Chapter (93-1) - ပါးပါးနှစ်ယောက်ကို တွယ်ကပ်နေသည့် ပေါက်စလေးများ

5.1K 956 10
                                    

Chapter (93-1) - ပါးပါးနှစ်ယောက်ကို တွယ်ကပ်နေသည့် ပေါက်စလေးများ

လီယွီသည် သူ့ဆီသို့ ကျင်းဝမ် ပစ်လွှတ်လိုက်သော အကြည့်ကြောင့် ရင်ထဲမှာ အနည်းငယ် ပူလောင်သွားသလို ခံစားလိုက်ရသည်။ သို့သော်၊ အစာစားရန် ငိုကြွေးနေသည့် ကလေးငယ်များသည် ပို၍အရေးတကြီးဖြစ်နေသောကြောင့် လီယွီသည် သူ့လောင်ကုန်းနဲ့ပတ်သတ်ပြီး အလွန်အမင်းစဉ်းစားရန် အချိန်မရှိလိုက်ပေ။

ရှေးခေတ်က နို့တိုက်စရာ နို့ဗူးတွေ မရှိဘူး။ လီယွီသည် အလယ်အလတ်နည်းလမ်းကို အသုံးပြုခဲ့သည်။ နို့ထိန်းကို ပန်းကန်လုံးတစ်လုံးထဲသို့ နို့ညှစ်ခိုင်းသည်။ ပေါင်းရိကို ကောက်ပွေ့လိုက်ပြီး ပေါင်းရိ၏ ပါးစပ်ထဲသို့ အလွန်သေးငယ်သော ငွေဇွန်းကို အသုံးပြုကာ တကြိမ်ကို နည်းနည်းစီ နို့တိုက်ခဲ့သည်။ ပေါင်းရိက 'အမ်....အမ် ' ဟု ဆက်အော်ပြီး ခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်သည်။

လီယွီ: "......"

နားလည်ပြီ။ ဒါဆို ဒီကလေးက နို့မသောက်ချင်ဘူးပေါ့?

လီယွီသည် ငါးကလေးများကို အရည်အသွေးမြင့် ငါးစာနှင့် မက်မွန်ပွင့်ကွတ်ကီးများကို ကျွေးခဲ့ကြောင်း သတိရမိသည်။ ဒီကိစ္စကြောင့် သူတို့ နို့မသောက်တာ ဖြစ်နိုင်ပါတယ်။ ငါးကလေးများက ချိုမြိန်သော အရသာရှိသော အစားအစာများကို နှစ်သက်ကြသည်။ သို့သော် ယခုအချိန်တွင် သူ ဘာလုပ်နိုင်ဦးမှာလဲ။ ဒါက လုံးဝခြားနားတဲ့ အခြေအနေတစ်ခုပဲလေ။ ကလေးငယ်လေးတွေက သွား မပေါက်သေးဘူး။ သူတို့မှာ သွားတွေတောင် မရှိတော့ဘဲ ဘာမက်မွန်ပွင့်ကွတ်ကီး စားချင်တာလဲ။ မွေးကင်းစ ကလေးက နို့ပဲ သောက်လို့ရမယ်။

လီယွီက "ပေါင်းရိ.... မင်းနို့သောက်မလား။ ဒါမှမဟုတ် အစာအငတ်ခံမလား။"

ပေါင်းရိ"......"

ငါးပါးပါးက တက်ကြွစွာ ခြိမ်းခြောက်ပြီး ပေါင်းရိမျက်နှာကို အသာလေးပုတ်လိုက်သည်။ ထို့နောက် ပေါင်းရိက မျက်ရည်များဝဲကာ ဇွန်းထဲတွင် နွားနို့ကို ပြီးအောင် သောက်လိုက်ရတော့သည်။

လီယွီသည် ကလေးနို့တိုက်ရန် ပထမဆုံးကြိုးစားမှုက အောင်မြင်ခဲ့သည်။ သူ ဒုတိယအကြိမ်ကြိုးစားဖို့ လုပ်သည့် အခါ ပေါင်းရိက ပါးစပ်ကို တင်းတင်းဆို့ပြီး ဇွန်းနဲ့ထပ်သောက်ဖို့ လုံးဝငြင်းဆန်ခဲ့သည်။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Hikayelerin yaşadığı yer. Şimdi keşfedin