Chapter (92-2) - နောက်ကွယ်မှ တရားခံအစစ်

4.8K 996 16
                                    



Chapter (92-2) - နောက်ကွယ်မှ တရားခံအစစ်


သို့သော်လည်း ဧကရာဇ်ဘုရင်သည် သူက တရားခံဖြစ်တယ်လို့  ပြတ်ပြတ်သားသား ယုံကြည်ထားပြီး ရှင်းပြချက်တစ်စုံတစ်ရာကိုပင် မကြားချင်တော့ပေ။တတိယမင်းသားက နေ့ရောညပါ ဒူးထောက်ကာတောင်းပန်နေခဲ့သည်။ ကောင်းကင်မှ  မိုးသက်မုန်တိုင်းကြီး ကျရောက်လာသည့်အချိန် တတိယမင်းသား၏ နှလုံးသားမှာ အေးခဲသွားခဲ့သည်။

မူးမေ့လဲပြီး သတိလစ်တော့မယ့်အချိန်မှာ ဆီစိမ်စက္ကူထီးတစ်ချောင်းက သူ့အပေါ်ကိုမိုးပေးလားသဖြင့်  တတိယမင်းသားက  ခေါင်းကို ဖြည်းညှင်းစွာမော့လိုက်သည်။

မုထျန်းမင်သည် မျက်လုံးနှစ်ဖက်ကို မြှောက်လိုက်ပြီး ဆဌမမင်းသား မုထျန်းရှောင်မျက်နှာတွင် စိုးရိမ်မှုအပြည့်ဖြင့် သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ထီးကို ကိုင်ဆောင်ထားသည့် ဆဌမမင်းသားသည် သူ၏ပုံမှန်အတိုင်း ပြေပြစ်ပြီး သန့်စင်သောမျက်နှာကို ထိန်းသိမ်းထားဆဲဖြစ်သည်။

"တတိယမြောက် အစ်ကိုကြီး။ အအေးမမိအောင် သတိထားပါ။" ဆဌမမင်းသား မုထျန်းရှောင်သည် တတိယမင်းသား မုထျန်းမင် ကို ကူညီလိုသောဟန်ဖြင့် ထီးမိုးပေးပေးရင် ထူပေးဖို့ လက်ကို ဆန့်တန်းလိုက်သည်။

ဆဌမ မင်းသားသည် တတိယမင်းသား၏နောက်လိုက်တစ်ဦးဖြစ်သည်ဟု လူတိုင်းကပြောကြသည်။ တတိယမင်းသားက မြေပြင်ပေါ် လဲကျသွားပေမယ့် ဆဌမ မင်းသားကတော့ သူ့ဘေးမှာ မတ်တပ်ရပ်နေ ဆဲပါ။ သို့သော် ယခုအချိန်တွင် တတိယမင်းသား မုထျန်းမင် သည် မိုးရေကြောင့် စိုစွတ်နေသည်ထက် သူ့ရင်က ပိုအေးစက်နေသည်ကို ဘယ်သူမှ မသိပေ။

" မုထျန်းရှောင်...မင်းကို ငါမေးမယ်....မင်းရဲ့အမိန့်ကို အရာရှိချင်က လိုက်နာခဲ့သလား။"
တတိယမင်းသား မုထျန်းမင် သည် ဆဌမမင်းသား၏ ကမ်းပေးလာသည့် လက်ကို ပုတ်ထုတ်လိုက်ပြီး မျက်နှာကို သုတ်လိုက်ပြီး အေးစက်စွာမေးလိုက်သည်။

တတိယမင်းသား မုထျန်းမင် သည် ဆဌမမင်းသား မုထျန်းရှောင်အား လုပ်ရမည့် အရာတွေကို အမိန့်ပေးခဲ့သည်။ ထိုအရာရှိချင် ကို သူ  အကြောင်းကြားခြင်းမရှိသောကြောင့် ခိုင်းစေသည့် အခြားလူမှာ ဆဌမမင်းသား မုထျန်းရှောင်သာ ဖြစ်သည်။ ဆဌမမင်းသား မုထျန်းရှောင်သည် ထိုအရာအားလုံးကို သူ့နောက်ကွယ်တွင် ကြံစည်ခဲ့သူ ဖြစ်သည်။ သို့သော် ဧကရာဇ်မင်းသည် သူ့ကိုသာ အပြစ်တင်ခဲ့သည်။

"တတိယမြောက် အစ်ကိုကြီး၊ နောက်ဆုံးတော့ အကိုကြိး သဘောပေါက်သွားပြီပဲ"
ဆဌမမင်းသား မုထျန်းရှောင်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး ထီးကို လှည့်လိုက်ပြီး မိုးစက်တွေ ကျနေတာကို ကြည့်နေသည်။

"အရင်က ကျွန်တော်ဟာ ကျင်းဝမ်အတွက် ပြဿနာတစ်ခုခုကို ဖန်တီးချင်တာကြောင့် အာဏာကို မြန်မြန်ရနိုင်အောင် ကြိုးစားခဲ့တယ်။ ဒါတွေကိုလုပ်ခဲ့တာလား အကိုကြီး အတွက်ပဲလေ။"

"မင်း ညာတယ်! မင်းက ငါ့ရဲ့ယုံကြည်မှုကို  သုံးပြီး ငါ့ကို မင်းရဲ့ခြေနင်းတုံး ဖြစ်စေခဲ့တယ်။ မင်း- မင်းအရင်က ဘာမှမရှိခဲ့ဘူးဆိုတာ မင်းမေ့သွားပြီ။ မင်းကို ကူညီပြီး ခမည်းတော်က မင်းကို တရားဝင် တာဝန်တွေ ပေးအောင် လုပ်ခဲ့တာ ဘယ်သူလဲ!"

 မုထျန်းမင်သည် ဒေါသတကြီးထလာပြီး ဆဌမမင်းသား မုထျန်းရှောင်၏ကော်လာကို ဒေါသတကြီးဆွဲကိုင်ကာ ထိုမျက်လုံးဖြူဝံပုလွေကို အသေသတ်ပစ်လု နီးပါးဖြစ်ခဲ့သည်။

ဆဌမမင်းသား မုထျန်းရှောင်က စွပ်စွဲချက်ကို မကန့်ကွက်ဘဲ တတိယမင်းသားက သူ့ကို ခဏလောက် စိတ်ကြိုက် လှုပ်ယမ်းခွင့်ပေးလိုက်သည်။  ပြီးတော့ သူက ပြုံးပြီးပြောသည်။

 "တတိယအကိုကြီး၊ ဒီလိုတောင် ဖြစ်နေပြီ။  စိတ်အေးအေးထားဖို့ အကြံပေးပါရစေ။"

ဆဌမမင်းသား မုထျန်းရှောင်သည် တတိယမင်းသား မုထျန်းမင် ၏ လက်ချောင်းများကို တချောင်းခြင်း ဖြေလိုက်သည်။ တတိယမင်းသား မုထျန်းမင် သည် မုထျန်းရှောင်တွင် ထိုမျှကြီးမားသောအစွမ်း သတ္တိရှိကြောင်းကို အံ့အားသင့်စွာတွေ့ရှိခဲ့သည်။

ဆဌမမင်းသား မုထျန်းရှောင်က သူ့အဝတ်အစားပေါ်က တွန့်ရာတွေကို ပြေအောင် လုပ်လိုက်ပြီး ပြောလိုက်သည်။
"တတိယ အစ်ကိုကြီး၊ ခမည်းတော်က မင်းကို ဘယ်တော့မှ မယုံတော့ဘူး။ မင်းပြောသမျှဟာ အသုံးမကျတော့ဘူး။ မင်းရဲ့ ပင်းအဆင့် အမတ်ရာထူးနဲ့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အေးအေးဆေးဆေး လျှောက်လှမ်းသွားရင်  အတိတ်က ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးကို ကျွန်တော် အမှတ်ရပေးနေဦးမှာပါ။ မဟုတ်ရင်တော့....."

"မင်း လုပ်ရဲလား" မူထန်းမင်   ဒီလို အရှက်ကဲ့မဲ့လွန်းသည့်ကောင်ကို  ထပ်မံတိုက်ခိုက်ရန် ကြိုးစားခဲ့သည်။

ဆဌမမင်းသား မုထျန်းရှောင်၏ နောက်ကွယ်တွင် အစောင့်များသည် ပေါ်လာပြီး တတိယမင်းသား မုထျန်းမင် ကို အလျင်စလို ချုပ်နှောင်ထားသည်။  

ချမ်းအေးသောအပြုံးဖြင့် ဆဌမမင်းသား မုထျန်းရှောင်လှည့်ကြည့်ကာ ပြောခဲ့သည်။

"မင်းဆန္ဒအတိုင်းလုပ်ပါ၊ တတိယမြောက်အစ်ကို။ မင်းနဲ့အတူ ရန်မဖြစ်နိုင်လို့ ခွင့်လွှတ်ပါ"

ထီးကိုကိုင်ထားရင်း ဆဌမမင်းသား မုထျန်းရှောင်သည် မိုးရေထဲသို့ သူ့ဘာသာသူ လျှောက်သွားခဲ့ပြီး တတိယမင်းသား၏ စော်ကားမှုများကို လုံးဝလျစ်လျူရှုလိုက်သည်။    သူ့နောက်မှ မုထျန်းမင် အော်လိုက်သော အော်ဟစ်ညည်းတွားသံများ ထွက်လာခဲ့ပေမယ့် လှည့်မကြည့်တော့ပေ။

ထိုအချိန်တွင် ဆဌမမင်းသား မုထျန်းရှောင်ကို တတိယမင်းသားမှ လုံးဝ အဆိပ်မရှိသည့်သူ ဟု ယူဆကာ ဆက်ဆံခဲ့လို့ ရိုက်ချခံလိုက်ရသည်။ တတိယမင်းသားက အခု သူ့ပြိုင်ဖက် မဟုတ်တော့ဘူးလို့ မုထျန်းရှောင် မှတ်ယူနိုင်သည်။ မုထျန်းရှောင်က လုံးဝ စိတ်မပူဘဲ ပျော်ရွှင်သောစိတ်ဖြင့် သူ့အိမ်သို့ ပြန်သွားခဲ့သည်။ ချက်ခြင်းပင် သူ၏သစ္စာရှိ လက်အောက်ငယ်သားထံမှ သတင်းတစ်ပုဒ်ကို သူ ကြားလိုက်ရသည်။ ဧကရာဇ်သည် ကျင်းဝမ်မ်ကို လက်ထပ်ခွင့်ပေးခဲ့သည်၊ လီယွီသည် ကျင်းဝမ်၏ ဝမ်ဖေး ဖြစ်လာတော့မည်။

ဆဌမမင်းသား မုထျန်းရှောင်သည် ကျယ်လောင်စွာလှောင်ရယ်လိုက်သည်။  အဓိက ဇနီးမယားအဖြစ် ယောက်ျားတစ်ယောက်နဲ့ လက်ထပ်ရင် ကျင်းဝမ်က အခုချိန်မှာတော့ ထီးနန်းအတွက် လုံးဝ ယှဉ်ပြိုင်နိုင်တော့မည် မဟုတ်ပေ။

သူ့ရဲ့သစ္စာရှိတဲ့လက်အောက်ငယ်သားက ခြေတစ်လှမ်းဆုတ်ပြီး ထပ်မံ သတင်းပို့ခဲ့သည်။

 "အရှင်မင်းသား... အခုသတင်းက အနောက်တောင်တန်းက ရောက်လာတာ... ကျင်းဝမ်ဆီမှာ...... ကျန်းမာတဲ့ တရားဝင် သားလေးယောက်ရှိနေတယ်"  

ဆဌမမင်းသား မုထျန်းရှောင်: "................ ဘာလဲ??"

ဆဌမမင်းသား မုထျန်းရှောင်၏ မျက်နှာသည် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။ ကျင်းဝမ် က ယောက်ျားတစ်ယောက် နဲ့ လက်ထပ်တော့မှာ မဟုတ်ဘူးလား? ဒီသားလေးယောက်က ဘယ်က လာတာလဲ။ ပြီးတော့ သူတို့အားလုံး ဘာကြောင့် ကျန်းမာနေခဲ့ကြတာလဲ။

တစ်နေရာရာက ချို့ယွင်းနေတာ မရှိဘူးလား။ သတင်းက အမှားအယွင်းနေတာ မဟုတ်ဘူးလား။  

ဆဌမမင်းသား မုထျန်းရှောင်သည် သစ္စာရှိသော လက်အောက်ငယ်သား၏ စကားကို မယုံနိုင်ပေ။ လျှပ်စီးကြောင်းလို အရှိန်ဖြင့် သူသည် လက်အောက်ငယ်သား၏လက်မှ လျှို့ဝှက်အစီရင်ခံစာကို လုယူလိုက်ပြီး စကားလုံးတစ်လုံးစီကို သူ့ဖာသာ  စတင်ဖတ်လိုက်တော့သည်။

ဆဌမ မင်းသားသည် အနောက်ဘက် တောင်တန်းဒေသတွင်လက်အောက်ငယ်သားများစွာမရှိပေ။ သူတို့သည် ကျင်းဝမ်၏အိမ်ခြံမြေထဲသို့ မဝင်ရောက်နိုင်ပေ။ လျှို့ဝှက်အစီရင်ခံစာတွင် မေပယ်လ်ဒေသ မှ တောင်သူလယ်သမားများ သိထားသည်နှင့် တူညီသောအရာများသာ ပါရှိသည်။

ကျင်းဝမ်မ်ဟာ တကယ်ကို ကျန်းမာသန်စွမ်းတဲ့ သားလေးတွေ ပိုင်ဆိုင်ထားသည်။ ဒါဆိုရင် ကျင်းဝမ် ဆွံ့အနေတာက ပြန်ပြင်လို့မရသည့်   အပြစ်အနာအဆာတစ်ခု မဟုတ်တော့ပေ။

ဆဌမ မင်းသားက သူသိသမျှကို စစ်ဆေးခဲ့ပေမယ့် ဒီကလေးတွေ ဘယ်ကလာတယ်ဆိုတာ မသိနိုင်သေးဘူး။ သို့သော်လည်း ကျင်းဝမ်က ကလေးမွေးနိုင်သည့် နောက်ဆက်တွဲ ရလဒ်ကို သူ စဉ်းစားထားပြီးဖြစ်သည်။ အကယ်၍ ကျင်းဝမ် က မသန်စွမ်းမဟုတ်တော့ရင ်သူက  ကျင်းဝမ်ကို အနိုင်ယူဖို့ ဘာအားသာချက်ရှိတော့မှာလဲ။  

နန်းတော်ကို ပြုပြင်မွမ်းမံဖို့ နှစ်ဝက်လုံးလုံး ကြိုးစားအားထုတ်ခဲ့တာကို အားကိုးရမှာလား။ ဒါမှမဟုတ် တစ်ချိန်က နန်းတော်ထဲမှာ ရံရွေတော် လုပ်ခဲ့တဲ့ သူ့ရဲ့မွေးမိခင်လား။

ခက်ခက်ခဲခဲဖြင့် နောက်ဆုံးတွင် သူသည် တတိယမင်းသား၏ အကာအကွယ်အောက်တွင် ရှိနေသည့် နေရာသို့ လျှောက်လှမ်းခဲ့သည်။ သူသည်  အဆင့်အတန်းမြင့်သော အမျိုးသမီးတစ်ဦးနှင့် လက်ထပ်တော့ မည်ဖြစ်သည်။ သူသည် ယွဲ့ မိသားစု၏ အထောက်အပံ့ကို ရရှိတော့မည်ဖြစ်သည်။ တတိယမင်းသား၏ သြဇာနှင့် လုပ်ပိုင်ခွင့် သည် ယခုအခါ သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ သူသည် မှန်ကန်သော လမ်းကြောင်းပေါ်တွင် အဆင့်ဆင့် လျှောက်လှမ်းကာ အုပ်စိုးရှင် ရာထူးသို့ လျှောက်လှမ်းခဲ့သည်။ ဒါတောင်။ ကျင်းဝမ်ဟာ သူ့လက်ထဲမှာရှိတဲ့ အရာအားလုံးကို လုယူလုယူမယ့် သားလေးတွေ ရှိနေတာပဲလား။

ဒါကို သူ သေချာပေါက် ခွင့်မပြုနိုင်ဘူး!

ဆဌမ မင်းသားသည် လျှို့ဝှက်အစီရင်ခံစာကို အထပ်ထပ်အခါခါ အပြန်ပြန်အလှန်လှန်ဖတ်ကာ ကျင်းဝမ် လုပ်ခဲ့သောအမှားများကို ရှာဖွေရန် ဆုံးဖြတ်ခဲ့သည်။ လက်ရှိတွင် အပြစ်အနာအဆာကင်းသော ကျင်းဝမ် က သူ့ကို အပြင်းအထန်ဖိအားပေးခံနေသည်။

ဝမ့်ရှီးသည် ကလေးလေးယောက်ကို ကံကောင်းစေသောကြယ်လေးပွင့်အဖြစ်မြင်ပြီး သူတို့အတွက် အကောင်းဆုံး နို့ထိန်းကို တွေ့ရှိခဲ့သည်။ သို့သော် သူတို့မွေးဖွားပြီးနောက် နို့အနည်းငယ်သောက်ပြီးနောက် ထိုကံကောင်းခြင်း ကြယ်လေးပွင့်သည် တောက်လျှောက်သာ ငိုနေတော့သည်။  

 သူတို့ နို့ကို နည်းနည်းလေးမှ ထပ်မစို့ချင်တော့ဘူး၊ တကယ်တော့ သူတို့က ပြုစုရတာ ခက်ခဲ့သည့် ဘိုးဘေး လေးယောက် ဖြစ်သွားတယ်။

ဧကရာဇ် စေလွှတ်လိုက်သည့် သမားတော်များကို ကြည့်ရှုရန် ဆင့်ခေါ်လိုက်သောအခါတွင် ပြဿနာက ဘာလဲဟု အဖြေရှာမရပေ။

ဒါက  လီယွီကို တကယ်ကို စိတ်ပူစေခဲ့တယ်။ ထူးဆန်းတာက ကလေးတွေကို ကောက်ယူလိုက်တိုင်း ကလေးတွေရဲ့ ငိုသံက ပျော့ပျောင်းကာ တိုးသွားတာပါပဲ။ ဒါပေမယ့် ကလေးတွေကို နို့ထိန်းဆီ လွှဲပေးဖို့ ကြိုးစားရင် ကလေးတွေက မျက်နှာတွေ နီရဲသွားတဲ့အထိ အော်ဟစ်ပြီး နောက်တစ်ယောက်ထက် တစ်ယောက် ပိုကျယ်လောင်စွာ အော်ငိုတော့သည်။

သူတို့သည် ငါးပေါက်လေးဘဝက အတိုင်း ငါးပါးပါး မရှိရင်  လုံးဝမနေနိုင်တော့ပေ။

လီယွီသည် ကလေးများက သူ့ကို မမေ့သေးသည့်အတွက် ဝမ်းသာသွားခဲ့သည်။ သို့သော် မွေးကင်းစကလေးငယ်များသည် နို့မသောက်ပါက တာရှည်ခံနိုင်မည်မဟုတ်ပေ- ဒါဆိုရင် သူကိုယ်တိုင် နို့တိုက်ကျွေးရမည်ဟု ဆိုလိုခြင်းလော။

မွေးကင်းစကလေးငယ်များကို ကျွေးခြင်းသည် ငါးပေါက်လေးတွေကို ကျွေးတာနဲ့ မတူပေ။   သို့သော်လည်း ဒါက တော်တော်စိတ်ဝင်စားဖို့ကောင်းပုံရတယ်။

လီယွီက စိတ်လှုပ်ရှားစွာ သူ့လက်တွေကို ပွတ်သပ်ပြီး ပြောလိုက်သည်။
 "ဘာလို့ မစမ်းကြည့်ရမှာလဲ"  

ကျင်းဝမ် : "......"

ကျင်းဝမ် လီယွီ၏ ပြန့်ကားသော ရင်ဘတ်ကို တစ်စက္ကန့်မျှ စိုက်ကြည့်ကာ သူ၏ စိတ်များ ပျံ့လွင့်သွားတော့သည်။ ငါးကြင်းနတ်ဆိုးများသည် မတူညီသောစွမ်းရည်များဖြင့် မွေးဖွားလာခဲ့ကြတာလား။ ကလေးမွေးနိုင်တာဆိုရင်  သူတို့က  နို့တိုက်လို့လည်း ရနိုင်တာလား။


**-**

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now