Chapter (123-1) - ရွယ်ယားမှုန့်

3.3K 797 6
                                    

Chapter (123-1) – ရွယ်ယားမှုန့်

တစ်ချိန်က ဆေးမှုန့်ကိုထုပ်ထားတဲ့ အဲ့ဒီစာရွက်တစ်ရွက်က အခန်းထဲမှာ ရှိနေနိုင်သေးလား။

လီယွီသည် ချက်ချင်းပင် ထိုစာရွက်တစ်ရွက်ကို ရှာချင်သဖြင့် ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည်။ သို့သော်လည်း ဖုန်မှုန့်မှလွဲ၍ ထိုအခန်း၏ ကြမ်းပြင်ပေါ်တွင် လောလောဆယ် စာရွက်တစ်ရွက်မျှမရှိပေ။

ပူလျှိုမထွက်ခွာသွားခင်မှာ ဖြစ်ပျက်ခဲ့သည့် ဒီမှတ်ဉာဏ်အပိုင်းက မမှန်နိုင်ဘူးဆိုတာ လီယွီ သဘောပေါက်သွားသည်။ ထို့အပြင်၊ ဧကရာဇ်သည် ထိုအခန်းကို အလုံပိတ်ထားသော်လည်း အခန်းတွင်းရှိအရာအားလုံးသည် မထိမခိုက်ရသေးသည့် ပုံစံ မရှိပေ။ ထိုအချိန်က မြေပြင်ပေါ်သို့ ပြုတ်ကျခဲ့သော စာရွက်သည် ဟိုးရှေးရှေးတုန်းက ရှင်းလင်းသွားပြီးလောက်ပြီ။

လီယွီသည် အံကိုကြိတ်လိုက်သည်။ သူက Koi ဖြစ်နေပြီ။ ထိုကိစ္စတွင် သူရဲ့ Koi ငါး၏ ကံကောင်းခြင်းလည်း ရနိုင်မလားလို့ တိတ်တခိုး မျှော်လင့်မိသည်။

လီယွီသည် သူ့ကိုယ်သူ စိတ်ငြိမ်အောင်ထိန်းကာ ပြန်ထိုင်လိုက်သည်။ သူသည် အရာအားလုံးကို မှတ်ဉာဏ်ထဲတွင် မြင်ခဲ့ရသည့်အရာများနှင့် နှိုင်းယှဉ်ကြည့်လိုက်သည်။

လောလောဆယ်မှာတော့ တခြားသဲလွန်စတွေ မတွေ့ရဘူး။

ထို့နောက် လီယွီသည် အပ်နှင့် ချည်ခြင်းတောင်းကို တွေ့လိုက်သည်။ မျှော်လင့်ချက်များစွာမရှိဘဲ အတွင်းဘက်ရှိအရာအားလုံးကို ထုတ်ယူလိုက်ရာ အထည်အရွက်အချို့အောက်တွင် အဝတ်ကျားရုပ်လေး တစ်ကောင်ကို တွေ့လိုက်ရပြန်သည်။

မှတ်ဉာဏ်ထဲတွင် ပူလျှိုသည် ကျားရုပ်တစ်ဝက်ကို ဖန်တီးခဲ့သည်။ ဒီကျားရုပ်က အတော်များများ ပြီးနေပြီ။ ဒါဆိုရင် ဖြစ်နိုင်ချေက တစ်ခုတည်းသာ ရှိတော့သည်။ လီယွီတစ်ချိန်လုံး တွေးထင်နေခဲ့သည်မှာ ပူလျိူ သည် ထိုစဉ်က ကလေးများမရှိတော့သဖြင့် သူမ အဝတ်ကျားရုပ်ကို မချုပ်နိုင်တော့ပေ။ ဒါပေမယ့် မထင်မှတ်ဘဲ၊ သူမသည် ကျင်းဝမ် အတွက် ကျားရုပ် တစ်ရုပ် ပြုလုပ်ခဲ့သည် ။ ဒါက နားလည်ရ ခက်လွန်းလှသည်မဟုတ်။ ကလေးကစားစရာများက မကြာခဏ ပျက်တတ်သည်။ အဲဒါကြောင့် သူတို့မှာ အများကြီးရှိနေနိုင်သည်။ သူ့ရဲ့ကလေးတွေမှာလည်း ဒီလိုပဲ။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now