Chapter (95-2) - ရေသူထီး နှင့် ငါးလူသား

4.7K 931 6
                                    

Chapter (95-2) - ရေသူထီး နှင့် ငါးလူသား


ထုံးစံအတိုင်း၊ သူသည် ပင်မမစ်ရှင်ကို စစ်ဆေးပြီး အလုပ်အသစ်တစ်ခုပေါ်သည့်အချက်ပြ မီးလင်းနေကြောင်း တွေ့ရှိခဲ့သည်။

မနေ့ညက အကြောင်းကြားချက်အသစ် တကယ်ရှိပုံရတယ်။

နောက်ဆုံးတွင်၊ သူတို့သည် ဧကရာဇ်မင်းအသိအမှတ်ပြုထားသော အိမ်ထောင်ရှင်စုံတွဲ တစ်တွဲဖြစ်လာသည်။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက တခြားအဆင့်ကို ရောက်သွားမှာ သေချာတယ်။ နောက်ဆုံးတွင် မစ်ရှင်အသစ် ထုတ်လာခဲ့လေပြီ။ နောက် mission ကတော့-

"မီးဖွားပြီးနောက် ကလေးတွေအတွက် စောင့်ရှောက်မှုနှင့် အကာအကွယ်မစ်ရှင်"

လီယွီထိတ်လန့်သွားပြီး "......"

လီယွီသည် ထိုမစ်ရှင်များ၏ အမည်များကို လွန်စွာ ထူးဆန်းသည်ဟု ယခင်က ထင်ခဲ့ဖူးသည်။ ယခုမူ ငါးကလေးမွေးပြီးပြီဖြစ်သောကြောင့် မီးဖွားပြီးချိန်နှင့် နှိုင်းယှဉ်ကြည့်လျှင် ဘာမှမထူးပေ။

အိုး.....ဒါပေါ့... တစ်နည်းအားဖြင့်ဆိုရသော် ယခုမှ သူက "ကလေးမီးဖွားပြီးကာစ" ဖြစ်သည်ဟု မှတ်ယူနိုင်တာလား။

လီယွီသည် ပင်မမစ်ရှင်၏ ဖော်ပြချက်ကို အေးအေးဆေးဆေး စစ်ဆေးခဲ့သည်။

System၏ အကျင့်ယုတ်သော သဘာဝအရ၊ သူ့မစ်ရှင်ကို အဆင့်များစွာဖြင့် ထပ်မံခွဲခြားထားသည်။ အလုပ်တစ်ခုသာရှိမည်ဟု သင်ထင်သော်လည်း အမှန်တကယ်တွင်၊ သူသည် အမည်တစ်ခုတည်းအောက်တွင် အလုပ်အုပ်စု တစ်ခုဖြစ်နေသည်။

ဒီမစ်ရှင် ...... ခဏနေဦး... ပင်မမစ်ရှင်အောက်ရှိ အဆင့်နှစ်ဆင့်သည် အမှန်တကယ် ပြီးသွားပြီဖြစ်ကြောင်း လီယွီ အံ့သြစွာ တွေ့ရှိခဲ့သည်။

မီးဖွားပြီးနောက် စောင့်ရှောက်မှုနှင့် အကာအကွယ်၊ အဆင့်တစ်- ငါးဥကို သားဖောက်ပြီးပြီးဖြစ်သည်။ ဆုငွေ အဆင်သင့်ဖြစ်နေပြီ။

မီးဖွားပြီးနောက် စောင့်ရှောက်မှုနှင့် ကာကွယ်ရေး၊ အဆင့်နှစ်- ပြီးသွားသော ငါးငယ်များကို ကျွေးမွေးပြုစုပျိုးထောင်ပြီးပြီ။ ဆုငွေ အဆင်သင့်ဖြစ်နေပြီ။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now