Chapter (91-2) - ကျင်းဝမ်၏သွေးသားအမှန်

5.3K 1K 32
                                    

Chapter (91-2) - ကျင်းဝမ်၏သွေးသားအမှန်


ပေါင်းစန်းက လှပသောအရာများကို နှစ်သက်သူ ဖြစ်လို့ ချက်ချင်း စိတ်ပါလာသည်။

"အိုင်း...! ပါးပါး၊ တောက်ပြောင်တဲ့အရာတွေကို သား အရမ်းကြိုက်တယ်။ ပါးပါးလို အဝတ်အစားလည်း ဝတ်ချင်တယ်!"

ပေါင်းစန်းသည် အလွန်လှပသော ငွေရောင်ငါးတစ်ကောင်ဖြစ်သော်လည်း သူက အကြေးခွံကို မကြာခဏ မပြောင်းလဲနိုင်ပေ။ ဘယ်လောက်ပဲ လှပနေပါစေ အချိန်အကြာကြီး ကြည့်ပြီးရင် ငြီးငွေ့သွားသည်။ နောက်ပြီး သူက ငါးတစ်ကောင်လား။ သို့သော်လည်း ငါးပါးပါးသည် တူညီသည့်အဝတ်အစားကို နှစ်ကြိမ်မဝတ်ဘဲ နေ့တိုင်းပြောင်းလဲနိုင်ခဲ့သည်။ ပေါင်းစန်းက ဒါကိုတွေးပြီး အရမ်းနာကျည်းသွားသည်။

ပေါင်းအာ့လိုပဲ ပေါင်းစန်းလည်း စိတ်ပြောင်းသွားတော့သည်။

လီယွီသည် ထိုကလေး နှစ်ယောက်ကို ဆွဲဆောင်ရန် အားထုတ်မှု များများစားစား မသုံးခဲ့ရပေ။ သူက ပြုံးပြီးပြောလိုက်သည်။

"ဒါဆို မင်းက လူသားတွေအဖြစ် ပြောင်းလဲချင်လား"

ပေါင်းအာ့နှင့် ပေါင်းစန်းသည် အကြည့်ချင်းဖလှယ်ကာ ဝမ်းသာအားရ ခေါင်းညိတ်ပြရင်း ဖြေလိုူက်သည်။

"ကောင်းပြီ!"

ပေါင်းအာ့နှင့် ပေါင်းစန်းတို့သည် သူတို့၏အစ်ကိုကြီးနှင့် အရွယ်တူလောက်နီးနီး မွေးကင်းစကလေးများ အဖြစ်သို့ တညီတညွတ်တည်း အသွင်ပြောင်းသွားသောအခါတွင် သူတို့စကားလည်း ရပ်သွားခဲ့သည်။

ကျင်းဝမ်က ဘေးမှာ စောင့်နေပြီး သူက ဒီနှစ်ယောက်ကို မြန်မြန် ကောက်ယူလိုက်သည် ။

လီယွီသည် ငါးပုံစံဖြင့် ကျင်းဝမ်၏ပုခုံးပေါ်သို့ခုန်တက်ကာ ပေါင်းအာ့နှင့် ပေါင်းစန်းကိုကြည့်ရန် သွားခဲ့သည်။ တကယ်တော့ သူတို့က ပေါင်းရိနဲ့တူပြီး ထွားကြိုင်းတဲ့ မျက်နှာလေးတွေရှိကြသည်။

လီယွီသည် က ထိုစဉ်ခဏ စိတ်ထဲ ချဉ်တင်တင်ဖြစ်လာသည်။ သူတို့အားလုံးကို သူကိုယ်တိုင် မွေးထားပေမဲ့ သူနဲ့ ဘယ်လိုကြောင့် ရုပ်ချင်း မဆင်ကြတာလဲ....?

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Tahanan ng mga kuwento. Tumuklas ngayon