဆိုင်ရာ အတားအဆီးများ မရှိတော့ဘဲ လူသားအဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားနိုင်သည်။ ဘာလို့ မဖြစ်ရမလဲ?

မမျှော်လင့်ဘဲ၊ အခြားရှုထောင့်မှ ကြည့်ရင် မကောင်းသောအရာများသည် ကောင်းသောအရာများ အဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။

System  -  "Host က "ဖုန်းဟွားရွှယ်ယွဲ့" တာဝန်ကို ပြီးမြောက်တဲ့အတွက် ရရှိတဲ့ ဆုလာဘ်ကို လက်ခံရယူရန် လိုအပ်သလား "

("ဖုန်းဟွားရွှယ်ယွဲ့" - လရောင်အောက်တွင် ပန်း၊လေညှင်း၊နှင်းပွင့်လေးများကို နှစ်ယောက်အတူ ကြည့်ရှုခံစားပြီး ချစ်ကြည်နူးစွာ အတူပြောဆိုကြခြင်း)

လီယွီသည် အရင်က မစ်ရှင်ကို လုပ်ဆောင်ရင်း ကျင်းဝမ်ရဲ့လျှို့ဝှက်ချက်ကို သိလိုက်တဲ့အတွက် ဆုလာဘ်အနေနဲ့ ငါးခေါင်းအုံးကို ရရှိခဲ့သည်။

အခုလည်း   "ဖုန်းဟွားရွယ်ယွဲ့" ကို လုပ်ဆောင်ရင်း ကျင်းဝမ်ရဲ့  လျှို့ဝှက်ချက်ကို ထပ်သိလိုက်ရတာလား။ ကျင်းဝမ်က လျှို့ဝှက်ချက်အပြည့်နဲ့ လူသားတစ်ယောက်ပဲ။ သူ့မှာ ဘယ်လောက်တောင် လျှို့ဝှက်ချက်တွေ များနေသလဲ....


 သူ့စိတ်နေစိတ်ထားကို ပြောင်းလိုက်တဲ့အခါ သူနှစ်သက်တဲ့ ကျင်းဝမ် အကြောင်း ပိုသိချင်လာလို့ မတတ်နိုင်တော့ဘူး။

လီယွီက အနည်းငယ် ချောင်းဆိုးနေသည်-  

"ဆုလာဘ်ဆိုတာ အမြဲတမ်း ဆုလာဘ်တစ်ခုပါ။လက် မခံရင် အလကားဖြစ်မှာပေါ့....."

System  သည် သူ့ရှေ့က ပေါ်နေသည့် Screen ပေါ်မှာ စာမျက်နှာတစ်ခုကို ဖွင့်လိုက်ပြီး ထိုနေရာမှာ ရွေးချယ်စရာ လေးခု ပေါ်လာခဲ့သည်။
 လီယွီသည်မေးခွန်းတစ်ခု ရွေးရမည် ဖြစ်ကြောင်း  သဘောပေါက်သွားသည်။

ရွေးချယ်ရမည့် လျှို့ဝှက်ချက်လေးခုရှိသည်။

ထိုစတုရန်းပုံသဏ္ဍာန်အကွက်လေးက System  တွင် အသုံးများသော အရောင်တော့ မဟုတ်တော့ပေ။ ထိုအကွက်လေးက  အဆက်မပြတ်ပြောင်းလဲနေသော မြင်ကွင်းတစ်ခု ဖြစ်နေသည်။

ပထမတစ်ခုက နန်းတော်။ လီယွီသည် ထိုအရာကို သိပ်မရင်းနှီးလို့ အောက်ကို ကျော်ကြည့်လိုက်သည်။



ဒုတိယတစ်ခုက အိမ်တော်ဝင်းဖြစ်ကာ လီယွီနှင့်   ရင်းနှီးသည်။

နောက်တစ်ခုက လှိုင်းလေဝဲဖြစ်ပြီး
နောက်ဆုံးတစ်ခုကတော့ လူ့မျက်နှာဖြစ်သည်။ ထိုမျက်နှာက သူ့မျက်နှာဖြစ်နေသည်ကို လီယွီ  သိလိုက်ရသဖြင့် အံ့ဩသွားသည်။

ကျင်းဝမ် ရဲ့လျှို့ဝှက်ချက်က သူနဲ့ ဆက်နွယ်နေသေးသလား။

တခြား ဘာတွေဖြစ်နိုင်မလဲ။

လီယွီ(Li Yu) သည်  ကျင်းဝမ်အိမ်တော် နံရံများပေါ်ရှိ ရေးသားခဲ့သည့် ချစ်ကြောင်းကြိုက်ကြောင်း ဝန်ခံစားကို  ပြန်တွေးတောရင်း ခေါင်းပေါ်မှာ  မီးခိုးငွေ့များ ထွက်လာတော့မလို ခံစားလိုက်ရသည်။

 ယနေ့အချိန်မှာတော့ အဲ့ဒီ  နောက်ဆုံးလျှို့ဝှက်ချက်က သူ့အတွက် လျှို့ဝှက်ချက် မဟုတ်တော့ပေ။



ယခုအချိန်တွင် အခွင့်အရေးသည် ရှားပါးပြီး အလဟဿမဖြစ်နိုင်ဟု သူ ခံစားမိသည်။ သူ့မှာ အထင်ကြီးလောက်စရာ လျှို့ဝှက်ချက်တစ်ခုကို ဖတ်ရတာ ပိုကောင်းလိမ့်မယ်၊ ဒါကြောင့် နှစ်ခုကို ရွေးလိုက်တယ်။

အတည်ပြုပြီးနောက် လီယွီ၏ တစ်ကိုယ်လုံး မီးခိုးငွေ့များ ရုတ်တရက် ဖုံးလွှမ်းသွားသည်။

သူ ကျင်းဝမ်ရဲ့ စိတ်ခံစားချက်ကို ထပ်ပြီး ဝင်သွားကြည့်လို့ ဖြစ်ပ့ါမလား။

လီယွီသည် လှည့်ကြည့်လိုက်ရာ   ယခင်က ဖက်တီးလေးများ၏ ပုံရိပ်ယောင်နှင့် မတူကြောင်း တွေ့ရှိခဲ့သည်။  ဖက်တီးလေး ရှိနေသည့် နေရာတွင်  ငါးတစ်ကောင်ဖြစ်နေပြီး ရေကူးနေသည့် ပုံရိပ်ယောင်ကို တွေ့လိုက်ရသည်။
ဒီ ရှုခင်းက လက်တွေ့နဲ့ အရမ်းဆင်တူပေမယ့် ဒီတစ်ခါတော့ သူ ဘယ်လိုဖြစ်ပြီး ရေကူးနေတဲ့ ပုံရိပ်ပေါ်နေတာလဲ။ အဲ့ဒါက အလုပ်ဖြစ်ဘူးလား....


 

လီယွီသည် ကျင်းဝမ်နားမှာ နေကတည်းက ကျင်းဝမ်ကို ပိုနားလည်လာခဲ့သည်။ ကျင်းဝမ်ရဲ့ လျှို့ဝှက်ချက်က သူက  စေ့စေ့စပ်စပ်ကြည့်နေသူ ဖြစ်သည်၊ ဒါတွေအားလုံးက ကျင်းဝမ်စိတ်ထဲက အမှတ်တရတွေပါပဲ။

ရွေးစရာနှစ်ခုက အခု ရှေ့မှာရှိပြီး အဲဒါကို သေချာဖော်ထုတ်လိုက်တဲ့အခါ လီယွီက စကားသံ အသံပျောက်သွားတယ်။ ဒါက ဒုတိယမင်းသားကြောင့် သူ ပိတ်မိနေခဲ့တဲ့ အခန်းပဲ မဟုတ်လား ။

သူ ရင်းနှီးတာ မဆန်းပါဘူး!

မကြာခင်မှာပဲ  ကျင်းဝမ်က သူ့ အနားကို သလင်းကျောက် ပုလင်းတစ်လုံးနဲ့ ရောက်လာတာကို  တွေ့လိုက်တယ်။

လီယွီ: "..."

လီယွီက တုံ့ပြန်ခဲ့သည်၊ ဒီအချက်တွေက ကျင်းဝမ်က  သူ့ကို မင်းကြီးရှေ့ကို ခေါ်ဆောင်သွားပြီး ဒုတိယမင်းသားကို သင်ခန်းစာပေးလိုက်သည့် အခြေအနေဖြစ်သည်။ အဲဒီတုန်းက သူ မသိခဲ့တဲ့ လျှို့ဝှက်ချက်တွေက ဘာတွေလဲ။

ကျင်းဝမ်သည် ဒုတိယမင်းသား၏ စွပ်ပြုတ်ပန်းကန်ထဲကို ငါးခေါင်းအုံးကို တမင်ချလိုက်ပြီး ဘုရင်ရှေ့ ဒုတိယမင်းသား အရူးလိုဖြစ်သွားတာကို ကြည့်နေသည်။ ဒါကို ဒုတိယအကြိမ် ကြည့်နေတာဖြစ်ပေမယ့် လီယွီက ကျေနပ်လို့နေသည်။




ဒုတိယမင်းသားကို သင်ခန်းစာပေးပြီး မကြာခင်မှာပဲ ကျင်းဝမ် က သူ့ကို ထိုနေရာကနေ  ခေါ်ထုတ် သွားခဲ့တာ မှတ်မိတယ်။ အဲဒါပြီးရင် ဘာဖြစ်နိုင်မလဲ။

လီယွီက အောက်ကိုငုံ့ကြည့်လိုက်သည်။ ကျင်းဝမ်သည် လက်တစ်ဖက်တွင် သလင်းကျောက်ပုလင်းကို  ဆုပ်ကိုင်ထားသည်ကို သတိပြုမိပြီး အခြားလက်တစ်ဖက်ဖြင့်  ဝမ့်ရှီး အား လက်ဟန်ပြလိုက်သည်။ ထို့နောက် ဝမ့်ရှီး သည် လူအချို့ကို ဦးဆောင်ကာ   ထွက်ခွာသွားပြီးနောက် ဒုတိယမင်းသားအား ဝိုင်များဖြင့် ဆက်တိုက် တိုက်ကျွေးခဲ့သည်။ ဝိုင်အမြောက်အမြား သောက်ပြီး သတိလစ်နေချိန်တွင် ဒုတိယမင်းသားကို ရေကန်ထဲသို့ တွန်းချလိုက်သည်။

လီယွီ: "..."

ဒုတိယမင်းသားသည် ရေထဲသို့ ပြုတ်ကျခဲ့ပြီး မတော်တဆမှုမဟုတ်ပဲ ကျင်းဝမ်က  အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။

မှတ်ဉာဏ်၏ ပုံရိပ်ယောင်သည် ဤနေရာတွင် ရုတ်ခြည်းအဆုံးသတ်သွားပြီး လီယွီသည် System  ထဲသို့ ပြန်ဝင်လာခဲ့သည်။

လျှို့ဝှက်ချက်အရ ကျင်းဝမ်က   ဒုတိယမင်းသားကို  ဒီလိုပြုမူခဲ့ကြောင်းကို သူ မသိသောကြောင့် ဒါက လျှို့ဝှက်ချက်ဖြစ်နေသည်၊ သူ အမှန်တကယ် နားလည် ပေးနိုင်သည်။ ဒုတိယမင်းသားသည် ကျင်းဝမ်နှင့် သီးသန့်ရန်ပွဲများစွာရှိခဲ့ပြီး လီယွီကိုလည်း ထိခိုက်စေရန် ကြိုးစားခဲ့သော်လည်း သူသည် ငါးတစ်ကောင်ဖြစ်နေသည်။ ကျင်းဝမ်က ဒါကိုလုပ်တဲ့အချိန် သူက ဘာကြောင့် ငါးထည့်ထားတဲ့ ဖန်ပုလင်းကို ကိုင်ထားတာလဲ။ သူက ဒီလိုလုပ်ရပ်မျိုးဆိုရင် ငါးကို မမြင်စေခဲ့ဘူး မဟုတ်လား။

 

သို့သော် ဒုတိယမင်းသားကို သင်ခန်းစာပေးရန် ငါးခေါင်းအုံးကို အသုံးပြုခဲ့တာကို သူ မြင်ခဲ့ရတယ်။

 

ပြီးတော့ သူက--

နေဦး..တခုခုမှားနေပြီ!

လီယွီ(Li Yu) သည် ကျင်းဝမ်က သူ့ရှေ့မှာ  အာဏာရှင်တစ်ယောက်လို မလုပ်ခဲ့တာကြာပြီဆိုတာ   ရုတ်တရက် သတိရသွားသည်။

အဲဒါကို တွေးကြည့်ရင် ကျင်းဝမ်က တစ်ချိန်က အမျိုးသမီးလုပ်ကြံရေးသမားကို သတ်ဖြတ်ခဲ့ပြီး ငါးကို ထိတ်လန့်စေခဲ့ပါတယ်။ ထိုအချိန်မှစ၍ သတ်ဖြတ်ခြင်း မရှိတော့ဟု ထင်ရသည်။

လျှို့ဝှက်ချက်ရဲ့တကယ့်အချက်က ကျင်းဝမ်ရဲ့ စရိုက်မှန်ကို ပြောပြနေတာလား။

 

ကျင်းဝမ်၏ စိတ်နေစိတ်ထား တိုးတက်လာသည်ဟု သူ ထင်ခဲ့သော်လည်း အမှန်တကယ်တွင် တိုးတက်မလာခဲ့ပေ။ ကျင်းဝမ်က ရှေးက သူနေထိုင်သည့်အတိုင်း ဆက်လက် နေထိုင်ကျင့်သုံးနေဆဲဖြစ်သည်။


  သူ့မှာ သူ့ကိုယ်ပိုင်မူတွေနဲ့ နည်းလမ်းတွေ ရှိတယ်။ အချို့အရာများကို လုပ်ဆောင်ရသော်လည်း ငါးလေးက ဒါတွေကို ကြောက်သောကြောင့် ငါးကို ငြိမ်းချမ်းစေရန်သာ အရာအားလုံးကိုသာ ပြသခဲ့ပြီး ဒီလို ရက်စက်တဲ့လုပ်ရပ်ကို လျှို့ဝှက်သာ လုပ်ဆောင်သည့်အဖြစ်ကို  ပြောင်းလဲပစ်လိုက်သည်။

လီယွီသည် ဒေါသဖြစ်သင့်သလားဆိုတာတောင် မသိတော့ပဲ မလှုပ်ရှားနိုင်တော့ပေ။

 

မဟုတ်ဘူး၊ ဒီလူယုတ်မာကြီးက သူ့ရဲ့လူသားသွင်ပြင်နဲ့နေတဲ့အချိန်ထက် ငါးအသွင်နဲ့ နေတဲ့အချိန်ကို ပိုပြီး ကောင်းကောင်း ဆက်ဆံနေတယ်လို့ ငါက ဘာကြောင့် ခံစားနေရတာလဲ....





 



***********-************




(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now