Chapter (133-2) - ကလေးတွေနဲ့ သူတို့အိမ်ကို ကာကွယ်ရမယ်

4.1K 905 19
                                    

Chapter (133-2) - ကလေးတွေနဲ့ သူတို့အိမ်ကို ကာကွယ်ရမယ်

သိပ်မကြာခင်မှာပဲ လီယွီဟာ တခြားမြစ်ငယ်လေးကိုရောက်လာပြီး ချက်ချင်းခုန်ဆင်းလိုက်ကာ သူ့ငါးပုံစံကို ပြန်ပြောင်းပြီး အောက်ဆီဂျင်ကို အလုယက်ရှုရတော့သည်။

နောက်ဆုံးတွင် သူသည် ချန်အန်းအိမ်တော်သို့ ရေကူးလာခဲ့သည်။ ဤချောင်းငယ်လေးသည် ခြံဝင်းအတွင်း ဖြတ်သန်း စီးဆင်းသွားသည်။ လီယွီသည် သတိမမူဘဲ အထဲသို့ ပြေးဝင်လာခဲ့သည်။

ချန်အန်းအိမ်တော်သည် မီးပုံးများနှင့် မီးများဖြင့် လုံးဝကို လင်းထိန်နေသည်။ လီယွီသည် ကြာပန်းကန်အတွင်း၌ စိုးရိမ်တကြီး ကူးခတ်နေသည်။

ယဲ့ချင်းဟွမ် နှင့် ချန်အန်းကုန်းက မည်သည့်နေရာတွင် ရှိသည်ကို သူ မသိပေ။ ရုတ်တရက် ခွေးဟောင်သံတွေ ဆက်တိုက်ကြားရပြီး လီယွီ၏ မျက်လုံးတွေ တောက်ပလာသည်။

ရှုန်ဖုန်ပဲ...

လီယွီသည် မျှော်လင့်ချက်ရှိနေသေးကြောင်း သလိုက်သည်။

သိပ်မကြာခင်မှာပဲ ရှုန်ဖုန် က အမြီးယမ်းပြီး သူ့ ထံ ပြေးလာခဲ့တယ်။ သူ့ပါးစပ်ထဲမှာ ကလေးလက်သီးဆုပ် အရွယ် ဘောလုံးတစ်လုံးကို ကိုက်ထားသည်။ ရှုန်ဖုန်က ရုတ်တရက် ရပ်တန့်သွားပြီး လေထဲကို အနံ့ခံလျက် တုန်လှုပ်သွားသည်။ ထို့နောက် လီယွီစောင့်နေသော ကြာကန်ဆီသို့ တဟုန်ထိုး ပြေးလာသည်။

"ရှုန်ဖုန်!"

လီယွီသည် ရေထဲမှ ရေကန်၏ကမ်းပေါ် ခုန်တက်ကာ ရှုန်ဖုန် ကြားနိုင်ရန် ငါးအမြီးကို ကျယ်လောင်စွာ ဝှေ့ယမ်းလျက် အချက်ပြလိုက်သည်။

ရှုန်ဖုန် စိတ်လှုပ်ရှားစွာ ဟောင်နေသည်။ ပထမဦးစွာ လီယွီကို လှည့်ပတ်ပြီး ဟောင်နေသည်။ ထို့နောက် လီယွီကို နှာသီးဖျားဖြင့် ထိုးကာ သူ၏ သူငယ်ချင်းဟောင်း ငါးဖြစ်ကြောင်း သေချာစွာ နမ်းရှုံ့နေခဲ့သည်။

လီယွီ- "မင်းရဲ့သခင်ကို သွားရှာပြီး ဒီကို မြန်မြန်ခေါ်ခဲ့!"

ရှုန်ဖုန် သည် ငါး၏ စကားများကို နားမလည်နိုင်ဖြစ်ပြီး ဟောင်လျက်သာ ငါးပတ်ပတ်လည်တွင်သာ ပြေးလွှားနေသည်။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now