Chapter (70) - နောက်ထပ်လျှို့ဝှက်ချက်.....

6.4K 1.1K 18
                                    

Chapter (70) - နောက်ထပ်လျှို့ဝှက်ချက်.....

ယဲ့ချင်းဟွမ် သည် အနီရောင် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ မျက်နှာပေါ်တွင် အပြုံးကြီးတစ်ခု ရှိနေသည်။ မင်းသမီးလေးက ပျော်ရွှင်စွာ မောင်နှံတူယှဉ်ရေကူးနေသည့် မန်ဒရင်းဘဲ ပုံပါသည့် ကျောက်စိမ်း အဆင်တန်ဆာကို ကိုင်ထားသည်။ သူမ ခေါင်းထက် အနီရောင် ပုဝါဖုံးထားသဖြင့် မျက်နှာကို မမြင်ရပဲ နူတ်ခမ်းရဲရဲလေးကိုသာ မြင်ရသည်။

သတို့သားနှင့်သတို့သမီးက မိုးမြေ၊ မိဘနှင့် အချင်းချင်း အရိုသေပြုပြီးနောက် မင်္ဂလာပွဲက အထမြောက်အောင်မြင်သွားခဲ့သည်။

ဒီမင်္ဂလာပွဲကိုကြည့်ပြီး လီယွီက စိတ်လှုပ်ရှားလို့နေသည်။ ဒီလူငယ်မောင်နှံဟာ မူရင်းစာအုပ်ကို အခက်ခဲကို အတူတူဖြတ်ကျော်နိုင်သလို အခုမှစပြီး သူတို့နှစ်ယောက် ငြိမ်းချမ်းပျော်ရွှင်ကြလိမ့်မယ်လို့ သူ မျှော်လင့်မိတယ်။

ဒါက ကြီးစွာသော နိမိတ်တစ်ခုကဲ့သို့ဖြစ်ပြီး မူရင်းစာအုပ်နှင့် ကွဲပြားသော အခြားအတွဲတစ်တွဲလည်း ရှိသေးသည်။

လီယွီက ကျင်းဝမ်ကို လှည့်ကြည့်လိုက်တော့ တစ်ဖက်လူက သူ့ကိုကြည့်နေသည်ကို တွေ့လိုက်ရပြီး အချင်းချင်း လက်တွေကို တိတ်တဆိတ် ထိလိုက်ကြသည်။ လီယွီသည် သူ့နှလုံးသားထဲတွင် ကျင်းဝမ်နှင့် အတူတူ ပျော်ရွှင်စွာနေသွားချင်သည့် သူ့ ဆန္ဒကို တိတ်တဆိတ် ထုတ်ဖော်လိုက်သည်။

ချန်အန်းမြို့စားကြီး၏ ကြေငြာမှုနှင့်အတူ မင်္ဂလာပွဲက ချောမွေ့စွာ ပြီးဆုံးခဲ့သည်။ သက်ကြီးအစေခံတစ်ယောက်ရောက်လာပြီး သူ့ကိုဖိတ်ဖို့ အချိန်သိပ်မကြာလိုက်ဘူး။ တော်ဝင်မင်းသားကျင်းဝမ်ကို တွေ့လိုသော သူငယ်ချင်းဟောင်းတစ်ဦး ရှိနေခဲ့သည်။

ကျင်းဝမ် သည် ထိုသူကို မည်သူမည်ဝါဖြစ်သည်ကို သိနေသဖြင့် လီယွီ၏လက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။

လီယွီက ကျေနပ်သွားခဲ့သည်။ ကျင်းဝမ်က သူနှင့်အတူ ရှိနေဖို့ တောင်းဆိုနေတယ် မဟုတ်လား။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now