Chapter (131-2) - မင်းသမီး လန်ယာ
ကန်ချင်း နန်းတော်ရှိလူများအားလုံးသည် မင်းကြီး၏ကိုယ်လုပ်တော်များဖြစ်သည်။ ကိုယ်လုပ်တော် အပေါင်းသည် အမှန်တကယ်ပင် ကိုယ်လုပ်တော် ကျန်း ၏ ဓားစာခံအဖြစ် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ကျင်းဝမ်က ဧကရာဇ်ကို ကယ်တင်နိုင်ခဲ့လျှင် မောင်းမမိဿံတွေလည်း အရမ်း ပျော်နေပေလိမ့်မည်။ ကျင်းဝမ်အတွက် အရာအားလုံး အဆင်ပြေချောမွေ့အောင် ထိန်းချုပ်နိုင်ပါစေလို့ အားလုံးက တိတ်တဆိတ် ဆုတောင်းနေကြသည်။
အဌမမင်းသားရဲ့ အကြည့်တွေက တက်ကြွလို့နေသည်။ သူက ကလေးတစ်ယောက်ပါ။ သူ့အမြင်အာရုံက တခြားသူတွေနဲ့ မတူကာ ထက်မြက်လှသည်။ ကျင်းဝမ်သည် ဆဌမမင်းသားကို ထိန်းချုပ်ထားသည်။ သို့သော်၊ အဌမမင်းသား၏မျက်လုံးများသည် ကျင်းဝမ်အနောက်တွင်ပိတ်ဆို့ထားေ သာငါးကန်ပေါ်တွင်သာ ရှိနေသည်။ ငါးကန်က ဘယ်ကလာမှန်း သူ မသိပေမယ့် ဆဌမမင်းသားရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်တဲ့ ငါးက ထို ငါးကန်ထဲကို ကျသွားတာဖြစ်မယ်ဟု တွေးနေသည်။
ပဥ ္စမနောင်တော် နဲ့ ဆဌမ အစ်ကိုတို့ ရန်ဖြစ်ရင် ငါးက ကြားမှာ ဘယ်လိုနေမလဲ။
အဌမမင်းသားသည် ကျင်းဝမ်ကို အမှန်တကယ် ကူညီချင်ခဲ့သည်။ သူ့အမေ ကိုယ်လုပ်တော်လု ၏ ထပ်ခါတလဲလဲ သတိပေးချက်ကို လျစ်လျူရှုကာ ခေါင်းငုံ့ကာ ထိုနေရာသို့ တိတ်တဆိတ် ပြေးသွားခဲ့သည်။ ငါးကန်ကို ဆုပ်ကိုင်ကာ အမြန် ပြန်ပြေးလာပြန်သည်။
သူက အရပ်ပုသေးပြီး ကလေးလည်းဖြစ်သဖြင့် အဲဒီအချိန်မှာ ဘယ်သူမှ သူ့ကို မတားနိုင်ခဲ့ဘူး။
ကျင်းဝမ်- "......"
အဌမမင်းသားသည် လက်လွှတ်မခံဘဲ ငါးကန်ကို ပွေ့ဖက်ထားသည်။ ကျင်းဝမ်သည် ဤညီငယ်အား ကျေးဇူးတင်ဟန်ဖြင့် ကြည့်ကာ နောင်တွင် သေချာ ကြည့်ရှုစောင့်ရှောက်ပေးရမည်ဟု ဆုံးဖြတ်ခဲ့သည်။
အခုတော့ ကျင်းဝမ်က ဘာမှ စိုးရိမ်စရာ မရှိတော့ဘူး။ သူသည် ကိုယ်လုပ်တော် ကျန်း ဆီသို့ လှမ်းကြည့်ပြီးနောက် "ခမည်းတော်ကို လွှတ်ပါ" ဟု ထပ်မံပြောသည်။
ဓားမြှောင်သည် ဆဌမ မင်းသား၏လည်ချောင်းကို ပိုမိုခိုင်မြဲစွာ ဖိလိုက်သည်။ နီရဲတောက်ပသော သွေးများ က ဓါးဒဏ်ရာမှ စီးကျလာသည်။
ဆဌမ မင်းသားလေးသည် နာကျင်စွာဖြင့် ချက်ချင်းအော်လိုက်ပြီး အကူညီတောင်းလိုက်သည်။
"မယ်တော်...သားကို မြန်မြန်ကယ်ပါ"
ဆဌမ မင်းသားလေး ကျင်းဝမ်က သူ့ကို သတ်တော့မှာကို အရမ်းကြောက်ပြီး ကိုယ်လုပ်တော် ကျန်း က သူ့ကို ကယ်တင်ဖို့ မျှော်လင့်နေသည်။ သို့သော် ကိုယ်လုပ်တော်ကျန်းသည် သူမ၏မျက်နှာပေါ်တွင် မည်းမှောင်သောအမူအရာတစ်ခုသာရှိ၍ စကားလုံး တစ်လုံမှ ထွက်မလာပေ။
ဆဌမ မင်းသားလေးသည် သူ့စိတ်ထဲတွင် မသက်မသာ ခံစားလာရတော့သည်။
သူ့ကို တော်ဝင်အကျဉ်းထောင်ကနေ ရုတ်တရက် ခေါ်ထုတ်ခံလိုက်ရသည်။ အကျဉ်းထောင်မှ လွတ်မြောက်လာချိန် သူ့ကို လာခေါ်သူက သူ့အမေ ကျန်းရှီး (ကိုယ်လုပ်တော်ကျန်း)က အာဏာရ သွားပြီလို့ ပြောခဲ့တယ်။ ပထမတော့ မုထျန်းရှောင်က ဒါကို မယုံဘူး။ သို့သော်၊ ဧကရာဇ်မင်း၏နံဘေးတွင် သက်တောင့်သက်သာထိုင်နေသော ကျန်း-ရှီး ကိုမြင်လိုက်ရသည့်အပြင် မင်းကြီးက ရွံရှာသော်လည်း အားကိုးရာမဲ့ အမူအရာဖြင့် ထိုင်နေသည်ကို တွေ့တော့ မုထျန်းရှောင်သည် ယုံကြည်ရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။
သူ့မိခင်သည် သူ့ စိတ်ကူးထဲတွင်တော့ စွဲထင်နေသလို ဘယ်တော့မှ အထင်ကြီးမခံရသော လုံးဝအသုံးမကျသော၊ နူးညံ့သိမ်မွေ့ပြီး နာခံမှုရှိသော အမျိုးသမီး မဟုတ်တော့ပေ။ မုထျန်းရှောင်သည် ဘယ်အချိန်က သူ့မိခင်ပြောင်းလဲသွားသည်ကို မသိခဲ့ပေ။
ဒါပေမယ့် ဒီအပြောင်းအလဲအတွက် သူ အရမ်းကျေးဇူးတင်ခဲ့မိသည်။ သူသည် ကျန်း-ရှီး ၏သားဖြစ်သည်။ ကျန်း-ရှီး သည် ဧကရာဇ်မင်းကို ချုပ်ကိုင်ပြီးကတည်းက သူမသည် ထီးနန်းကို သိမ်းပိုက်ပြီးနောက် သူ ဘုရင်ဖြစ်အောင် သေချာပေါက် ကူညီသွားမည်ဖြစ်သည်။ သူ လုပ်စရာရှိတာက ထိုင်ပြီး သူ့အတွက် ထီးနန်းကို စောင့်နေတာပဲဖြစ်သည်။
သို့သော် ဆဌမ မင်းသားသည် အမှန်တကယ်နားမလည်သော အရာတစ်ခုသာရှိသည်။ ကျန်း-ရှီး သည် သူ့ကိုယ်သူ ထုတ်ဖော်မပြဘဲ အရမ်းလျှို့ဝှက်စွာ ဖုံးကွယ်ထားခဲ့ပြီး သူက ကြိုးကြိုးစားစား ထီးနန်းအတွက် ကြံစည်နေချိန်တွင် အဘယ်ကြောင့် သူ့ကို ကူညီရန် ငြင်းဆန်ခဲ့သေးတာလဲ။
ဒါမှမဟုတ် ဒါက ကျန်း-ရှီး ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အစီအစဉ်တွေထဲက တစ်စိတ်တစ်ပိုင်းဖြစ်နိုင်သည်။ ကျင်းဝမ်၏ အစီအစဉ်များကို အစကတည်းက သူ ဘယ်လို ရှုံးနိမ့်ခဲ့သည်ကို ကြည့်ရင်း၊ ဧကရာဇ်သည် ကျင်းဝမ်အပေါ် ဘက်လိုက်နေပုံကို မြင်နေရသဖြင့် သူ၏ မူလအစီအစဉ်များ အောင်မြင်ရန် အခြေခံအားဖြင့် မဖြစ်နိုင်တော့ပေ။
တစ်ခုတည်းသောရွေးချယ်မှုမှာ နောက်ဆုံးအရေးကြီးသောအခိုက်အတန့်အတွက် ဝှက်ဖဲ တစ်ခုကို သုံးလိုက်ရန် ဖြစ်သည်။ ဧကရာဇ်နှင့် ကျင်းဝမ်တို့က အတားအဆီးမရှိတော့ဟု ထင်သည့်အချိန်တွင် ကျန်း-ရှီး သည် သူတို့အား ချက်ကောင်းကို ရိုက်ချကာ ဖျက်ဆီးရန် အခွင့်အရေးရသွားတာ ဖြစ်လိမ့်မည်။
ဆဌမ မင်းသားက ဒါကို သေချာပြန်စဉ်းစားနေမိသည်။ တကယ်တော့ ကျန်း-ရှီး က မသိနားမလည် ဟန်ဆောင်နေတာဖြစ်ပြီး အဲဒါကို သူ လုံးဝသတိမထားမိခဲ့ပေ။ သူ့လက်အောက်ငယ်သားအားလုံးဟာ မူလက ကျန်း-ရှီးဆီက လာတာဖြစ်သည်။ ကျန်း-ရှီး က သူ့ကို မကူညီခဲ့တာ မဟုတ်ဘူး။ သို့သော် အောင်ပွဲအတွက် သူမဖာသာ ဆက်လက် ဖုံးကွယ်ထားခဲ့ရတာဖြစ်သည်။
အထက်ဖော်ပြပါ အတွေးအမြင်များကြောင့် မုထျန်းရှောင်သည် ကျန်း-ရှီး သည် ဤအရာအားလုံးအတွက် ကြိုတင် ပြင်ဆင်ထားနိုင်သည်ဟူသောအချက်ကို လက်ခံယုံကြည်ရန် သူ့ကိုယ်သူ အတင်းနားချလိုက်သည်။
ကျန်း-ရှီး အတွက် ဆင်ခြေများအားလုံးကို ချန်လှပ်ထားလိုက်သည်။ သို့သော် ကျန်း-ရှီး သည် သူ့အား မည်သည့်အခါမှ ရှင်းရှင်းလင်းလင်း စကားတစ်ခွန်းမျှပင် မပြောခဲ့ပေ။ မုထျန်းရှောင်သည် ဧကရာဇ်ပင်လျှင် ကျန်းရှီး၏ လှည့်ဖျားမှုထဲ ကျရောက်အောင် လုပ်နိုင်သည့် သူ့မိခင်ကို ကြောက်ရွံ့လာပြီး အလွန်အကျွံ မမေးဝံ့ပေ။ တစ်နည်းဆိုရသော် သူသည် လွတ်လပ်ပြီး အဆုံးတွင် ထီးနန်းတက်နိုင်သရွေ့ ဘာကိုမဆို လက်ခံလိုက်မည် ဖြစ်သည်။
ဒါပေမယ့် အခုအချိန်မှာတော့ ကျင်းဝမ်က ကျန်း-ရှီး ကို ပြန်ခြိမ်းခြောက်ဖို့အတွက် သူ့ကို ဓားစာခံအဖြစ် ချုပ်နှောင်ထားသည်။ သို့သော် ကျန်း-ရှီး သည် သူ့ကို လွတ်မြောက်အောင် ကူညီပေးဖို့ လှုပ်ရှားမှု တစ်ခုပင် မလုပ်ခဲ့သဖြင့် မုထျန်းရှောင်ကို ထူးထူးခြားခြား အထိတ်တလန့်ဖြစ်သွားစေသည်။
သူက လက်ရှိ ကျန်း-ရှီးကို အမေ လို့ ခေါ်နေသေးပေမယ့် တကယ်တမ်းတော့ သူမကို လုံး၀ မသိတော့ပေ။
"အရှင်မင်းသား ကျင်းဝမ်"
တစ်ချိန်လုံး နှုတ်ဆိတ်နေသော ကျန်း-ရှီး က ရုတ်တရက် ပြုံးလိုက်ပြီး မေးလိုက်သည်။
"မင်းလက်ထဲက ဓါးဆာခံကို ငါက လဲလှယ်မယ်လို့ ဘာကြောင့် ထင်ရတာလဲ။ မင်း လက်ထဲမှာ မင်းသား တစ်ပါးပဲရှိတယ်၊ ငါ့လက်ထဲမှာ တိုင်းပြည်တစ်ခုလုံးရဲ့ အရှင်သခင် ဘုရင်တစ်ပါး ရှိနေတယ်လေ"
ကျန်း ရှီးက ပေါ့ပေါ့ပါးပါး လက်ခုပ်တီးလိုက်သည်။ ကန်ချင်း နန်းတော်ရဲ့ ပင်မခန်းမထဲမှာ လျှို့ဝှက်လေးသမားတစ်ယောက်က ချက်ချင်းပဲ မြှားတစ်စင်း ပစ်လွှတ်လိုက်တော့သည်။
လုံးဝသတိပေးချင်းမရှိပဲ ဆဌမ မင်းသားလေးဟာ မြှားချက် ထိမှန်ပြီးနောက် သူ့ရင်ဘတ်ထဲက သွေးတွေ စီးကျလာတော့သည်။ ဆဌမ မင်းသား သည် သူ့ဒဏ်ရာကိုကြည့်ရင်း မျက်လုံးများ ပြူးကျယ်လာသည်။ ဒါက သူ့မိခင်၏ခွင့်ပြုချက်ဖြင့် သူ့ကို အသေပစ်သတ်လိုက်သည့် ရက်စက်ကြမ်းကြုတ်သော မြှားတစ်စင်းဖြစ်သည်။
"အမေ......" အဆုံးတွင် သူက အားကုန် အော်ပြီးနောက် ဦးခေါင်းငိုက်စိုက်ကျသွားတော့သည်။
ကန်ချင်း နန်းတော်ရှိ လူအားလုံးက ကိုယ်လုပ်တော်ကျန်းသည် သူ့သားကိုပင် သတ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ ချက်ချင်းဆိုသလိုပဲ လူတိုင်းဟာ သူတို့အားလုံး အန္တရာယ်ကျရောက်နေသလို ခံစားလိုက်ရပြီး တုန်လှုပ်သွားကြသည်။
"အန္တရာယ်ရှိတဲ့ ကျားတွေတောင်မှ သူတို့ရဲ့သားသမီးကို ပြန်မစားဘူး။ ဘာလို့ ထျန်းရှောင် ကို သတ်လိုက်တာလဲ!"
ဧကရာဇ် မယုံနိုင်စရာကြုံလိုက်ရလို့ မေးလိုက်သည်။
ဆဌမမင်းသားက သူ့ကိုသတ်ဖို့ တစ်ကြိမ်ကြိုးစားခဲ့ပေမယ့် ဧကရာဇ်ဘုရင်က သူ့ကို သတ်ဖို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။
သို့သော်လည်း ကိုယ်လုပ်တော် ကျန်း သည် အကျပ်ကိုင်ခံရခြင်းမှ ရှောင်ရှားရန်အတွက် ဖမ်းထားသော ဆဌမ မင်းသား ကို အလွယ်တကူ သုတ်သင်ပစ်ခဲ့သည်။ ဧကရာဇ်သည် ဤမိန်းမ၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်ကို လုံးဝ မယှဉ်နိုင်တော့ပေ။
"အန္တရာယ်ရှိတဲ့ ကျားတွေတောင် သူတို့ရဲ့သားသမီးကို မစားကြဘူးလား။ ဒါ အသက်လေးတစ်ခုပဲ။ မင်းက လော့လန်ကို ချေမှုန်းပစ်လိုက်တယ်။ တိုင်းသူပြည်သား တစ်သိန်းလောက် အသက်ဆုံးရှုံးရတယ်။ မင်းက ကျားထက် ပိုဆိုးတာမဟုတ်ဘူးလား။"
ကိုယ်လုပ်တော် ကျန်းက ရယ်မောလိုက်သည်။
ဧကရာဇ်မင်း၏ ဒေါသအမျက် ထွက်နေသည့် မျက်လုံးတွေက ကျန်း-ရှီး ၏စကားကိုကြားတော့ ဖြူယော်သွားခဲ့သည်။
ကျင်းဝမ်က မျက်မှောင်ကြုတ်ပြီး "မင်းက လော့လန်က ကိုယ်လုပ်တော်မိန်လား?"
"မှန်တယ်။" ကိုယ်လုပ်တော် ကျန်း သည် မဆိုင်းမတွ ဝန်ခံခဲ့သည်။ သူမသည် ဘဝတစ်ဝက်စာအတွက် သူမရဲ့ ပင်ကိုယ်ဇစ်မြစ်ကို ဖုံးကွယ်ထားခဲ့သည်။ အခုတော့ ဖုံးကွယ်စရာ အကြောင်းမရှိတော့ဘူး။
သူမသည် အပေါ်တက်ကာ မျက်နှာကို လက်နှင့် ပွတ်လိုက်ပြီး ပါးလွှာသော အရေပြားတစ်ခုကို ဖယ်လိုက်သည်။
ကျန်း-ရှီး သည် ကျေးကျွန်မိသားစုမှ မွေးဖွားခဲ့သည်။ သူမ၏ အသားအရည်သည် အနည်းငယ် မည်းမှောင်နေပြီး ရိုးသားသော မျက်နှာထားရှိသည်။ သို့သော်လည်း မျက်နှာဖုံးကို ဖယ်ရှားပြီးနောက်တွင် ကျန်းရှီ၏ မျက်နှာမဟုတ်တော့ပေ။ အသားအရေဖြူဖျော့ဖျော့နှင့် လှပသောမျက်နှာတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ငါက ကိုယ်လုပ်တော်မိန်ပဲ..." သူမက ဆက်ပြောခဲ့သည်။
"ဒါပေမယ့် ဒီနာမည်ကို ငါ မကြိုက်ဘူး။ ငါက လော့လန် ဘုရင်ရဲ့ သမီးတော်ဖြစ်ပြီး မင်းသမီး လန်ယာ လို့ ခေါ်လို့ရတယ်။"
ယခင်ကလည်း လီယွီသည် ကျင်းဝမ်ကို လုပ်ကြံရန် အဆက်မပြတ်ကြိုးစားနေပြီး ကျင်းဝမ်ကို အဆိပ်ခတ်သူက လော့လန်က လာသည့် ကိုယ်လုပ်တော်မိန် တို့နှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေသည်ဟု ကျင်းဝမ်က ခန့်မှန်းထားပြီးဖြစ်သည်။
သို့သော် အမှန်မှာ သေသွားတာဖြစ်သည့် ကိုယ်လုပ်တော်မိန်က အသက်ရှင်နေသေးသည် ။ တကယ်တော့ သူမဟာ ဒီတပ်ဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပြီး ဆဌမမင်းသားလေးရဲ့မိခင်အဖြစ် နန်းတော်အတွင်း ကျန်း-ရှီး ရဲ့ဝိသေသလက္ခဏာကိုအသုံးပြုကာ မျက်လုံးရှေ့မှာပင် အသက် ရှင်သန်နေခဲ့တာဖြစ်သည်။
ဧကရာဇ်ကို လက်စားချေရန် သူမ ဆက်လက် လျှို့ဝှက်စွာ အသက်ရှင်နေတာ ဖြစ်နိုင်သည်။
ဒါဆိုရင် ကိုယ်လုပ်တော်မိန် – လန်ယာ မင်းသမီးက ဘယ်လို ကိုယ်လုပ်တော်ကျန်း ဖြစ်လာတာလဲ။
*****-************
YOU ARE READING
(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)
Historical FictionGenre _ Historical, Romance, Comedy, Yaoi