Chapter (150-1) - အိမ်ရှေ့စံမင်းသားမှာ အထူးအခွင့်အရေးတွေ ရှိတယ်

3K 667 5
                                    

Chapter (150-1) - အိမ်ရှေ့စံမင်းသားမှာ အထူးအခွင့်အရေးတွေ ရှိတယ်

မုထျန်းချီ သည် ရှောင်ယွီ၏ စကားကြောင့် အံ့သြသွားသည်။ လီယွီသည် ဒီလိုမျိုး စကားကို ပြောတတ်သည့် လူမျိုးမဟုတ်ပေ။ ဒါပေမယ့် အခု သူပြောလာတာက နောက်ဆုံး မိုးကောင်းကင် စမ်းသပ်မှုကြောင့်ဖြစ်ရမည်။

နောက်ဆုံးစမ်းသပ်မှုဆိုတာ ဘာကို ဆိုလိုတာလဲ။

ရှောင်ယွီ သည် မုထျန်းချီ ၏ဘေးတွင် သူ ဘာကြောင့်ရှိနေရသည်ကို သူ့ဖာသာဖွင့် မပြောဖူးသော်လည်း ဘုန်းတော်ကြီး လျောင်ခုန်း ၏ မိန့်ဆိုချက်အရ ရှောင်ယွီက ကောင်းကင်ဘုံ စမ်းသပ်ချက် အတိဒုက္ခများကို ကျော်ဖြတ်ရန်လိုအပ်ကြောင်း မုထျန်းချီ နားလည်ထားပြီးဖြစ်သည်။

ရှောင်ယွီ သည် ဓားပြများ ကြောင့် အရင်အကြိမ် စမ်းသပ်မှု မအောင်မြင်ခဲ့ပေ။

မုထျန်းချီ က ထိုသို့သာ တွေးလိုက်မိသည်။ အခုက နောက်ဆုံးစမ်းသပ်မှုဖြစ်ပြီး၊ ကောင်းကင်အတိဒုက္ခများ ပြီးဆုံးပြီးနောက် ရှောင်ယွီ က သူ့ကို ထားခဲ့မှာလား။

လက်ရှိတွင် သူ အိမ်ရှေ့မင်းသားဖြစ်နေပြီး ရှောင်ယွီနှင့် သားတော် လေးဦး၊ သမီးတော်တစ်ဦး ရှိထားပြီး ဖြစ်သည်။ ပြင်ပ လူတစ်ဦး၏အမြင်တွင်၊ သူ၏ဘဝသည် လုံးဝ ပြီးပြည့်စုံနေပြီ။ ထိုပြီးပြည့်စုံမှုသည် ငါးကြင်းနတ်ဆိုးလေးကို မုထျန်းချီ ၏အနားတွင် လုံလောက်စွာ ချုပ်နှောင်ထားခြင်းမရှိသလို ခံစားရပြီး သူ အလွန်ကြောက်ရွံ့ခဲ့သည့် ရှောင်ယွီ ထွက်ခွာရန်အချိန်ကျရောက်ခဲ့လေပြီ။ သို့သော် မုထျန်းချီ သည် ရှောင်ယွီ ကို တစ်နေ့ထက်တစ်နေ့ ပိုပို၍ ဂရုစိုက်လာခဲ့သည်။ သူ မသေမချင်း ရှောင်ယွီ ထွက်ခွာသွားခြင်းကို လက်ခံနိုင်မည်မဟုတ်ပေ။

ဒါကိုပြောပြီးတိုင်း ရှောင်ယွီ ဟာ အကျယ်တဝင့် ရှင်းမပြပဲ ခပ်ဝါးဝါးသာ ပြောပြခဲ့သည်။ ထို့ကြောင့် မုထျန်းချီ သည် ထိုငါးကလေးကို သူ့ဘေးတွင် ချည်နှောင်ရန် လိုအပ်သည့် အစီအစဉ်မှန်သမျှကို အသုံးပြုရန် ဆန္ဒရှိနေသည်။

ရှောင်ယွီ သည် ဖျောင်းရွှယ် နှင့် လျန်ရှီး တို့ကို ကူညီရန် ဆန္ဒရှိမှန်း သူသိသည်။ တိုင်းပြည် အာဏာကို ရဖို့အတွက် ငါးက သူ့ဘေးမှာ ဒီအချိန်အကြာကြီး ရှိနေခဲ့သည်ဟု မုထျန်းချီ မယုံပေ။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Tempat cerita menjadi hidup. Temukan sekarang